#FDAအမျိုးသမီး အသတ်ခံရမှု အမျိုးသမီးကိုယ်တွင်းမှာ အမျိုးသားသုတ်ပိုး မတွေ့ရှိခဲ့ဘူးလို့ မှုခင်းဆရာဝန် ထွက်ချက်ပေး ရန်ကုန်၊ ဧပြီ ၂ - FDAအမျိုးသမီး အသတ်ခံရမှုမှာ သေဆုံးသူ အမျိုးသမီးကိုယ်တွင်းကနေ အမျိုးသားသုတ်ပိုး မတွေ့ရှိခဲ့ရဘူးလို့ မှုခင်းဆရာဝန် က သည်ကနေ့ တရားရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မှန်ပြားစနစ်နဲ့ စစ်ဆေးခဲ့ရာမှာတော့ အမျိုးသမီးကိုယ်တွင်းမှာတော့ သွေးထွက်တာတွေ ၊ သွေးခြေဥဒဏ်ရာတွေ တွေ့ရှိခဲ့သလို လတ်တလောထိုးသွင်းခံရတဲ့ ဖြစ်စဥ်လည်း တွေ့ရှိရတယ်လို့ မှုခင်းဆရာဝန်က ထွက်ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူ အမျိုးသားကို မှုခင်းဆရာဝန်တွေက စစ်ဆေးရာမှာတော့ လတ်တလောထိုး သွင်းခြင်းနဲ့ ပတ်သတ်ပြီး ဆေးပညာအရ ထင်မြင်ချက် တိတိကျကျ မပေးနိုင်ဘူးလို့ သိရပါတယ်။ လူကိုသေစေနိုင်တဲ့ အထောက်အထားတွေ အဖြစ် လည်ပင်းရဲ့ အရှေ့ဘက်ခြမ်းကို ညှစ်ထားတာတွေ ဖိအားပေးတာတွေကြောင့် လည်ပင်းအတွင်းပိုင်းက အရိုးငယ်တစ်ခု ကျိုးသွားသလို ရင်ဘတ်ပိုင်းမှာလည်း ရင်ညွှန့်ရိုးကျိုးသွားတဲ့အတွက် လည်ပင်းနဲ့ရင်ခေါင်းတစ်လျှောက် အသက်ရှုလမ်းကြောင်း လေပြွန်ပိတ်ဆို့ပြီး သေဆုံးခဲ့ရတာလို့ မှုခင်းဆရာဝန်က ထွက်ချက်ပေးပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ အစာအိမ်အရည် ၊ အသည်းနဲ့ ကျောက်ကပ်တွေကို ဓာတုဗေနည်းအရ စစ်ဆေးရာမှာလည်း လူကိုသေစေနိုင်တဲ့ အဆိပ်တွေ မတွေ့ရှိခဲ့သလို ပြစ်မှုကျူးလွန်သူကို စစ်ဆေးရာမှာလည်း သွေးထဲမှာ အရက်သေစာ ၊မူးယစ်ဆေး သောက်စားထားတာ မရှိဘူးလို့ ထွက်ဆိုပါတယ်။ သေဆုံးသူကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့ က စစ်ဆေးခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကိုတော့ ဇန်နဝါရီလ ၂၆ရက်နေ့ က မှုခင်းဆရာဝန်တွေက စစ်ဆေးခဲ့တာဖြစ်ပါတယ်။ သည်ကနေ့မှာတော့ တရားလိုပြသက်သေ ၅ဦးကို စစ်ဆေးခဲ့ပြီး လာမယ့် ရုံးချိန်းကို ၉ရက်နေ့ ပြန်လည်ချိန်း ဆိုထားတယ်လို့ သိရပါတယ်။ FDAက ဝန်ထမ်းဖြစ်သူ မရွှေရည်ဝင်းကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ က မြောက်ဒဂုံမြို့နယ်(၃၇)ရပ်ကွက် ငါးမာန်အောင်ဘုရားအနီးမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အဲ့သည့်အတွက် ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာကနေ ပြစ်မှုကျူးလွန်သူ ကိုမျိုးဇော်ဦး ကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ၊ ၃၉၂ ၊ ၃၇၆ ၊ ၃၇၇ တို့နဲ့ မြောက်ဒဂုံမြို့မရဲစခန်း က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ရိုက်ကူးတင်ဆက်-ဂျက်
Source : https://ift.tt/2Gtniwg
via IFTTT
No comments:
Post a Comment