Tuesday, April 24, 2018


Facebook က အလယ်အလတ်အဆင့် ဝန်ထမ်းတွေရဲ့ တနှစ် ဝင်ငွေ ဘယ်လောက်လဲ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ဖေ့စ်ဘုတ်ရဲ့ ပဲ့ကိုင်ရှင် မာ့ခ်ဇူကာဘတ် ဘယ်လို နေထိုင်တတ်သူလဲ ဆိုတာကို ပြောပြီးတဲ့ နောက် အခုတပတ်မှာတော့ Facebook မှာ တာဝန်ထမ်းဆောင်နေတဲ့ အလယ်အလတ်တန်း ဝန်ထမ်းတွေရဲ့ လစာ ဘယ်လောက်ရတယ် ဆိုတာ ပြောပြချင်ပါတယ်။ ပြည်တွင်းမှာ လူသုံးအများဆုံး လူမှုကွန်ရက်စနစ် Facebook က ကမ္ဘာတလွှားမှာလည်း သုံးစွဲသူ ဘီလီယံနဲ့ချီ ရှိနေပြီး Facebook ကုမ္ပဏီရဲ့ ဝင်ငွေကလည်း နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ ချီ ရနေတာပါ။ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ် ဆိုရင် ဒေါ်လာ သန်းကြွယ်သူဌေး မီလီယံနာကနေ သန်းထောင်နဲ့ ချီပြီးချမ်းသာသူ ဘီလီယံနာ အဖြစ် တနှစ် အတွင်းချမ်းသာလာခဲ့သူအဖြစ် မှတ်တမ်း ဝင်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Facebook သုံးသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူခဲ့မှုကြောင့် Facebook မှာ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့် အခုထိတော့ Facebook က လူသုံးများဆဲ ဖြစ်ပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ ရာထူးကြီးပိုင်းတွေ မပါဘဲ အလယ်အလတ်တန်း Facebook ရဲ့ ဝန်ထမ်း တဦးဟာ တနှစ်ကို လစာဒေါ်လာ ၂၄၀,၀၀၀ လောက် ရနေပါတယ်။ ဒါဟာ မီလီယံနာတယောက်လို့ ဆိုနိုင်တဲ့ ဒေါ်လာ ၁ သန်းရဲ့ လေးချိုး တချိုး ပမာဏပါ။ ဒါဆိုရင်တော့ Facebook ရဲ့ အလယ်အလတ် ဝန်ထမ်း တစ်ဦးဟာ ၄ နှစ်လောက် နေရင် မီလီယံနာ ဖြစ်လာနိုင်တယ် လို့ ဆိုရမှာပါ။ အခုလစာ အနေအထားတွေကို လာမယ့် မေ ၃၁ ရက်မှာ စည်းဝေးမယ့် Facebook ရဲ့ ရှယ်ယာရှင် နှစ်စဉ် အစည်းအဝေး မှာ ပြောမယ့် အချက်အလက် စုစည်းမှုတွေ အရ သိလာရတာပါ။ ဒီလို လစာနှုန်းထား စာရင်းတွေက အခုမှ သိလာရတာ တော့ မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ် နောက်ပိုင်းကနေ စပြီး နှစ်စဉ်လိုလို Facebook ဝန်ထမ်းတွေရဲ့ လစာ နှုန်းထားတွေကို အမြဲလိုလို ထုတ်ပြန်ပြလေ့ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အခု ၂၀၁၈ ခုနှစ် အတွက်ကိုတော့ မပြောနိုင်သေးပေမယ့် ၂၀၁၇ ခုနှစ် အတွင်းမှာတော့ အလယ်အလတ်တန်စား ဝန်ထမ်း တဦးကို Facebook က တနှစ် လစာ ၂၄၀,၄၃၀ ပေးတယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒါဟာ လစာ၊ အပိုဆုကြေးနဲ့ ကုမ္ပဏီ စတော့တန်ဖိုး တက်မှု၊ ကျမှု အပေါ် ပေးအပ်တဲ့ အာမခံကြေးသဘော ဝန်ထမ်းစရိတ်တွေပါ အားလုံး ထည့်တွက်ထားတာ ဖြစ်ပါတယ်။ စာရင်းတွေ အရ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်း CEO ဖြစ်တဲ့ မာ့ခ်ဇူကာဘတ်က တနှစ်လုံးလစာ သဘောမျိုး ဒေါ်လာ ၈,၈၅၂,၃၆၆ ထိအောင် ရသွားပါတယ်။ ဒါဆိုရင်တော့ CEO ကနေ အလယ်အလတ်တန်း ဝန်ထမ်း အထိအောင် လစာရရှိမှု အချိုးက ၃၇ း ၁ ချိုးနှုန်းနဲ့ Facebook က လစာပေးနေတယ် လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် ဇူကာဘတ်က အခုလိုဒေါ်လာ ၈ ဒသမ ၈၅ သန်းလောက်ပဲ ယူခဲ့တာ ဟုတ်ပါရဲ့လား။ အခြေခံလစာ အဖြစ် ဇူကာဘတ်က ကုမ္ပဏီစာရင်းကနေ ၁ ဒေါ်လာပဲ ယူတယ် လို့ သိရပါတယ်။ ဒါပေမယ့် ရုံးစရိတ်လို့ သတ်မှတ်နိုင်မယ့် ကုမ္ပဏီဝင်ငွေ ထဲကနေ သူ့အတွက် သီးသန့် အသုံးစရိတ် ဒေါ်လာ ၉ သန်း နီးပါးလောက် အရင်နှစ်က သုံးခဲ့ပါတယ် တဲ့။ တကိုယ်ရည် လုံခြုံရေး စရိတ် အတွက် ဒေါ်လာ ၇ ဒသမ ၃၂ သန်းနဲ့ သွားလာရေး စရိတ်လို့ ဆိုနိုင်မယ့် ကိုယ်ပိုင် ဂျက်လေယာဉ် စရိတ်တွေ၊ ခရီးစရိတ်တွေတင် ဒေါ်လာ ၁ ဒသမ ၅၂ သန်းလောက် အရင်နှစ်က သုံးခဲ့ပါတယ်။ တကယ်တော့ ဇူကာဘတ်က Facebook ရဲ့ ပိုင်ရှင်ပဲလေ၊ CEOအဖြစ်လည်း တာဝန်ယူထား သေးတယ်၊ သူဘယ်လောက် သုံးသုံး၊ ဝန်ထမ်းတွေနဲ့တော့ မဆိုင်လှပါဘူး။ လက်ရှိမှာလည်း အသက် ၃၃ နှစ်ပဲ ရှိသေးတဲ့ ဇူကာဘတ် အတွက် Facebook ရဲ့ ရှယ်ယာဈေးတွေ တက်သည် ဖြစ်စေ၊ ကျသည်ဖြစ်စေ သူ့ရဲ့ ပိုင်ဆိုင်မှုကဒေါ်လာ ၆၇ ဘီလီယံလောက် ရှိနေသေးတာမို့ ဒေါ်လာဆယ်သန်းဖိုးလောက် တနှစ် အတွင်း သုံးတာလောက်ကတော့ အသေးစားလို့တောင် ဆိုနိုင်မှာပါ။ ထားပါတော့၊ အခုပြောနေတာက Facebook ရဲ့ အလယ်အလတ်တန်း ဝန်ထမ်းတွေရဲ့ လစာ အကြောင်းပါ။ လူမှု ကွန်ရက် စနစ်ချင်း အတူတူတောင်မှ Facebook နဲ့ အဓိက ပြိုင်ဘက် Twitter ရဲ့ အလတ်တန်စား ဝန်ထမ်းတွေရဲ့ လစာထက် ပိုကောင်းနေတာပါ။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း စာရင်းနဲ့ ခန့်မှန်းချက် အရ Twitter ရဲ့ အလတ်တန်းစား ဝန်ထမ်းတွေ တောင်မှ တနှစ်ကို လစာဒေါ်လာ ၁ ဒသမ ၆၁ သိန်းလောက်ပဲ ရကြပါတယ်။ ဒါဆိုရင်တော့ Facebook က ဝန်ထမ်းတွေကို လစာကောင်းကောင်း ပေးတဲ့ ကုမ္ပဏီတခုလို့ ဆိုရတော့မှာပါ။ ပျမ်းမျှ အလယ်အလတ် အဆင့် ဝန်ထမ်း တယောက်ကို ပျမ်းမျှ လစာဒေါ်လာ ၂ ဒသမ ၄ သိန်း ဆိုတော့ မြန်မာငွေနဲ့ ပြန်တွက်ရင် ကျပ် သိန်း ၃၂၅၀ လောက် လစာပေးနေတာဖြစ်လို့ အားကျစရာပါပဲ။ ။ Ref: www.businessinsider.com The post Facebook က အလယ်အလတ်အဆင့် ဝန်ထမ်းတွေရဲ့ တနှစ် ဝင်ငွေ ဘယ်လောက်လဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2KacjWX
via IFTTT

No comments:

Post a Comment