Monday, April 2, 2018


တရုတ် အာကာသယာဉ် ပစိဖိတ်တောင်ပိုင်းသို့ ကျနိုင်ဖွယ်ရှိ တရုတ် အာကာသ ဓာတ်ခွဲခန်းယာဉ် Tiangong 1 သည် ကမ္ဘာ့လေထုအတွင်းသို့ လောင်ကျွမ်းရင်း ပြန်ပြုတ်ကျလာရာ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကို ဗဟိုပြု၍ ကျလာနိုင်ချေများကြောင်း တရုတ် အာကာသဆိုင်ရာအာဏာပိုင်များက ပြောသည်။ အဆိုပါအာကာသစမ်းသပ်မှုဓာတ်ခွဲခန်းသည် လေထုအတွင်းသို့ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပြန်လည်ဝင်ရောက် လာရာ ပစ္စဖိတ်သမုဒ္ဒရာ တောင်ဘက်သို့ လွှင်စင်နေသည်ဟု လတ်တလော ခန့်မှန်းသည်။ ၎င်းအာကာသဓာတ်ခွဲခန်းယာဉ် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လက်ရှိတည်နေပုံကို သိပ္ပံပညာ ရှင်များက စောင့်ကြည့် လေ့လာလျက်ရှိပြီး ပြန်လည်ပြုတ်ကျလာသည့်အချိန်၌ လေထုနှင့်ပွတ်တိုက် မှုဖြစ်ကာ လောင်ကျွမ်းလာဖွယ်ရှိပြီး မြေပြင်ရေပြင်ရှိ လူအများအတွက် အန္တရာယ်ဖြစ်နိုင်ချေ အနည်း ငယ်သာရှိကြောင်း၊ လောင်ကျွမ်းပြီးမှ ပြုတ်ကျ လာဖွယ်ရှိသည်ဟု ဘေဂျင်းအာကာသထိန်းချုပ်မှု ဌာနမှ သုတေသီများက သုံးသပ်ကြသည်။ ၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့သည့် Tiangong 1 သည် တရုတ်၏ပထမဆုံးအာကာသစခန်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းကြီးမ ျားကို စမ်းသပ်လုပ်ဆောင်ခဲ့ရာ ယင်း၏ ရလဒ်အနေဖြင့် တရုတ်က ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် တီအမ်ဂေါင် ၂ ကို ထပ်မံလွှတ်တင်နိုင်သည့်အပြင် နောက်အနာဂတ် တရုတ်အမြဲတမ်းအာကာသစခန်းဖြစ်ထွန်းလာရေးလည်း လေ့လာ စူးစမ်းနိုင်ခဲ့သည်။ အာကာသအတွင်း အထိုင်ချရေးလုပ်ငန်းစဉ်များနှင့်အခြားစမ်းသပ်မှုပြုနေစဉ်ကာလ၌ တရုတ် အာကာသယာဉ်မှူးနှစ်ဦးက Tiangong 1အတွင်း နေထိုင်ခဲ့ရသည်။ ၎င်း၏နောက်ဆုံး အာကာသ ယာဉ်မှူးမှာ ၂၀၁၃ ခုနှစ်က မြေပြင်သို့ ပြန်ဆင်းလာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် လူမရှိသော အာကာသစခန်းနှင့် မြေပြင်အခြေစိုက်စခန်းတို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ယင်းနောက် စောင့်ကြည့်နေစဉ်အတွင်း အဆိုပါအာကာသစခန်း၏လည်ပတ်သည့်လမ်းကြောင်းမှာ ကမ္ဘာမြေနှင့် တစ တစ နီးကပ်လာခဲ့သည်။ အစောပိုင်းခန့်မှန်းချက်များအရ ယင်းအာကာသစခန်းသည် ဘတ်စ်ကားအရွယ်၏ ၁၀ ရာခိုင်နှုန်းသာ ရှိတော့ပြီး စခန်းယာဉ်သာ လေထုအတွင်း ပြန်လည်ပြုတ်ကျလာလျှင် ၈ တန်အလေးချိန်သာ ရှိမည်ဟုဆိုသည်။ အဓိကအားဖြင့် အင်ဂျင်ကဲ့သို့ လေးလံအစိတ်အပိုင်းများသာ ကျန်ရှိနိုင်မည်ဖြစ် သည်။ ဆက်စပ်ဖတ်ရှု့ရန် – တရုတ် အာကာသယာဉ် ကမ္ဘာမြေပေါ်သို့ ပျက်ကျမည်လော The post တရုတ် အာကာသယာဉ် ပစိဖိတ်တောင်ပိုင်းသို့ ကျနိုင်ဖွယ်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2pYnY1O
via IFTTT

No comments:

Post a Comment