နေပူပူမှာ အရက်အလွန်အကျွံ သောက်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးများ အရက်အလွန်အကျွံ သောက်ခြင်းဆိုတဲ့ အတိုင်းအတာဟာ အချိန် ၂ နာရီအတွင်း ၅ ခွက်နဲ့ အထက် သောက်သုံးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အခုလို နွေရာသီ နေပူပူမှာ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဘယ်လို ဖြစ်ပေါ်စေနိုင်လဲဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) နေပူပူမှာ အရက် အလွန်အကျွံ သောက်ခြင်းဟာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို အချိန်တိုအတွင်း ထိခိုက်စေနိုင်ပြီး Heart Attack ဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြင်ပ နေအပူရှိန်နဲ့ Alcohol သောက်သုံးလိုက်ခြင်းကြောင့် မြင့်တက်လာတဲ့ ခန္ဓာကိုယ်အပူရှိန်ဟာ ကိုယ်တွင်း ကလီစာတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံးတို့ကို ပျက်စီးစေနိုင်ပါတယ်။ (၂) နေအလွန်ပူတဲ့ နေ့လည်လို အချိန်မျိုးမှာ အရက် အလွန်အကျွံ သောက်သုံးခြင်းအားဖြင့် သောက်သုံးသူရဲ့ ဦးနှောက်ကို ကျုံ့သွားစေနိုင်ပြီး စိတ် ကစဉ့်ကလျားဖြစ်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးနိုင်ခြေ များခြင်း၊ ဒေါသစိတ်များလာပြီး ရန်လိုတိုက်ခိုက်လို စိတ်များ ဖြစ်ပေါ်လာခြင်းတို့အပြင် ဦးနှောက်နဲ့ အာရုံကြောစနစ်တို့ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ (၃) အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး အစာ စားချင်စိတ် မရှိခြင်း၊ အစာအိမ်နာခြင်း ၊ ပန်ကရိယ ရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေထဲမှာ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အသည်းရောင်ဘီပိုးနဲ့ စီပိုး ရောဂါတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဆေးပညာဆိုင်ရာ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ အရက်သောက်သုံးခြင်းကို ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ အထူးရှောင်ကြဉ်သင့်ပြီး တနေ့ကို အရက် ၂ ပက်ထက် ပိုမိုမသောက်သုံးသင့်ကြောင်းကိုလည်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ Ref. https://ift.tt/2oxfG1V The post နေပူပူမှာ အရက်အလွန်အကျွံ သောက်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးများ appeared first on ဧရာဝတီ.
Source : https://ift.tt/2qkt6NS
via IFTTT
No comments:
Post a Comment