ဝဇီရာရုပ်ရှင်ရုံရဲ့ မူလပိုင်ရှင်များမှ မြေကွက်ပြန်လည်ရရှိရေးတောင်းဆို အစိုးရက အနှစ် ၂၀နီးပါးကြာသိမ်းဆည်းထားတဲ့ ဝဇီရာရုပ်ရှင်ရုံ မြေကွက်နေရာ ကို ပြန်လည်ရရှိရန်အတွက် ရုပ်ရှင်ရုံရဲ့ မူလပိုင်ရှင်များက ဒီနေ့ မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ အဆိုပါမြေကွက်ပိုင်ဆိုင်သူ ရဲ့ မိသားစုဝင်ဖြစ်တဲ့ ဒေါက်တာ မြတ်မင်းထိုက်က “ဝဇီရာ ရုပ်ရှင်ရုံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့မိသားစုက လျော်ကြေးတပြားတချပ်မှ မရခဲ့ပါဘူး။ အခွင့်အရေး လည်းဘာမှ မရခဲ့ပါဘူး။ မြေအစားထိုးလည်း ဘာမှမရခဲ့ပါဘူး။ အထက်ကို စာတွေအကြိမ်ကြိမ်တင်ခဲ့သော်လည်း အကြောင်း မထူးခဲ့ပါဘူး။ အခု ရန်ရှင်းဆောက်လုပ်ရေးကို ၁၉၉၉ ခုနှစ် မှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းလုပ်ဖို့ကို ပြန်ကြား ရေးဝန်ကြီး ဌာနက ငှားထားပြီးတော့ ရန်ရှင်းဆောက်လုပ်ရေးက တဆင့် ဆိုင်ပေါင်း ၁၅ဆိုင်လောက်ကို ထပ်မံငှား ရမ်းထား တယ်လို့ သိရပါတယ်။ ကျနော်တို့ မူလပိုင်ရှင်ကို အခွင့်အရေး တစုံတရာမျှမပေးခဲ့တာ ဒီနေ့ထိပါပဲ” လို့ ပြောဆို လိုက်ပါတယ်။ အသိမ်းခံရတဲ့ ဝဇီရာ ရုပ်ရှင်ရုံ၊ အဆိုပါ ဝဇီရာရုပ်ရုံကို ၁၉၅၆ခုနစ်တွင် ဒေါက်တာမြတ်မင်းထိုက်ရဲ့ အဘွားဖြစ်သူနှင့် အမေဖြစ်သူတို့မှ “လပ်ချ်မီပန်ချီ” ဆိုတဲ့သူထံမှ ဝယ်ယူခဲ့ပြီး “နယူးအိတ်ဆယ်စီယာ” ရုပ်ရှင်ရုံအမည်ဖြင့် လုပ်ကိုင်ခဲ့ကြပြီး ၁၉၆၈ခုနစ်တွင် ပြည်သူပိုင် အဖြစ် အသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ထိုသို့သိမ်းဆည်းပြီးနောက် ပြန်ကြားရေးဌာနက နယူးအိတ်ဆယ်စီယာရုပ်ရှင်ရုံနှင့် ရုပ်ရှင်ပြသမှုလုပ်ငန်းကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းတယ်လို့ ဖော်ပြခဲ့သော်လည်း သိမ်းဆည်းသွားတဲ့ ပြည်သူပိုင်သိမ်းဆည်းရေးအဖွဲ့မှာ ရုပ်ရှင်ရုံ၊ ရုပ်ရှင်ပြသရေးလုပ်ငန်းနှင့် မပတ်သက်သော ရုပ်ရှင်ဝင်းနှင့် သီးခြားဖြစ်တည်လျက်ရှိတဲ့ လူနေအိမ်ခန်းများ တည်ရှိရာ မြေကွက်များကိုပါသိမ်းဆည်းခဲ့တယ်လို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အဆိုပါသိမ်းဆည်းခံရမှုတွင် ဝဇီရာရုပ်ရှင်ရုံအပါအဝင် နောက်ဘက်မှာရှိတဲ့ ပေ ၄၀ , ၆၀ မြေနှစ်ကွက်တွဲအတွက် လက်ရှိပေါက်ဈေးအနေဖြင့် ငွေကျပ် သိန်းပေါင်း ၁သိန်းတန်ဖိုးရှိနေပြီး အစိုးရအဆက်ဆက် အကြိမ်ကြိမ်စာတင်ပြီး တောင်းဆိုခဲ့သော်လည်း မူလပိုင်ရှင်များအနေဖြင့် လျော်ကြေးငွေနှင့်တကွ မြေအစားထိုးလည်း ရရှိခဲ့ခြင်းမရှိဘူးလို့ ဒေါက်တာမြတ်မင်းထိုက်က ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သူ ဒေါက်တာ မြတ်မင်းထိုက် “အရင်ကတည်းက စာတွေလည်းတင်တယ်။ သွားလည်းသွားတွေ့ခဲ့တာပဲ။ ဘာမှ ထူးခြားမှုမရှိဘူး။ ဒါပေမယ့် အဲဒါအရင် အစိုးရခေတ်ကပေါ့။ အခုက ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ပိုပြီးတော့ အခွင့်အရေး ဆုံးရှုံးမှုတွေကို ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဒေါက်တာမြတ်မင်းထိုက်က ပြောပါတယ်။ ထိုအချိန်က ၎င်းတို့နှင့်တန်းတူ သိမ်းဆည်းခံခဲ့ရသော အချို့သောနေရာများတွင် ပြန်လည်ရရှိကြတယ်ဆိုတဲ့ သတင်းများ ကြားခဲ့ရပေမယ့် ဝဇိရာ ရုပ်ရှင်ရုံနဲ့ ပတ်သတ်ပြီး မိမိတို့မှာ အခွင့်အရေးတစုံတရာမျှရရှိခဲ့ခြင်းမရှိဘူးလို့ ဒေါက်တာမြတ်မင်းထိုက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ The post ဝဇီရာရုပ်ရှင်ရုံရဲ့ မူလပိုင်ရှင်များမှ မြေကွက်ပြန်လည်ရရှိရေးတောင်းဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2HkNh5y
via IFTTT
No comments:
Post a Comment