Saturday, April 14, 2018


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ သမ္မတ ပူတင်ပြော ဆီးရီးယား စစ်စခန်းများကို အမေရိကန်နှင့် အပေါင်းအပါများက ဒုံးပျံများဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်း ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှုံချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ဖို့ ပြောလိုပါတယ်။ ယနေ့နံနက် စောစောပိုင်းက မြို့တော် ဒမတ်စကက်ရှိ ဆီးရီးယား အစိုးရ တပ်စခန်းများကို ဒုံးပျံ အစင်း ၁၀၀ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ပြီး၊ စစ်စခန်းများဆိုပေမယ့် အရပ်သားတွေကိုလည်း ထိမှန်တယ်လို့ ရုရှားသတင်းတွေက ဆိုပါတယ်။ အမေရိကန်နဲ့ သူ့နောက် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ လုပ်ရပ်ဟာ လူသားတွေအပေါ် အဆိုးရွားဆုံး ရက်ရက် စက်စက် ပြုလုပ်တာဖြစ်ပြီး၊ နိုင်ငံတကာဆက်ဆံရေးကိုလည်း ဖျက်ဆီးနေတာဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောလိုက်ပါတယ်။ အလားတူ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကလည်း အမေရိကန်နှင့် အပေါင်းအပါများရဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှု ကျူးလွန်တာ သက်သက်ဖြစ်ပြီး၊ ဘာမှ အောင်မြင်မှု ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆီးရီးယား အစိုးရရဲ့ Douma မြို့သိမ်းတိုက်ပွဲမှာ ဓာတုလက်နက်များ သုံးတယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က စွပ်စွဲကာ ယနေ့ နံနက်စောစောက လေကြောင်း တိုက်ခိုက်မှု စတင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ အီရတ်နိုင်ငံကိုလည်း ၂၀၀၃ခုနှစ် သေစေနိုင်တဲ့ ဓာတုလက်နက်အမြောက်အများရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။ ယခုတိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရရဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်တွေက ဒုံးပျံများကို ကြားဖြတ် ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့ပြီး ယခုအခါမှာ ဒမတ်စကက်အစိုးရဟာ ဆိုဗီယက်လုပ် S-125 (နေတိုးအခေါ် SA-3 Goa)၊ S-200 (SA-5 Gammon)၊ 2K12 Kub (SA-6 Gainful) မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ချထားတယ်လို့ ရုရှားသတင်းတွေအရ သိရပါတယ်။ ဆက်စပ်ဖတ်ရှု့ရန် –ဆီးရီးယားကို အမေရိကန် စတင်တိုက်ပြီ အမေရိကန်တို့ ဒုံးပျံများ ရုရှားလေကြောင်းရန် ကာကွယ်ရေးဇုန်ကို ဝင်ရောက်ခြင်းမရှိ The post ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ သမ္မတ ပူတင်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2vbgxdu
via IFTTT

No comments:

Post a Comment