ဒဂုံဆိပ်ကမ်းမှာ ဝန်ထမ်းအိမ်ရာနဲ့ အငှားအိမ်ရာ တည်ဆောက်နေပြီ နိုဝင်ဘာ ၁၂- ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၁၈၃ ဧက ပေါ်မှာ နိုင်ငံ့ဝန်ထမ်းအိမ်ရာနဲ့ အငှားအိမ် ရာကို ယခုလအတွင်းမှာ စတင်တည် ဆောက်နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း က သိရပါတယ်။ အဆိုပါ အိမ်ရာတွေကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဘတ်ဂျက်နဲ့ တည် ဆောက်သွားမှာ ဖြစ်ပြီး ၁၂ ခန်းတွဲ ငါးထပ် အဆောက်အအုံတွေကို တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အငှားအိမ်ရာတွေကို နိုင်ငံ့ဝန်ထမ်း တွေအပြင် အိမ်ပိုင်မရှိတဲ့ အများပြည်သူ တွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ငှားရမ်း ပေးသွားမှာဖြစ်ပြီး ပင်စင်စားဝန်ထမ်းတွေ ဝယ်ယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့တည်ဆောက် သွားမှာဖြစ်တယ်။ နိုင်ငံဝန်ထမ်းအိမ်ရာကို တိုက်ခန်း တန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်း ကို ကနဦးပေး သွင်းရမှာဖြစ်ပြီး ကျန် ၇ဝ ရာခိုင် နှုန်းကို ၁၅ နှစ် အရစ်ကျပေးသွင်း နိုင်ဖို့ စီစဥ်ထား ကြောင်း မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန က သိရပါတယ်။ ယခုလတ်တလောမှာ မြေပြုပြင်ခြင်း လုပ်ငန်းတွေကို စတင်ဆောင်ရွက်လျက်ရှိ ပြီး နှစ်အလိုက် သတ်မှတ်ချက်တွေနဲ့ တိုက် ခန်းတွေကို တည်ဆောက်သွားမှာ ဖြစ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းအိမ်ရာနဲ့ အငှားအိမ်ရာကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရဲ့ အစီအစဥ်နဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းနဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ကျောင်း၊ ဆေးခန်း၊ ဈေးတွေကို လည်း ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Author / မေသက်
Source : https://ift.tt/2GpZcmd
via IFTTT
No comments:
Post a Comment