သရက်သီးစားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ အသီးတွေရဲ့ဘုရင်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သရက်သီးဟာ အခုလိုအချိန်မှာတော့ လှိုင်လှိုင်ပေါနေပါပြီ။ သရက်သီးဟာ အရသာလည်းကောင်းမွန်လှသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေလည်း များလှ တာကြောင့် သရက်သီးရဲ့ ကျန်းမာရေးအတွက် အထောက်အပံပေးနိုင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) သရက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းမှန်စေကာ ဝမ်းချုပ်သူတွေအတွက် အထူးသင့်လျော်တဲ့ သဘာဝဝမ်းမှန်ဆေးတမျိုးပဲဖြစ်ပါတယ်။ ဝမ်းမှန်စေတာကြောင့် ဝမ်းချုပ်တဲ့အခါဖြစ်တတ်တဲ့ လိပ်ခေါင်းရောဂါနဲ့ အူမကြီးကင်ဆာဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၂) သရက်သီးမှာ ဗီတာမင်အေလုံလောက်စွာပါဝင်တာကြောင့် ဒူးနဲ့တံတောင်ဆစ်တို့မှာ ဖြစ်တတ်တဲ့ ကြာဆူးလို အဖုတွေကိုပျောက်ကင်းစေနိုင်ပြီး မျက်နှာအသားအရေမှာဖြစ်လေ့ရှိတဲ့ တင်းတိတ်၊ ဝက်ခြံနဲ့ မှဲ့ခြောက်တို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပေါ်က နေလောင်ကွက်တွေကို သက်သာစေနိုင်ပြီး အသားအရေကို ကြည်လင်စေပါတယ်။ (၃) သရက်သီးစားသုံးခြင်းဟာ ခန္ဓာကိုယ်ကလိုအပ်တဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး ကိုလက်စထရော ကိုလည်း လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူများ စားသုံးပေးသင့်ပါတယ်။ သွေးထဲရှိ မကောင်းတဲ့အဆီဓာတ်တွေကို ဟန့်တားပေးနိုင်တာကြောင့် သွေးတွင်းရှိ အဆီကိုလည်းကျစေပါတယ်။ (၄) သရက်သီးမှာ Polyphenolics ဆိုတဲ့ Antioxidant တမျိုးပါဝင်တာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။ (၅) သရက်သီးမှာပါဝင်တဲ့ Beta-carotene, Alpha-caroten နဲ့ Beta-cryptoxanthin ဓာတ်တွေဟာ အမြင်အာရုံ ကိုအားကောင်းစေပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်တဲ့ အမြင်အာရုံထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Ref. https://ift.tt/2wTlggo The post သရက်သီးစားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ appeared first on ဧရာဝတီ.
Source : https://ift.tt/2Hd4UaH
via IFTTT
No comments:
Post a Comment