Tuesday, April 3, 2018


ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းတွေ အကြောင်း လာမယ့် ဇွန်လ အတွင်း စတင် ကျင်းပတော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ အတူ အရင့် အရင်က ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား သမိုင်း တလျှောက် စံချိန်တင်ထားနိုင်တဲ့ မှတ်သားစရာလေးတွေ အကြောင်း ပြောပြပါမယ်။ ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်ခင် ပြိုင်ပွဲတွေရဲ့ စံချိန်တွေလို့ ဆိုရင်လည်း ရပါတယ်။ ဒီစံချိန်တွေကို သိထားရင် ဘယ်သူတွေက ဘယ်လို စံချိန်တွေကို ချိုးဖျက်ပြီး စံခိျန်သစ် တင်မလဲ ဆိုတာ ခန့်မှန်းနိုင်ဖို့ပါ။ ပထမဆုံး ပြောပြချင်တဲ့ စံချိန်တခု ဖြစ်တဲ့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဆုဖလား အများဆုံး ရယူထားနိုင်တဲ့ အသင်းဟာ ဘရာဇီးပါ။ ဘရာဇီးအသင်းဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတွေ ရယူထားနိုင်ခဲ့ ပြီး စုစုပေါင်း ၅ ကြိမ် ရထားပါတယ်။ ဒီစံချိန်ကို အခုနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးက ၆ ကြိမ်မြောက် ရယူပြီး စံချိန် ထပ်တင်မှာလား၊ ၄ ကြိမ်ထိ ချန်ပီယံ ဖြစ်ထားတဲ့ ဂျာမနီ အသင်းက အမီလိုက်ပြီး စံချိန်တူ ဖြစ်လာမှာလား ဆိုတာတွေက ရင်ခုန်စရာတွေပါ။ ဒီလိုပဲ ကမ္ဘာ့ဖလားမှာ ဒုတိယ ဖလားအများဆုံး ရထားတဲ့ အသင်းကတော့ ဂျာမနီပါ။ ဗိုလ်လုပွဲကို အများဆုံး တက်ရောက် နိုင်တဲ့ အသင်းလို့လည်း ဆိုရမှာပါ။ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၂၀၀၂ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး ချန်ပီယံ ၄ ကြိမ်၊ ဒုတိယ ၄ ကြိမ် ရထားပါတယ်။ ဒုတိယ ရရှိတဲ့ အကြိမ်ရေပါ ထည့်တွက်ရင်တော့ အခုနှစ် ကမ္ဘာ့ဖလားသာ ဂျာမနီရခဲ့ရင် ဘရာဇီးကို ကျော်တက်ပြီး အောင်မြင်မှု အများဆုံး၊ အမြင့်ဆုံး အသင်း ဖြစ်လာမှာပါ။ ဗိုလ်လုပွဲ တက်ရောက်မှု အများဆုံး အသင်း၊ ဒုတိယ ရရှိမှု အများဆုံး အသင်း အပြင် တတိယနေရာလုပွဲ ကစားရမှု အများဆုံး အသင်း၊ တတိယ ရရှိမှု အများဆုံး အသင်းကလည်း ဂျာမနီပါပဲ။ ၁၂ ကြိမ်တိုင် ထိပ်ဆုံး ၃ သင်းမှာ ဝင်ဖူးပါတယ်။ ဒီလိုပဲ ထိပ်ဆုံး ၄ သင်း (စတုတ္ထ) အသင်းဝင် အနေနဲ့လည်း ဂျာမနီကပဲ ၁၃ ကြိမ်နဲ့ အများဆုံး အောင်ပွဲခံထားပါတယ်။ ထိပ်ဆုံး ၈ သင်း အဆင့်ထိ အမြဲတမ်း အများဆုံး ရောက်တဲ့ အသင်းကလည်း ဂျာမနီပါပဲ။ ပြိုင်ပွဲ အားလုံးထဲမှာ ၁၇ ကြိမ် ရောက်ထား ပြန်ပါသေးတယ်။ ဒါပေမယ့် အုပ်စုအဆင့်ကနေ အမြဲတမ်း ၁၆ သင်း အဆင့် တက်ရောက်နိုင်မှု အများဆုံး အသင်းကတော့ ဘရာဇီးပါ။ အခုထိ ကမ္ဘာ့ဖလားကို ၂၁ ကြိမ် ခြေစစ်ပွဲ အောင်ပြီး ခြေစစ်ပွဲ အောင်မြင်မှု အများဆုံး အသင်း ဖြစ်တဲ့ ဘရာဇီးက ၂၁ ကြိမ်မှာ အကြိမ် ၂၀ ထိအောင် အုပ်စုကနေ တက်ပြီး ၁၆ သင်း အဆင့်ရောက်နေကျပါ။ ဂျာမနီဟာ ၁၉၆၆၊ ၁၉၈၂၊ ၁၉၈၆နဲ့ ၂၀၀၂တွေမှာ ကမ္ဘာ့ဖလား ၄ ကြိမ်ရပြီး ဆုဖလား ရယူနိုင်မှုမှာ ဘရာဇီးကို ဖိအားပေးနေနိုင်တဲ့ အသင်းပါ။ တတိယ အများဆုံး ရထားတဲ့ အသင်းကလည်း ဂျာမနီ အသင်းပဲ ဖြစ်ပြီး ၁၉၃၄၊ ၁၉၇၀၊ ၂၀၀၆ နဲ့ ၂၀၁၀တွေမှာ ၄ ကြိမ် ရထားတာပါ။ စတုတ္ထ အများဆုံး ရထားတဲ့ အသင်းကတော့ ဥရုဂွေးပါ၊ ၁၉၅၄၊ ၁၉၇၀ နဲ့ ၂၀၁၀ တွေမှာ ရထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ဖူးသူ ၂ သင်း ရှိပါတယ်။ သူတို့က ၁၉၃၄ နဲ့ ၁၉၃၈ ကမ္ဘာ့ဖလားမှာ ၂ ကြိမ်ဆက်တိုက် ချန်ပီယံ အီတလီနဲ့ ၁၉၅၈ နဲ့ ၁၉၆၂ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ချန်ပီယံ ဘရာဇီးတို့ပါ။ ဒီလိုပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆက်တိုက် အများဆုံး ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းက ဂျာမနီပါ။ ၁၉၃၀ကနေ အခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားထိ ၂၁ ကြိမ် ဆက်တိုက် ခြေစစ်ပွဲ အောင်ထားပါတယ်။ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ဒုတိယ နေရာပဲ ရတဲ့ အသင်းလည်း ၂ သင်း ရှိပါတယ်။ ၁၉၇၄ နဲ့ ၁၉၇၈ ကမ္ဘာ့ဖလားတွေမှာ ၂ နှစ်ဆက် ဒုတိယ ရတဲ့ နယ်သာလန်နဲ့ ၁၉၈၂ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ ၂ နှစ်ဆက် ဒုတိယရသူ ဂျာမနီတို့ပဲ ဖြစ်ပါတယ်။ တတိယနေရာကို ၂ နှစ်ဆက်ရဖူးသူကလည်း ဂျာမနီ ဖြစ်ပါတယ်။ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွေမှာ ၂ နှစ်ဆက် တတိယနေရာနဲ့ ကျေနပ်ခဲ့ရတာပါ။ အိမ်ရှင်အဖြစ် လက်ခံကစားပြီး ဇာတိမြေမှာ ချန်ပီယံ ဖြစ်ထားတဲ့ အသင်းတွေ ရှိပါတယ်။ ၁၉၃၀ ခုနှစ်မှာ ဥရုဂွေးက အိမ်ရှင်လည်း ဖြစ်တယ်၊ ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၃၄ မှာလည်း အီတလီက ပြိုင်ပွဲကို လက်ခံကစားတယ်၊ သူပဲ ချန်ပီယံ ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ အင်္ဂလန်က လက်ခံကစားပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ ၁၉၇၄ မှာ ဂျာမနီ၊ ၁၉၇၈ မှာ အာဂျင်တီးနားနဲ့ ၁၉၉၈ တွေမှာ ပြင်သစ်တို့ကလည်း အိမ်ကွင်းတွေမှာ လက်ခံကစားပြီး ချန်ပီယံ ဖြစ်ခဲ့လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေဟာ အိမ်ရှင်တွေ စိုးမိုးနိုင်မှု ပိုများတာ တွေ့နိုင်ပါတယ်။ ကမ္ဘာ့ဖလား ၁ ကြိမ်မှ မရဖူးပေမယ့် ဒုတိယနေရာနဲ့ပဲ အခုထိ ကျေနပ်နေရတဲ့ အသင်း ၁ သင်း ရှိပါတယ်။ နယ်သာလန်ပါ။ ဗိုလ်လုပွဲ ၃ ကြိမ် ရောက်ဖူးပါတယ်။ ၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ တွေပါ။ ဒါပေမယ့် ၃ ကြိမ်လုံး ဒုတိယပဲ ရခဲ့ပါတယ်။ ဒီလိုပဲ ခြေစစ်ပွဲ အောင်လို့ ဝင်ခွင့်ရပေမယ့် တခါမှ အုပ်စုအဆင့်ကို မကျော်ဖြတ်ဖူးသေးတဲ့ အသင်း ၁ သင်း ရှိပါတယ်။ သူက စကော့တလန်ပါ။ အခုထိ ကမ္ဘာ့ဖလား ဝင်ခွင့် ၈ ကြိမ် ရထားဖူးပေမယ့် အုပ်စုအဆင့်ကနေ ၁ ကြိမ်မှ နောက်တဆင့် မတက်နိုင်ခဲ့သေးပါဘူး။ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲအောင်တယ်၊ ပြိုင်ပွဲ ဝင်ခွင့်ရတယ်၊ အုပ်စု အဆင့်ရောက်တယ် ပေါ့။ ဒါပေမယ့် အုပ်စု အဆင့်မှာ နိုင်ပွဲ ၁ ပွဲတောင် မရဖူးတဲ့ အသင်း ၂ သင်း ရှိပါသေးတယ်။ ၁၉၃၀၊ ၁၉၅၀၊ ၁၉၉၄ တွေမှာ ဝင်ပြိုင်ခဲ့တဲ့ ဘိုလီဗီးယားနဲ့ ၁၉၈၂၊ ၂၀၁၀၊ ၂၀၁၄ တွေမှာ ခြေစစ်ပွဲ အောင်လို့ အုပ်စုပွဲ ကစားခဲ့ရတဲ့ ဟွန်ဒူးရပ်စ် အသင်းတွေက အုပ်စုတွင်းမှာတောင် ၁ ပွဲမှ အနိုင်မရခဲ့ပါဘူး။ ဗိုလ်လုပွဲမှာ ဆုံတွေ့မှု အများဆုံး အသင်း ၂ သင်းကတော့ ၁၉၈၆၊ ၁၉၉၀၊ ၂၀၁၄ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲမှာ ဆုံခဲ့တဲ့ အာဂျင်တီးနားနဲ့ ဂျာမနီတို့ပဲ ဖြစ်ပါတယ်။ ။ Ref: en.m.wikipedia.org The post ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းတွေ အကြောင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2q0K4Re
via IFTTT

No comments:

Post a Comment