မျက်နှာအသားအရေအတွက် အိမ်သုံးဆားရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ အိမ်တိုင်းရဲ့ မီးဖိုချောင်မှာရှိတဲ့ အိမ်သုံးဆားကို ဟင်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ အရာလို့ပဲ သိထားကြတာပါ။ ဆားဟာ ဟင်းအရသာတွေကို ကောင်းမွန်စေရုံသာ မကဘဲ မျက်နှာအသားအရေ လှပကျန်းမာဖို့ အတွက်ပါ အထောက်အကူ ပြုစေပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာအသားအရေအတွက် အိမ်သုံးဆားရဲ့ အသုံးဝင်ပုံနည်းလမ်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ ဗဟုသုတ အနေနဲ့ သိရှိအောင် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) အိမ်သုံးဆား လက်ဖက်ရည်ဇွန်း ၄ ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ရောထားတဲ့ အရောကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ၃ မိနစ်ခန့်ထားကာ ရေနဲ့ပြန်လည် ဆေးကြောပေးမယ် ဆိုရင် ချွေးပေါက်ကျယ်ခြင်းကို သက်သာစေပြီး မျက်နှာအသားအရေ ကြည်လင်စိုပြည်စေမှာ ဖြစ်ပါတယ်။ (၂) နေလောင်ထားတဲ့ မျက်နှာအသားအရေ နေရာပေါ်ကို ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေအနည်းငယ် ရောထားတဲ့ ဆားရည်ကို စပရေးဘူးထဲ ထည့်ပြီး ဖြန်းပေးခြင်းအားဖြင့် နေလောင်ဒဏ်ကို သက်သာစေမှာ ဖြစ်ပါတယ်။ (၃) ဆားလက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောပြီး မျက်နှာအသားအရေကို Scrub လုပ်ပေးမယ်ဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံတွေကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။ (၄) ရေဓာတ်ကို ပြန်လည် ထိန်းညှိပေးနိုင်ပြီး သဘာဝ ပိုးသတ်ဆေးလို့တောင် ပြောလို့ရတဲ့ ပျားရည်နဲ့ ဆားကို ဆတူရောပြီး မျက်နှာပေါင်းတင် ပေးခြင်းအားဖြင့် မျက်နှာအဆီပြန်ခြင်းကို သက်သာစေကာ ဝက်ခြံတွေကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။ (၅) မျက်နှာ အသားအရေပေါ်မှာ ဓာတ်မတည့်မှုကြောင့် ယားယံတာမျိုးနဲ့ အဖုအပိန့်တွေ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ လက်ချောင်းထိပ်မှာ ရေအနည်းငယ်စွတ်ပြီး ဆားထဲကို နှစ်ပါ။ ပြီးရင်တော့ ယားယံပြီး အဖုအပိန့်တွေ ဖြစ်ပေါ်နေတဲ့ မျက်နှာအသားအရေပေါ်ကို ပွတ်လိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ Ref ; steptohealth.com The post မျက်နှာအသားအရေအတွက် အိမ်သုံးဆားရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2Ho6MLd
via IFTTT
No comments:
Post a Comment