Monday, December 19, 2016


မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း ဆို ----- ----- ----- မြောက်ပိုင်း မဟာမိတ် အဖွဲ့၀င်များဖြစ်သည့် KIO/ KIA ၊ TNLA ၊ MNDAA ၊ AA တို့နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့များ တရုတ်နိုင်ငံတွင် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော်က The Ladies News သို့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ပြောသည်။ ယင်းက “အဲ့ဒါက ညှိနှိုင်းနေဆဲပါပဲ။ ဘယ်နေ့ တွေ့့မယ်ဆိုတာ မသိရသေး ဘူး။ ဟုတ်ကဲ့ ညိုနှိုင်းနေဆဲပါပဲ” ဟု ပြောသည်။ တပ်မတော် အဆင့်မြင့်အရာရှိများ ပါ၀င်သည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် လက်နက်ကိုင် ပူးပေါင်းအဖွဲ့ တို့သည့် ဒီဇင်ဘာ ပထမပတ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံရန် တရုတ်အစိုးရ နှင့် “၀” UWSA အဖွဲ့က ကြား၀င် ဆောင်ရွက်ပေးသော်လည်း တွေ့ဆုံမှု မအောင်မြင်ခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။ သို့သော်လည်း ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အဲ့ဒါတော့ ပေါ်လစီကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားနိုင်ဖို့ Formal (ပုံမှန်)ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့အတွက် Informal (အလွတ် သဘော) ဆွေးနွေးပွဲစဖို့ ပြင်ဆင်နေတာဖြစ်တယ်” ဟု ဆိုသည်။ တွေ့ဆုံမှုအချိန်နှင့် ပတ်သက်ပြီး “အဲ့ဒါကတော့ ညှိလို့ အဆင်ပြေ ရင် တွေ့မှာပေါ့။ အခုကတော့ အလွတ်သဘော တွေ့တာ ဖြစ်တယ်။ အဲ့ဒီမှာ အဆင်ပြေရင် ထပ်တွေ့တာပေါ့”ဟု ပြောသည်။ ဩဂုတ်လအတွင်းက ကျင်းပခဲ့သည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံတွင် NCA လက်မှတ်မရေး ထိုးရသေးသည့် “ဝ”လက်နက်ကိုင် အဖွဲ့ (UWSA)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့(NDAA)နှင့် KIA အပါအဝင် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက TNLA၊ MNDAA နှင့် AA စသည့် လက်နက်ကိုင် သုံးဖွဲ့တို့ ပါဝင်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ယင်း လက်နက်ကိုင် သုံးဖွဲ့အကြား ညှိနှိုင်းမှုမပြေလည်၍ လက်နက်ကိုင် သုံးဖွဲ့သည် ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းများအရ သိရသည်။ စိုင်းဟန် The Ladies News http://ift.tt/2hYLTfU
Source : http://ift.tt/2hYLTfU
via IFTTT

The Voice

ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ်သည် လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လီဗာပူးနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်၌ ခရိတ်ဂ်ျပေါဆန်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ပေးရန် စီစဉ်ထားခြင်းကို ပယ်ဖျက်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။ ဟောင်းဝပ်ဝက်ဘ်သည် စတုတ်စီးတီးနှင့် လက်စတာတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒိုင်လူကြီးပေါဆန်၏ ဆုံးဖြတ်ချက် ချမှတ်မှုများ၌ အားနည်းချက်များစွာ ရှိခဲ့သည်ဟု ထောက်ပြထားပြီး လီဗာပူးနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ယင်းသို့ ဆုံးဖြတ်ခဲ့မည် ဆိုပါက နှစ်ဖက်အသင်းအကြားတွင် မလိုလားအပ်သည့် နောက်ဆက်တွဲ အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဟောင်းဝပ်ဝက်ဘ်က မှတ်ချက်ပြုထားသည်။ ဟောင်းဝပ်ဝက်ဘ်သည် ပေါဆန်ကို စတုတ်စီးတီးနှင့် လက်စတာတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ချင့်ချိန်မှု ကင်းမဲ့လွန်းခဲ့ကြောင်းလည်း အပြစ်တင်သွားခဲ့ပြီး ဗာဒီကို အနီကတ်ပြခြင်း၊ စတုတ်စီးတီးကို ပင်နယ်တီကန်ခွင့်ပေးခြင်း၊ လက်စတာ ကစားသမား ခြောက်ဦးကို အချိန်တိုအတွင်း အဝါကတ် ပြသခဲ့ခြင်းများမှာ ပွဲအခြေအနေကို ရှုပ်ထွေးသွားစေနိုင်သည့် ဆုံးဖြတ်ချက်များ ဖြစ်ကြောင်း ဟောင်းဝပ်ဝက်ဘ်က ပြောကြားထားသည်။ အသက် ၃၇ နှစ် အရွယ်ရှိ ဒိုင်လူကြီး ပေါဆန်သည် မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနောက်ခံလူ ရိုဂျိုက လက်စတာ တိုက်စစ်တောင်ပံကစားသမား ဇာဟာကို ခြေစုံဝင် ဖျက်ထုတ်ခဲ့ခြင်း၌ ရိုဂျိုကို တိုက်ရိုက်အနီကတ် ပြသထုတ်ပယ်ရန် ပျက်ကွက်ခဲ့သည့်အတွက် ပြစ်တင်ဝေဖန်ခံလိုက်ရ အပြီးတွင် ဖိအားများ ဝင်သွားခဲ့ကာ ယင်းအတွက် စတုတ်စီးတီးနှင့် လက်စတာတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်ကို တာဝန်ယူရာတွင် ပေါဆန်က ပြင်းထန်သည့် ဆုံးဖြတ်ချက်များကို အသုံးပြုလိုက်ခြင်းဖြစ်ဖွယ် ရှိကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်
Source : https://goo.gl/AaSTJ6
via IFTTT

7Day News Journal

ဘုတ်ပြင်းမြို့နယ်အနီး ပင်လယ်အတွင်း စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းသောင်းချီတန်သည့် မူးယစ်ဆေးများဖမ်းမိ ပုံ- ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ လှေလုပ်သားများ (Ye Lin Aung FB) ဧရာဝတီတိုင်းဒေသကြီး မှ သယ်ဆောင်လာသော သိန်း ပေါင်း တစ်သောင်းရှစ်ထောင် ကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ဘုတ်ပြင်းမြို့နယ် ပင်လယ်ရေပြင်ပိုင်နက်အတွင်း စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သတင်းရရှိသည်။ ဘုတ်ပြင်းမြို့နယ် ပင်လယ် ရေပြင်ပိုင်နက်တွင် တပ်မတော် ကင်းလှည့်ရေယာဉ်က လုံခြုံရေး ကင်းလှည့်နေစဉ် ဒီဇင်ဘာ ၁၆ ရက် ညနေက ဖမ်းဆီးနိုင်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ ဒေသ အခေါ် အနောက်စူလာကျွန်းအနီး ခုတ်မောင်းသွားသော စက်လှေ တစ်စီးကို တပ်မတော်ကင်းလှည့် ရေယာဉ်က တားဆီးစစ်ဆေးရာမှ အဆိုပါမူးယစ်ဆေးများ ဖမ်းဆီး နိုင်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးကပြောသည်။ ‘‘ဖျာပုံဘက်ကနေ သယ်လာ တာလို့သိရတယ်။ တရားခံက ၁၁ ယောက်။ နိုင်ငံတကာရေပြင်ပိုင် နက်ထဲရောက်သွားရင် ထိုင်းကို လည်း ပို့နိုင်သလို တခြားနိုင်ငံ တွေကိုလည်း ရောက်နိုင်တယ်။ ရေတပ်က လှည့်ကင်းလှည့်ရင်း ရပ်ဖို့အချက်ပြတာ မရပ်ဘဲ ထွက် ပြေးတော့ လိုက်ဖမ်းတာပေါ့။ ကွင်းဆက်တွေ ဆက်ဖော်ထုတ် နေတာကြောင့် ဒီလောက်ပဲ ပြော နိုင်သေးတယ်’’ဟု ရဲမှူးကြီးနေမျိုး ကပြောသည်။ ဖမ်းဆီးထိန်းသိမ်းထားသူ များ၏ ထွက်ဆိုချက်အရ မူးယစ် ဆေးများ တင်ဆောင်ကာ ဧရာဝ တီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဆိပ်ကမ်းမှ ဒီဇင်ဘာ ၆ ရက်၌ စတင်ထွက်ခွာလာပြီး နိုင်ငံတ ကာ ရေပိုင်နက်တွင် အခြား စက် လှေတစ်စီးသို့ လွှဲပြောင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ စက်လှေပေါ်တွင် ကာလ တန်ဖိုး ကျပ်သိန်းတစ်သောင်းရှစ်ထောင့်ရှစ်ရာခန့် တန်ဖိုးရှိ တစ် ထုပ်လျှင် တစ်ကီလိုဂရမ်အလေး ချိန်ရှိ ဘိန်းဖြူအမှုန့် ၉၄၀ ထုပ်ပါ လာပြီး သယ်ဆောင်လာသူများကို မြိတ်မြို့နယ် ရဲစခန်း၌ ထိန်း သိမ်းကာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
Source : http://ift.tt/2hYdDBq
via IFTTT

MOI Webportal Myanmar

မြန်မာယူ - ၂၁ အသင်းနှင့် Thanh Nien သတင်းစာအသင်း သရေကျ ရန်ကုန် ဒီဇင်ဘာ ၁၈ ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲအုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ၌ကျင်းပရာ မြန်မာယူ-၂၁ အသင်းနှင့် Thanh Nienသတင်းစာအသင်း တို့ တစ်ဂိုးစီသရေကျခဲ့သည်။ လက်ရွေးစင်ကစားသမားအချို့ပါဝင်လာသော်လည်း ရတနာပုံအသင်းမှ ကစား သမားများပါဝင်လာခြင်းမရှိသည့် မြန်မာယူ-၂၁ အသင်းသည် အကောင်းဆုံးခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီးတွင် သွင်းယူခဲ့သည့် ချေပဂိုးကြောင့် သရေတစ်မှတ်ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည်မလေးရှားဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်ရွေးစင်ကစားသမားများဖြစ်သော နန္ဒကျော်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ရန်နိုင်ဦး၊ ဇင်ဖြိုးအောင်တို့အပါအဝင် ဘုန်းသစ္စာမင်း(ဂိုး)၊ ထိုက်ထိုက်အောင်၊ သောင်လပ်ထျန်၊ စွမ်းထက်အောင်၊ သီဟထက်အောင်၊ သန်းဇော်ဟိန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ ဗီယက်နမ်လူငယ်လက်ရွေးစင်များပါဝင်သည့် Thanh Nien သတင်းစာအသင်းသည် ပွဲစကတည်းက မြန်မာအသင်းဘက်သို့ ဖိကစားနိုင်ခဲ့သော် လည်း မြန်မာခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည် ပထမ ပိုင်းတွင် ကစားကွက်တည် မရဖြစ်ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် စွမ်းထက်အောင်ဖန်တီး ပေးမှုမှတစ်ဆင့်သန်းပိုင် ကန်သွင်းမှုဂိုးဝင်ခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ် ခံခဲ့ရ၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းအစတွင် Thanh Nien သတင်းစာအသင်းကဂိုးရရန် တိုက်စစ်ပို ဖွင့်ကစားလာခဲ့ပြီး ၅၈ မိနစ်တွင်ဖန်မင်ကျန်၏ ကန်ချက် ဘားထိထွက်ခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် သန်းပိုင်အစားရွှေကို၊ သန်းဇော်ဟိန်းအစား ဟိန်းသီဟဇော်၊ မောင်မောင်လွင်အစား မောင်မောင်စိုးတို့ကိုထည့်ကာ တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့သည်။ ၈၂ မိနစ်တွင် ဗူဗန်ဟွာက Thanh Nienသတင်းစာအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး မြန်မာအသင်းသည် ပွဲပြီးခါနီးတွင်သွင်းယူခဲ့သည့် ဂိုးကြောင့် ချေပဂိုးရခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးကိုရန်နိုင်ဦးက ပွဲပြီးခါနီးစက္ကန့်ပိုင်းအလိုတွင် သွင်းယူ ခဲ့သည်။ မြန်မာယူ-၂၁ အသင်းသည်အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၂၀ ရက်တွင် ဂျပန်ကလပ်ယိုကိုဟားမားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Source : http://ift.tt/2hKTzlj
via IFTTT

MOI Webportal Myanmar

မြန်မာ့ရိုးရာအိုးကြီးချက်ပြိုင်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပမည် ရန်ကုန် ဒီဇင်ဘာ ၁၈ အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက်အလွတ်တန်း ပြိုင်ပွဲကြီးကို လာမည့်ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ မိုင်ဒါကွင်း၌ ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်တဲ့အနေနဲ့ တိမ်မြုပ်ကွယ်ပျောက်လုနီးပါး ဖြစ်လာ တဲ့ အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲကြီးကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီပွဲကြီးမှာ မြန်မာ့ရိုးရာနဲ့ပတ်သက်တဲ့ အိုးစည်၊ ဒိုးပတ်၊ အကအခုန်တွေ၊ လက်ဝှေ့လိုရိုးရာအားကစားပြိုင်ပွဲတွေပါ ထည့်သွင်းကျင်းပမှာ ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကြီးဟာ မြန်မာခရီးသွားလုပ်ငန်းမြှင့်တင် ရေးအတွက် အရေးပါတဲ့ ပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကြီးကနေ က္ဘာလှည့်ခရီးသွားဧည့်သည်တွေဟာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို မြင်တွေ့ ရှုစားရမှာဖြစ်ပါတယ်'' ဟု ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားတွင် မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါ်တင်မာမြင့်က ပြောကြားသည်။ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ ဒီဇင်ဘာ လကုန်နောက်ဆုံး လျှောက်ထားကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ ကို ၂၅-၁-၂ဝ၁၇ ရက်မှ ၂၉-၁-၂ဝ၁၇ ရက်အထိ မိုင်ဒါကွင်း၌ နံနက် ၁ဝ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံမှာ ပထမရက်နှင့် ဒုတိယရက်များ တွင် အုပ်စုအဆင့်ပွဲစဉ််များ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အုပ်စု အဆင့်မှအနိုင်ရသူများသည် တတိယရက်တွင် ကွာတားဖိုင်နယ် သို့ တစ်ဖွဲ့ချင်းရှုံး/ထွက်ပုံစံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ကွာတား ဖိုင်နယ်မှစ၍ နှစ်သင်းထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကွာတားဖိုင်နယ်အနိုင်ရသူသည် ဆီမီးဖိုင်နယ်သို့ တက်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် နောက်ဆုံးပွဲစဉ်တွင် အနိုင်ရရှိသူသည် အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး၏ ပထမဆုရွှေတံဆိပ်နှင့် ဆုကြေးငွေ ကျပ်သိန်း ၅ဝ၊ ဒုတိယဆုအတွက် ငွေတံဆိပ်နှင့် ဆုကြေး ငွေကျပ်သိန်း ၃ဝ၊ တတိယဆုအတွက် ကြေးတံဆိပ်နှင့်ငွေကျပ် သိန်း ၂ဝ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အကဲဖြတ်မည့်ပုံစံမှာ မြန်မာ့ရိုးရာအိုးကြီးချက်ပညာရပ် များနှင့်အညီချက်ပြုတ်ရန်စီစဉ်ဆောင်ရွက်မှု၊ ချက်ပြုတ်ထား သည့် ထမင်းဟင်းများ၏အရသာ၊သန့်ရှင်းသပ်ရပ်မှုတို့အပေါ် အကဲဖြတ်ဒိုင်များက အမှတ်ပေးရွေးချယ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် ပြိုင်ပွဲကြီးဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအလှူအတန်းများတွင် အထူးသဖြင့် ကျေးလက်အလှူအတန်းများတွင် စီမံချက်ပြုတ် ပေးရသော မြန်မာ့ရိုးရာအိုးကြီးချက်ပညာရပ်ကို တိမ်မြုပ်မသွား စေရေးဖော်ထုတ်သည့်အနေဖြင့် ပြိုင်ပွဲအဖြစ်ကျင်းပရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲကျင်းပစဉ်ရက်များအတွင်း ချက်ပြုတ်ထားသော အစားအသောက်များကို စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ မြင့်မောင်စိုး
Source : http://ift.tt/2h1UU7X
via IFTTT

The Voice

လမ်းဘေးစျေးသည်များ ဖယ်ရှားအပြီး ရန်ကုန်မြို့လယ် ယာဉ်ကြောအခြေအနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့လယ် အဓိက လမ်းမကြီးများဘေးမှ လမ်းဘေးစျေးသည်များကို ဖယ်ရှားပြီး ကမ်းနားလမ်း၌ ညစျေးတန်း ဖွင့်ပေးလိုက်ခြင်းကြောင့် ယာဉ်ကြောသွားလာမှု အခြေအနေအပေါ် အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။ “တရုတ်တန်းဆို သိသိသာသာ ပြောင်းလဲလာတယ်” ဦးငါးမန်း (ခရီးသည်တင် ယာဉ်မောင်း) လမ်းဘေးစျေးသည်တွေ မရှိတော့တဲ့အတွက် ကားမောင်းရတာ အတော်လေးတော့ အဆင်ပြေလာပါတယ်။ တရုတ်တန်းဆို သိသိသာသာ ပြောင်းလဲလာတယ်။ အတော်လေး ရှင်းသွားတယ်ပေါ့နော်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့နော်။ လက်ရှိမှာ အရင်ကထက်စာရင် မြန်ဆန်မှုလည်း ပိုရှိလာတယ်။ အန္တရာယ်လည်း ပိုကင်းလာတယ်ပေါ့နော်။ အရင်က ကားလမ်းပေါ်မှာ စျေးပိတ်ရောင်းနေတဲ့အတွက် လမ်းသွားလမ်းလာတွေက လမ်းမပေါ် တက်လျှောက်တော့ ကားမောင်းတဲ့အခါ သတိထားရတယ်။ အန္တရာယ် များတယ်ပေါ့နော်။ လမ်းလျှောက်တဲ့ သူတွေလည်း သူ့နေရာလေးနဲ့သူ လမ်းလေးလျှောက်လို့ ရတော့ သူတို့အတွက်လည်း ကောင်းတာပေါ့နော်။ အရင်က ကားမောင်းတဲ့အခါ လမ်းကြောင်းတစ်ခုကို တစ်ခါပတ်ရင် သုံးနာရီလောက် ကြာတာကနေ အခုဆို နှစ်နာရီခွဲလောက်ပဲ ကြာတော့တယ်။ ဒါပေမဲ့ ယာဉ်လမ်းကြောတွေ ချောင်စေချင်တယ် ဆိုရင် တစ်နေရာတည်းကွက်ပြီး အရေးယူတာမျိုးထက် တစ်မြို့လုံးက ယာဉ်လမ်းကြောမှာ ရှိနေတဲ့ စျေးနားတစ်ဝိုက်က လမ်းဘေးစျေးသည်တွေကို အရေးယူသင့်ပါတယ်။ ဒါက သူတို့ကို တရားဝင် ရောင်းချခွင့် ပေးထားတာ မဟုတ်တဲ့အတွက် အစိုးရကဖယ်ဆို ဖယ်ကို ဖယ်ပေးရမှာပါ။ နောက် သူတို့ကိုဖယ်ပြီး လုပ်စားကိုင်စား မရအောင် လုပ်လိုက်တာမျိုး မဟုတ်ဘဲ တစ်နေရာတည်းမှာ တစုတစည်းတည်း ထားပေးထားတဲ့အပေါ်မှာ မကျေနပ်တာကတော့ ကျွန်တော်လည်း နားမလည်ဘူး။ မပြေလည်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ ဘယ်အလုပ်မဆို အစပိုင်းမှာတော့ သူ့အခက်အခဲလေးတွေနဲ့ သူတော့ ရှိတတ်တာပဲလေ။ “ဥပဒေတစ်ခု၊ စည်းကမ်းတစ်ခု၊ ပြောင်းလဲမှုတစ်ခုကို တိတိကျကျ ဖော်ဆောင်စေချင်ပါတယ်” မဟေသီကျော် (ခရီးသည်) အခုအထိတော့ လမ်းတွေမချောင်ဘူး။ မချောင်ဘူးဆိုတာက လမ်းဘေးစျေးသည်တွေ နေရာရွှေ့တယ်ဆိုတာ နေရာတစ်ခုတည်းကို ကွက်ရွှေ့တာကြောင့်လည်း ပါမယ်။ ပြီးတော့ လမ်းဘေးစျေးသည်တွေကို နေရာပြောင်းရွှေ့တာ လုပ်သင့်တယ်။ လုပ်ရမယ်လို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ လိုင်းကားအရေအတွက်ကို လျှော့ချသင့်တယ်။ မလိုအပ်တဲ့ လိုင်းကားနံပါတ်တွေ မြို့ထဲကို ပြေးဆွဲနေတဲ့ လိုင်းကားအမျိုးအစားကို လျှော့ချပြီး ကားအစီးရေ ပြန်တိုးတာမျိုးပဲ လုပ်သင့်တယ်။ ပြီးတော့ အမှိုက်ကန်တို့၊ အမှိုက်ကားတို့ကိုလည်း Bus Stop မှာ ထားတာမျိုး လုံးဝမဖြစ်သင့်ပါဘူး။ အစိုးရ အနေနဲ့ ယာဉ်လမ်းကြောင်းပိတ်တာနဲ့ ပတ်သက်ပြီး ဥပဒေတစ်ခု၊ စည်းကမ်းတစ်ခု၊ ပြောင်းလဲမှုတစ်ခုကို တိတိကျကျ ဖော်ဆောင်စေချင်ပါတယ်။ ကွန်တိန်နာ ကားကိစ္စလို ကျွန်တော်တို့ ပြန်စီစဉ်ပါမယ်လို့ ရှုံ့ချီ နှပ်ချီ မလုပ်သင့်ပါဘူး။ ဥပဒေတစ်ခုကို တင်းတင်းကျပ်ကျပ် ချမှတ်ပြီး ကိုင်တွယ်သင့်တယ်။ မဟုတ်ရင် မြို့ထဲတစ်နေရာတည်း ကွက်ချောင်ပြီး ကျန်တဲ့နေရာတွေ ကားပိတ်တာ ညီမတို့အတွက် အသုံးမဝင်ပါဘူး။ အထောက်အပံ့မဖြစ်ဘူး။ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်။ ဥပဒေ ဖော်ဆောင်မယ့် ဝန်ထမ်းတွေ အနေနဲ့လည်း သမာသမတ်ကျကျ ထမ်းဆောင်မယ်ဆို အောင်မြင်မှာပါ။ တစ်ခုပါပဲ။ အရေးယူမယ်ပြောတဲ့ ဥပဒေကို ကန့်ကွက်ကြရင်လည်း အမျိုးအမျိုး မဖြစ်သင့်ပါဘူး။ “အခုဆို လသာကနေ ဆူးလေအထိက အတော်လေးကို အဆင်ပြေသွားတယ်” ဦးတင်မောင်မြင့် (အငှားယာဉ်မောင်း) အရင်ကထက်စာရင် ကားမောင်းရတာ ပိုကောင်းလာတယ်။ တရုတ်တန်းဆို အရင်ကထက် အများကြီး ပိုကောင်းလာတယ်။ အရင်တုန်းက သုံးနာရီ၊ လေးနာရီလောက်ဆို မဟာဗန္ဓုလလမ်းပေါ်ကို လုံးဝတက်မရဘူး။ တက်မရဘူးဆိုတာ တော်တော်ကျပ်တာပေါ့။ အခုကျ သွားလို့လာလို့ အတော်အဆင်ပြေသွားတယ်။ တစ်နေ့ကတောင် သူများတွေ ပြောနေတာ ကြားလိုက်သေးတယ်။ အရင်တုန်းကဆို အရေးပေါ်လူနာသာ ဒီလမ်းက ဖြတ်ရမယ်ဆို မျှော်လင့်ချက် မရှိနိုင်ဘူးပေါ့နော်။ အခုတော့ မျှော်လင့်ချက်လေးထားလို့ ရတယ်ဆိုပြီး ပြောနေတာ ကြားလိုက်ရသေးတယ်။ အရင်ထက်စာရင် အများကြီး ပိုကောင်းလာတယ်။ အခုဆို လသာကနေ ဆူးလေအထိက အတော်လေးကို အဆင်ပြေသွားတယ်။ အရင်က အဲဒီလမ်းတွေက အကျပ်ဆုံးလေ။ ဒီဘက်အတက်ဘက်ကတော့ ပိတ်နေတုန်းပဲ။ အဲဒါကျ ကားတွေကြောင့် ပိတ်တာပါ။ စျေးသည်တွေတော့ မရှိတော့ဘူး။ အရင်ကဆို လမ်းဘေး ကားယာယီရပ်ဖို့ ပေးထားတဲ့ နေရာတွေမှာ လမ်းဘေးစျေးသည်တွေက ပိတ်ရောင်းနေတဲ့အတွက် ကားရပ်ချင်ရင် လမ်းမပေါ်မှာပဲ ရပ်ရတော့ လမ်းတစ်လမ်းက အလိုလိုပိတ်သွားပြီး ယာဉ်ကြောတွေ ကျပ်လာတာပေါ့နော်။ ခုတော့ အတော်လေးကို အဆင်ပြေလာတယ်လို့ ပြောချင်ပါတယ်။ ခိုင်ချယ်ရီထွန်း
Source : https://goo.gl/WPGh6G
via IFTTT

7Day News Journal

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်တွင် နိုင်ငံရေးပြဿနာများဖြေရှင်းရန်လိုကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော ပုံ - ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအိုင်အိုဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်သော UNFC မှ ကိုယ်စားလှယ်များ ယခုနှစ်ဇူလိုင်လက တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသော အစိုး ရလက်ထက်တွင် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအပါ အဝင် နိုင်ငံရေးပြဿနာများကို ဆွေးနွေး ဖြေရှင်းရမည်ဖြစ် ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ကချင်ပြည်နယ်တွင်လတ် တလောဖြစ်ပွားနေသည့် တိုက်ပွဲ များနှင့်ပတ်သက်၍ အစိုးရ၏ သ ဘောထားအပေါ် မေးမြန်းစဉ် သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခြင်းဖြစ်သည်။ လတ်တလောကချင်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ ဦး ဇော်ဌေးက ‘‘အစိုးရရဲ့ သဘော ထားကတော့ နှစ်ဦးနှစ်ဖက်ရဲ့ ကြားမှာ စေ့စပ်ညှိနှိုင်းပေးရမယ်။ ဒါအစိုးရရဲ့ မူဝါဒ။ အစိုးရက အ ခုလုပ်ဆောင်နေတာ အဲဒီအတိုင်း ပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်မှာ သူ့ရဲ့ အစိုးရရဲ့ မူဝါဒကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ NCA ထိုးပါ။ ၂၁ ရာစု ပင်လုံညီလာခံတက်ပါ။နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်း လုပ်ပါ’’ဟု ပြောကြားသည်။ မြန်မာနိုင်ငံတွင် လွတ်လပ် ရေးရပြီးကတည်းက စစ်ပွဲများ ဖြစ်ပွားနေခဲ့ကြောင်း၊ ယခင် ခေတ်အဆက်ဆက်က နိုင်ငံရေး ပြဿနာများကို အကြောင်းအမျိုး မျိုးကြောင့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ ကြောင်း ၎င်းကဆိုသည်။ ‘‘၂၀၁၅ ရွေးကောက်ပွဲပြီး တော့ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ NLD ဒီဘက်မှာ ဖြစ် လာတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ၂၁ ရာစုပင်လုံဆို ပြီးတော့ လုပ်တော့ တိုင်းရင်းသား တွေ တောက်လျှောက်တောင်းဆို လာခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံးမှာ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ရေးဆိုတဲ့ မူကိုပြောလာတာဖြစ် ပါတယ်။ နိုင်ငံရေးပြဿနာဖြစ် တယ်။ ဒါသည် လက်နက်ကိုင် ပဋိပက္ခသည်နိုင်ငံရေးပြဿနာ သာဖြစ်တယ်။ တိုင်းရင်းသားအ ရေးကိစ္စဖြစ်တယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းရ မယ်။ တောင်းဆိုချက် တောက် လျှောက်ရှိခဲ့တယ်။ အခြေအနေ အရ မဆွေးနွေးနိုင်ခဲ့ဘူး။ ဆွေး နွေးဖို့လည်း အချိန်အခါမသင့်ဘူး ပေါ့နော်’’ဟု ဦးဇော်ဌေးကပြော ကြားသည်။ ဆက်လက်၍၎င်းက ‘‘အခု လူထုကရွေးချယ်တဲ့ရွေးချယ်ခံ အစိုးရပေါ့။ နိုင်ငံရေးအရ လူထု ရဲ့ထောက်ခံမှုရှိတဲ့ အစိုးရ လက် ထက်မှာ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရမယ်။ အဲဒီတော့ဒီလက် ထက်မှာ မဖြေရှင်းချင်ရင် ဘယ် လက်ထက်မှာ ဖြေရှင်းမလဲ။ ဒါ စဉ်းစားစရာရှိတယ်’’ ဟုပြော သည်။ အစိုးရသစ်တက်လာပြီး နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ၂၁ ရာစုပင်လုံညီ လာခံကျင်းပကာ နိုင်ငံရေးပြဿ နာများ ဖြေရှင်းရန်ကြိုးပမ်းနေ သည်ဟု ဦးဇော်ဌေးကပြော သည်။ ‘‘အခု သူတို့နဲ့ဆွေးနွေးရ မယ့် ဒီဘက်က နိုင်ငံရေးခေါင်း ဆောင်က ဒေါ်အောင်ဆန်းစု ကြည်ဖြစ်တယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြည်တွင်း၊ပြည်ပ ထောက်ခံမှုပေါ့နော်။ သူ့ရဲ့ တရားဝင်မှုက ကျွန်တော်တို့က မေး ခွန်းထုတ်စရာမလိုဘူး။ အဲဒီလို ခေါင်းဆောင်မှုမျိုးနဲ့မှ ကျွန်တော် တို့က နိုင်ငံရေးဆွေးနွေးပွဲမသွား ဘူးဆိုရင် နိုင်ငံရေးဘယ်အချိန် ဆွေးနွေးမလဲ။ ကျွန်တော်တို့က မေးစရာရှိတယ်။ ဘယ်လိုခေါင်း ဆောင်မျိုးနဲ့မှ သမာသမတ်ကျ မယ်ထင်သလဲ။ ဘယ်လိုခေါင်း ဆောင်မျိုးနဲ့ ဆွေးနွေးမှ သူတို့ ခေတ်အဆက်ဆက် တောင်းဆို နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရနိုင်မယ်လို့ ထင်သလဲပေါ့။ ဘယ်လိုခေါင်းဆောင်မျိုး လက် ထက်ရောက်မှ ဆွေးနွေးတော့မှ တန်းတူရည်တူရှိမှု၊ အပြန်အလှန် လေးစားယုံကြည်မှု ဒါမျိုးတွေရှိ တဲ့ဆွေးနွေးပွဲ အဖြေတွေ ရလာ မယ်လို့ ထင်သလဲပေါ့’’ဟု ၎င်းက ပြောသည်။ ဆက်လက်၍ ဦးဇော်ဌေးက ‘‘ဒေါ်အောင်ဆန်းစုကြည်လိုလူ မျိုး နောက်မရတော့ဘူး။ သူ့လက် ထက်မှာ မဆွေးနွေးဘူးဆိုရင် နောက်ဘယ်သူနဲ့ဆွေးနွေးချင် လဲ။အခုနောက်လာမယ့် လူတွေ မှန်းကြည့်လိုက်ဗျာ။ အခုလက်ရှိ မျိုးဆက်သစ်ထဲမှာပဲ ကြည့်ကြည့်၊အလယ်အလတ်ထဲမှာပဲ ကြည့် ကြည့် ဘယ်လိုခေါင်းဆောင်မျိုး နဲ့ ဆွေးနွေးချင်တာလဲ။ ဒီခေါင်း ဆောင်နဲ့မှ ဖက်ဒရယ်မရဘူးလို့ ယုံကြည်ထားရင် ဘယ်သူနဲ့ ရ မယ်လို့ ယုံကြည်ထားလဲ’’ဟု ပြောသည်။ စစ်မှန်သည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းဘက်သို့ ဦးတည် ခြင်းမရှိပါက ပြည်တွင်းစစ်သည် ဆက်ရှိနေမည်ဟု လတ်တလော ကချင်ဒေသစစ်ရေး အခြေအနေ များနှင့်ပတ်သက်၍ KIO အလုပ် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင် ခါးကဆိုသည်။ ‘‘လူထုရဲ့ အယုံအကြည် ရှိ လာအောင်၊ တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့ အယုံအကြည်ရှိ လာအောင်၊ ဥပဒေကြောင်းအရ အယုံအကြည်ရှိလာအောင်၊ သ ဘောတူညီချက်တွေအရ ယုံ ကြည်မှုရှိလာအောင် ဘယ်လို လုပ်ဆောင်မလဲဆိုတဲ့ဟာပဲ အဓိ ကပါ။ အဲဒီအပိုင်းမရှိတော့ဘူးဆို ရင် ညှိနှိုင်းဆွေးနွေးရေးက အလ ကားပဲလေ’’ဟု ဦးဒေါင်ခါးကဆို သည်။ လတ်တလောတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားသော်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု များကို တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များဖြင့်စုဖွဲ့ထားသော UNFC အဖွဲ့၏ ဆွေးနွေးရေးလမ်းကြောင်း များအတိုင်း ဆက်လက်လုပ် ဆောင်မည်ဟု ဦးဒေါင်ခါးကဆို သည်။ ‘‘အခု KIO အနေနဲ့ကတော့ UNFC လမ်းကြောင်းပဲ သွားမှာပဲ။ တပ်မတော်ကို အဓိကပေးချင်တဲ့ သတင်းစကားက စစ်တိုက်ပြီး တော့၊ စစ်ရေးအရ ဖိအားပေးပြီး တော့ နိုင်ငံရေးအရ အဖြေရှာမှုကို မလုပ်စေချင်ဘူး’’ဟု ၎င်းကဆို သည်။ အစိုးရ၏ ကိုယ်စားလှယ်အ ဖွဲ့နှင့် UNFCကိုယ်စားလှယ်အဖွဲ့ တို့အကြား UNFC အဖွဲ့ဝင် အဖွဲ့ အစည်းများ၊ NCA လက်မှတ်ရေး ထိုးနိုင်ရေး ညှိနှိုင်းနေရာပြေလည် မှုမရသေးပေ။ နှစ်ဖက်ကိုယ်စား လှယ်အဖွဲ့များအကြား ထပ်မံ တွေ့ဆုံနိုင်ရေး ညှိနှိုင်းနေသော် လည်း လတ်တလောတိုက်ပွဲဖြစ် ပွားမှုများကြောင့် နှောင့်နှေးလျက် ရှိသည်။ ကချင်ဒေသ တိုက်ပွဲများ သည် လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အကျိုး သက်ရောက်မှုရှိပြီး ဆွေးနွေးရေး လုပ်ငန်းစဉ်ကို အနည်းနှင့်အများ ဆိုသလို ထိခိုက်မှုရှိကြောင်း UNFC တွဲဖက်အတွင်းရေးမှူး(၁) ဦးထွန်းဇော်ကပြောသည်။ ‘‘သတင်းစကားကတော့အဲဒီ ခေါင်းဆောင်တွေဆုံးဖြတ်ပေါ့။ ကိုယ့်အကျိုးထက် ကိုယ့်ဒေသ ပေါ့နော်။ အဲဒီဒေသမှာရှိတဲ့ အ ရွယ်မရောက်သေးတဲ့ ကလေးသူ ငယ်တွေ သူတို့ရဲ့အနာဂတ်ကို မျှော်မှန်းပြီးတော့ ထည့်သွင်းစဉ်း စားဖို့လိုတယ်လို့ ကျွန်တော်တို့က မေတ္တာရပ်ခံချင်တယ်’’ဟု သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပြောသည်။ အစိုးရနှင့် တပ်မတော်က စိတ်ရှည်ရှည်ထားပြီး ငြိမ်းချမ်း ရေးကို ပုံဖော်ရန်လိုအပ်သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး (၂) ဖဒို မန်းမန်းကလည်း ‘‘တစ်ဖက်က ဘယ်လိုအနေအထားမှာပဲဖြစ် ဖြစ် တွေ့ဆုံဆွေးနွေးရေးကို သွား ရမှာပဲ။ ဒါကြောင့် စစ်ရေးနည်းနဲ့ ဖြေရှင်းလည်း ပြီးမြောက်မှာမ ဟုတ်ဘူး။ လိုင်ဇာကိုပဲ ဖြစ်ဖြစ်၊ တခြားတိုင်းရင်းသား တပ်စခန်း တွေကိုပဲဖြစ်ဖြစ် ဘယ်လိုပဲ ထိုး စစ်ပဲဆင်ဆင်ပေါ့။ အခုမဆွေး နွေးလည်း နောက်ဆွေးနွေးရမယ့် ကိစ္စ။ ဒါကြောင့် ကျွန်တော်တို့က စစ်ရေးနည်းနဲ့ အဖြေရှာတဲ့နည်း ကို မလုပ်ဘဲ တွေ့ဆုံဆွေးနွေး နည်းကို အမြန်ဆုံးလုပ်ဖို့လိုအပ် ပါတယ်’’ဟု ဆက်လက်ပြောကြား သည်။ တပ်မတော်နှင့် KIA တို့ သည် ကချင်ပြည်နယ် လိုင်ဇာ ဒေသတစ်ဝိုက်တွင်လည်း တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားခဲ့သည်။ KIA တပ်စခန်း ဂီဒွန်တစ်ဝိုက်တွင် ပြီးခဲ့သည့် သြဂုတ်လလယ်ကစ၍ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ သည်။ တပ်မတော်၏ ထိုးစစ်ဆင်မှု ကို တုံ့ပြန်သည်ဆိုကာ ကချင် လက်နက်ကိုင်အဖွဲ့ (KIA) ၊ တ အာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA) နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့ပါဝင် သော ပူးပေါင်းလက်နက်ကိုင်အဖွဲ့ သည် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပါအဝင် အစိုးရလုံခြုံရေးတပ်စခန်းများကို နိုဝင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်ရာ တပ်မတော်နှင့်ယင်းပူးပေါင်းအဖွဲ့တို့အကြား လက်ရှိ အချိန်အထိ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်တပ် ဖွဲ့ဝင်များအပြင် အရပ်သားသေဆုံးမှု၊ ထိခိုက်မှုအများအပြားရှိပြီး ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တပ်မတော်က လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ကူများ ဖြင့် KIA တပ်စခန်း ဂီဒွန်ကို ထိုး စစ်အသွင်တိုက်ခိုက်ခဲ့ရာ ဒီဇင် ဘာ ၁၆ ရက်တွင် ဂီဒွန်စခန်းကို သိမ်းပိုက်နိုင်ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ခဲ့သည်။ ကချင်ဒေသတွင်လက်ရှိဖြစ် ပွားနေသည့်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးကိုပိုမိုဝေးကွာသွား စေနိုင်၍ တိုက်ပွဲများရပ်ဆိုင်းပြီး အမြန်ဆုံး ဆွေးနွေးဖြေရှင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေးပါတီများက တိုက်တွန်းပြောကြားသည်။
Source : http://ift.tt/2gQtNHH
via IFTTT