Thursday, April 19, 2018


သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် မွန်ပြည်နယ်မှ အကျဉ်းသား ၅၈၉ ဦး လွတ်မြောက် သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် မွန်ပြည်နယ်ရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၉ ဦး လွတ်မြောက် ခဲ့သည်။ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်တွင် မွန်ပြည်နယ်ရှိ ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) မှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၆ ဦး၊ သထုံအကျဉ်းထောင်မှ ၁၃ ဦး၊ အင်္ဂပူ စိုက်ပျိုးရေး ကုန်ထုတ်စခန်းမှ ၉၄ ဦး၊ မုပ္ပလင်ကျောက်ထုတ်စခန်းမှ ၁၀၆ ဦး၊ တောင်စွန်း ကျောက်ထုတ်စခန်းမှ ၄၂ ဦး၊ ဇင်းကျိုက် ကျောက်ထုတ် စခန်းမှ ၅၄ ဦး၊ ရင်းငြိမ် ကျောက်ထုတ်စခန်းမှ ၅၈ ဦး၊ အင်းဗြောင် ကုန်ထုတ်စန်းမှ ၁၁၆ ဦးတို့ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခဲ့သည်။ တနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၈၀၀၀ ကျော်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရာဇဝတ်ကျင့်ထုံး ဥပဒေ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ ဧပြီ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၁ ဦးကိုပါ လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့သည်။ မြန်မာ့ နှစ်သစ်ကူး အခါသမယအဖြစ်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲတွင် အသက် ၇၅ နှစ်အထက်ရှိသူများ၊ ကျန်းမာရေး မကောင်းသူများ၊ လဝက အက် ၁၃ (၁) နိုင်ငံခြားသားများ၊ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျနေသူများ၊ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ပြစ်ဒဏ် ကျနေသူများ (ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)၊ မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) ဖြင့် ပြစ်ဒဏ် ကျနေသူများ (ပြစ်ဒဏ်ကျခံရန် ကျန် ၃ နှစ်နှင့်အောက်)၊ တပ်မတော် အက်ဖြင့် ပြစ်ဒဏ်ကျနေသူများ၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ပြစ်ဒဏ်ကျနေသူများ၊ AAPP စာရင်းဝင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်သည်။ The post သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် မွန်ပြည်နယ်မှ အကျဉ်းသား ၅၈၉ ဦး လွတ်မြောက် appeared first on ဧရာဝတီ.
Source : https://ift.tt/2vAi1OH
via IFTTT

No comments:

Post a Comment