ရန်ကုန်မှာ မော်တော်ဆိုင်ကယ်စီးခွင့် ပြန်ရတော့မယ် ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြန်ခွင့်ပြုသွားမယ်လို့ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မူလက်မူ၊ နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဒီနေ့ ပြုလုပ်တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဆင်ခြေဖုန်းမြို့နယ်တွေ အတွက် အရေးပါတဲ့ မော်တော်ဆိုင်ကယ်စီးနင်းမူကို စနစ်တကျကြပ်မက် ခွင့်ပြုပေးသွားဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်ရဲ့မေးမြန်းချက်ကို ဝန်ကြီးက ခွင့်ပြုမယ်လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ခွင့်ပြုပေးဖို့ အတွက် ဆက်စပ်ဌာနတွေနဲ့ ညှိနိူင်းမူပြုလုပ်နေပြီလို့ သိရပါတယ်။
Source : http://ift.tt/2cVBsCJ
via IFTTT
Thursday, October 6, 2016
7Day News Journal
အခုလပိုင်းတွင်း ဒေါ်လာစျေးမြင့်တက်လာပြီးနောက် ဆေးနဲ့ ဆေးပစ္စည်းတွေ ၁ဝ ရာခိုင်နှုန်းခန့် စျေးမြင့်တက်နေပါတယ်။ သတင်းအပြည့်အစုံ....... http://ift.tt/2dMEU4d
Source : http://ift.tt/2dMEU4d
via IFTTT
Source : http://ift.tt/2dMEU4d
via IFTTT
Yangon Media Group
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၅၆/၂ဝ၁၆ ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် (၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်) မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်အရ အောက်ပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည် - (၁) ဦး ဇော်ဝင်း (၂) ဒေါက်တာ ဉာဏ်ဇော် (၃) ဒေါက်တာ ဒေါ်သန်းနွဲ့ (၄) ဒေါ်မြမြ (ပုံ) ထင်ကျော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Ref; Myanmar President Office
Source : http://ift.tt/2du9UL5
via IFTTT
Source : http://ift.tt/2du9UL5
via IFTTT
The Voice
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နေထိုင်သူများ အနေနှင့် နောက်ဖေးလမ်းကြားအတွင်း အမှိုက်ပစ်မှုကို တွေ့ရှိပါက အောက်တိုဘာလ ဒုတိယပတ်မှစ၍ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။ အမှိုက်စွန့်ပစ်မှုကို အရေးယူနိုင်ရန် ပြည်သူများ အနေနှင့် အမှိုက်စွန့်ပစ်မှုကို တွေ့ရှိပါက သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီထံ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်တို့ ပူးပေါင်းကာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “အခု ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်က နောက်ဖေးလမ်းကြား ရှင်းလင်းဖို့ ပုဇွန်တောင်မြို့နယ် တစ်ခုပဲ ကျန်တော့တယ်။ အခု အမှိုက်တွေ ရှင်းလင်းထားတာကို စည်ကမ်းမဲ့ ပစ်တာကိုတွေ့ရင် ထိရောက်တဲ့ ဒဏ်ကြေးနဲ့ အရေးယူမယ်။ အဓိက ပြည်သူတွေကပါ ပူပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုတယ်”ဟု ၎င်းကဆိုသည်။ အိမ်နောက်ဖေး လမ်းကြားတွင် အမှိုက် စွန့်ပစ်မှုများကို ထိရောက်စွာ အရေးယူနိုင်ရန် ကျောက်တံတားမြို့နယ်အတွင်း CCTV ကင်မရာများ တပ်ဆင်ကာ အရေးယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်သည့် မြို့တွင်း မြို့နယ်များ၌ပါ CCTV ကင်မရာ တပ်ဆင်ကာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “စည်ပင်က နောက်ဖေးလမ်းကြားတွေ ရှင်းလင်းထားပေမယ့် အခုလက်ရှိ အမှိုက်ပစ်နေတဲ့သူတွေ ရှိနေပါသေးတယ်။ တကယ်ဆို ပြည်သူတွေဘက်ကရော စည်ကမ်း စနစ်တကျနဲ့ အမှိုက် စွန့်ပစ်မယ်။ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့ သူတွေကိုလည်း ထိရောက်စွာ အရေးယူမယ် ဆိုရင် စည်ကမ်းမဲ့ အမှိုက်ပစ်တာ လျော့နည်းသွားမှာပါ”ဟု လသာမြို့နယ်နေ ဦးဝိုင်းကဆိုသည်။ စည်ပင်သာယာရေး ကော်မတီက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ဒဏ်ကြေး တစ်သောင်း ချမှတ်နိုင်သည့်အပြင် ၂ဝ၁၃ စည်ပင်သာယာ ဥပဒေပုဒ်မ (၆၈)အရ ပြစ်မှု ထင်ရှားကာ တရား စီရင်ခြင်း ခံရပါက ဒဏ်ငွေ အနည်းဆုံး တစ်သိန်းမှ အများဆုံး ငါးသိန်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်နိုင်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။ မြို့တွင်း မြို့နယ်များဖြစ်သော လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များတွင် အိမ်နောက်ဖေး လမ်းကြားရှိ အမှိုက်များကို စက်တင်ဘာလမှ အောက်တိုဘာလအထိ ရှင်းလင်းလျက် ရှိသည်။
Source : https://goo.gl/N7uYrl
via IFTTT
Source : https://goo.gl/N7uYrl
via IFTTT
Wednesday, October 5, 2016
ဒီကေဘီအေကို ရုပ်သိမ်းပြီး ကေအန်ယူနှင့် ပြန်လည်ပူးပေါင်းရန် ထုတ်ပြန် - DVB
ဒီကေဘီအေကို ရုပ်သိမ်းပြီး ကေအန်ယူနှင့် ပြန်လည်ပူးပေါင်းရန် ထုတ်ပြန် လက်ရှိအစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) အနေနဲ့ အဖွဲ့ကိုရုပ်သိမ်းပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ပြန်လည်ပူးပေါင်းဖို့ လက်ခံကြိုဆိုကြောင်း ကေအန်ယူက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ ဗိုလ်ချုပ်ကျော်သက်၊ ဗိုလ်မှူးဆန်းအောင်တို့ ဦးဆောင်တဲ့ ခွဲထွက် ဒီကေဘီအေအဖွဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်အရ ယခင် (ဒီကေဘီအေ) ရဲ့ မူအတိုင်း ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီရပ်တည်ချက် မူ၀ါဒဟာ ကေအန်ယူကို ဆန့်ကျင်ပြီး နအဖစစ်အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ဒီဖွဲ့ကို ရုပ်သိမ်းပြီး ကေအန်ယူနဲ့ ပြန်လည်ပူးပေါင်းဖို့ လမ်းဖွင့်ပေးတာလို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ၁ ပဒို စောသောသီဘွဲ့က ပြောပါတယ်။ “ဘာဖြစ်လို့ ဖျက်သိမ်းခိုင်းတာလဲ ဆိုတော့ ကေအန်ယူနဲ့ ဘယ်လို ဆန့်ကျင်ဘက်ရှိသလဲ ဆိုတာ အရှည်ကြီးပြောရမှာပဲဗျာ။ အဲဒီ ဒီကေဘီအေ ဆိုတဲ့စကားလုံးက ၁၉၉၄ တုန်းက စလာတဲ့ စကားလုံးဖြစ်နေတယ်လေ။ ဒါပေမယ့် ၁၉၉၄ နောက်ပိုင်းကနေ ဖြစ်လာတဲ့ နိုင်ငံရေး အလှည့်အပြောင်း အချို့အကွေ့ ကလေးတွေကတော့ မပြောတော့ဘူးပေါ့နော်။ ဆိုတော့ အခုက ဒီကေဘီအေ အစုအဖွဲ့ကလေးတွေ ပြန်ရှိလာပြီးတဲ့နောက်ပိုင်း လက်ရှိ အခင်းအကျင်းထဲမှာ ပါလာတယ်။ အဲသလို ပါလာတဲ့အခါကျတော့ ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်းနဲ့ မြင်တတ်လာအောင်ဆိုပြီးတော့ ထုတ်ပြန်ရခြင်းဖြစ်တယ်။ နောက်တခုကလည်း သူတို့အတွက် အခွင့်အလမ်းလေးတခု လမ်းပွင့်ပေးတာလည်း ပြောလို့ရတာပေါ့နော်။” ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကေအန်ယူ အစည်းရုံးရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ တစုတစည်းတည်း ပါ၀င်နိုင်ဖို့ အထူးလိုအပ်ကြောင်း နဲ့ အဖွဲ့တွေ ပြန်လည်စုစည်းနိုင်ဖို့လည်း ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီတရပ်ကို ၂၀၁၃ ခုနှစ်က အစောပိုင်းက ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ဇန်န၀ါရီ ၁၆ ရက်နေ့စွဲ ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်စောကျော်သက်က စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် စောတိုင်းရွှေက ဒု-စစ်ဦးစီးချုပ်အဖြစ် ခေါင်းဆောင်တာပါ။ သူတို့တွေဟာ လက်ရှိ အစိုးရနဲ့ အန်စီလက်မှတ်ထိုးထားတဲ့ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ကနေ ထုတ်ပယ်ခံထား ရတဲ့သူဖြစ်ပါတယ်။ နော်နိုရင်း DVB TV News http://ift.tt/2dqXxzw
Source : http://ift.tt/2dqXxzw
via IFTTT
Source : http://ift.tt/2dqXxzw
via IFTTT
Eleven Broadcasting
အောက်တိုဘာ ၅ ရက် နေ့လည်ပိုင်း သတင်းအစီအစဉ် (နေ့လည် ၁ နာရီ တိုက်ရိုက် ထုတ်လွှင့်မှု) ■ ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင်တစ်လုံး ပေါက်ကွဲ ■ မန္တလေးမြို့ ၃၄လမ်းရှိ ရွှေအိုး၂ အအေးဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား ■ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဓားကိုင်ရမ်းကားသူ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် ဖမ်းဆီး ■ မလေးရှားတွင် ပြုလုပ်မည့် အာဆီယံ အနုပညာရှင်များ နှီးနှောဖလှယ်ပွဲသို့ နန်းဆုရတီစိုးနှင့် အမရာငြိမ်းတို့ တက်ရောက်မည် ■ သက်ရှိ ဇွန်ဘီ(Zombie) ဂိမ်းကို ဩစတြေးလျ ဂိမ်းပညာရှင်များ အသက်သွင်း ■ ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှာ၀ေါင် ထိုင်းနိုင်ငံသို့ သွားရောက်စဉ် ထိန်းသိမ်းခံခဲ့ရ ■ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်ကို နာမည်ကြီးတင်းနစ်မယ် ရှာရာပိုဗာ ၀ေဖန်
Source : http://ift.tt/2cS9GqL
via IFTTT
Source : http://ift.tt/2cS9GqL
via IFTTT
The Voice
အသက် ၁၃ နှစ်အရွယ် ဆဲလ်တစ် လူငယ်ကစားသမား၏ ခြေစွမ်းကို မီဒီယာများ ချီးကျူး ဆဲလ်တစ်အသင်းသည် ဆဲလ်တစ်ယူ-၂၀ အသင်းက ဟတ်စ်ယူ-၂၀ အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသက် ၁၃ နှစ်အရွယ်ရှိ ကာရာမိုကို ဒမ်ဘီလီအမည်ရ ပါရမီရှင် လူငယ်ကစားသမား တစ်ဦးကို ထည့်သွင်း အသုံးပြုသွားခဲ့ပြီး အဆိုပါ ကစားကွက် ဖန်တီးရှင် လူငယ်လေးမှာ အံ့ဩသင့်ဖွယ်ရာ ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသ သွားနိုင်ခဲ့သည့်အတွက် သတင်းမီဒီယာများ၏ ချီးကျူးမှုကို ခံနေရကြောင်း The Sun က ဖော်ပြထားသည်။ ဒမ်ဘီလီသည် အဆိုပါပွဲစဉ်တွင် ပွဲစဉ်ပြီးဆုံးရန် ၁၀ မိနစ်အလို၌ လူစား၀င် ကစားသမားအဖြစ် ပါ၀င် ကစားသွားခဲ့ခြင်း ဖြစ်ပြီး ဒမ်ဘီလီ၏ ခြေစွမ်းမှာ ၁၃ နှစ်သားအရွယ် ကစားသမားတစ်ဦးနှင့် မတူဘဲ ပရော်ဖက်ရှင်နယ် အဆင့် ကစားရန် အသင့်ဖြစ်နေသူ တစ်ဦးနှင့်တူညီကြောင်း ဆဲလ်တစ် လူငယ်အသင်းနည်းပြချုပ် ခရစ္စမက်ကတ်က ချီးကျူးစကား ဆိုသွားခဲ့သည်။
Source : http://ift.tt/2dQ3ipI
via IFTTT
Source : http://ift.tt/2dQ3ipI
via IFTTT
Subscribe to:
Posts (Atom)