Wednesday, October 19, 2016


မက်ဆီကို လုံးဝ မကြောက်ဟု မန်စီးတီး နောက်ခံလူ ဂျွန်စတုန်း ပြော ဘာစီလိုနာ အသင်းကစားသမား မက်ဆီကို ရင်ဆိုင်ဖို့ လုံးဝ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ မန်စီးတီးအသင်း နောက်ခံ ကစားသမား ဂျွန်စတုန်းက ပြောကြားလိုက်ပါတယ်။ ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ် အတွက် ဘာစီလိုနာအသင်း အိမ်ကွင်းမှာ မန်စီးတီးက သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ဂျွန်စတုန်းက မန်စီးတီး ဗဟိုနောက်ခံ ကစားသမား တစ်ယောက်အနေနဲ့ ဒီပွဲမှာ မက်ဆီကို ထိန်းချုပ်ဖို့ အဓိက တာဝန်ရှိလာမှာပါ။ ဒါပေမယ့် မက်ဆီဟာ သူ့ကို ဖိအားဖြစ်စေမှာ မဟုတ်ဘူးလို့ ပွဲမတိုင်ခင် သတင်းထောက်တွေကို ဂျွန်စတုန်းက ပြောပါတယ်။ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ဒီရာသီမှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေပြီး ပေးဂိုး မရှိတဲ့ပွဲဟာ နည်းပါးနေသေးပါတယ်။ “စိတ်လှုပ်ရှား ရင်ခုန်စရာ တွေ့ဆုံမှုပါ။ ဒါပေမယ့် မက်ဆီကို ကျွန်တော် မကြောက်ပါဘူး။ သူဘာလုပ်နိုင်လဲ စောင့်ကြည့်ပြီး ရင်ဆိုင်ရမှာပါပဲ။ အကောင်းဆုံးတွေနဲ့ ရင်ဆိုင်ရတာမျိုးက ကိုယ့်ရဲ့ အရည်အသွေးကို ပိုတောင် တိုးတက်လာစေပါသေးတယ်။ ဒါပေမယ့် မက်ဆီ တစ်ယောက်တည်းကို ကျွန်တော် ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ တစ်သင်းလုံးက ကစားသမားတွေကို ရင်ဆိုင်ရမှာပါ”လို့ ဂျွန်စတုန်းက ပြောပါတယ်။ ဂျွန်စတုန်းက သူဟာ မက်ဆီပရိသတ် တစ်ဦးဖြစ်ကြောင်းနဲ့ ဒီကစားသမားရဲ့ ပွဲစဉ်တွေကို ငယ်ငယ်က အမြဲကြည့်ခဲ့သူလို့ ဝန်ခံခဲ့ပါတယ်။
Source : https://goo.gl/BRZXCo
via IFTTT


Mac အသစ်များကို အောက်တိုဘာ ၂၇ ရက်တွင် မိတ်ဆက်ရန် Apple စီစဉ်နေ Apple သည် အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည့် အခမ်းအနားတစ်ခု၌ Mac အသစ်များကို မိတ်ဆက်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များက Recode ထံ အတည်ပြု ပြောကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့် MacOS Sierra ကို ပြီးခဲ့သည့်လက ဖြန့်ချိခဲ့သော်လည်း အဆိုပါ ဆော့ဖ်ဝဲအသုံးပြုထားသော ကွန်ပျူတာအမျိုးအစားသစ်များကိုမူ မိတ်ဆက်ပေးခဲ့ခြင်း မရှိပေ။ ထို့အပြင် အဆိုပါသတင်းသည် Apple က အားလပ်ရက်ရာသီတွင် ထုတ်ကုန်သစ်များ ရောင်းချမည့် အချိန်နှင့် အချိန်ကိုက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Apple သည် ၎င်း၏ Mac မော်ဒယ်များတွင် သိသာထင်ရှားသည့် အပြောင်းအလဲ မပြုလုပ်သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော်လည်း Apple အနေဖြင့် စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်သော touchscreen ခလုတ်များပါဝင်သည့် MacBook Pro သစ်တစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများတွင် ဖော်ပြခဲ့သည်။ Sierra တွင် Apple ၏ Siri voice assistant အတွက် အထောက်အပံ့ပါဝင်ပြီး iOS နှင့် MacOS ထုတ်ကုန်များ အကြား copy နှင့် paste ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက် အပြင် အခြားလုပ်ဆောင်ချက်များ ပါဝင်ကြောင်း သိရသည်။ Ref: Recode
Source : http://ift.tt/2erObya
via IFTTT


ပဲခူး၌ လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးမည် တောင်ငူ၊ အောက်တိုဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တရားဝင်မှတ်ပုံတင် ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက ပြောသည်။ "လိုင်စင်မဲ့ဆိုင်ကယ်တွေ စီးနင်းမှုများနေတဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မှတ်ပုံတင်ခွင့်ပေးလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း နည်းသွားနိုင်တယ်။ ဒါကြောင့် ဒေသတွင်း လိုင်စင်မဲ့ဆိုင်ကယ်တွေကို တရားဝင်မှတ်ပုံတင်နံပါတ်ကို ပခနဲ့ထုတ်ပေးသွားမယ်"ဟု ၎င်းက ပြောကြားသည်။ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး ရက်ပေါင်း ၉၀ တိုင်တိုင် တရားဝင် မှတ်ပုံတင်ခွင့် ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကာလ ကျော်လွန်ပါက တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များကို မော်တော်ယာဉ် ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
Source : https://goo.gl/2u6c0L
via IFTTT

ကမၻာ့ပထမဆံုး 5G modem ကို Qualcomm မိတ္ဆက္

ချစ်ပ်ကုမ္ပဏီ Qualcomm သည် download အမြန်နှုန်း 5Gbps အထိ ထောက်ပံ့ပေးနိုင်သော Snapdragon X50 ဟုခေါ်သည့် ကမ္ဘာ့ပထမဆုံး 5G modem ကို မိတ်ဆက် ကြေညာခဲ့သည်။ နှိုင်းယှဉ်မှုများပြုလုပ်ရလျှင် ကမ္ဘာတစ်ဝန်းရှိ 4G ပျှမ်းမျှ download အမြန်နှုန်းသည် လက်ရှိတွင် 13.5Mbps သာရှိသောကြောင့် X50 က အဆ ၄၀၀ နီးပါးခန့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် 5G စံသတ်မှတ်ချက် ထောက်ပံ့ပေးသည့် ဆယ်လူလာ ကွန်ရက်များ မရှိသေးသောကြောင့် 5Gbps download အမြန်နှုန်းကို 5G ဝန်ဆောင်မှု စတင်ချိန်မှသာ အသုံးပြုနိုင်မည် ဖြစ်သည်။ တောင်ကိုရီးယားသည် ၎င်း၏ ပထမဦးဆုံး 5G ကွန်ရက်ကို ၂၀၁၈ ခုနှစ်တွင် စတင်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အမေရိကန်နှင့် ယူကေကလည်း ၂၀၂၀ ခုနှစ်ဝန်းကျင်တွင် မျိုးဆက်သစ် မိုဘိုင်းကွန်ရက်များကို စတင်နိုင်ရန် မျှော်လင့်ထားသည်။ Qualcoom အနေဖြင့် နမူနာချစ်ပ်များကို ၂၀၁၇ ဒုတိယနှစ်ဝက်တွင် ထုတ်လုပ်သူများထံ စတင် ပေးပို့သွားမည် ဖြစ်သောကြောင့် Snapdragon X50 5G modem ပါဝင်သည့် စမတ်ဖုန်းများကို ၂၀၁၈ ခုနှစ်တွင် တွေ့မြင်ရဖွယ်ရှိသည်။ Ref: TheNextWeb
Source : http://ift.tt/2ejRUyH
via IFTTT


ISIS ၏ဒရုန်း အန္တရာယ်သစ်ကို ပင်တဂွန်ရင်ဆိုင်နေရ ဝါရှင်တန် - လွန်ခဲ့သည့် ရက်သတ္တပတ်က အီရတ်မြောက်ပိုင်းရှိ ISIS နှင့် တိုက်ခိုက်နေသော ကာဒစ်ရှ်တပ်ဖွဲ့များက လေယာဉ်ပုံစံအရွယ်အစားရှိသော သေးငယ်သောမောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချခဲ့သည်။ တပ်ဖွဲ့များသည် မောင်းသူမဲ့ လေယာဉ်ငယ်ကို အခြား မောင်းသူမဲ့ လေယာဉ်များကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်း ဧရိယာအတွင်း ကင်းထောက်နေသည်ဟု ထင်ပြီး စစ်ဆေးမှုများ ပြုလုပ်ရန် ၎င်းတို့၏ စခန်းသို့ သယ်ဆောင်ခဲ့သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်ငယ်ကို တစ်စစီ ဖြုတ်စစ်ဆေးနေသည့် အချိန်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာကာဒစ်ရှ် တိုက်ခိုက်ရေးသမားနှစ်ဦး သေဆုံးခဲ့သည်။ အစ္စလမ္မစ်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်း ISIS က စစ်မြေပြင်အတွင်း မောင်းသူမဲ့ လေယာဉ်ငယ်ကို အသုံးပြုပြီး ဖောက်ခွဲခဲ့သည့် ပထမဆုံး ဗုံးဖောက်ခွဲမှုအဖြစ် ယုံကြည်ရကြောင်း သိရသည်။ စက်တင်ဘာလတွင် ISIS က မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှုကို အနည်းဆုံးနှစ်ကြိမ် စမ်းသပ်ကြည့်ခဲ့ပြီး ISISနှင့် တိုက်ခိုက်နေသော တပ်ဖွဲ့များကို မည်သည့် မောင်းသူမဲ့ လေယာဉ်ငယ် အမျိုးအစားမဆို ပေါက်ကွဲစေနိုင်သော အလားအလာရှိသည့် လက်နက်အဖြစ် သတိရှိစွာ ဆောင်ရွက်ရန် သတိပေးချက် ထုတ်ပြန်ရန် အီရတ်ရှိ အမေရိကန်တပ်မှုးများကို အဆိုပါ ပေါက်ကွဲမှုက လှုံ့ဆော်ခဲ့သည်။ ISIS က မောင်းသူမဲ့ လေယာဉ်ငယ်များကို အသုံးပြု၍ နယ်မြေကင်းလှည့်မှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ ပေါက်ကွဲမှုက အီရတ် တပ်ဖွဲ့များကို တိုက်ခိုက်မည့် လက်နက်ကိရိယာ အသစ်တစ်ခုကို နည်းပညာနှင့်အညီ တီထွင်ဖန်တီးအောင်မြင်ခဲ့ပြီး ဖြစ်သည်ကို မီးမောင်း ထိုးပြနေသည်။ မွန်ဆူးလ်တွင် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းနှင့် တိုက်ခိုက်နေသော မဟာမိတ်တပ်ဖွဲ့များကို တိုက်ခိုက်ရန် အဆိုပါ ပေါက်ကွဲစေနိုင်သောပစ္စည်း တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်ငယ် (ဒရုန်း) များကို အသုံးပြုနိုင်နေပြီဟု အမေရိကန် အကြံပေးပုဂ္ဂိုလ်များက ပြောသည်။ ထိုပေါက်ကွဲမှုဖြစ်ရပ်က အမေရိကန်စစ်ရေး သုံးသပ်လေ့လာသူ အချို့နှင့် မောင်းသူမဲ့ လေယာဉ်ငယ် ပညာရှင် အချို့တို့၏ အမြင်ကို အတည်ပြုခဲ့ပြီး ပင်တဂွန်က စစ်သွေးကြွများ မောင်းသူမဲ့ လေယာဉ်ငယ်များကို လက်နက်အဖြစ် ပြောင်းလဲအသုံးပြုသည်ကို ခုခံတိုက်ခိုက်ရန် ကြိုတင် ပြင်ဆင်မှုများ နှောင့်နှေးနေဆဲ ဖြစ်သည်။ မကြာသေးမီလများအတွင်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)နှင့် ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အေဂျင်စီ နှစ်ခုစလုံးက ISIS အကြမ်းဖက်အဖွဲ့အစည်း၏ မောင်းသူမဲ့လေယာဉ်ငယ် အသုံးပြုမှုအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ''ပေါက်ကွဲသွားတဲ့ပစ္စည်းက ဘက်ထရီပုံစံဖြစ်ပြီး သေဆုံးမှုဖြစ်ပွားနိုင်တဲ့ ပေါက်ကွဲတတ်တဲ့ ပစ္စည်း အနည်းငယ် ပါဝင်ခဲ့တယ်'' ဟု အမေရိကန် ရာထူးမြင့် စစ်ရေးအရာရှိ တစ်ဦး၏ အဆိုပါ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပြည့်အစုံတွင် ရေးထားသည်။ ISIS က အွန်လိုင်းပေါ်သို့တင်ရန် အသေခံကားဗုံး ပေါက်ကွဲမှုများကို ဗီဒီယိုရိုက်ရာတွင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြုခဲ့ကြသော်လည်း ISIS အကြမ်းဖက်အဖွဲ့အစည်းသည် မောင်းသူမဲ့ လေယာဉ်များကို စစ်မြေပြင်အတွင်း အကူအညီရယူရန် စတင် အသုံးပြုနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်ဟု အမေရိကန်နှင့် အီရတ်တပ်မှူးများက ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2egnJLm
via IFTTT

2600 Spectrum လေလံပွဲ၌ နယ်မြေအလိုက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ ၃ သန်းမှ ၇ သန်းအထိ သတ်မှတ်

2600 Spectrum လေလံပွဲ၌ နယ်မြေအလိုက် ကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာ ၃ သန်းမှ ၇ သန်းအထိ သတ်မှတ် နေပြည်တော် Hotel Royal ACE မှာ 2600 Spectrum ကို အောက်တိုဘာ ၁၇ ရက်က စတင်ပြီးတော့ လေလံတင်ခဲ့ပါတယ်။ နယ်မြေ ၁ အတွက် ကြမ်းခင်းစျေး အမေရိကန်ဒေါ် လာ ၃ သန်း၊ နယ်မြေ ၂ အတွက် အမေရိကန်ဒေါ်လာ ၇ သန်း၊ နယ်မြေ ၃ အတွက် အမေရိကန် ဒေါ်လာ ၅ သန်း သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ 2600 MHz Band အတွင်းမှာရှိတဲ့ 20MHz Lot ၂ ခုကို လေလံပစ်ခဲ့တာပါ။ နယ်မြေ ၁ မှာတော့ နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ ပါဝင်ပါတယ်။ နယ်မြေ ၂ မှာတော့ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင် ပါဝင်ပါတယ်။ နယ်မြေ ၃ မှာတော့ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား စတဲ့ဒေသတွေ ပါဝင်ပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ အများဆုံး Lot နှစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပေမယ့်လည်း နယ်မြေတစ်ခုတည်း မှာတော့ Lot နှစ်ခု ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ပါဘူး
Source : http://ift.tt/2dNAaLn
via IFTTT

Gigabit LTE အသုံးပြုနိုင်မည့် ပထမဆုံး ထုတ်ကုန်ကို ယခုနှစ်တွင် ရောင်းချ မည်

သီအိုရီအရ မြန်နှုန်း 1Gbps အထိ ထောက်ပံ့ပေးနိုင်သော Gigabit LTE ကြိုးမဲ့စနစ်နည်းပညာကို မကြာမီ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ Qualcomm သည် gigabit LTE ထောက်ပံ့ပေးနိုင်သော ပထမဆုံးထုတ်ကုန်ဖြစ်သည့် mobile hotspot တစ်မျိုးကို Netgear, Ericsson နှင့် ဩစတြေးလျ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ Telstra တို့နှင့်အတူ မိတ်ဆက်ကြေညာခဲ့သည်။ အဆိုပါ hotspot သည် Telstra ၏ လက်ရှိ LTE ကွန်ရက်များဖြင့် အသုံးပြုနိုင်ပြီး ၎င်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချမည်ဟု သိရသည်။ ထို့အပြင် Qualcomm သည် gigabit LTE အမြန်နှုန်း ထောက်ပံ့ပေးမည့် X16 modem ပါဝင်သော မျိုးဆက်သစ် 800 series စမတ်ဖုန်းပရိုဆက်ဆာကို မိတ်ဆက် ကြေညာခဲ့သည်။ အဆိုပါချစ်ပ်သစ်ပါဝင်သည့် စမတ်ဖုန်းများကို ၂၀၁၇ ပထမနှစ်ဝက်တွင် တွေ့မြင်ရမည်ဟု Qualcomm မှ ပြောကြားခဲ့သည်။ X16 modem သည် လက်ရှိ X12 က အထောက်အပ့ံ့ပေးနိုင်သော အမြင့်ဆုံးအမြန်နှုန်း 600Mbps ထက် အမြန်နှုန်း သိသာထင်ရှားစွာ မြင့်တက်စေမည် ဖြစ်သည်။ စမတ်ဖုန်းများတွင် ၎င်း modem များ ပါဝင်လာသည်နှင့် တစ်ပြိုင်နက် ဈေးကွက်တိုင်းတွင် gigabit LTE ဝန်ဆောင်မှုများ စတင်နိုင်လိမ့်မည်ဟု Qualcomm မှ မျှော်မှန်းထားသည်။
Source : http://ift.tt/2ejQoMN
via IFTTT