တိုက်ခိုက်မှုများ ကြား အရှေ့ဂူတာကို ဆီးရီးယား အစိုးရတပ်များ သိမ်းပိုက် အမေရိကန်နှင့် အပေါင်းအပါ ဗြိတိန်၊ ပြင်သစ်တို့က ဆီးရီးယား အစိုးရ၏ တပ်စခန်းများကို ဓာတုလက်နက် အကြောင်းပြချက်ဖြင့် ဒုံးပျံများနှင့် တိုက်ခိုက်သော်လည်း အာဆတ်အစိုးရက ဂူတာမြို့ အရှေ့ပိုင်းကို အစိုးရ ဆန့်ကျင့်ရေးတပ်များလက်မှ သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ အရှေ့ပိုင်း ဂူတာဟာ စစ်သွေးကြွများ အားကောင်းတဲ့ဒေသဖြစ်ပြီး၊ နောက်ဆုံးလက်ကျန် သူပုန်တွေဟာ Douma မြို့ကို ဆုတ်ခွာသွားကြောင်း၊ မြို့တော် ဒမတ်စကက် ဆင်ခြေဖုံးရှိ မြို့များ၊ ရွာများကို အစိုးရတပ်က သိမ်းပိုက်နိုင် လိုက်ပြီဖြစ်ကြောင်း အာဆတ်အစိုးရ ကြေညာပါတယ်။ ယခုအခါ ဆီးရီးယား အစိုးရ အင်ဂျင်နီယာတပ်တွေဟာ မိုင်းတွေ၊ အပျက်အစီး အကျိုးအပဲ့တွေကို ဖယ်ရှားနေပြီး၊ စစ်သွေးကြွတွေရဲ့ လက်နက်ခဲယမ်းစက်ရုံတွေ၊ သိုလှောင်ရုံတွေ၊ စစ်သွေးကြွတွေ ပုန်းခိုတဲ့ လိုဏ်ခေါင်းတွေ တွေ့ရှိထားကြောင်း၊ ယခုအခါမှာ တရားဥပဒေစိုးမိုးရေးကို စတင်ဆောင်ရွက် နေကြောင်း ဖော်ပြထားပါတယ်။ ဆီးရီးယားအစိုးရဟာ ဧပြီလ ၇ရက်နေ့က ဓာတုလက်နက်တွေကို သုံးကာ Douma မြို့က စစ်သွေးကြွ တွေကို တိုက်ခိုက် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နဲ့ သူ့ရဲ့ နောက်လိုက်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်တို့က ဒုံးပျံအင်အား သုံးကာ ဒမတ်စကက်မြို့မှာ ရှိတဲ့ အစိုးရ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်နဲ့ အပေါင်းအပါတို့က ဒုံးပျံ ၁၀၃ စင်း ပစ်လွှတ်ပေမယ့်၊ ၇၁စင်းကို ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေး က ကြားဖြတ်ဟန့်တားနိုင်ကြောင်း၊ ဒုံးပျံတွေကို ဟန့်တားနိုင်ခဲ့တဲ့ စစ်အေးကာလ ဆိုဗီယက်ခေတ်ထုတ် လေကြောင်းရန် ကာကွယ်ရေး ဒုံးတွေ ဆီးရီးယား သမ္မတ အာဆတ်က ချီးမွမ်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ စစ်ဆင်ရေးဟာ ပြီးပြည့်စုံတဲ့ စစ်ဆင်ရေးလို့ ကြေညာပါတယ်။ The post တိုက်ခိုက်မှုများ ကြား အရှေ့ဂူတာကို ဆီးရီးယား အစိုးရတပ်များ သိမ်းပိုက် appeared first on ဧရာဝတီ.
Source : https://ift.tt/2JQH6rk
via IFTTT
No comments:
Post a Comment