တိုးဂိတ်များရှိ ကုန်များချိန်တွယ်သည့် ကတ္တားများ အလေးချိန် ကွာခြားချက် ရှိနေသဖြင့် ဖြေရှင်းပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။ မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှင့် ပူးပေါင်း၍ ဧပြီ ၂၀ ရက်တွင် စာတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘ကတ္တားတွေက စံချိန်ကိုက် ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်းမှာ အရင် အလေးချိန်တွေနဲ့ကွာသွား တယ်။ ကုန်စည်ပို့ဆောင်ရေးတစ် ခုလုံး အရှိန်မပြတ်ဆက်လက်လုပ် ဆောင်နိုင်ဖို့နဲ့ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှုနည်းအောင် စာ တင်ရတာပါ’’ ဟု ဦးကိုကိုနိုင်က ပြောသည်။ မတ်လတတိယပတ်က မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များ အသင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန တာဝန်ရှိသူများ၊ ပဲခူးတိုင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းနှင့် မက်စ်လုပ်ငန်း တာဝန်ရှိသူများ ပူး ပေါင်း၍ ပဲခူးတိုင်းရှိ မက်စ်ကတ္တား ကို လေ့လာခဲ့ရာ အလေးချိန်ကွာ ခြားမှု အနည်းငယ်တွေ့ရှိကြောင်း ၎င်းက ဆိုသည်။ ကတ္တားများသည် တစ်တန် ခန့် ကွာခြားနေသဖြင့် ကုန်များ လျှော့တင်နေရပြီး ကုန်သေတ္တာ သယ်မော်တော်ယာဉ်ပိုင်ရှင်များ ဝင်ငွေထိခိုက်သောကြောင့် စာ တင်ရခြင်းဖြစ်ကြောင်း အဝေး ပြေးကုန်စည် ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ပြောသည်။ ‘‘အရင်က တွဲကားကြီးဆိုရင် ကုန် ၃၃ တန်တင်လို့ရတယ်။ အခု ၃၂ တန်ပဲတင်လို့ရတယ်။ ၁၂ ဘီး ကားဆိုရင် ၁၇ တန်တင်နေကျက နေ ၁၆ တန်လောက်ပဲ တင်ရ တော့ ကုန်တင်ခ အရနည်းသွား တာပေါ့’’ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ ကုန်ချိန်များ လျှော့တင်ရသဖြင့် ကုန်တင်ကား ပိုင်ရှင်များအနေဖြင့် ကားတစ် ခေါက်ပြေးဆွဲလျှင် ကျပ်ခြောက် သောင်းခန့် နစ်နာကြောင်း၊ ထို့ကြောင့် ကတ္တားကွာခြားချက်များ ပြန်လည်ချိန်ညှိပေးရန် (သို့မဟုတ်) ကုန်များ ပိုမိုသယ်ယူခွင့် ပေးရန် တောင်းဆိုမည် ဖြစ် ကြောင်း ကုန်သေတ္တာတင်မော် တော်ယာဉ် ပိုင်ရှင်များက ဆို သည်။ တိုးဂိတ်များရှိ ကတ္တားများ ကို ၂၀၁၈ နှစ်ဆန်းပိုင်းက အလေးချိန် စံကိုက်ညီခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ယင်းကဲ့သို့ ကတ္တားအလေးချိန်များ ကွာခြားလာကြောင်း ၎င်းက ဆိုသည်။ ‘‘ကုန်တွေ လျှော့တင်နေရ တာနဲ့ ပတ်သက်ပြီးတော့ ကျပ် တည်းမှုတွေ ရှိနေပါတယ်။ ဒါ လေးကိုတော့ အရင်အတိုင်း ဖြေ လျှော့ပေးပါလို့ ပြီးခဲ့တဲ့လက နှုတ် နဲ့တောင်းဆိုခဲ့ပါတယ်။ စာတင်ပြီး ထပ်တောင်းဆိုမှာပါ။ တစ်ခုခု အပြောင်းအလဲ ဖြစ်မယ်တော့ မျှော်လင့်ထားပါတယ်’’ ဟု မြန်မာ နိုင်ငံ ကုန်သေတ္တာတင်မော်တော် ယာဉ်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးက ပြောသည်။
Source : https://ift.tt/2HLUIDE
via IFTTT
No comments:
Post a Comment