Thursday, April 12, 2018


မြန်မာ အရပ်ဖက်အဖွဲ့များကို Mark Zuckerberg တောင်းပန်စာပို့ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာကို တည်ထောင်သူလည်းဖြစ် Facebook ၏ အမှုဆောင် အရာရှိချုပ် လည်းဖြစ်သည့် Mark Zuckerberg က မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း အချို့ကို တောင်းပန်စာပေးပို့ခဲ့သည်။ Facebook အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမုန်းတရား ပြန်ပွားမှု ထိန်းချုပ် လုပ်ဆောင်ရာတွင် အားနည်းခဲ့ကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့မှုအပေါ် Mark Zuckerberg ကိုယ်တိုင်က အီးမေးဖြင့် ပြန်လည်ပေးပို့ကာ တောင်းပန်ခဲ့ခြင်းဖြစ်သည်။ Facebook တွင်အမုန်းစကား၊ စော်ကားမှု၊ အချက်အလက်မှား စသည်တို့ကို လူအစား AI (ဉာဏ်ရည်တု) ဖြင့် အကဲဖြတ်သည့် စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ယခုအခါ မြန်မာဘာသာစကား ကျွမ်းကျင်သည့် သုံးသပ်သူများကိုလည်း ခေါ်ယူ၍ တာဝန် ပေးထားကြောင်း ဧပြီ ၆ ရက်နေ့က ပြန်ပို့ထားသော Mark Zuckerberg ၏ တောင်းပန်စာတွင် ပါရှိသည်။ ထိုစာထဲတွင် “ကျနော်တို့ နည်းပညာနဲ့ ကိရိယာတွေ တိုးတက်လာစေဖို့ ဒါဇင်ပေါင်းများစွာ မြန်မာဘာသာစကား သုံးသပ်သူတွေကို ခေါ်ပြီးတော့ ဝန်ဆောင်မှု သုံးစွဲသူများထံမှ ရရှိတဲ့ report တွေကို ကိုင်တွယ်ဖို့ တာဝန်ချထားပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးဝန်ထမ်း အရေအတွက်လည်း ကျနော့် ကုမ္ပဏီမှာ တိုးလာပြီ ဖြစ်ပါတယ်” ဟုဆိုသည်။ ထို့အတူ “လူတွေ ဘေးကင်းစေဖို့ အထောက်အကူပြုနိုင်ရန် ဒေသအလိုက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ မှန်ကန်တဲ့ ကိရိယာ လည်ပတ်မှုတွေကို ကျနော်တို့ဘက်က နားလည်သိရှိအောင် အထူးအဖွဲ့ တဖွဲ့လည်း ဖွဲ့စည်း တာဝန်ပေးပြီး ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။ ဧပြီလ ၅ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့က Facebook သို့ အိတ်ဖွင့် ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ဧပြီလ ၇ ရက်နေ့တွင် အဆိုပါ စာအပေါ် တုံ့ပြန်သည့် အနေဖြင့် Facebook က တရားဝန် တောင်းပန်ခဲ့ပြီး Facebook ၏ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကိုယ်တိုင်အိတ်ဖွင့်ပေးစာတွင် ပါဝင်သည့်အဖွဲ့အစည်းများအား အီးမေးဖြင့် စာပေးပို့ကာ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီးအိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည့် အဖွဲ့အစည်းများက ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိဖန်တီးရာရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်ခဲ့သောအဖွဲ့ တဖွဲ့ဖြစ်သည့် ညီမျှခြင်းမြန်မာ Equality Myanmar အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း က “Reviewers တွေ ခန့်မယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့်အဲဒီ Reviewers တွေက မြန်မာစကား နားလည်ရုံတင် မကဘဲနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေ ဘာတွေက လုပ်ကြံတာလဲ၊ ဘယ်သတင်းတွေက အမှားတွေလဲ ဆိုတာ သုံးသပ်နိုင်သော အသိစိတ်ဓာတ်ရှိသူလည်း ဖြစ်ရပါမယ်။ အဲဒါကို ထက်ပြီးတော့ စဉ်းစားဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။ ဆက်လက်ပြီး ဦးအောင်မျိုးမင်း က “Facebook မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ထိပါးနှောက်ယှက်ဖို့ ချုပ်ကိုင်ဖို့ ဒါကို တားဆီးဖို့ မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြောချင်တဲ့ တခုက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် freedom of expression ကို တလွဲအယူကောက် တလွဲဘာသာပြန်ပြီး လိုသလိုအဓိပ္ပာယ်ဖွင့်ပြီးတော့ မုန်းတီးအောင် လှုံ့ဆော်တဲ့ အကြောင်းအရာတွေ ဒါတွေကို တားဆီးဖို့ ပြောတာဖြစ်ပါတယ်” ဟုဆိုသည်။ မွတ်ဆလင်များနှင့် ပတ်သက်သည့် သွေးထိုးလှုံ့ဆော်မှုများ ရေးသားခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ Facebook စာမျက်နှာကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အပြီးတိုင်ပိတ်သိမ်းလိုက်သည်။ Phandeeyar မှ ကိုသန့်စင်က “နည်းပညာအရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ တကယ်ကြိုးပမ်းပြီး လုပ်နေတာက ရေရှည်မှာ မြန်မာပြည်က Facebook အသုံးပြုသူတွေအတွက် တကယ်ကိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် platform တခု ဖြစ်ပေါ်လာအောင် ရတဲ့အထိ ကျနော်တို့က ကြိုးပမ်းသွားမှာပါ” ဟု ပြောသည်။ ဧပြီလ ၁၀ ရက်နေ့က အမေရိလွှတ်တော်၌ ကြားနာမှု ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး လွှတ်တော် အမတ်များ၏ မေးမြန်းမှုများကို Mark Zuckerberg က ဖြေကြားခဲ့ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို နောက်ထပ် မြန်မာဘာစကားကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ Mark Zuckerberg က “မြန်မာဘာသာစကား ကျွမ်းကျင်သူတွေ မရှိဘဲ အလုပ်လုပ်ရတာ အခက်အခဲ ဖြစ်လာပါတယ်။ ဒါကြောင့် အဲဒီလို ထပ်မဖြစ်စေဖို့ အတွက် မြန်မာဘာသာစကား ကျွမ်းကျင်သူနောက်ထပ် ဒါဇင်ပေါင်းများစွာကို ငှားရမ်းပြီး အန္တရာယ်ပေး ခြိမ်းခြောက်တဲ့ အကြောင်း အရာတွေကို ဖယ်ရှားပစ်မယ်။ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တွေ ရယူသွားမယ်။ နောက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်သွားမယ်”ဟု လည်းသည်။ ဆက်စပ် ဖတ်ရှုရန် – ဦးဝီရသူ၏ ဖေ့ဘွတ်စာမျက်နှာ ဖြုတ်သိမ်းလိုက်ပြီ The post မြန်မာ အရပ်ဖက်အဖွဲ့များကို Mark Zuckerberg တောင်းပန်စာပို့ appeared first on ဧရာဝတီ.
Source : https://ift.tt/2qwhDuP
via IFTTT

No comments:

Post a Comment