ခြေသလုံး သွယ်သွယ်လေး ရစေနိုင်မယ့် နည်းလမ်းများ အခုခေတ်မှာ အလှအပကို မိန်းကလေးတိုင်း စိတ်ဝင်စားလာကြပါပြီ။ စကပ်အတို၊ ဘောင်းဘီအတိုဝတ်ချင်ပေမယ့် ခြေသလုံးကကြီးနေလို့၊ ကြွက်သားတွေကြီးနေလို့ စိတ်ညစ်ရတဲ့ ပျိုမေတို့အတွက် ခြေသလုံးသားသေးသွယ်စေမယ့် လေ့ကျင့်ခန်း ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ခြေသလုံးသွယ်လျ လှပစေမယ့် လေ့ကျင့်ခန်းများ (၁) Standing Calf Raise and Pulse – မတ်တပ်ရပ်ပါ။ – ခန္ဓာကိုယ်ဟန်ချက်ညီနေပါစေ။ – ခြေဖျားဖြေးဖြေးချင်းစီကြွပြီး ခဏရပ်ပါ။ – ပြီးနောက် ပြန်ချပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။ ခြေသလုံးသွယ်လျ လှပစေမယ့် လေ့ကျင့်ခန်းများ (၂) Seated Claf Raise – ထိုင်ခုံတခုပေါ်တွက်ထိုင်ပါ။ ခြေဖျားကို ကြမ်းပြင်နှင့်ထိထားပါ။ ပေါ်ပေါ်တွင် အလေးတုံးတခုတင်ပါ။ – ပြီးနောက်ခြေဖျားကို ဖြေးဖြေးချင်းကြွပါ။ – ခြေဖျားကြွပြီးသည့်အခါ ၃ စက္ကန့်ခန့်ရပ်နားပါ၊ – ပြီးနောက် ပုံမှန်အနေအထားတိုင်းပြန်သွားပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။ ခြေသလုံးသွယ်လျ လှပစေမယ့် လေ့ကျင့်ခန်းများ (၃) Side to Side Jump – မတ်တပ်ရပ်ပါ။ – ပြီးနောက် စည်းတခုထားပြီး ဘေးတစောင်းခုန်ပါ။ – ၁ မိနစ်ခန့်ပြုလုပ်ပါ။ ခြေသလုံးသွယ်လျ လှပစေမယ့် လေ့ကျင့်ခန်းများ (၄) Sumo Squat with Calf raise – ပုံပါအတိုင်းထိုင်ပါ။ – တင်ပါးမရွေ့စေဘဲ ခြေဖျား ဖြေးဖြေးချင်းထောက်ပါ။ – ခြေဖျားကြွလာတဲ့အခါ စက္ကန့်အနည်းငယ်နားပါ။ – ၁၀ ကြိမ်ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခြေထောက်ကိုလှုပ်ပါ။ ဆန့်ပါ။ အကြောဖြေလျှော့ပါ။ အထက်ပါနည်းလမ်းတွေကို ပုံမှန်လုပ်ပြီး သေးသွယ်တဲ့ ခြေသလုံးသား ပိုင်ဆိုင်သလို အဝတ်အစားဝတ်တိုင်း မိမိကိုယ်ကိုယုံကြည်မှု ရရှိကြပါစေမှာ ဖြစ်ပါတယ် The post ခြေသလုံး သွယ်သွယ်လေး ရစေနိုင်မယ့် နည်းလမ်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2HojzAA
via IFTTT
No comments:
Post a Comment