ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သန်း ၈ ထောင်နီးပါး ဂျပန်ကူညီမည် ~~~~~~~~~~~~ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေပိုင်းမှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ "မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်းပေါင်း ၈ ထောင်နီးပါးနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ သန်းထောင်ပေါင်း ၈ဝဝ ကို ၅ နှစ်တာကာလအတွင်း ပေးအပ်သွားမယ့်အကြောင်း" ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2e2VZLd
via IFTTT
Thursday, November 3, 2016
Wednesday, November 2, 2016
Eleven Broadcasting
နို၀င်ဘာလ ၂ ရက် ညပိုင်းသတင်းအစီအစဉ် (ည ၈နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ တရားဥပဒေစိုးမိုးရေး ယဉ်ကျေးမှု ထူထောင်ရန် အများကြီး လုပ်ရဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ■ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms.Renata Dessallien ဦးဆောင်ပြီး နိုင်ငံတကာ သံတမန် ၁၀ ဦး မောင်တောဒေသသို့ ကွင်းဆင်း လေ့လာ ■ မူလတန်းကျောင်းသူ ၁၂ ဦးကို မဖွယ်မရာ ပြုလုပ်သည်ဟုဆိုကာ ကျောင်းဆရာတစ်ဦးအား အမှုဖွင့် တိုင်ကြား ■ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လူမှုကွန်ရက်တွင် အပုပ်ချပြောဆိုသည့် ငဖာဟု စွပ်စွဲခံရသူကို ဒုတိယအကြိမ် ရုံးထုတ် ■ ဒေသခံများ ကန့်ကွက်ပြီးနောက် တောင်ကြီးတန်ဆောင်တိုင်တွင် မီးပုံးပျံ ပွဲကြည့်စင်များ ဖျက်သိမ်း ■ နောင်ချိုနှင့် သိန္နီမြို့များတွင် ခရီးသည်တင်ယာဉ်များပေါ်မှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ ■ တောင်ကိုရီးယား သမ္မတက ၀န်ကြီးချုပ်ရာထူးကို အစားထိုး ခန့်အပ်ရန် စီစဉ်နေ ■ ဒီမိုကရေစီ လိုလားသည့် အမတ်နှစ်ဦး ကျမ်းကျိန်မှုကြောင့် ဟောင်ကောင်လွှတ်တော်ထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ■ ဟနွိုင်းမြို့ရှိ ကာရာအိုကေခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦး သေဆုံး
Source : http://ift.tt/2fhyLNE
via IFTTT
Source : http://ift.tt/2fhyLNE
via IFTTT
China Xinhua News
အထပ်မြင့်အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက်မည် ရန်ကုန်၊ နို၀င်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထားသော အထပ်မြင့် အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနထံမှ သိရသည်။ အဆိုပါ စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်လမ်းဆုံ အလွန်မှ မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့အထိ ၂ဝ ဒသမ ၅ ကီလို မီတာ အရှည်ရှိသော လေးလမ်းသွား တံတား ပထမအဆင့် အဖြစ် တည်ဆောက်ပြီး ဒုတိယ အဆင့်အဖြစ် အပြည်ပြည် ဆိုင်ရာ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဆက်သွယ်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ ယင်းစီမံကိန်း တည်ဆောက်ရေး ကာလကို ငါးနှစ်အဆိုပြု တင်ပြထားသော်လည်း ခွင့်ပြုချက်ရရှိပါက စီမံကိန်းလုပ်ငန်းခွင် အပိုင်းသုံးပိုင်းအား တစ်ပြိုင်တည်း တည်ဆောက်သွားမည်ဖြစ်သည်။ အထပ်မြင့်အမြန်လမ်းမကြီး စီမံကိန်းသည် နိုင်ငံတော် အစိုးရနှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ အကျိုးတူ ပူးပေါင်းသည့် Public Private Partnership (PPP) စနစ်ဖြင့် ပူးတွဲ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည်။(Xinhua)
Source : http://ift.tt/2fhjuMC
via IFTTT
Source : http://ift.tt/2fhjuMC
via IFTTT
YESC-CallCenter
2.11.2016 နေ့ 16:50 ချိန်တွင် 230 kV တောင်ငူ- သာယာကုန်း မဟာဓာတ်အားလိုင်း လိုင်းအပြစ်ဖြစ်ပေါ်ပြီး System Break down ဖြစ်သွားခဲ့ပါသည်။ ရန်ကုန် မြို့နယ်များ ဓာတ်အားပြတ်တောက်လျှက်ရှိပြီး ရန်ကုန်ရှိ Gas Turbine စက်များမှ ပုံမှန်အတိုင်း ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
Source : http://ift.tt/2fdkuCU
via IFTTT
Source : http://ift.tt/2fdkuCU
via IFTTT
The Voice
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနှင့် ပါတီနှင့် ပိုမိုပြီး နီးနီးစပ်စပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။ နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ Sky Star ဟိုတယ်တွင်ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တိုင်း၊ ခရိုင်နှင့် မြို့နယ် ပါတီဝင်များ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ တည်ဆောက်ပုံသည် လွှတ်တော်နှင့် အစိုးရ နီးစပ်မှုရှိသည့် ပုံသဏ္ဌာန်ဖြစ်ပြီး အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များသည် ပါတီ၏ ဦးဆောင်မှုအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ လူမှုကွန်ရက်နှင့် အချို့ မီဒီယာများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါတီ အင်္ကျီနှင့် အလံ တပ်ဆင်ထားခြင်းတို့ကို ဝေဖန်ပြောဆိုမှုများ ရှိနေသည်ကို ကြား သိရသော်လည်း လက်ရှိ အခြေအနေအတိုင်း အစိုးရအဖွဲ့က ရပ်တည်သွားရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ “တိုင်းဒေသကြီးကို တာဝန်ယူတဲ့ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေဟာ ပါတီဝင်အဖြစ် ဆက်လက် ဆောင်ရွက်သွားလို့ ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အဖြစ်နဲ့ လွှတ်တော် ဆက်လက် တက်ရောက်ကြရတာမျိုး ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ အစိုးရရဲ့ ပုံသဏ္ဌာန်ကလည်း ဝန်ကြီးချုပ် ဖွဲ့စည်းပုံနဲ့ သွားနေတာ ဖြစ်ပါတယ်။ သမ္မတ ဖွဲ့စည်းပုံမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့ လွှတ်တော်ရယ် အစိုးရရယ် တည်ဆောက်ထားတဲ့ပုံစံက ပါလီမန်ကို အခြေပြုပြီး အစိုးရဟာ ပါလီမန်နဲ့ ယှဉ်တွဲ ရပ်တည်တဲ့ပုံစံမျိုး ရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးအဖြစ် ခန့်အပ် တာဝန် ပေးအပ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် ဦးဖြိုးမင်းသိန်း အပါအဝင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့ ပါဝင်လျက် ရှိသည်
Source : https://goo.gl/eqYnTQ
via IFTTT
Source : https://goo.gl/eqYnTQ
via IFTTT
MOI Webportal Myanmar
တရုတ်နိုင်ငံ ရှန်ဒေါင်ပြည်နယ်၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား ပေကျင်း နိုဝင်ဘာ ၁ တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ပိတ်မိနေသောလူ ၂ဝ ကို ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းဒေသအတွင်းရှိ ပုဂ္ဂလိကပိုင် ဂျင်ရှန် ကူ ကျောက်မီးသွေးတွင်း၌ တနင်္လာနေ့နံနက်ပိုင်းက ပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကျောက်မီးသွေးတွင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသက်အ္တရာယ်ထိခိုက်မှု မရှိစေရေး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း တရုတ်နိုင်ငံ တွင် မိုင်းတွင်းမတော်တဆဖြစ်ရပ်များ မကြာခဏဖြစ်ပွားခဲ့သည်။ ဇူလိုင်လအတွင်းက ရှန်ဒေါင်ပြည်နယ်တွင် ကျောက်မိုင်းတွင်း ပြိုကျမှုဖြစ်ပွား ခဲ့ပြီး တွင်း၌ပိတ်မိနေသူများကို ၃၆ ရက်အကြာတွင် ပြန်လည် ကယ်ဆယ်နိုင် ခဲ့သည်။ မိုင်းတွင်းပိုင်ရှင်သည် အဆိုပါဖြစ်ရပ်အပြီးတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ သည်။ (ဆင်ဟွာ)
Source : http://ift.tt/2f8mbDN
via IFTTT
Source : http://ift.tt/2f8mbDN
via IFTTT
Tuesday, November 1, 2016
The Voice
ကွန်တိန်နာကားများညဘက်သီးသန့်ပြေးဆွဲမည့်ရက် ရွေ့ဆိုင်း ရန်ကုန်၊ နိုဝင်ဘာ ၁ ရန်ကုန်မြို့တော်တွင် နိုဝင်ဘာ ၁ရက်နေ့မှစ၍ ကွန်တိန်နာယာဉ်များကို ည၈နာရီမှ မနက် ၅ နာရီအတွင်း ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လုပ်ငန်းစရန် အဆင်သင့် မဖြစ်သေးသောကြောင့် ပြေးဆွဲမည့် အစီအစဉ်ကို နိုဝင်ဘာ ၁၅ရက်နေ့သို့ ပြောင်းရွေ့လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ “ရက်ရွေ့လိုက်တာမှန်ပါတယ်။ကျွန်တော်တို့ လုပ်ငန်းစဉ်လုပ်စရာတွေမပြီးပြတ်သေးတာတွေကျန်နေလို့ပါ”ဟု ၎င်းက ရှင်းလင်းပြောကြားသည်။ ယင်းကဲ့သို့ ပြောင်းရွေ့လိုက်ရခြင်းမှာ အစိုးရဌာနများ အနေဖြင့် ညှိနှိုင်းဆွေးနွေးစရာများ ကျန်ရှိနေသေးသည့် အပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ပြည်ပခရီးစဉ်များ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊ ကွန်တိန်နာများကို ညဘက်သီးသန့် ပြေးဆွဲခိုင်းမည့် အပြင် သီရီမင်္ဂလာစျေးနှင့် စံပြစျေးများတွင် ကွန်တိန်နာများ လမ်းပိတ်၍ စည်းကမ်းမဲ့ ပြုလုပ်ပါက အရေးယူသွားမည်ဟု တိုင်းအစိုးရအဖွဲ့မှ ပြောဆိုထားကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဦးမျိုးညွှန့်က ပြောဆိုသည်။ လက်ရှိတွင် မြို့တွင်း ကားလမ်းကျပ်မှုကို ဖြေရှင်းမည် ဖြစ်သောကြောင့် ညဘက်သီးသန့် ပြေးဆွဲခိုင်းခြင်းဖြစ်ပြီး ကားလမ်းမကျပ်သည့် မြို့ပြင်လမ်းများကိုနေ့ရောညပါ ပြေးဆွဲခိုင်းသည်ဟုလုပ်ငန်းရှင်များကတင်ပြေသောကြောင့် တိုင်းအစိုးရအဖွဲ့ အနေဖြင့် လမ်းအားလုံးကို ပိတ်မည် မဟုတ်ဘဲ ယာဉ်ကြောမကျပ်သည့် လမ်းများကို ကွန်တိန်နာယာဉ်များအား နေရောညပါ မောင်းခွင့်ပေးနိုင်သည်ဟု ထင်မြင်မိကြောင်း ၎င်းကဆိုသည်။
Source : https://goo.gl/MZujKB
via IFTTT
Source : https://goo.gl/MZujKB
via IFTTT
Subscribe to:
Posts (Atom)