Friday, April 20, 2018


ဒူးရင်းသီးကြိုက်သူများ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ အနံ့ပြင်းပြီး ထူးခြားတဲ့ အရသာကြောင့် ဒူးရင်းသီးကို ကြိုက်နှစ်သက်သူတွေလည်းရှိသလို မကြိုက်သူတွေလည်းရှိပေမယ့် ဒူးရင်းသီးမှာ ကျန်းမာရေး ကောင်းကျိုးတွေများစွာ ရှိပါတယ်။ ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေ စနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒူးရင်းသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ကြောင့် သွေးပေါင်လျော့ကျစေပြီး သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ဓာတ်ကြောင့် သွေးအားနည်းရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလို ကျန်းမာရေးကောင်းကျိုးတွေများစွာရှိတဲ့ ဒူးရင်းသီးကို စားသုံးတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်အချက်တွေလည်း ရှိပါတယ်။ ဒူးရင်းသီးဟာ အပူစာဖြစ်တဲ့အတွက်ကြောင့် ဒူးရင်းသီး စားသုံးပြီးတဲ့အခါ မင်းဂွတ်သီး ဒါမှမဟုတ် အုန်းစိမ်းရည် သောက်သုံးပေးခြင်းဟာ အပူဓာတ်ကိုသက်သာစေပါတယ်။ ဒူးရင်းသီး စားရင်း အရက်၊ ဘီယာ သောက်သုံးခြင်းတို့ဟာ ခေါင်းကိုအလွန်အမင်း ကိုက်ခဲစေနိုင်ပြီး သေဆုံးတဲ့အထိပါ ဖြစ်စေနိုင်တာကြောင့် ဒူးရင်းသီးနဲ့ အရက်၊ ဘီယာ၊ ဝိုင် အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေနဲ့ တွဲဖက် မစားသုံးသင့်ပါဘူး။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပေမယ့် ဒူးရင်းသီးကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ရှိသူတွေ အနေနဲ့ကတော့ ချင့်ချိန်ပြီး စားသုံးသင့်ပါတယ်။ ဒူးရင်းသီးဟာ အပူစာဖြစ်တာကြောင့် များများစားသုံးမိမယ် ဆိုရင် အပူကန်ခြင်း၊ လည်ချောင်းနာခြင်း၊ လေထိုးလေအောင့်ခြင်း နဲ့ အပူဒဏ်ကြောင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒူးရင်းသီးစားပြီး ကော်ဖီသောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် တွဲဖက် မစားသုံး သင့်ပါဘူး။ အခုလို နွေရာသီကာလမှာတော့ ဒူးရင်းသီး အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး တခါစားရင် ၂ မွှာ ကနေ ၃ မွှာ ခန့် အထိသာ စားသုံးသင့်ပါတယ်။ Ref; benefitandharm.com The post ဒူးရင်းသီးကြိုက်သူများ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2qRXW0H
via IFTTT

No comments:

Post a Comment