Monday, April 2, 2018


သံတွဲမြို့ အဂတိလိုက်စားမှု တရားသူကြီး တဦး နှင့် ရှေ့နေ တဦးကို အရေးယူ စစ်ဆေးနေ ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး တရားသူကြီး တဦး နှင့် ရှေ့နေ တဦး ကို အမှုဖွင့် အရေးယူမှု ပြုလုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ၏ အရေးယူမှုအရ သံတွဲမြို့ အဂတိ လိုက်စားမှုတွင် ပါဝင် ပတ်သက်ခဲ့သည် ဆိုသော အထက်တန်း ရှေ့နေ ဒေါ်ခင်ချိုဝင်း ကို ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး စစ်ဆေး နေသည်ဟု သံတွဲမြို့မ ရဲစခန်းမှ စခန်းမှူး ဒု ရဲမှူး ကျော်မျိုးထိုက်က ပြောပြသည်။ ဒုရဲမှူး ကျော်မျိုးထိုက်က “ရှေ့နေ ဒေါ်ခင်ချိုဝင်းကတော့ ဒီမှာ ရှိနေတဲ့အတွက် ကျနော်တို့ မနေ့က သွားဖမ်းတယ်။ ဖမ်းတာကတော့ အဂတိတိုက်ဖျက်ရေးအဖွဲ့ကပဲ ဖမ်းတာပါ။ ကျနော်တို့ နယ်မြေရဲက ပူးပေါင်းပါဝင်တာပေါ့” ဟု လည်း ဧရာဝတီ သို့ ပြောသည်။ သံတွဲမြို့တွင် နေထိုင်သည့် နစ်နာသူ တဦးက တိုင်ကြားသည့် အတွက် စစ်ဆေး ပေါ်ပေါက်ချက်အရ ယခင် သံတွဲ မြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်း၊ (ယခု ကျိုုက်ထိုမြို့နယ် တရားသူကြီး) နှင့် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း (သံတွဲမြို့) တို့ကို အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ဧပြီ ၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တရားသူကြီး ဦးဦးသိန်းထွန်း သည် ၂၀၁၆ ခုနှစ် သံမြို့နယ် တရားရုံးတွင် မြို့နယ် တရားသူကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် တရားလိုထံမှ ငွေကျပ် ၆၂ သိန်းကျော် (ကျပ် ခြောက်ဆယ့်နှစ်သိန်း တသောင်း ခုနှစ်ထောင်) နှင့် တရားခံ ဘက်မှ ငွေကျပ် သိန်း ၁၀၀ (ကျပ် သိန်းတရာ) တို့ကို ရယူကာ အမှုအနိုင်ပေးခြင်း၊ သက်သေ ထွက်ဆိုချက်များအား ပြင်ဆင် ဖြည့်စွက်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး ခဲ့ရာ တရားသူကြီး ဦးဦးသိန်းထွန်းသည် သံတွဲမြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ် အမှု အမှတ် ၁၃၅/၂၀၁၆ အမှု၏ တရားလိုထံမှ ငွေကျပ် ၆,၂၁၇,၀၀၀ိ/-(ကျပ် ခြောက်ဆယ့်နှစ်သိန်း တသောင်း ခုနှစ်ထောင်)ကို တောင်းခံရယူခဲ့ ကြောင်း ပေါ်ပေါက်ကာ မြို့နယ်တရား သူကြီး တဦးအနေဖြင့် လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲ သုံးစား ပြု၍ ဆောင်ရွက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထို့ကြောင့် ဦးဦးသိန်းထွန်း အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အလားတူ အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း သည်လည်း တရားလိုထံမှနေ၍ တရားသူကြီးထံ ပေးအပ်ခဲ့သည့် ငွေ များထဲမှ ငွေကျပ် ၄၇ သိန်းကျော် (ကျပ် လေးဆယ့်ခုနှစ်သိန်း ငါးသောင်း ငါးထောင်)ကို တရားလိုထံမှ တောင်းယူပြီး မြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းထံသို့ ပေးခဲ့ခြင်းဖြင့် အားပေးကူညီမှု ပေါ်ပေါက်သည့်အတွက် ဒေါ်ခင်ချိုဝင်း အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ တို့နှင့် တရားစွဲဆို အရေးယူနိုင်ရေး အတွက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ကော်မရှင်ထံမှ သိရသည်။ ဒုရဲမှူး ကျော်မျိုးထိုက်က “ကျနော်တို့ ဖမ်းတာကတော့ တယောက်တည်းပဲ။ နောက် ဦးဦးသိန်းထွန်းကတော့ သံတွဲမှာ မရှိဘူးလေ။ သူက ကျိုက်ထို မြို့နယ် တရားသူကြီး။ သူ့ကို ဖမ်းဆီးရမိရေးကတော့ အဂတိကပဲ ဆောင်ရွက်လျက် ရှိ တယ်။ ဒီအမှုတွေက ကျနော်တို့က အမှုပဲ ဖွင့်ပေးတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကို ကျနော်တို့က ကူညီဆောင်ရွက် ပေး တယ်။ ကျနော်တို့ နယ်မြေရဲစခန်းက မစစ်ဘူးဗျ။ အဂတိကပဲ စစ်ဆေးတယ်”ဟု ပြောသည်။ ထိုအမှုနှင့်ပတ်သက်ပြီး သံတွဲမြို့မ ရဲစခန်းက ပ/၁၆၄ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် အမှု ဖွင့်လျက် ဖမ်းဆီးထားသည့် ရှေ့နေ ဒေါ်ခင်ချိုဝင်း ကိုမူ သံတွဲမြို့နယ် တရားရုံး၌ ရမန်ယူလျက် အမှုကို စစ်ဆေးနေ ကြောင်း သိရသည်။ The post သံတွဲမြို့ အဂတိလိုက်စားမှု တရားသူကြီး တဦး နှင့် ရှေ့နေ တဦးကို အရေးယူ စစ်ဆေးနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2EdtS3T
via IFTTT

No comments:

Post a Comment