Thursday, April 12, 2018


တရုတ်နိုင်ငံက ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတား တရုတ်နိုင်ငံရဲ့ တိုးတက်လာမှုကတော့ အံမခန်းပါပဲ။ အခုဆို ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားသစ် ဖွင့်လှစ် အသုံးပြုလာပါပြီ။ ဒီတံတားက ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည် အတွင်းပိုင်း မြို့ဖြစ်တဲ့ ဇူဟိုင်းထိ ချိတ်ဆက်ထား တာ ဖြစ်ပြီး တံတားအရှည်က ၃၄ မိုင် ရှည်ပါတယ်။တံတားအမည်ကို Hong Kong-Zhuhai-Macau လို့ ခေါ်ပါတယ်။ အဆိုပါ မြို့တွေကို အရင်သွားလာရ ကြာချိန်ထက် အချိန် ထက်ဝက်လောက်နဲ့ ရောက်နိုင်လာမှာပါ။ တိတိကျကျ ဆို အချိန် တနာရီလောက်ပဲ ပေးရုံနဲ့ပါ။ တံတားက ၆ လမ်းသွား တံတားပါ၊ တံတားနဲ့ အတူ လိုဏ်ခေါင်းတွေ ဖောက်ထွက် ဖောက်လုပ်ထားတာ ပါရှိပါတယ်။ စုစုပေါင်းလှိုဏ်ခေါင်း ၄ ခုပါ၊ ၁ ခုက ရေအောက်လိုဏ်ခေါင်း ဖြစ်ပါတယ်။ ပြီးတော့ တံတားကို အခိုင်အမာထောက်ခံအား ဖြစ်ဖို့ ပင်လယ် အတွင်း ကျွန်းတု ၄ ခု ဖန်တီးခဲ့သေးတယ် လို့လည်း သိရပါတယ်။ သံမဏိတန်ချိန် ၄၂၀၀၀၀ အသုံးပြု တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဒီပမာဏက ပြင်သစ်က နာမည်ကျော် အီဖယ်မျှော်စင်ပေါင်း ၆၀ လောက် ဆောက်နိုင်လောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ တံတားပေါ်မှာ လမ်းဖြောင့်တွေ၊ ကုန်းဆင်း၊ ကုန်းတက် ပုံစံ လမ်းအစိတ်အပိုင်း တွေလည်း ပါပါတယ်။ နေ့စဉ် ကားအစီးရေ ၄ သောင်းလောက် ဖြတ်သန်း သွားလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ခရီးသည်တင် ဘတ်စ်ကားတွေလည်း ပြေးဆွဲမယ်။ ၁၀ မိနစ် တစီးနှုန်းပေါ့။ တံတားမှာ ကန့်သတ်ချက် အနေနဲ့ ခြေလျင်သွားသူတွေ၊ စက်ဘီးစီးနင်းခွင့်တွေကို ဖြတ်ခွင့်ပေးမှာ မဟုတ်ဘဲ ကားသီးသန့် ဖြတ်သန်းစေမယ် လိုု့ ဆိုပါတယ်။ တရားဝင် ထုတ်ပြန်ချက် အရတော့ အခုတံတားအနေနဲ့ သက်တမ်း နှစ် ၁၂၀ ခံမယ် လို့ ခန့်မှန်းပါတယ်။ ဆောက်လုပ်မှု ကုန်ကျစရိတ်ကို သေချာ မသိရပေမယ့် တရုတ်ပြည်တွင်း သတင်းတချို့ရဲ့ ဖော်ပြချက်မှာတော့ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံလောက် ကုန်တယ် လို့ ဆိုပါတယ်။ တည်ဆောက်ရေး ကာလအတွင်း မတော်တဆ မှုကြောင့် လုပ်သား ၂ ဦးသေဆုံးခဲ့တယ် လို့ သိရသလို တည်ဆောက်ချိန် ကွန်ကရစ် စံနှုန်းစစ်ဆေးမှု အပိုင်းမှာ လိမ်လည်မှုကြောင့် လုပ်သား ၁၉ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရတယ် လိုု့လည်း သိရပါတယ်။ တည်ဆောက်ရေး ကာလအနေနဲ့ အချိန် ၇ နှစ်လောက် ပေးခဲ့ရတယ် လို့ ဆိုုပါတယ်။ အခုတံတားဟာ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတား ဖြစ်လာပြီး ဒုတိယအရှည်ဆုံး ပင်လယ်ကူးတံတားကလည်း တရုတ်မှာပဲရှိနေတာပါ။ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုုန်အကျခံ ဆောက်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကဖွင့်လှစ် ခဲ့တဲ့ ၂၆ ဒသမ ၃ မိုင် ရှည်တဲ့ တံတားပါ။ Ref: www.businessinsider.com The post တရုတ်နိုင်ငံက ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတား appeared first on ဧရာဝတီ.
Source : https://ift.tt/2HtLR9M
via IFTTT

No comments:

Post a Comment