Friday, April 20, 2018

The Irrawaddy - Burmese Edition

အင်းဒင်ကျေးရွာ လူသတ်မှုဖော်ထုတ်သည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်က ယနေ့ရုံးချိန်းအပြီးတွင် ပြောသည်။ အမှတ် ၈ လုံခြုံရေးရဲတပ်ရင်းမှ ဒုရဲမှူး မိုးရန်နိုင်သည် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ခေါ်ယူကာ ရခိုင်အရေး သတင်းအချက်အလက်များ ပေးခဲ့သူဖြစ်သည်။ ဒုရဲမှူးမိုးရန်နိုင်က “အခုလို အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာသူ ရှိပါတယ်၊ ထောင်ဖမ်းခံရတယ်ဆိုတာ အဲ့အတိုင်း အမှန်ပါပဲ” ဟု ပြောသည်။ ရုံးထုတ်လာသော ရိုက်တာသတင်းထောက် ကိုဝလုံးကို မြင်ရစဉ်/မျိုးမင်းစိုး/ဧရာဝတီ ၎င်းအနေဖြင့် ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်း မှန်ကန်ကြောင်း တရားခွင်အတွင်းတွင်လည်း ထည့်သွင်းထွက်ဆိုခဲ့သော်လည်း မည်သူက ခိုင်းစေခဲ့သည်ကို ထုတ်ဖော်ပြောကြားခြင်းတော့ မရှိခဲ့ပေ။ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တခုတွင် ဒုရဲမှူး မိုးရန်နိုင်၊ တပ်ကြပ်ကြီး ခင်မောင်လင်းတို့နှင့် သွားရောက်တွေ့ဆုံပြီး ဆိုင်မှပြန်ထွက်တွင် ရခိုင်အရေး လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းဖြစ်သည်။ ရုံးထုတ်လာသော ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကို သမီးငယ်နှင့်အတူ မြင်ရစဉ်/မျိုးမင်းစိုး/ဧရာဝတီ အဆိုပါအမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ရဲအက်ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အမှုအား ၁၄ ကြိမ်မြောက်အဖြစ် ယနေ့ဧပြီ ၂၀ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုပြသက်သေအဖြစ် ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို စစ်ဆေးနေခြင်းဖြစ်သည်။ Topics: ရိုက်တာသတင်းထောက်, အင်းဒင်ကျေးရွာ လူသတ်မှု
Source : https://goo.gl/oup3Sd
via IFTTT

No comments:

Post a Comment