Wednesday, April 11, 2018


ပျော်ရွှင်မှုတွေ မျှဝေပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေ သင့်ပတ်ဝန်းကျင်က လူတွေကိုု ပျော်ရွှင်အောင်လုပ်ပေးချင်တယ်လို့များ အတွေးရှိနေတယ်ဆိုရင် အောက်မှာဖော်ပြပေးမဲ့ အချက်တွေက အသုံးဝင်မှာပါ။ အထူးတလည်အားစိုက်ထုတ်စရာမလိုဘဲ ပျော်ရွှင်မှုတွေ ဝေမျှနိုင်တာမို့ ဖတ်ကြည့်ပါနော်။ – သင်မသုံးတဲ့ ကူပွန် (သို့) discount လက်မှတ်တွေကိုအခြားသူတွေကိုု ဝေမျှပါ။ – အလှူတစ်ခုခုလုပ်ဖို့အတွက် သင့်ငွေကြေးထဲက ပမာဏအနည်းငယ်လောက်ကိုု စုထားပါ။ – မိသားစုနဲ့အတူ သစ်ပင်စိုက်ပါ။ – မိသားစုနဲ့ အဖိုးအဖွားတွေဆီကို ဖုန်းခေါ်ကြည့်ပါ။ – သင်ချစ်ရသူကို ချောကလက်နဲ့ စာတိုလေးပေးကြည့်ပါ။ – တွေ့တဲ့သူကို နှုတ်ဆက်ပြုံးပြပါ။ – ပရဟိတလုပ်ငန်းလေးတွေ လုပ်ကြည့်ပါ။ – လမ်းမှာတွေ့တဲ့ အသက်ကြီးသူတွေကို အကူအညီပေးပါ။ – ရုံးက လုပ်ဖော်ကိုင်ဖက်တွေကိုု ကော်ဖီဝယ်တိုက်တာမျိုး လုပ်ကြည့်ပါ။ – အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ပေးပြီးဆော့ပါ။ – မိသားစုတွေကို မုန့်ဝယ်ကျွေးပါ။ – ကိုယ်သဘောကျသူရဲ့ အိမ်ရှေ့မှာ ပန်းစည်းသွားထားပါ။ – မိဘမဲ့ဂေဟာတွေ သွားလည်ပြီး အကူအညီပေးပါ။ – စာအုပ်တအုပ်ဖတ်ပြီးရင် စာဖတ်ရတာသဘောကျတဲ့ သူငယ်ချင်းကိုု အဲဒီ့စာအုပ် ပြန်ဝေမျှပါ။ ကဲ အထီးကျန်တယ်၊ ဘယ်သူကမှဂရုမစိုက်ကြဘူးဆိုပြီး စိတ်ညစ်နေမဲ့အစား လွယ်ကူရိုးရှင်းတဲ့ ဒီအချက်တွေကိုလိုက်လုပ်ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နေကြည့်ကြရအောင်။ The post ပျော်ရွှင်မှုတွေ မျှဝေပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေ appeared first on ဧရာဝတီ.
Source : https://ift.tt/2qmkGWc
via IFTTT

No comments:

Post a Comment