အသံထက် ၁ ဆခွဲ ပိုမြန်တဲ့ ခရီးသည်တင် လေယာဉ်သစ် X-Plane လာတော့မည် Concorde အမည်ရှိ Turbo စနစ် အင်ဂျင်စနစ်သုံး ဂျက်လေယာဉ်ကို ခရီးသည်တင် လေယာဉ် အနေနဲ့ နောက်ဆုံး အသုံးပြုခဲ့တာ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ပြောရရင် အင်ဂျင်စနစ်က ကြီးတယ်၊ ဆီစား များတယ်၊ စွမ်းဆောင်ရည်က အကောင်းဆုံး မဟုတ်လို့ အသုံးပြုတာကို ရပ်နားခဲ့တာပါ။ ဒါပေမယ့် အခုတော့ NASA ကနေ ခရီးသည်တင် လေကြောင်းလိုင်းတွေမှာ တာဘိုစနစ် ပါရှိတဲ့ ဂျက်လေယာဉ်တွေကို ပြန်လည် အသုံးပြုဖို့ စီစဉ်လာပါပြီ။ အသံထက် မြန်မယ့် စွမ်းဆောင်ရည် ရှိမယ့် လေယာဉ် အသစ်တွေပါ။ မော်ဒယ်ရဲ့ အမည်ကိုတော့ X-Plane လို့ အမည်ပေးထားပါတယ်။ ဒီလေယာဉ်ကို ထုတ်လုပ်ဖို့ ကမ္ဘာကျော် အမေရိကန် အခြေစိုက် လေယာဉ် ကုမ္ပဏီ Lockheed Martin ကို အပ်ထားပါတယ်။ အထူးသဖြင့် ဒီကုမ္ပဏီက စစ်ဘက်သုံး လေယာဉ်တွေကို အဓိက ထုတ်လုပ်နေသူပါ။ ကုန်ကျစရိတ် ခန့်မှန်းထားမှု အရ မော်ဒယ်သစ် တစီးကို အမေရိကန် ဒေါ်လာ ၂၄၇ ဒသမ ၅ သန်းထိ ကုန်ကျမယ် လို့ ဆိုပါတယ်။ ရှေ့မှာ သုံးခဲ့တဲ့ Concorde နဲ့ မတူတဲ့ အချက်က အခု မော်ဒယ်သစ် အနေနဲ့ ရာသီဥတု မျိုးစုံကို ဖြတ်သန်း မောင်းနှင် နိုင်မယ်။ မြန်နှုန်းမြင့် မော်ဒယ်ဖြစ်လို့ Concorde မှာ ရာသီဥတုကို အလေးထား ကြည့်ပြီး မောင်းနှင်မှု လုပ်ဆောင်ခဲ့ရာ ကနေ အခုတော့ တည်ငြိမ်မှု အထူးကောင်းလာမယ်။ လေယာဉ် ကိုယ်ထည်သားမှာ ဆူညံသံ ကာကွယ်မှု စနစ် ကောင်းမွန်လာပြီး အင်ဂျင် အကြီးစားကို တပ်ဆင်ထားပေမယ့် လေယာဉ် ပျံသန်းနေချိန် အတွင်းခန်းကို အသံလုံး၀ မဝင်အောင် ဖန်တီးထားတယ် လို့ ဆိုုပါတယ်။ ပြီးတော့ ဒီဇိုင်းပိုင်းမှာ Concode နဲ့ ဆင်တူမှာ မဟုတ်ဘဲ သီးသန့် ဒီဇိုင်း အသစ်နဲ့ လာမယ်။ X-Plane မော်ဒယ်သစ် အဖြစ် သတ်မှတ်နိုင်မယ်။ နောက်ပိုင်းမှာမှ အဆင့်မြှင့်မှုနဲ့ အခု မော်ဒယ်ရဲ့ နောက်ဆက်တွဲတွေ ထုတ်လုပ်ဖို့ ပြင်ဆင်မယ် လို့ ဆိုပါတယ်။ လက်ရှိ ဒီဇိုင်း အရ X-Plane အနေနဲ့ ၉၄ ပေ ရှည်မယ်၊ တောင်ပံ အပါအဝင် မျက်နှာစာ အကျယ် ၂၉ ဒသမ ၅ ပေ ရှိမယ်၊ အသံထက် ၁ ဒသမ ၅ ဆ ပိုုမြန်အောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး ဒါဟာ တနာရီ မိုင် ၉၉၀ နှုန်းထိ ရောက်ရှိမှာ ဖြစ်ပါတယ်။ မြေပြင်ကနေ အမြင့်ပေ ၅၅၀၀၀ ထိအောင် အမြင့်ဆုံး ပျံသန်းနိုင်မယ် လို့ သိရပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ခရီးသည်တင် လေယာဉ်တွေထဲမှာ အမြန်ဆုံး ဖြစ်တဲ့ Boeing ထုတ် 747 လေယာဉ်ရဲ့ တနာရီ ၆၄၄ မိုင် နှုန်းထက်လည်း ပိုမြန်ပါတယ်။ ဒါဟာ အရေးပေါ် ကိစ္စတွေနဲ့ အမြန်ဆုံး ခရီးသွားချင်သူတွေ အတွက်ကတော့ သတင်းကောင်းပါပဲ။ NASA ကတော့ Lockheed ကို တာဝန်ပေးထားပြီ၊ လေယာဉ်တွေ ထုတ်လုပ်ဖို့ အပ်ထားပြီ လို့ ဆိုပါတယ်။ ကုမ္ပဏီကတော့ ဖန်တီးမှုရော ဒီဇိုင်းပိုင်း အချောသပ်မှုတွေ အရ လာမယ့် ၂၀၂၁ လောက်မှာမှ ထုတ်လုပ်မှု ပြီးစီးနိုင်ပြီး ၂၀၂၂ ခုနှစ်မှာ စတင် ပြေးဆွဲနိုင်လိမ့်မယ် လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ အမေရိကန် အခြေစိုက် လေကြောင်းလိုင်းတွေမှာပဲ အသုံးပြုသွားမယ်၊ လေယာဉ် အစီးရေ ဘယ်လောက်ထိအောင် ထုတ်လုပ် အသုံးပြုမယ် မသိရပေမယ့် ခရီးသည်တင် မော်ဒယ် အဖြစ် သုံးမှာ ဖြစ်လို့ အနည်းဆုံး အစီးရေ ဆယ်ဂဏန်းနဲ့ အထက် တခါတည်း ထုတ်လုပ် ပြေးဆွဲဖို့ ရှိနိုင်တယ်လို့ Bloomberg ကနေ ခန့်မှန်းထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ မော်ဒယ်ကို အဝေးပြေး လေကြောင်းခရီးစဉ်တွေ အတွက် သုံးဖို့ ရှိနေပြီး မိုင် ၅၀၀၀ နဲ့ အထက် ခရီးစဉ်တွေမှာ ပြေးဆွဲ အသုံးပြုလာနိုင်ပါတယ်။ Ref: www.maxim.com The post အသံထက် ၁ ဆခွဲ ပိုမြန်တဲ့ ခရီးသည်တင် လေယာဉ်သစ် X-Plane လာတော့မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2GZAsRZ
via IFTTT
No comments:
Post a Comment