စည်းကမ်းမလိုက်နာ သော အေဂျင်စီ ၁၀ ခုအပါအဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၃၀ ကျော်ကို လေးနှစ် အတွင်း လိုင်စင်အပြီး ရုပ်သိမ်းခဲ့ ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနထံ ၂၀၁၄ မှ ၂၀၁၈ ဧပြီ ၁၈ ရက်အထိ ပြည်ပအလုပ် အကိုင် ရှာဖွေရေးအေဂျင်စီ ၂၃ ခုက လိုင်စင်များ ပြန်လည်အပ် နှံပြီးစည်းကမ်းလိုက်နာမှု မရှိ သည့် အေဂျင်စီ ၁၀ ခုကို ပိတ်သိမ်းအရေးယူခဲ့သည်။ ထို့အပြင် စည်းကမ်းလိုက် နာမှု မရှိသည့် အေဂျင်စီ ၁၃ ခုကိုလိုင်စင်ယာယီပိတ်သိမ်းထား ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‘‘လိုင်စင်ပြန်အပ်တဲ့ အေဂျင်စီတွေကတော့ သူတို့သဘောနဲ့ သူတို့ ဆက်လက်မလုပ်ကိုင်လိုတဲ့ အတွက် အပ်တာပါ။ လိုင်စင်ပိတ် သိမ်းခံရသူတွေကတော့ အလုပ်သမားတရားမဝင် စုဆောင်းတာ တွေ၊ အေဂျင်စီတွေလိုက်နာဖို့ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာ ကြောင့် အရေးယူခဲ့တာ ဖြစ်ပါတယ်’’ ဟု အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့် အေဂျင်စီ ၁၀၂ ခုနှင့် အခြားပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရန် အေဂျင်စီ ၂၄၄ ခုကို တရားဝင်လိုင်စင်ထုတ်ပေးထားသည်။
Source : https://ift.tt/2F62YvC
via IFTTT
No comments:
Post a Comment