Monday, April 2, 2018


အမေရိကန်ကုန်စည်များကို အခွန်တိုးကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီလော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံအပေါ် ဒေါ်လာ ၆၀ ဘီလျှံအခွန်တိုးမြှင့် ချမှတ်ခြင်း ကို လက်စားခြေ သည့်အနေဖြင့် တရုတ်က ၎င်းတို့နိုင်ငံထဲသို့ တင်သွင်းသည့် ဝက်သားနှင့်သစ်သီး များအပါအဝင် အမေရိကန်ကုန်စည် ၁၂၈ မျိုး အပေါ် အခွန်တိုးမြှင့်လိုက်သည်။ ထိုသို့ ၁၅ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်း အထိတိုးမြှင့်လိုက်သော အခွန်များသည် ဧပြီလ ၂ ရက်နေ့တွင် စတင် အသက် ဝင်မည်ဖြစ်သည်ဟု တရုတ်ဘာဏ္ဍာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။ ထိုအစီအစဉ်မှာ အဝတ်အထည်မှ လျှပ်စစ်ပစ္စည်းအထိ တရုတ်ကုန်စည် ၁၀၀ ကျော်ကိုပစ်မှတ်ထား သော အမေရိကန် အခွန်တိုးမြှင့်ခြင်းကို တုံ့ပြန်လိုက်ပြီး တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ် ရန်ရည်ရွယ်သည်ဟုလည်းဖေါ်ပြသည်။ အမေရိကန်ပြည်ထောင်စုထွက် ကုန်စည်များကို အထူးအခွင့်အရေးပေးခြင်းအားလည်း ဆိုင်းငံ့လိုက် ကြောင်းနှင့် သစ်သီး နှင့်ထုတ်ကုန်များနှင့် ကုန်စည် ၁၂၀ ကို အခွန် ၁၅ ရာခိုင်နှုန်းချမှတ်ကြောင်း တရုတ်၏ ကြေညာချက်တွင်ဖေါ်ပြထားသည်။ ဝက်သားနှင့်စားသောက်ကုန် ၈ မျိုးအတွက်အခွန်မှာ ၂၅ ရာခိုင်နှုန်း ဖြစ်သည်။ တရုတ်သို့ တင်ပို့နေသည့် ဝက်များ(South China Morning Post) တရုတ်နိုင်ငံ၏ အခွန်မဲ့၊ အခွန်ကင်းလွတ်ခွင့်မူဝါဒမှာ အပြောင်းအလဲမရှိကြောင်းနှင့် ယခုအစီအစဉ် သည် ဘက်စုံ ကုန်သွယ်ရေးယန္တရားနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများနှင့်ကိုက်ညီသည်ဟု ဘာဏ္ဍာရေးဝန်ကြီးဌာနကဆိုသည်။ တရုတ်ကုန်စည်များကို အခွန်တိုးမြှင့်ခြင်းသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးမညီမျှမှုကိုလျှော့ချနိုင်ပြီး အမေရိကန် ဉာဏပစ္စည်းများ ခိုးယူခံရခြင်းကို ထိန်းချုပ်နိုင်မည်ဟု ထရမ့်က မတ်လ ၂၂ ရက်နေ့ ကပြောသည်။ တရုတ်နိုင်ငံသည် အမေရိကန်နည်းပညာနှင့် ဉာဏပစ္စည်းများကို ခိုးယူရန် အစိုးရကမကထပြုသော ဈေးကွက် ကမောက် ကမဖြစ်စေသည့် ဖိအားပေးမှုများပြုလုပ်နေသည်ဟု အမေရိကန်က အစောပိုင်း ကြေညာထားသည်။ ထိုနောက် မတ် ၂၃ရက်နေ့တွင် အမေရိကန်၏ လုပ်ရပ်ကို တုံ့ပြန်ရန် အသင့်ရှိကြောင်း တရုတ်က ကြေညာကာ အမေရိ ကန် ကုန်စည် ၁၂၈ မျိုးကို အခွန်နှုန်းထားသစ်ကောက်ခံရန်အဆိုပြုရာ ထိုသတင်းကြောင့် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂ ခုအကြား ကုန်သွယ်ရေးစစ်ပွဲ နီးကပ်လာပြီ ဟုစိုးရိမ်ပြီး ဈေးကွက်များလှုပ်ခါသွားခဲ့သည်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည် အမေရိကန်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ တဆင့် တရားစွဲဆိုရန် ခြိမ်းခြောက်လိုက်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် နောက်ဆုတ်ရန်၊ အသိဉာဏ်ရှိသောဆုံးဖြတ်ချက်များချရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးကို အန္တရာယ် ဇုန်အတွင် ဆွဲမသွင်းရန်တောင်းဆိုသည်။ ထိုစဉ်က အခွန်တိုးမြှင့်သည်သတင်းကြောင့် စတော့ဈေးကွက်များကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ ကရှယ်ယာများကို အကြီးအကျယ်ထုတ်ရောင်းကြသည်။ Dow Jones အညွှန်း ကိန်းမှာ ဖေဖေါ်ဝါရီလ ၈ ရက်နောက်ပိုင်း အဆိုးဆုံးအဖြစ် ၂.၉၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ S&P 500 Index အညွန်းကိန်းမှာ ဖေဖေါ်ဝါရီ ၉ ရက်နောက်ပိုင်းအဆိုးဆုံး ၂.၅၂ ရာခိုင်နှုန်း ကျဆင်းသည်။ ဂျပန်၏ Nikkei အညွန်းကိန်းသည် အောက်တိုဘာ ၁၂ ရက် နောက်ပိုင်း အဆိုးဆုံး ၃ ရာခိုင်နှုန်း ကျော်ကျဆင်းသွားသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရောဘတ်တို အက်ဇ်ဗက်ဒိုက အမေရိကန်သမ္မတ ထရမ့်အစိုးရ၏ လုပ်ရပ် ကို ရှုတ်ချပြီး ကမ္ဘာ့စီးပွားရေးနာလန်ထခြင်း ထိခိုက်လွယ်သော အချိန်တွင် နှစ်နိုင်ငံကုန်သွယ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် ကမ္ဘာ့စီးပွားရေးကိုထိခိုက်စေမည်ဟု ပြောသည်။ ဆက်စပ်ဖတ်ရှု့ရန် – အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲ ဆင်နွဲရန် အသင့်ဟု တရုတ်ပြော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူအထိနာမလဲ The post အမေရိကန်ကုန်စည်များကို အခွန်တိုးကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီလော appeared first on ဧရာဝတီ.
Source : https://ift.tt/2Imtfrg
via IFTTT

No comments:

Post a Comment