Thursday, April 19, 2018


အင်းဒင် ပြဿနာအား ဂျီနီဗာ ကွန်းဗန်းရှင်းနှင့် အညီ ဆောင်ရွက်ခဲ့ဟု တပ်ချုပ်ပြော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပြဿနာအား တပ်မတော်အနေဖြင့် ဂျီနီဗာ ကွန်ဗန်းရှင်းနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်း၌ တက်ရောက်လျက်ရှိသည့် ဥပဒေ (အရာရှိ) ဒီပလိုမာသင်တန်းမှ တပ်မတော် အရာရှိကြီးများအား ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုသွားခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “အင်းဒင် ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ပြဿနာများအား ဂျီနီဗာ ကွန်ဗန်းရှင်းနှင့်အညီ တပ်မတော်မှ ဆောင်ရွက်ခဲ့ပြီး တဦးချင်းလိုက်နာမှု အားနည်းသည့် အရာရှိ၊ စစ်သည်များအား ဥပဒေနှင့် အညီအရေးယူဆောင်ရွက် ခဲ့ရသည်များလည်းရှိကြောင်း” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာအုပ်စုု ပဲရုံ(နတလ) ကျေးရွာ သုဿန်အနီး ဘင်္ဂါလီ ၁၀ ဦးကို သတ်ဖြတ်မှု၌ ပါဝင်ပတ်သက်နေသည့် တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦးတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ဧပြီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသတ်ဖြတ်မှုမှာ ၂၀၁၇ နှစ် စက်တင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ အကြမ်း ဖက်သမား ၁၀ ဦး အပေါ် ဥပဒေနှင့် အညီ ဖမ်းဆီးချုပ်နှောင် တရားစွဲခြင်း မပြုပဲ၊ အင်းဒင်ကျေး ရွာနေ တိုင်းရင်းသား တချို့နှင့် လုံခြုံရေးတပ်ဖွဲ့များမှ စိတ်ခံစား နာကြည်းချက်အပေါ် အခြေခံ၍ သတ် ဖြတ် ခြင်းဖြစ်ကြောင်း၊ သို့သော် ထိုဖြစ်ရပ်အပေါ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်၍ စစ်ဆေးရာ ဥပဒေမဲ့ ကျူးလွန်သည်မှာ မှန်ကန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အတွက် ဖြစ်ရပ်ကို ကျူးလွန်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ် နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူနေဆဲဖြစ်ကြောင်း၊ တပ်မတော်မှ အရာရှိ စစ်သည် ၇ ဦး အနက် အရာရှိ ၄ ဦးကို ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် နယ်ဘက် အကျဉ်းထောင်တွင် ကျခံစေရန်၊ အခြား အဆင့် စစ်သည် ၃ ဦးကို တပ်သားအဆင့် လျော့ချ၍ အမြဲတမ်း ထုတ်ပစ်ရန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ အား နယ် ဘက် အကျဉ်းထောင် ကျခံစေရန် ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ရက်နေ့က ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA မှ နယ်ခြားဒေသရှိ အစိုးရက ကင်းစခန်း များကို စတင်တိုက်ခိုက်ခဲ့ပြီး၊ လူစုလူဝေးဖြင့် ဒေသခံတိုင်းရင်းသားများဖြစ် သည့် မြို၊ ရခိုင်နှင့် ဒေသတွင်း နေထိုင်သည့် ဟိန္ဒူမိသားစုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရာမှာ နယ်မြေခံ ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုသို့ သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်ဟု ကနဦး ဒေသတွင်းသတင်းတချို့က ဆိုသည်။ ယမန်နေ့က ပြောကြားခဲ့သော တပ်ချုပ်၏ အမှာစကားထဲတွင် တပ်မတော်အတွင်း စစ်စည်းကမ်းကိုမလိုက်နာဘဲ ဥပဒေ ချိုးဖောက်မှုများ ရှိလျှင် တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်သဖြင့် ထိရောက်သည့် ကြိုတင် ဟန့်တားမှုများအား စီမံဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာဥပဒေများ၊ နယ်စပ်ဒေသ ဆက်ဆံရေးများ၊ ပိုင်နက်နယ်နိမိတ်ဆိုင်ရာ ဥပဒေနှင့် ရေကြောင်း၊ လေကြောင်း ဥပဒေများ၊ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ သဘောတူညီချက်များကိုလည်း သိရှိနားလည်ရန် လိုကြောင်း ပြောဆိုထားသည်။ ထို့အတူ တပ်မတော်၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်၏ ပုံရိပ်၊ နိုင်ငံတော်၏ပုံရိပ်အား ထိခိုက်စေနိုင်သည့် စည်းကမ်း ဖောက်ဖျက်မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း တပ်မှူးများသည် မိမိတို့ အုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်များအား ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးအရ ထုတ်ပြန်ထားသည့် အမိန့်နှင့် စည်းကမ်းများကိုလည်း ဦးစီး ဦးဆောင် ပြု၍လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ဘင်္ဂါလီ အကြမ်းဖက်သမားများက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် လုံခြုံရေးကင်း စခန်းများအားလူအင်အားများစွာဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်ခြင်း၊ လက်နက်များလုယူခြင်း၊ ဒေသခံတိုင်းရင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရက်စက်စွာ သတ်ဖြတ်ခြင်းများအား ဥပဒေမဲ့ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က ဥပဒေ နှင့်အညီ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရသလို ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင်လည်း ဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာသဖြင့် ဥပဒေနှင့်အညီ နယ်မြေရှင်းလင်းခဲ့နိုင်သဖြင့် ဘင်္ဂါလီ အကြမ်းဖက်သမားများ ရည်ရွယ်ချက် မအောင်မြင်ခဲ့ကြောင်း တပ်ချုပ်က ပြောသည်။ အကြမ်းဖက်သမားများ အနေဖြင့် လူအင်အားများစွာဖြင့် ဥပဒေမဲ့ပြစ်မှုကျူးလွန်ခဲ့ခြင်းအပေါ် ပြစ်ဒဏ်ကျခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကိုယ်တိုင်နှင့် မိသားစု၊ ဆွေမျိုး၊ ပတ်သက်ဆက်နွယ်သူများအားလုံး တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားကြခြင်း သာ ဖြစ်ပြီး ဥပဒေအရပြစ်ဒဏ် ပေးခံရမည်ကိုစိုးရိမ်ကာ ပြန်မလာရဲခြင်းကို ၎င်းတို့အပေါ် တပ်မတော်သားများ က နှိပ်စက် အနိုင်ကျင့်မှုများကြောင့်ဟု နိုင်ငံတကာသိအောင် မဟုတ်မမှန်ပြောကြားခြင်းဖြင့် မိမိတို့အပေါ် အထင်အမြင်လွဲအောင် စွပ်စွဲပြောကြားလျက်ရှိကြောင်းလည်း ပြောသည်။ The post အင်းဒင် ပြဿနာအား ဂျီနီဗာ ကွန်းဗန်းရှင်းနှင့် အညီ ဆောင်ရွက်ခဲ့ဟု တပ်ချုပ်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2Hx63dj
via IFTTT

No comments:

Post a Comment