Tuesday, April 10, 2018


အာလူးကို အသုံးပြုပြီး မျက်နှာအသားအရေ ကြည်လင်လှပအောင် ပြုလုပ်နည်း အာလူးစားသုံးခြင်းကို လူတိုင်း ကြိုက်နှစ်သက်လေ့ ရှိကြပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ် စားသောက်ကြတဲ့ အာလူးဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက မျက်နှာ အသားအရေအတွက်လည်း ကောင်းကျိုးတွေများစွာ ရှိပါတယ်။ ဒါကြောင့်မို့လို့ အာလူးရဲ့ မျက်နှာ အသားအရေအတွက် အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေပေါ်ကို အာလူးအကွင်းလေးတွေ လှီးပြီး ကပ်ပေးပါ။ မိနစ် ၃၀ ခန့်အကြာလောက်မှာ ကပ်ထားတဲ့ အာလူးတွေကို ခွာပြီး မျက်နှာသစ်ပေးပါ။ ဒီလိုနည်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင်တော့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို မှေးမှိန် ပျောက်ကွယ်စေမှာ ဖြစ်ပါတယ်။ (၂) မျက်နှာပေါ်က အမည်းစက်တွေ ကင်းစင်စေဖို့အတွက် အာလူးကို ကြိတ်ချေပြီး ရလာတဲ့ အရည်ကို အမည်းစက် နေရာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ကြာလောက်မှ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာပေါ်က အမည်းစက်တွေ သိသိသာသာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ (၃) မျက်နှာပေါ်က အရေးအကြောင်းတွေ အတွက်တော့ အာလူးကို ကြိတ်ချေထားတဲ့ အရည်နဲ့ ကြက်ဥတလုံးရဲ့ အကာကို ရောထားတဲ့ အရောကို မျက်နှာပေါ်မှာ လိမ်းထားပြီး ၁၅ မိနစ်လောက် ကြာရင် မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အရေးအကြောင်းတွေ သက်သာစေမှာ ဖြစ်ပါတယ်။ (၄) ပျောက်ကင်းဖို့ခက်တဲ့ မျက်နှာပေါ်က တင်းတိတ်တွေအတွက်တော့ တင်းတိတ်နေရာကို အာလူး ပုံမှန်ကပ်ပေးရုံနဲ့ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ (၅) နေလောင်ထားလို့ ညိုညစ်နေတဲ့ မျက်နှာအသားအရေအတွက်လည်း အာလူးကို ကြိတ်ချေပြီး ရလာတဲ့ အရည်ကို လိမ်းပေးခြင်းအားဖြင့် မျက်နှာပေါ်က နေလောင်ဒဏ်တွေကို သက်သာ ပျောက်ကင်းစေပါတယ်။ Ref ; homeremediesforlife.com The post အာလူးကို အသုံးပြုပြီး မျက်နှာအသားအရေ ကြည်လင်လှပအောင် ပြုလုပ်နည်း appeared first on ဧရာဝတီ.
Source : https://ift.tt/2v1748q
via IFTTT

No comments:

Post a Comment