အမျိုးသမီးငယ်ကို ချုပ်နှောင်ညှဉ်းပန်း ပေါင်းသင်းသူကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ရေး အယူခံ ဝင်မည် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ထိုးကြိတ် ရိုက် နှက် ကာ နေအိမ် အတွင်း သံကြိုးဖြင့် ချည်နှောင် ပိတ်လှောင်ပြီး ခိုးယူပေါင်းသင်း ခဲ့သည့် သူကို ထောင် ဒဏ် ၂ နှစ် အမိန့်ချမှတ်မှုအပေါ် မကျေနပ်သည့်အတွက် တရားလိုဘက်က အမြင့် ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရေး အယူခံဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလခန့်က အောင်မင်္ဂလာ အဝေးပြေးရှိ လက်မှတ် အရောင်းဌာနတခုတွင် အလုပ်လုပ်ကိုင်နေသည့် ၁၈နှစ် အမျိုးသမီးတဦးကို တလခန့်ကြာ နေအိမ်တွင် သံကြိုးဖြင့် ချည် နှောင် သော့ခတ်ပိတ်လှောင်ကာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အသက် ၃၂ နှစ်အရွယ် ကိုကျော် လင်း ထွန်း ကို နှိပ်စက်ခံရသည့် အမျိုးသမီး၏ မိခင်က တရားလို ပြုလုပ်ကာ မြောက်ဥက္က လာပ မြို့နယ်၊ ဝေဘာဂီ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။ ကိုကျော်လင်းထွန်းသည် နေအိမ်တွင် အဆိုပါ အမျိုးသမီး၏ ခြေထောက်ကို သံကြိုးနှင့် ချုပ်နှောင် ပြီး အလိုမတူဘဲ သားမယားပြုကျင့်ခြင်း၊ လက်သီးနှင့်ထိုးနှက်ခြင်း၊ စတီးဓားဖြင့် ဆွဲခြစ်ခြင်း၊ ကြက် မွှေး လက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်း၊ ပျဉ်ပြားဖြင့် ရိုက်နှက်ခြင်း၊ ဆံပင်များကို မညီမညာ ညှပ် ပစ် ခြင်း များ အပြင် နေအိမ်တွင် ၁ လခန့် သော့ခတ် ပိတ်လှောင်ထားခဲ့ သည့်အတွက် မြောက် ဥက္က လာပ တရားရုံး၊ တွဲဘက်မြို့နယ် တရားသူကြီးမှ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၆၅ (လူကို လျှို့ ၀ှက်စွာ မတရားသဖြင့် ချုပ်နှောင်ထားရန် အကြံဖြင့် ခိုးယူမှု သို့မဟုတ် ချုပ်နှောင်မှု)၊ ရာဇသတ် ကြီးပုဒ်မ ၃၂၃ (သာမန် နာကျင်စေမှု)ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရှိရသည်။ ယင်းအမှုကို မြောက်ဥက္ကလာပတရားရုံးတွင် ရုံးချိန်းပေါင်း ၃၀ ဖြင့် တရားလိုပြ သက်သေ၈ ဦး၊ တရားခံပြ သက်သေ နှစ်ဦးကို ရုံးတင်စစ်ဆေးခဲ့ပြီး အပြီးသတ်စီရင်ချက်ကို ၂၀၁၆ ခုနှစ် စက်တင် ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းထည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သဖြင့် အယူခံဝင်၍ ပြစ်ဒဏ် အမြင့်ဆုံး ချမှတ်နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရားလို ရှေ့နေ ဒေါ်လှလှရီက ပြောသည်။ “ပုဒ်မ ၃၆၅ အရ ပြစ်ဒဏ်က ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချလို့ရတယ်။ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် တနှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရတယ်။ အခုက ပုဒ်မ နှစ်ခုကို တပေါင်းတည်း ၂ နှစ် ဆိုတော့ အမျိုးသမီးရဲ့ ခံရတဲ့အနေအထားနဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးတာကို လိုချင်တဲ့အတွက် အပေါ်ရုံးကို ပြစ်ဒဏ်တိုးဖို့အတွက် ပြင်ဆင် ရုံးတက်မှာ ဖြစ်ပါတယ်” ဟု တရားလို ရှေ့နေ ဒေါ်လှလှရီ က ဆိုသည်။ ယင်းအမှုတွင် ချုပ်နှောင် နှိပ်စက်ခံရသူ အမျိုးသမီးကမူ တရားရုံးက ချမှတ်သော ပြစ်ဒဏ်သည် နည်းပါးကြောင်း ပြောဆိုသည်။ “သမီး ၁၀ တန်းတုန်းက သူနဲ့ ကြိုက်ဖူးပါတယ်။ သူက ရှုပ်တဲ့အတွက် နောက်ပိုင်း သမီး အဆက် ဖြတ်လိုက်တာပါ။ သူနဲ့ အဆက်ဖြတ်လိုက်တာ ကြာပြီ။ တရက် သမီးအလုပ်ကို လိုက်လာတယ်။ သမီးကို ခေါင်းပုတ်တယ်။ သမီး သူ့ကို တွေ့တော့ အမေ့ကို ဖုန်းဆက်မလို့ နောက်ဖေးကို သွား တယ်။ သူလိုက်လာတယ်။ သမီးကို ဓားနဲ့ ထောက်ပြီး သူနဲ့ အတူ ပါလာတဲ့ကားနဲ့ ခေါ်သွားတယ်။ သမီးကို အိမ်မှာ သံကြိုးခတ်ထားတယ်။ အစာကိုလည်း ကျွေးချင်မှ ကျွေးတယ်။ ကျွေးရင်လည်း ပန်းကန်ကို ပြစ်ကျွေးတယ်။ တလလုံး သူလုပ်ချင်သလို လုပ်တယ်” ဟု ကာယကံရှင် အမျိုးသမီးက ဆိုသည်။ အဆိုပါ အမျိုးသမီးငယ် ပြန်လည် ရပ်တည်ရေးနှင့် အမျိုးသမီး အမှု ဆက်လက် လုပ်ဆောင် နိုင်ရန် အခရာအဖွဲ့က ကူညီပေးနေကြောင်း၊ အခရာအဖွဲ့သည် အမျိုးသမီးများ အခွင့်အရေး ဆုံးရူံး နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေအရ ထိရောက်သော အရေးယူမှုများ ဖြစ်ပေါ်လာရေး အတွက် အမျိုးသမီးများဘက်မှ လိုက်ပါကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရှိရသည်။
Source : https://goo.gl/LGdFdD
via IFTTT
Monday, September 26, 2016
Eleven Broadcasting
Profile (ရုပ်သံအစီအစဉ်) အမေရိကန်ပြည်ထောင်စု IFES ဒါရိုက်တာဘုတ်အဖွဲ့က ပေးအပ်ခဲ့တဲ့ Charles T. Manatt Democracy Award ကို ရရှိထားတဲ့ ကိုနေလင်းစိုး " သံမဏိစိတ်ဓာတ်ပိုင်ရှင် " (အပိုင်း -၂) ■ သူနဲ့ဘ၀တူ အမျိုးသမီးတစ်ဦးနဲ့ ဘ၀ကို လျှောက်လှမ်းနေသူ ■ မြန်မာနိုင်ငံမှာ မသန်စွမ်းကားမောင်းလိုင်စင် ပထမဆုံးရရှိထားသူ ■ အမေရိကန် သမ္မတအိုဘားမားနဲ့ မသန်စွမ်းအရေးတွေ ့ဆုံခဲ့သူ ■ မသန်စွမ်းပေမယ့် အားမလျှော့တဲ့ သူရဲ့စိတ်ဓာတ်ကို ဘ၀မှာအားငယ် စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေ အတုယူ လေ့လာနိုင်စေဖို့ ဒီအစီအစဉ်ကနေ ရည်ရွယ်ရိုက်ကူး တင်ဆက်ထားပါတယ်။ နေလင်းစိုး (အပိုင်း-၁) ကြည့်ရှုရန် - http://ift.tt/2cOVXBN
Source : http://ift.tt/2cECeXS
via IFTTT
Source : http://ift.tt/2cECeXS
via IFTTT
မိတ္ထီလာမြို့တွင် အဓိက လမ်းမကြီးများ ဆိုးရွားစွာ ပျက်စီးမှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံလူထု သွားလာရေး အခက်တွေ့ မြို့ရှောင်လမ်း မရှိခြင်းကြောင့် ကုန်ကားကြီးများ မြို့တွင်းဖြတ်သန်းသွားလာခြင်း၊ လမ်းအရည်အသွေး အားနည်းခြင်း၊ မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် မိတ္ထီလာမြို့တွင်း အဓိက လမ်းမကြီးများ ဆိုးရွားစွာ ပျက်စီးနေပြီး ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံလူထု သွားရေးလာရေး အခက်အခဲ တွေ့နေပြီး ယာဉ်မတော်တဆမှုများ မကြာခဏ ကြုံနေရကြောင်း မိတ္ထီလာမြို့ခံ လူထုမှ သိရသည်။ “မိတ္ထီလာရဲ့ အဓိက လမ်းမကြီးတွေက အပျက်အစီး အများဆုံး ဖြစ်နေတယ်။ အဓိက မြို့ထဲလမ်းမကြီးတွေကို စည်ပင်နဲ့ လမ်းတံတား ဘယ်သူပြင်ဆင်ပေးသင့်လဲ စုံစမ်းကြည့်တော့ လမ်းခွန်ကောက်ခံနေတဲ့ ကုမ္ပဏီတွေက ပြင်ပေးရမယ့်တာဝန် ရှိတယ်ဆိုတာ စုံစမ်း သိရှိရတယ်။ အရည်အသွေး ပြည့်မီတဲ့ လမ်းတွေဖြစ်ဖို့ လမ်းဦးစီးဌာနတွေ အနေနဲ့ ဘာဖြစ်လို့ ကြီးကြပ်ကွပ်ကဲမှု မရှိတာလဲ။ အရည်အသွေးအတွက် လမ်းဦးစီးက စစ်ဆေးရမယ်လို့ ယူဆရတယ်။ လမ်းခင်းရင် တန်ဘယ်လောက် မောင်းတဲ့ကား ဖြတ်ရမယ်၊ အရည်အသွေး ဘယ်လောက်ရှိရမယ် ဆိုတာ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်ဆိုတာ လမ်းဦးစီးမှာ ရှိပြီးသားပါ။ အဲဒီဟာတွေကို ကြီးကြပ်ရမယ့် အင်ဂျင်နီယာတွေလည်း လမ်းဦးစီးမှာ အပြည့်အစုံ ရှိပြီးသားပါ။ လမ်းတစ်လမ်းဟာ ဆိုရင် ခြောက်လတောင်မှ မခံတဲ့ လမ်းတွေ၊ ဖွင့်ပွဲပြီးရင် ပျက်တဲ့လမ်းတွေ ဖြစ်နေတယ်။ မိတ္ထီလာမှာ ခင်းပြီးကာစ လမ်းတွေ အားလုံး ကောင်းတယ်။ ခင်းပြီးလို့ တစ်လနှစ်လ ကြာသွားရင် အဲဒီလမ်းတွေ မကောင်းတော့ဘူး။ အဲဒီလိုဆိုတော့ ချိုင့်ခွက်တွေ ရှောင်ပြီးသွားရတယ်။ ဟိုဘက်လမ်းကြောကနေ ဒီဘက်လမ်းကြော ရောက်တယ်။ လမ်းမှန်အတိုင်း မမောင်းနိုင်တော့ တစ်ဦးနဲ့တစ်ဦး ထိခိုက်မိတာတွေ ဖြစ်တယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်” ဟု မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်နေ ဦးထိန်မင်းခိုင်က ပြောကြားသည်။ “လမ်းတွေဆိုးချက်ကတော့ မြို့တွင်းလမ်းမတွေမှာ နွေဆို ဖုန်တလုံးလုံး သွားရတယ်။ မိုးတွင်းဆို ဗွက်အိုင်ကြီးတွေ၊ ချိုင့်ဝှမ်းကြီးတွေ ဖြစ်ကုန်တော့ ရှောင်မောင်းကြရင်းနဲ့ တိုက်ကြ၊ ခိုက်ကြတာလည်း ရှိတယ်။ ဟိုရက်ကပဲ ဆိုင်ကယ်ချင်း ချိတ်လဲတာ (၂၂)ဘီးအောက် ရောက်သွားတော့ သေသွားတယ်။ မြို့ရှောင်လမ်း မရှိတော့ ကုန်ကားတွေဆိုတာ မြို့လယ်ကောင်ကနေ ဖြတ်မောင်း၊ အထက ကျောင်းဆင်းချိန်တွေဆို ကလေးတွေ ကားကြိုကားကြားမှာ အရမ်းအန္တရာယ်များတယ်။ ဝန်ဇင်းအကွေ့က လမ်းဆို လမ်းပေါ်မှာ ရေအိုင်ကြီး ဖြစ်နေတော့ မိုးရွာရင် ရှောင်မောင်းရင်းနဲ့ ခဏခဏ တိုက်ကြတယ်။ အဆိုးဆုံး လမ်းကတော့ လူအများစု သွားတဲ့ စျေးကြီးလမ်းမတွေပဲ။ နောက်ထပ်တော့ ရတနာမာရ်အောင် လမ်းမကြီးကနေ တောက်လျှောက် တော်ဝင်နန်းအထိ လမ်းတအား ဆိုးတယ်။ ကျန်တဲ့ မြို့ထဲလမ်းတွေလည်း ချိုင့် တွေ၊ ကျင်းတွေနဲ့ သိပ်မကောင်းဘူး။ လမ်းပေါ်ချိုင့်တွေကလည်း အနက်ကြီးတွေ။ ဖို့ပြီး ခဏနေ ပြန်ပျက်တာပဲ” ဟု မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။ Writer: ၀ဏ္ဏ (မိတ္ထီလာ)
Source : http://ift.tt/2diWkcJ
via IFTTT
Source : http://ift.tt/2diWkcJ
via IFTTT
စက်မှုဇုန်နှင့် နီးသည့်နေရာတွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရန် တိုင်းအစိုးရထံ တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၂၅ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအတွက် နေထိုင်စရာ အိမ်ရာစီမံကိန်း ဖော်ဆောင်ရာတွင် စက်မှုဇုန်နှင့် နီးသည့်နေရာများ၌ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရန် တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုထားကြောင်း အလုပ်ရှင်၊ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များထံ သိရသည်။ "မြေက ဒေသအစိုးရက ပေးရမှာဖြစ်တယ်။ ပေးမယ့်မြေက ကိုယ့်စက်ရုံနဲ့ နီးတဲ့နေရာမှာ ပေးဖို့လိုတယ်။ လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်လုပ်နေပြီး တခြားမြို့နယ်မှာရှိတဲ့ ဇုန်တွေမှာ တည်ဆောက်ထားရင် အလုပ်သမားတွေအတွက် အခက်အခဲ ရှိနိုင်တယ်။ ဒါကြောင့် ဒီအချက်ကို ထည့်သွင်း စဉ်းစားပေးဖို့လိုတယ်" ဟု မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ နေထိုင်နိုင်ရန် အိမ်ရာ စီမံကိန်းများကို တည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းအတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုအပ်ချက်များ၊ လုပ်ဆောင်နိုင်ခြေများကို သုံးသပ်ညှိနှိုင်းကာ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရာတွင် မူလ ကုန်ကျစရိတ်တန်ဖိုးထက် နည်းပါးသည့် ပမာဏဖြင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို ပြန်လည် ရောင်းချပေးသင့်ပြီး ရေရှည် အနာဂတ်အစီအစဉ်များ ရေးဆွဲထားသင့်ကြောင်း ဦးယုလွင်အောင်က ပြောကြားသည်။ "ဒီစက်ရုံမှာ အလုပ်လုပ်ရင်းထည့် ဝင်ကြေးနဲ့ အိမ်ရာ ဝယ်ယူနေထိုင်နေပြီးမှ စက်ရုံကထွက်ရင် အိမ်ပေါ်က မဆင်းပေးရအောင် ဆောင်ရွက်ပေးဖို့ လိုတယ်" ဟု ၎င်းက ဆိုသည်။ အလုပ်သမားများ၏ လုပ်နိုင်စွမ်းအားကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး အစိုးရအနေနှင့် အလုပ်သမားများအတွက် အိမ်ရာစီမံကိန်း ဆောင်ရွက်ပေးခြင်းကို ကြိုဆိုကြောင်း၊ အလုပ်သမားများက ထည့်ဝင်ရမည့် ပမာဏကို ပေးဆောင်နိုင်ခြေ ရှိ၊မရှိကို စဉ်းစား သုံးသပ်ရန် လိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြော ကြားသည်။ "အလုပ်သမားတိုင်းကို အိမ်ပိုင်နဲ့ နေနိုင်အောင် လက်တွေ့လုပ်ဆောင်ရင် ဖြစ်နိုင်ခြေရှိတယ်။ တကယ်လုပ်ဖို့ပဲ လိုတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။ အလုပ်သမား အများစုအတွက် တိုင်းဝန်ကြီးချုပ်အနေနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး အိမ်ရာ တည်ဆောက် ပြီးစီးပါက မည်သို့ရောင်းမည်၊ မည်သို့ ငွေပေးချေရမည်ကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဖြစ်ကြောင်း တောင်း ဆိုမှု၊ ဆွေးနွေးမှုများကို အသေးစိတ် ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လူမျိုးရေးရာနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် အလုပ်သမား ရှစ်သိန်းခန့်ရှိပြီး အသက် ၁၅ နှစ်မှ ၅၉ နှစ်ထိ အလုပ် လုပ်နိုင်စွမ်းရှိသူ ၃၃ သန်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ထံမှ သိရသည်။
Source : https://goo.gl/pIrMYy
via IFTTT
Source : https://goo.gl/pIrMYy
via IFTTT
ဗြိတိန်နှင့် အမေရိကန်ခရီးစဉ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိ၊ ခရီးပန်းသည့်ဒဏ်ခံစ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိပြီး နာရီပိုင်းအကြာမှာ ဆရာ၀န်နဲ့ ဆေးစစ်ချက် ရယူခဲ့ရာ ခရီးပင်ပန်းခြင်း၊ အစာစားချိန် မမှန်၍ အစာအိမ်၀ေဒနာ ခံစားနေရခြင်း၊ ကွန်ပျူတာအသုံး ပြုချိန်များ၍ အရိုးကျီးပေါင်း ၀ေဒနာ ခံစားနေရတယ်လို့ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီ ၄၅ မိနစ််ခန့် မှာ ပြောပါတယ်။
Source : http://ift.tt/2cYX1Zj
via IFTTT
Source : http://ift.tt/2cYX1Zj
via IFTTT
လူမျိုးရေး တင်းမာမှုများကြားမှ ဘော့စနီးယားဆာ့ဘ်တို့ အငြင်းပွားဖွယ် ဆန္ဒခံယူပွဲ ကျင်းပ
ဘော့စနီးယားတွင် လူမျိုးရေး တင်းမာမှုများ ကြီးထွားလာမည့် အန္တရာယ် ရှိသောကြောင့် မဲပေးပွဲ လုပ်ငန်းစဉ်ကို ဖျက်သိမ်းရန် ဘော့စနီးယား အထက်ခုံရုံး၏ သတိပေးမှုနှင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကို အာခံကာ အငြင်းပွားဖွယ် အမျိုးသားရုံးပိတ်ရက် ပြဿနာနှင့် ပတ်သက်သည့် ဆန္ဒခံယူပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၉ ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် သင့်၊ မသင့် မဲခွဲ ဆုံးဖြတ်မည့် ဆန္ဒခံယူပွဲသည် ၁၉၉၂ တွင် ဘေးစနီးယားယားနိုင်ငံမှ ခွဲထွက်လာခဲ့ပြီး နောက်ပိုင်း ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။ မဲပေးမှုရလဒ်များကို မဲရုံပိတ်ပြီး နောက် ၄၈ နာရီအတွင်း ထုတ်ပြန်ပေးရန် မျှော်မှန်းထားကြောင်း စီစဉ်ကျင်းပသူများက ပြောကြားသည်။ ၎င်းရုံးပိတ်ရက်သည် ဆားဗီးယား အော်သိုဒေါ့ဂ် ခရစ်ယာန်ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အပြင် ရီပတ်ဘလစ်နိုင်ငံအတွင်း နေထိုင်ကြသော မွတ်ဆလင် ဘာသာဝင် ဘော့စနစ်များနှင့် ကက်သိုလစ် ဘာသာဝင် ခရုတ်တို့ကိုလည်း ခွဲခြားဆက်ဆံရာ ရောက်သောကြောင့် တရားမဝင်ကြောင်း ဆာရာဂျေဗို အခြေစိုက် အခြေခံဥပဒေခုံရုံးက အဆုံးအဖြတ် ပေးထားပြီး ဆန္ဒခံယူပွဲကိုလည်း ကျင်းပခြင်း မပြုရန် ပိတ်ပင်ခဲ့သည်။ ဇန်နဝါရီလ ၉ ရက်သည် ၁၉၉၂ တွင် ဘော့စနီးယားမှ ခွဲထွက်ရန် ဆာ့ဘ်တို့က လွတ်လပ်ရေး ကြေညာခဲ့သောနေ့ ဖြစ်သည်။ ဆာ့ဘ်လူမျိုးများက ၎င်းတို့ သီးသန့်နိုင်ငံ ဖြစ်စေရန် ၎င်းနယ်မြေအတွင်းမှ ဘော့စနစ်နှင့် ခရုတ်လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒုတိယကမာ္ဘစစ်အပြီး ဥရောပတွင် သွေးစွန်းမှု အကြီးမားဆုံး ပဋိပက္ခဖြစ်ခဲ့သည်။ ဆာ့ဘ်အစိုးရက အမျိုးသားနေ့နှင့် ပတ်သက်သည့် ခုံရုံးဆုံးဖြတ်ချက်ကို လိုက်နာမည် ဖြစ်ကြောင်းနှင့် အခြားပြည်သူများကို ခွဲခြားဆက်ဆံမှု မဖြစ်စေရန် ရုံးပိတ်ရက်နှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်မှု ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော် ဆန္ဒခံယူပွဲပြီးမှ ဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားထားသည်။ အများစုကမူ ဆာ့ဘ်ခေါင်းဆောင် မီလိုရတ်ဒိုဒေါက်သည် ခုံရုံးဆုံးဖြတ်ချက်ကို အာခံခြင်းအားဖြင့် စစ်ပွဲအလွန် ဆာရာဂျေဗိုမှ အာဏာပိုင်များ၏ အားနည်းချက်ကို ဖော်ထုတ်ရန်နှင့် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ပြုလုပ်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားနိုင်သောကြောင့် ၎င်းအငြင်းပွားဖွယ် ဆန္ဒခံယူပွဲကို ဖျက်သိမ်းရန် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က တောင်းဆိုထားသော်လည်း ရုရှားကမူ ယင်းဆန္ဒခံယူပွဲကို ထောက်ခံအားပေးလျက် ရှိသည်။
Source : https://goo.gl/6gOFuX
via IFTTT
Source : https://goo.gl/6gOFuX
via IFTTT
ကုမ္ပဏီအမည်ပေါက် တက္ကစီယာဉ်များ အပ်နှံခွင့် မပေးဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၅ စလစ်စျေးများ မြင့်တက်လာချိန်တွင် ကုမ္ပဏီ အမည်ပေါက် တက္ကစီ (အငှား) ယာဉ်များ အပ်နှံရန် သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်နယ်/တိုင်းအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တင်သွင်းထားသည့် ကုမ္ပဏီအမည်ပေါက် တက္ကစီ (အငှား) ယာဉ်များကို အပ်နှံခွင့် ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။ ပြည်နယ်/တိုင်းအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တင်သွင်းထားသည့် ကုမ္ပဏီအမည်ပေါက် AA၊ BB၊ CC၊ DD၊ EE၊ FF ၊ GG စသည့် အငှားယာဉ်များကို အမည်၊ လိပ်စာ မပြောင်းလဲရဟု သတ်မှတ်ထားပြီး အပ်နှံခွင့်လည်း ပေးမည် မဟုတ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "ကုမ္ပဏီက တင်သွင်းတဲ့ တက္ကစီတင်မကဘူး အစိုးရ ထောက်ခံချက်နဲ့ သွင်းတဲ့ ကားတွေ၊ အမည်ပြောင်းလို့ မရတဲ့ ကားမှန်သမျှ အပ်နှံခွင့် မရှိဘူး။ အပ်နှံမယ် ဆိုရင်တောင် အစိုးရရဲ့ ပြန်လည် အသုံးပြုခွင့် စာပို့မှ အပ်နှံခွင့် ရရှိမှာပါ" ဟု ၎င်းကဆိုသည်။ ပြည်နယ်/တိုင်းဒေသကြီး အစိုးရ၏ ထောက်ခံချက်ဖြင့် တင်သွင်းလာသည့် မော်တော်ယာဉ်များ၊ အစိုးရဌာနနှင့် သံရုံး၏ ထောက်ခံချက်ဖြင့် တင်သွင်းထားသည့် ယာဉ်များမှာ အခွန် သက်သက်သာသာဖြင့် တင်သွင်းလာသည့် ယာဉ်များ ဖြစ်သောကြောင့် အမည်ပြောင်းလဲခွင့် မရှိဘဲ အခြားသော ယာဉ်များနည်းတူ အပ်နှံခွင့် ရှိမည်မဟုတ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။ "ကုမ္ပဏီအမည်ပေါက် အငှားယာဉ်တွေဆို အုံနာဘုတ်မှာ စည်းတံဆိပ်အနီ ရိုက်နှိပ်ထားတယ်။ အမည်ပြောင်း၊ လိပ်စာပြောင်းတာတွေ မရဘူးဆိုပြီး ကန့်သတ်ထားပါတယ်။ အခုက စလစ်စျေးတွေက သိန်းတစ်ရာကျော်အထိ မြင့်တက်နေတော့ တင်သွင်းချင်လို့ အချို့က အပ်လို့ရတယ်ဆိုပြီး သတင်းလွှင့်နေကြတာပါ"ဟု ယာဉ် ဝယ်ရောင်း လုပ်ကိုင်သူ ကိုသန်းနိုင်က ဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း 'ဂ' လိုင်စင် ထုတ်ပေးထားသော မော်တော်ယာဉ် အစီးရေ ၇၄၀၀၀ ကျော်ရှိပြီး စီးရေ ၆၀၀၀၀ ကျော်သည် AA၊ BB၊ CC၊ DD၊ EE၊ FF၊ GG အငှားယာဉ် တက္ကစီများဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းတွင် ယာဉ်ကြော ကြပ်တည်းမှုကို ဖြေရှင်းရန် လိုင်စင်အနက်မှ အငှားယာဉ် လိုင်စင်အနီ ချထားပေးခြင်းကို ရပ်ဆိုင်းထားသည်။
Source : https://goo.gl/yvu6Aq
via IFTTT
Source : https://goo.gl/yvu6Aq
via IFTTT
Subscribe to:
Posts (Atom)