Friday, April 20, 2018

7Day News Journal

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ထောင်းလော်နယ်မြေတွင် ဧပြီ ၁၅ ရက်က BMW ကားမောင်း နှင်လာသော မြန်မာသူဌေးသား ဆိုသူ လယ်ရီဇော် (Larry Zaw) ၏ ကားကို ထိုင်းယာဉ်ထိန်းရဲတစ် ဦးက စစ်ဆေးစဉ် အရက်သောက် ထားသည်ကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူရာမှစတင်ခဲ့ ကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားသည်။ အသက် (၂၀) အရွယ် လယ်ရီဇော်သည် မြန်မာစီးပွားရေးလုပ် ငန်းရှင်တစ်ဦး၏ သားဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာ ရောက်သူဖြစ်ကြောင်း ထိုင်းနိုင်ငံ BrightTV သတင်းဌာနက ဖော်ပြ ထားသည်။ လယ်ရီဇော်သည် ဧပြီ ၁၇ ရက်တွင် ထိုင်းရဲစခန်းသို့ သွား ရောက်ဖမ်းဆီးခံခဲ့ပြီး ဘတ်ငွေ တစ်သိန်းခွဲ (ကျပ်ငွေသိန်း ၆၀ ကျော်)ဖြင့် အာမခံယူခဲ့ကြောင်း ဖော်ပြထားသည်။ ‘‘ထိုင်းရဲက တစ်ယောက် တည်းဖြစ်နေလို့ သူ့ကားနဲ့ ရဲစခန်းကို မောင်းခိုင်းတာ မြန်မာသူဌေး သားက ရဲစခန်းကို မမောင်းဘဲ တခြားနေရာကို မောင်းတော့ ထိုင်းရဲက ခုန်ချလိုက်တယ်လို့ သိရ တယ်။ အဲဒီမှာ မြန်မာသူဌေးသား က လိုက်ပြီး ရိုက်နှက်လို့ ထွက် ပြေးရတယ်လို့ သိရတယ်’’ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော ကိုမြတ် ကျော်က ပြောသည်။ ထိုင်းယာဉ်ထိန်းရဲကို ရိုက် နှက်မှု၊ အရက်မူးနေစဉ် ယာဉ် မောင်းမှု၊ တာဝန်ရှိသူမှ ထိန်းချုပ် စဉ်ထွက်ပြေးတိမ်းရှောင်မှုနှင့် သက်သေအထောက်အထား ဖျောက်ဖျက်မှုစသည့် ပုဒ်မ လေး ခုဖြင့် အမှုဖွင့်ထားပြီး ၎င်းနှင့်အတူလိုက်ပါလာသူနှစ်ဦးကိုလည်း စစ် ဆေးနေကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြထားသည်။ ‘‘အဲဒီအမှုဖြစ်တာတော့ သေချာတယ်။ ဒါပေမဲ့ သူက မြန်မာ နိုင်ငံက ဘယ်သူ့သားဖြစ်တယ် ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သံရုံးကို သတင်းမပို့သေးသလို မြန်မာပြည် က သူ့ရဲ့မိဘတွေကလည်း ကူညီ မှုပေးပါဆိုပြီး ကျွန်တော်တို့ဆီကို မဆက်သွယ်လာသေးဘူး’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Source : https://ift.tt/2K0dmIT
via IFTTT

No comments:

Post a Comment