ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ညပိုင်း စားရမယ့် စားစရာများ ခန္ဓာကိုယ် အလေးချိန်ကျစေရန် မည်သည့်အချိန်မှာ မည်သို့သော အစားအစာများ မစားရဟူသော အစားအစာ ဆိုင်ရာ ညွှန်ကြားချက်များကို သင်တွေ့ကြုံဖူးမည်ဖြစ်သည်။ သို့သော် အလေးချိန်ကျရန် ညဘက်တွင် မည်သို့သော အစားအစာကို စားသောက်သင့်၊ မသင့်နှင့် ပတ်သက်၍ ရှုပ်ထွေး ခြင်းများလည်း ဖြစ်စေပြီး၊ အလေးချိန်လျှော့ရန် စားသောက်မှုပြုလုပ်သူများ သည် အိပ်ယာမဝင်မီ ဆာလောင်ကြရသည်။ ထိုသို့ဖြစ်ခြင်းကြောင့် အလေးချိန်လျှော့ချရန် အားထုတ်မှုကိုပင် ထိခိုက်စေနိုင်ကာ ဗလာင်ဆူနေသော ဝမ်းဗိုက်ကြောင့် သက်သောင့်သက်သာ အိပ်စက်နိုင်ခြင်းမရှိဘဲ မကြာခဏနိုးကာ ကယ်လိုရီများသော အစားအသောက်များကိုသာ တမ်းတနေစေနိုင်သည်။ ထို့ကြောင့်အိပ်စက်နားနေမှု အရည်အသွေး ကျဆင်းပြီး နံနက်ခင်းတွင်မောပမ်းနွမ်းနယ်ကာ ဆာလောင်နေမည်ဖြစ်သည်။ ထိုကြောင့်ကျေနပ်ရောင့်ရဲသော ဝမ်းဗိုက်နှင့်ကောင်းစွာအိပ်ပျော်ရန်လိုအပ်သည့်အတွက် အလေးချိန် ကျစေမည့် ညဘက် စားသင့်သောအကောင်းဆုံးအစားအစာ ၁၀ မျိုးကိုဖေါ်ပြပေးလိုက်သည်။ ချယ်ရီးသီး ၁။ ချယ်ရီသီး ချယ်ရီသီးသည် ညစာအပြီး အချိုတည်းလိုစိတ်ကို ဖြေသိမ့်ပေးရုံသာမက ကောင်းစွာအိပ်စက်နိုင် စေသည်။ ချယ်ရီသီးတွင် အိပ်စက်ခြင်းကို ကောင်းမွန်စေသော melatonin ဟော်မုန်းပါဝင်သည်။ ထို့အပြင်၎င်းတွင် ဖောခြင်း၊ ရောင်ခြင်းကို တိုက် ဖျက်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Antioxidants လဲပါဝင်သည်။ ဒိန်ချဉ် ၂။ ဒိန်ချဉ် ဂရိဒိန်ချဉ် သို့မဟုတ် အိမ်လုပ်ဒိန်ချဉ်ကိုရွေးချယ်ပါ။ ၎င်းတွင် အသားဓာတ် protein မြင့်မားစွာပါပြီး သကြားဓာတ်နည်း သောကြောင့် ညဖက်တွင်စားရန် အသင့်တော်ဆုံးဖြစ်သည်။ အသားဓာတ်သည် ဝမ်းဗိုက်ကိုပြည့်စေပြီး အိပ်စက်နေစဉ် ကြွက်သားများတည်ဆောက်ပေးစေနိုင်သည်။ ဒိန်ချဉ်တွင် ပါဝင်သော အသားဓာတ်သည် အဆီများကို လောင်ကျွမ်းစေ သောကြောင့် အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုသည်။ မြေပဲထောပတ် ၃။ မြေပဲထောပတ် အညိုရောင် ပေါင်မုန့်ကြမ်းတွင် မြေပဲထောပတ် သုပ်လိမ်းစားခြင်းသည် အရသာရှိသော သရေစာ ဖြစ်သည်။ ထို့အပြင် မြေပဲထောပတ်သည် ညဘက်တွင်အလေးချိန်လျှော့ရန် ပိုမိုကောင်းမွန်သော အစားအစာအဖြစ် သတ်မှတ်ကြသည်။ ၎င်းသည် ကြွက်သားများတည်ဆောက်ပေးပြီး ဝမ်းဗိုက် အဆီ လျှော့ချပေးပြီး ခန္ဓာကိုယ်ပြည့်ဝစေသည် ကျန်းမာရေးနှင့် ညီညွတ်သောအဆီ (monounsaturated fat)များစွာပါသော ရင်းမြစ်ဖြစ်သည်။ ဒိန်ခဲပျော့ ၄။ ဒိန်ခဲပျော့ မလိုင်ထုတ်ပြီးသား ဒိန်ခဲပျော့ (cottage cheese)သည် အလေးချိန်လျှော့ရန် အကောင်းဆုံး ညဘက် စားစရာဖြစ်သည်။ ၎င်းတွင် တညတာလုံး ဝမ်ဗိုက်ကို ပြည့်နေစေပြီး ကြွက်သားများကိုပြုပြင်ပေးသည့် casein protein ခေါ် အသားဓာတ်ပါ သည်။ ကယ်လိုရီနည်းသောကြောင့် အလေးချိန်လျှော့ရာတွင် အထောက်အကူပြုသည်။ ကြက်ဆင်သား ၅။ ကြက်ဆင်သား ကြက်ဆင်သားတွင်ပါသော Tryptophan သည် ကောင်းစွာအိပ်ပျော်စေပြီး အလေးချိန်လျှောရန် အကောင်းဆုံး ညဘက် သားရေစာ အဖြစ်သတ်မှတ်ခံရသည်။ အဆီမပါသော အသားဓာတ်သည် တညတာလုံး ကြွက်သားများကိုတည်ဆောက် ပေးနေပြီး အလေးချိန်လည်း လျှော့ချပေးသည်။ အဆီကျစေရန် ကြက်ဆင်သား ညှပ်ပေါင်မုန့် စားနိုင်သည်။ နို့ ချောကလက် ၆။ နို့ ချောကလက် နို့တွင်ပါသော ကယ်လ်ဆီယမ်သည် ဝမ်းဗိုက်အဆီကိုပျော်ကျစေသည်။ ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ်နှင့် အထက် စားသုံးပါက အဆီး ၁၈ ပေါင်ကျသည်ဟု သုတေသနများကဆိုသည်။ ထို့အပြင် နို့တွင်ပါသော ဗီတာမင် ဒီကြောင့် ကယ်လ်ဆီယမ်ကို လည်းကောင်းစွာ စုတ်ယူနိုင်စေသည်။ အယ်လ်မွန်စေ့ ၇။ အယ်လ်မွန်စေ့ ဗာဒန်စေ့နှင့် ဆင်တူသည့် အယ်လ်မွန်စေ့သည် တပွဲလျှင် အသားဓာတ် ၅ ဂရမ်ပါပြီး ကြွက်သားများကို တညတာလုံး ပြင်ဆင်ပေးသည့် အပြင် အမျှင် fibre များကြောင့်လည်း ဝမ်းဗိုက်ပြည့်စေသည်။ ထို့အပြင် အယ်လ်မွန်စေ့သည် အဆီလွန်စွာကျစေသော အစားအစာဖြစ်သည်။ အမျှင်ဓာတ်များသည့် Cereal 8. အမျှင်ဓာတ်များသည့် Cereal အမျှင်ဓာတ်များသော နှံစားပင်မှ ထုတ်လုပ်သည့် Cereal တပန်းကန်ဖြင့် တနေ့တာကို အဆုံးသတ် သင့်သည်။ အမျှင်များသော အနှံများတွင် ဝမ်းဗိုက်ကိုပြည့်စေရုံသာမက အဆီကိုလျှော့ချပေးသော ကာဗိုဟိုက်ဒရိတ်နှင့် အမျှင်များပါဝင်သည်။ အမျှင်ပါသော အစားအစာများစားသုံးမှုသည် အလေးချိန်ကျစေသည်ဟု သုတေသနများကဆိုသည်။ လက်ဖက်ရေကြမ်း ၉။ လက်ဖက်ရေကြမ်း ရေနွေးကြမ်းလို့ ခေါ်တဲ့ လက်ဖက်ရေကြမ်းမှာ များစွာသော ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်။ နှလုံးသွေးကြောနှင့် စိတ်ကျန်းမာရေးကို အထောက်အကူပြုသည်ဟုကျော်ကြားသည်။ ညဘက် တွင်လက်ဖက်ရေကြမ်းတခွက်ကို တမြုံမြုံ့သောက်ခြင်းသည် အလေးချိန်လျှော့ကျစေသည်။ လက်ဖက်ရေတွင် အဆီပျော်စေသော ဒြပ်ပေါင်းများစွာပါသည်။ ကြက်ဥအကျက်ပြုတ် ၁၀။ ကြက်ဥအကျက်ပြုတ် ကြက်ဥသည် အသားဓာတ်လွန်စွာမြင့်မားပြီး ညဘက်တွင် အလေးချိန်လျော့ချပေး သည်ဟုကျော်ကြား သည်။ ကြက်ဥ အကြီးတလုံးတွင် အာဟာရဓာတ်ပြည့်ဝသော.ကယ်လိုရီများစွာ ပါသည်။ အလေးချိန် အမြန်လျှောချလိုက ကြက်ဥကိုစားရ မည်။ ၎င်းသည် အရိုးရှင်းဆုံးအလေးချိန်လျှော့ချနည်းဖြစ်သည်။ The post ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ညပိုင်း စားရမယ့် စားစရာများ appeared first on ဧရာဝတီ.
Source : https://ift.tt/2EIkLsh
via IFTTT
No comments:
Post a Comment