အကြမ်းဖက်သမားများ ဆင်ထားသော ခွင်ထဲ မဝင်ရန် ICG သတိပေး အစိုးရအနေနှင့် နိုင်ငံရေးသေနင်္ဂဗျူဟာမရှိဘဲ စစ်ရေးအရ အလွန်အကျွံတုံ့ပြန်မှုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကျုးလွန်နေသော ARSA အဖွဲ့ကိုသာ အကျိုးပြုလိမ့်မည်ဟု နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့(ICG) က သတိပေးလိုက်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးစေပြီး မွတ်ဆလင် ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာရခိုင်များ နေအိမ်များကို စွန့်ခွာထွက်ပြေးစေသည့် သောကြာနေ့က ရဲကင်း ၃၀ နှင့် စစ်စခန်းတခုတို့ကို တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ARSA က ကြေညာထားသည်။ မြန်မာအစိုးရသည် ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ချက်ခြင်းရှုတ်ချခဲ့ပြီး ၎င်းတို့သည် အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်သည်ဟု တနင်္ဂနွေနေ့ကကြေညာသည်။ ယခုနောက်ဆုံး တိုက်ခိုက်မှုများသည် ၂၀၁၆ နှစ်က ၎င်းတို့လုပ်ခဲ့သည့်အတိုင်း ရိုဟင်ဂျာများကို အကြီးအကျယ် ထိခိုက်စေမည့် ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုနှင့် နိုင်ငံရေးအရ ဆိုးကျိုးများဖြစ်လာနိုင်မည်ကို ARSA က ကောင်းစွာ သိသည်ဟု ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ပဋိပက္ခ တားဆီးဖြေရှင်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်နေသော ICG က တနင်္လာနေ့က ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။ “အထက်ပါအချက်သည် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့သည် ရိုဟင်ဂျာများကို ကာကွယ်ရန် တိုက်ခိုက်နေသည်ဟုဆိုသော်လည်း စစ်ဘက်က အင်အားဖြင့် တုံ့ပြန်အောင် ဆွပေးပြီး ရိုဟင်ဂျာအသိုင်းအဝန်းကို ပိုမို ပစ်ပယ်အောင်၊ ARSA ကို ပိုမိုထောက်ခံလာအောင်နှင့် ရခိုင်မြောက်ပိုင်းတွင် စစ်ဘက်၏ အခွင့်အရေး ချိုးဖေါက်မှုများကို မီးမောင်းထိုးပြနိုင်အောင် လုပ်ဆောင်ရန် ရည်ရွယ်နေသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။ အစိုးရအနေနှင့် ရခိုင်နှင့် ရိုဟင်ဂျာတို့၏ ဥပဒေအရ တရားဝင်သော လုံခြုံရေးဆိုင်ရာများကို အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းရန်နှင့် ဆိုးရွားလာနေသော အကြမ်းဖက်မှု သံသရာကို ပိုမိုအမြစ်မတွယ်စေလိုလျှင် လုံခြုံရေးတပ်များသည် အကြမ်းဖက်သမားနှင့် အရပ်သား ခွဲခြားဆောင်ရွက်အရေးယူရမည်ဟု အကြံပြုထားသည်။ တိုက်ပွဲများတွင် ပိတ်မိနေသော သို့မဟုတ် ထွက်ပြေးနေသော အရပ်သားများကို အကာအကွယ်ပေးရမည်။ အန္တရာယ်ကြီးမားသော အကြမ်းဖက် အစွန်းရောက်ခြင်း၊ ဒုက္ခသည်များကို လျစ်လျူရှုခြင်း နှင့် သတင်းမှားများ အမြစ်တွယ်ခြင်းတို့ကို တားဆီးလိုလျှင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများသို့ လူသားခြင်းစာနာမှု အကူအညီပေးရေးအဖွဲ့များနှင့် မီဒီယာများကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပေးရမည်ဟုလည်း ဆိုသည်။ စစ်ရေးတုံ့ပြန်မှုနှင့်ပတ်သက်သော ICG ၏ သတိပေးချက်ကို ကြိုဆိုသည်ဟု ပဋိပက္ခနှင့် တိုင်းရင်းသားရေးရာ လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။ “တပ်မတော်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတာက အရေးပါတယ်” ဟုလည်းပြောပြီး အကြမ်းဖက်အဖွဲ့သည် လုံခြုံရေးတပ်များနှင့် ရင်ဆိုင်ရာတွင် အမျိုးသမီးများနှင့် ကလေးများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည့် သတင်းများလည်း ကြားရကြောင်း ပြောသည်။ “အဲဒီလိုတွေဖြစ်နေတော့ လုံခြုံရေးတပ်တွေအတွက် အခက်အခဲဖြစ်နေတယ်။ ဘာမှ မလုပ်ပြန်ရင်လည်း အကြမ်းဖက်မှုတွေ ပိုမိုဖြစ်လာမယ်” ဟု သူက ဧရာဝတီသို့ တနင်္လာနေ့က ပြောသည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရခိုင်လူမျိုးစုများ အားလုံး ထိုဒေသမှ ထွက်ပြေးလာပါက ARSA အတွက် အောင်ပွဲဖြစ်သွားမည်ဟုလည်း သူက ဆက်ပြောသည်။ “ဒါကြောင့် သတိထားပြီး အရေးယူဆောင်ရွက်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ပြည်တွင်းပြည်ပ နှစ်ခုလုံးမှာ ပြဿနာကိုဖြေရှင်းနိုင်ဖို့ အစိုးရနဲ့တပ်မတော်တို့ ဆုံးဖြတ်ချက်ချရာမှာ တူညီမှုရှိဖို့ လိုတယ်” ဟုလည်း ဆိုသည်။ လတ်တလောဖြစ်ပွားနေသည့် အကျပ်အတည်းသည် ကြိုတင်ခန့်မှန်း တားဆီးနိုင်သော အကျပ်အတည်းဖြစ်သည်ဟုလည်း ICG က ဆိုသည်။ ပြည်နယ်အတွင်းရှိ အသိုင်းအဝန်းအားလုံး၏ ပူပန်မှုများကိုု ဖြေရှင်းရန် ရခိုင်ပြည်နယ်၏ မတည်ငြိမ်သော တုံ့ပြန်မှုစနစ်တွင် စစ်ရေးမဟုတ်သော နိုင်ငံရေးအရ တုံ့ပြန်ဆောင်ရွက်မှု အလျှင်အမြန် လိုအပ်နေကြောင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့် လွန်ခဲ့သောနှစ်က အကြမ်းဖက်အဖွဲ့သစ် ပေါ်ပေါက်လာခြင်းတို့က ပြသနေသည်ဟုလည်း ဆိုသည်။ “သို့သော် မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ အချို့သော မွတ်ဆလင်များ အကြမ်းဖက်မှုကို အားကိုးစေသည့် နက်ရှိုင်းရှည်ကြာလှသည့် မူဝါဒဆိုင်ရာ ကျဆုံးမှုကို ကုစားနိုင်လောက်အောင် အလျှင်အမြန် အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့ခြင်း မရှိပေ” ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အစိုးရက အမြန် အကောင်အထည်ဖေါ်ရန်လည်း ထိုကြေညာချက်တွင် တိုက်တွန်းထားသည်။ ထိုအကြံပြုချက် အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုခဲ့သည်။ “လတ်တလောဖြစ်ပွားသော တိုက်ခိုက်မှုများသည် အစိုးရအနေဖြင့် ထိုအကြံပြုချက်များကို အကောင်အထည်ဖေါ်ရာတွင် ပိုမိုခက်ခဲစေသည့် နိုင်ငံရေးအခြေအနေကို ဖြစ်စေသော်လည်း အကောင်အထည်ဖေါ်ရန် အရေးတကြီး လိုအပ်နေကြောင်း ပိုမိုခိုင်မာစွာ ပြသနေသည်” ဟုလည်း ICG ၏ကြေညာချက်တွင် ဖော်ပြထားသည်။ ပြသနာ၏ အကြာင်းရင်းကို ဖြေရှင်းရန် ပျက်ကွက်ပါက နောက်ဆက်တွဲဒဏ်ကို ရခိုင်ပြည်နယ် တခုတည်းသာမက မြန်မာတနိုင်ငံလုံးပါ ခံရလိမ့်မည်ဟုလည်း ICG က သတိပေးသည်။ “ရခိုင်ပြည်နယ်မှ ယခု ပိုမိုဆိုးရွာလာသော ပြဿနာသည် ပြည်တွင်းတွင်သာ ဆက်လက်ဆွေးနွေးပြောဆိုနေမည့် အရာဖြစ်ရုံသာမက နိုင်ငံတကာနှင့် ဆက်ဆံရာတွင်လည်း သက်ရောက်မှု ရှိနေမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့် တခြားဦးစားပေးလုပ်ဆောင်ရမည့် စီးပွားရေး၊ လူမှုရေး ကိစ္စများကို ဘေးဖယ်ထားရနိုင်ခြေရှိနိုင်သည်” ဟုလည်း ICG က ဆိုသည်။ The post အကြမ်းဖက်သမားများ ဆင်ထားသော ခွင်ထဲ မဝင်ရန် ICG သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2wRuHAq
via IFTTT
Wednesday, August 30, 2017
ကျိုက်မရောမှ မွန်အမျိုးသား ပါတီဝင် ၆၀ ကျော် တပြိုင်တည်း နုတ်ထွက် မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် ကတိပြုထားပြီး ဖြစ်သော်လည်း လက်ရှိတွင် ၎င်းတို့ ခေါင်းဆောင်များ၏ လုပ်ပုံ ကိုင်ပုံနှင့် သဘောထားများအား လက်မခံနိုင်၍ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင်းမှ မွန်အမျိုးသား ပါတီဝင် ၆၃ ဦးတို့ ယနေ့ တပြိုင်နက်တည်း ပါတီဗဟိုသို့ နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရှိရသည်။ “ပါတီခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကျမတို့ ကြည့်လာတာ ရွေးကောက်ပွဲပြီး ကတည်းကဆိုရင် ၂နှစ် ပြည့်တော့မယ်၊ ပေါင်းမလား ပေါင်းမလား ဆိုပြီး မပေါင်းဘူး၊ ရှေ့ဆက်သွားရတာ အခက်အခဲ အများကြီး ရှိတယ်၊ စိတ်ပျက်နေကြတာ လည်း ကြာပြီ ၊ အတတ်နိုင်ဆုံး မျှောလာတာ ၂ နှစ် ရှိပြီ ၊ ဒီနေ့မှ တပြိုင်နက်တည်း နုတ်ထွက်ဖြစ်ကြတာ” ဟု နုတ်ထွက် စာ တင်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် မိဂျွန်ဒယ်နွန်က ပြောသည်။ ယခုကဲ့သို့ နုတ်ထွက်ပြီးနောက် မည်သည့် ပါတီသို့မျှ ဝင်မည် မဟုတ်ဘဲ နှစ်ပါတီ ပေါင်းစည်းရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်သွားမည် မဖြစ်ကာ ပေါင်းစည်းရေး ရလဒ် ထွက်လာသည်အထိ ကြိုးပမ်းသွားရန် ရည်ရွယ်ထားပြီး မွန်ပါတီများ မပေါင်းစည်းနိုင်ပါက ရှုတ်ချ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယနေ့ တပြိုင်နက်တည်း နုတ်ထွက်စာ တင်ခဲ့ကြသည့် ကျိုက်မရော မြို့နယ်မှ မွန်အမျိုးသား ပါတီဝင်များထဲတွင် ပါတီ ဗဟို အလုပ်အမှုဆောင် မိဂျွန်ဒယ်နွန် အပါအဝင် မွန်အမျိုးသား ပါတီ၏ ကျိုက်မရော မြို့နယ် ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေး မှူးနှင့် မြို့နယ် အလုပ်အမှုဆောင်များလည်း ပါဝင်ကြသည်။ မွန်အမျိုးသားပါတီသည် မွန်ပြည်နယ်တွင်းရှိ ၉ မြို့နယ် ၊ ကရင်ပြည်နယ် အတွင်းရှိ ၄ မြို့နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး တို့ရှိ ၃ မြို့နယ်တို့တွင် ပါတီဝင် ၇ သောင်းကျော် ရှိသည်။ ကျိုက်မရော မြို့နယ်တွင်း၌ မွန်အမျိုးသား ပါတီဝင် တထောင်ကျော် ရှိသည့် အနက် ပါတီ၏ ထိပ်သီး တာဝန်ရှိသူများထဲမှ အချို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ မွန်အမျိုးသားပါတီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ပါတီ ဗဟိုကော်မတီဝင် နှင့် ဗဟို အလုပ်အမှုဆောင် ၆ ဦး တို့အား တာဝန်မှ ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။ မွန်ပြည်သူများအား ကတိပေးထားပြီး ဖြစ်သည့် နှစ်ပါတီ ပေါင်းစည်းရေးအတွက် အထမြောက်အောက် အကောင်အထည် မဖော်နိုင်ခဲ့သည့် ပါတီခေါင်းဆောင်များကို စိတ်ပျက်မိကြောင်းလည်း ယနေ့တွင် နုတ်ထွက်စာ တင်ခဲ့သည့် ကျိုက်မရော မြို့နယ် မွန်အမျိုးသားပါတီ၏ အထွေထွေ အတွင်းရေးမှူး မင်းဉာဏ်လင်းက ပြောသည်။ “မွန်အမျိုးသားတွေ တပါတီပဲ ဆိုရင် မဲနိုင်ကို နိုင်ရမယ်၊ ပြီးခဲ့တဲ့ ၂၀၁၅ မှာ အဖြေပေါ်ခဲ့ပြီ ၊ ဘာလို့ အခုအချိန်အထိ ကျနော်တို့ မွန်အမျိုးသားတွေ အားလုံးပေါင်းစည်းလို့ မရနိုင်တာလဲ ဆိုတာ မေးခွန်းလည်း ထုတ်ချင်တယ် ၊ မေးခွန်း ထုတ်မယ် ဆိုရင် ဘယ်သူ့ကို မေးရမှန်းလည်း မသိဘူး၊ နောက်ဆုတ်ပြီးတော့ အေးအေး ဆေးဆေး မွန်အမျိုးသားတွေ အတွက် လုပ်သင့်တာ လုပ်တော့မယ် ဆိုပြီး နုတ်ထွက်လိုက်ကြတယ်” ဟု မင်းဉာဏ်လင်းက ပြောသည်။ ယခင် မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) တို့သည် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့၌ နှစ်ပါတီအား တပါတီတည်း ဖြစ်စေရန် ပေါင်းစည်းကြမည်ဟု မွန်ပြည်သူများ ရှေ့မှောက်တွင် နှစ်ဖက် ကိုယ်စားလှယ်များက သဘောတူ လက်မှတ် ရေးထိုး ခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုပေါင်းစည်းမှုမှာ ယခင် မွန်ဒီမိုကရေစီပါတီ (MDP) အား မွန်အမျိုးသားပါတီ (MNP) အဖြစ် အမည်ပြောင်းခဲ့ရုံသာ အကောင်အထည် ပေါ်ခဲ့ပြီး လက်တွေ့ကျသည့် ပေါင်းစည်းရေး မဖြစ်လာခဲ့ပေ။ ထိုပါတီများအကြား ညီညွတ်မှု ဖော်ဆောင်နိုင်ရေး “မွန်အမျိုးသား ညီညွတ်ရေး အဖွဲ့အား” ၂၀၁၂ ခုနှစ်တွင် မွန်ရဟန်း ပျိုများ ဦးဆောင် ဖွဲ့စည်းခဲ့ပြီး အင်အားကြီး ပါတီ နှစ်ရပ် ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသား ပါတီတို့အား ပေါင်းစည်းနိုင်ကြရန် ၃ နှစ်ခန့် အချိန်ယူ ညှိနှိုင်းခဲ့ပြီးနောက် မပေါင်းစည်းနိုင်ကြသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ယင်းညှိနှိုင်းရေး အဖွဲ့အား ဖျက်သိမ်းခဲ့သည်။ ဆက်လက်၍လည်း ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကော့ပေါ်လော် ကျေးရွာ၌ ကျင်းပခဲ့သည့် မွန်အမျိုးသား ကွန်ဖရင့်မှ မွန်နိုင်ငံရေး ပါတီများ ညီညွတ်ရေးအတွက် လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ ဦးဆောင်မှုဖြင့် ၂၀၁၆ အောက်တိုဘာလခန့်တွင် “မွန်နိုင်ငံရေး ပါတီများ ညီညွတ်ရေး ဖော်ဆောင်ရေး အဖွဲ့” ဟူသည့် အဖွဲ့အား ထပ်မံ ဖွဲ့စည်းပြီး ညှိနှိုင်းခဲ့ကြပြန်သည်။ သို့သော် ၂၀၁၇ ခုနှစ်၊ မေလခန့်တွင် မွန်ပြည်သစ်ပါတီက ၎င်းတို့ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ထိုအဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် တွင် နှစ်ပါတီ ပေါင်းစည်းရန် ညှိနှိုင်းရေး လုပ်ငန်းများ ရပ်တန့်နေခဲ့သည်။ မွန်အမျိုးသားပါတီသည် ၁၉၈၈ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)၊ ၂၀၁၂ တွင် မွန်အမျိုးသား ဒီမိုကရေစီပါတီ (MDP) အဖြစ် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ(MNP) အမည်ပြောင်းလဲခဲ့ကာ လက်ရှိတွင် ဗဟို ကော်မတီဝင် ၉၃ ဦးအနက် ဗဟို အလုပ်အမှုဆောင် ၃၁ ဦး၊ ပါတီဝင်ဦးရေ ၇ သောင်းကျော်ရှိသည့် အင်အားကြီး ပါတီ တခုလည်း ဖြစ်သည်။ The post ကျိုက်မရောမှ မွန်အမျိုးသား ပါတီဝင် ၆၀ ကျော် တပြိုင်တည်း နုတ်ထွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2vD4m4P
via IFTTT
Source : http://ift.tt/2vD4m4P
via IFTTT
Tuesday, August 29, 2017
NGO အထောက်အပံ့ပစ္စည်းများ လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေး ဝန်ကြီး ဆို ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာမှ INGOs, NOGs အဖွဲ့များမှ ထောက်ပံ့ပေးသည့် ပစ္စည်းများသည် အကြမ်းဖက်သမား များ၏ လက်ထဲသို့ ရောက်သွားရာမှတဆင့် လက်လုပ်မှိုင်းများ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့များအား တိုက်ခိုက်သည့် လာကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ၌ ပြောဆိုခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးက “တချို့ NGO တွေ၊ INGO တွေက လှူတဲ့ ပစ္စည်းတွေထဲမှာ ထူထောင်ရေးလုပ်ငန်းတွေ အတွက် ယူလာတဲ့ သံပိုက်လုံးတွေ၊ အမိုးနီးယား ဓာတ်မြေသြဇာတွေ ပါလာတာတွေ့ရတယ်၊ အဲဒီဟာတွေထဲက တချို့ပစ္စည်းတွေ ဟာ အကြမ်းဖက် သမားတွေရဲ့ လက်ထဲကို ရောက်တဲ့အခါမှာ ကျနော်တို့ကို ပြန်လည် တိုက်ခိုက်လာနိုင်တဲ့ လက်လုပ် မှိုင်းတွေ၊ ယမ်းတွေ ဖြစ်လာပါတယ်၊ အဲဒါတွေနဲ့ပဲ ကျနော်တို့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက် လာတယ်ဆိုတာကို ဖော်ထုတ်လို့ရထားပါတယ်” ဟု ဆိုသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ရခိုင်အရေးနှင့်ပတ်သက်၍ ယနေ့ ဩဂုတ်လ ၂၉ ရက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာအစိုးရအဖွဲ့မှ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေး ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာ သံတမန်များ၊ ကမ္ဘ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အ စည်များ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။ မြန်မာ အာဏာပိုင်များက ပြောဆိုရာတွင် မောင်တောမြို့ကို ထိန်းထားနိုင်သော်လည်း ကျေးရွာများတွင် တည်ငြိမ်မှု ပျက် ပြားနေဆဲ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ မောင်တော ခရိုင်၌ နေထိုင်ကြသည့် အစွန်းရောက် စစ်သွေးကြွများသည် ထိုဒေသအား ၎င်းတို့၏ ကိုယ်ပိုင်ပြည်နယ် အဖြစ် သိမ်းပိုက်ရန် ကြံစည်နေသည်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထိုသို့ နယ်မြေသိမ်းပိုက်လိုသည့် အတွက် အကြမ်းဖက်မှုများကို လုပ်ဆောင်နေကြသည်ဟုလည်း မြန်မာအစိုးရက ဆိုသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တုတ်၊ ဓား လက်နက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ကြသည့်အတွက် ပြန် လည် ပစ်ခတ်တားဆီးမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ ဩဂုတ်လအတွင်း လက်နက် ၆၅ လက်ကို အကြမ်းဖက်သမားများက ယူဆောင်သွားပြီး အရပ်သား ၆၃ ဦးကို သတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ မောင်တောမြို့နယ်၌ သြဂုတ်လ ၂၅ ရက်နေ့က နယ်ခြားစောင့် လုံခြုံရေး ကင်းစခန်း ၃၀ ကျော်အား အကြမ်းဖက် သမားများက အုပ်စုဖွဲ့၍ တပြိုင်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ကျော်အပြင် တပ်မတော်သားတချို့၊ ဒေသခံတိုင်းရင်း သားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းတချို့ သေဆုံးခဲ့ရသည်။ The post NGO အထောက်အပံ့ပစ္စည်းများ လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေး ဝန်ကြီး ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wPApTr
via IFTTT
Source : http://ift.tt/2wPApTr
via IFTTT
အမုန်းတရား မပြန့်ပွားဖို့ မီဒီယာကို စောင့်ကြည့်မယ့် မီဒီယာကောင်စီ လက်ရှိ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ပေးရန် တောင်းဆိုလျက်ရှိနေသည်။ သို့သော် လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုသည်နှင့်တပြိုင်တည်း သတင်းအမှားများကို ရေးသား၍ ဝါဒဖြန့်နေခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွား လာမှုများ ရှိနေသည်။ အလားတူ Page အတုများကို ထောင်၍ မဟုတ်မမှန် သတင်းများကို ရေးသား ဖြန့်ဝေကာ ပဋိပက္ခ ဖြစ်ပွားအောင် လုပ် ဆောင်နေသကဲ့သို့ Hate Speech အမုန်းစကားဖြစ် ရေးသားနေခြင်းများလည်း များပြားလာခြင်းကြောင့် တရားဝင်သတင်း မီဒီယာများအပေါ် ထိခိုက်လာပြီး လူထုထံ သတင်းအမှားများ ရောက်ရှိသည်။ အဆိုပါ အခြေအနေများကို တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက Media Mornitoring ကော်မ တီတခု ဖွဲ့စည်းသွားရန် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟ စောအား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြလိုက် ပါသည်။ မေး ။ ။ Hate Speech တွေ၊ သတင်း အမှားတွေ၊ Page အတုတွေအပေါ်မှာ စောင့်ကြည့်မှုတွေ လုပ်မယ်ဆိုတော့လေ ဘယ်တော့လောက် စတင်ဖို့ရှိသလဲ။ ဖြေ ။ ။ ဘယ်တော့လောက် စမှာလဲဆို ကျနော်တို့က အမြန်ဆုံး စစေချင်တယ်။ ဒါပေမယ့် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးမှာ ညှိနှိုင်းပြီးတော့ သူတို့ Media Monitoring ကော်မတီလို့ သူတို့ ဖွဲ့လိမ့်မယ်။ အဲဒီမှာ ကျွမ်းကျင်တဲ့ လူတွေပါမယ်။ ဖြစ်နိုင်ရင်တော့ တလအတွင်း သို့မဟုတ် တပတ် နှစ်ပတ်အတွင်း စချင်တယ်။ လော လောဆယ်တော့ မနက်ဖြန် (သြဂုတ် ၃၀ ရက်)ကို သတင်းမီဒီယာကောင်စီက မွန်ပြည်နယ်ကို သွားမယ်။ မွန်ပြည်နယ်မှာ မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲ လုပ်ဖို့ ရှိတယ်။ မနက်ဖြန် သွားကြမယ် သန်ဘက်ခါမှာ စပြီးတော့ လုပ်မှာပေါ့။ ဟိုမှာ သတင်းသမားတွေနဲ့ အရင်တွေ့မယ်။ မွန်ပြည်နယ် သတင်းသမားတွေနဲ့ ပြီးရင် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ မွန်ပြည်နယ် တရားရေးပေါ့။ အဲဒီလူ တွေနဲ့ မီဒီယာသမားတွေနဲ့ ဆွေးနွေးပွဲကို Organise လုပ်ပေးမယ်။ အဲဒီ ကိစ္စတွေ ပြီးရင် ခဏပြောတဲ့ Media Monitoring ကော်မတီလိုမျိုး စဖွဲ့တော့မှာပဲ။ မေး ။ ။ ကော်မတီဝင် ဘယ်လောက်ထားပြီး ဖွဲ့မှာလဲ၊ ဘယ်လို ပုံစံနဲ့ စမှာလဲ။ ဖြေ ။ ။ ကျနော်တို့ ဒါက ဆရာ ဦးအောင်လှထွန်းရဲ့အကြံပြုချက်ပေါ့။ လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက် တကယ်ရှိတာ က သတင်းမီဒီယာကောင်စီမှာ ၂၃ ဦး ရှိတယ်။ ဥက္ကဌကြီးက ကျန်းမာရေး မကောင်းလို့ နားနေတာပေါ့နော်။ ဒုဥက္ကဌက စပြီး အတွင်းရေးမှူးတွေ အကုန် ၂၃ ဦး၊ ၂၃ ဦးမှာ ၅ ဦးနဲ့ ဖွဲ့မလား၊ ၁၀ ဦးနဲ့ ဖွဲ့မလား တာဝန်တွေကို တိတိကျကျ ဘယ်လို တာဝန်ယူကြမလဲ စသဖြင့် ဒါတွေကို အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာပါ၊ လောလောဆယ်တော့ အတိအကျ ပြောလို့ မရ သေးပါဘူး။ မေး ။ ။ တကယ်လို့ Hate Speech (အမုန်းပွားအောင် ရေးသားခြင်း) တွေ များလာပြီး သတင်း မဟုတ်မမှန် ရေးသားမှု တွေနောက် Page အတုတွေ များလာတဲ့အခါ ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်မှာလဲ။ ဖြေ ။ ။ အဲဒီကိစ္စက အရေးကြီးတယ်။ ဘယ်လို အရေးယူမလဲဆိုရင် ကျနော်တို့ သတင်း မီဒီယာကောင်စီက အဲဒါမျိုးတွေ ကို အရေးယူထားတဲ့ အခွင့်အာဏာ ယူထားတာမျိုးမဟုတ်ဘူး။ ကျနော်တို့က ထောက်ပြမှာ ဒီနေရာမှာတော့ ဒီသတင်းက သတင်းအမှားဖြစ်တယ်။ ဒီသတင်းက သတင်းသမားကို အန္တရာယ်ပြုတာ၊ ဘာကြောင့်လဲဆိုတာ အဲဒီလိုမျိုး သတင်းမှာပေါ်ထွက်နေတဲ့ Main Stream Media ရော၊ ဆိုရှယ်မီဒီယာရော၊ အဓိက Main Stream Media တွေကို အဓိကထားမယ်။ ဆိုရှယ်မီဒီယာလည်း တချို့ဟာ ကြည့်မှာပေါ့။ အဲဒါမျိုးတွေက ကျနော်တို့ လူအင်အား ဘယ်လောက်ရှိမလဲ၊ ငွေအင်အား ဘယ်လောက်ရှိမလဲပေါ့။ အဲဒီအပေါ် မူတည်ပြီး တော့ တတ်နိုင်သလောက် လုပ်မှာ၊ အဓိကကတော့ အရေးယူဖို့ထက် ဖော်ထုတ်ဖို့။ ကျနော်တို့က ဖော်ထုတ်ပြီးပြီဆိုလို့ရှိ ရင် အရေးယူတာက ရဲတို့၊ Cyber Law ရှိရင်လည်း Cyber Law တော့ မရှိသေးဘူးပေါ့။ တခြား ဥပဒေအရ အရေးယူတာ ရော၊ အရေးယူလို့ရတဲ့အဖွဲ့တွေက အရေးယူလိမ့်မယ်။ ဥပမာ Cyber Police ရှိရင် Cyber Police က ကျနော်တို့ ထောက်ပြရင် သူ သိသွားမှာပေါ့။ သူ သိသွားရင် သူဘာသာ လုပ်စရာရှိတာ ဆက်လုပ်သွားပေါ့။ ကျနော်တို့က ကိုယ်တိုင်တော့ အရေးယူမှာ မဟုတ်ဘူး။ ကျနော်တို့က ဖော်ထုတ်ညွန် ပြတဲ့ အလုပ်ကို လုပ်မှာပါ။ မေး ။ ။ ဒီတော့ ဆရာတို့နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါသလဲ။ ဖြေ ။ ။ ပူးပေါင်းတာကတော့ အကုန်လုံးနဲ့ ပူးပေါင်းတာပဲ။ မဏ္ဍိုင်လေးရပ်စလုံး တိုင်းနဲ့ပြည်နယ် လေးခုလောက်ကို လုပ် ဖို့ရှိတယ်။ အခု နှစ်ခုရှိပြီးပေါ့နော်။ မော်လမြိုင်နဲ့ဆိုရင်ပေါ့။ နောက် နေပြည်တော်မှာလည်း လုပ်ပြီပြီး။ ဝန်ကြီးဌာနတွေက ရဲတို့၊ တပ်တို့၊ ပြန်ကြားရေးတို့ အကုန်လုံးနဲ့ ဆက်ဆံရေးတော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျ ပူးပေါင်းဖို့ကတော့ သူတို့ ဒီကိစ္စအတွက်ပဲ ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဆိုပါတော့ ကျနော်တို့ တခါတလေမှာ တလောက ဥပမာတခု ပေး ချင်တယ်။ ဿသနာရေးဝန်ကြီးဌာန ပတ်သက်တဲ့ အကောင့်တုတခု တက်လာတယ်။ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးက ဖြေတယ်။ ညာဖြေတယ် ပြောဆိုတဲ့ဟာပေါ့။ အဲဒီမီဒီယာကို ကျနော်တို့က ကျင့်ဝတ်အရဆိုရင် အရေးယူလို့ ရတယ်။ ကျင့်ဝတ်နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အဲ အကောင့်က မီဒီယာဌာနက အဲဒီ အကောင့်တု မရှိတော့ဘူး ပိတ်သိမ်းသွားတာ ကြာလှပြီ။ သူဟာ ပရင့်မီဒီယာမှာရော၊ အွန်လိုင်းမှာရော မရှိတော့ဘူး။ သူနာမည်နဲ့ တခြားလူက ပေါက်ကရ ရေးနေတာ။ အဲဒီတော့ အဲဒီလိုမျိုး ကိုယ်ယောင်ဖျောက်သွားတဲ့ဟာမျိုးကို ကျနော်တို့က ကျင့်ဝတ်အရ သွားပြောရင် သူက ကျင့်ဝတ် လိုက်နာမှာလည်း မဟုတ်ဘူးလေ။ သူက အကောင့်တုနဲ့ ပြဿနာရှာမယ်ဆိုရင် Cyber Law နဲ့ Cyber Police က ဘယ်လိုအရေးယူမလဲ။ သူတို့မှာ ဖော်ထုတ်နိုင်တဲ့ နည်းပညာတို့၊ ဖော်ထုတ် ဖမ်းဆီးခြင်းတော့ ရှိရမှာပေါ့။ အဲဒါမျိုးတော့ ကျနော်တို့နဲ့ ပြည်ထဲရေးနဲ့ ဆွေးနွေးဖို့တော့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ချက်ချင်း မြန်မြန် ဖြစ်လာဖို့ မလွယ်ဘူး။ လုပ်နိုင်သလောက်တော့ လုပ်တယ်။ အကောင့်အမှားဖြစ်သလား အကောင့်အမှန် ဖြစ်သလားဆိုတာတော့ ကျနော်တို့က ဖော်ထုတ်ပေးတယ်။ အကောင့်အမှားဆိုရင်တော့ သူလိုက်ရှာဖို့ လွယ်မှာ မဟုတ်တော့ဘူး။ ပထမ ကျနော်တို့ အကောင့်အမှန်နဲ့လူတွေကို Trace (နောက်ယောင်ခံလိုက်) လုပ်တယ်။ Trace လုပ်တဲ့အခါကျတော့ အဲဒီ လူတွေက လာပြီး ရှင်းပြတယ်။ မဟုတ်ဘူး ဒီဟာကို ဒီနေ့ ဒီလို ပိတ်သိမ်းလိုက်ပြီပြီး၊ အထောက်အထားရှိတယ်။ နောက် ဟာကတော့ ကျနော်လည်း မသိတော့ဘူး။ အဲဒါမျိုးတွေလည်း သတိထားမှာပေါ့။ မေး ။ ။ လက်ရှိ မြန်မာပြည်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မီဒီယာ ဘယ်နှခု ရှိပါသလဲ။ ဖြေ ။ ။ အဲလို ပြောလို့ရှိရင် မူလ မီဒီယာတိုက်တွေကိုပဲ ပြောလို့ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Main Stream လို့ ပြောတဲ့အခါ တချို့ကလည်း ရောတယ်ဗျ။ ဆိုရှယ်မီဒီယာနဲ့ Main Stream မီဒီယာလို့ ပြောတဲ့အခါမှာ အွန်လိုင်းကဟာ တွေ အကုန်လုံးကို ဆိုရှယ်မီဒီယာလို့ ထင်တာ မဟုတ်ဘူး။ Main Stream Media ဆိုတာက ပရင့်မီဒီယာ၊ Broadcast မီဒီယာ၊ နောက် အွန်လိုင်းမီဒီယာ အွန်လိုင်းမှာ ကိုယ့်နာမည်နဲ့ ကိုယ်တင်နေ တပ်နေတဲ့ မီဒီယာတွေရှိတယ်။ သတင်းဌာနတွေ ရှိတယ်။ ဥပမာ CNA လည်း ဖြစ်မယ်။ မြန်မာနယူးကေ ဘယ်လည်း ဖြစ်မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘဲနဲ့ ရိုးရိုးသာမန် ကောက်တင်တာတွေ၊ အတု လုပ်တဲ့ဟာတွေ အဲဒါတွေကတော့ ဆိုရှယ်မီဒီယာမှာတော့ ဖြစ်ချင်တိုင်း ဖြစ်နေတာ၊ အဲဒီတော့ ကျနော်တို့က မှတ်ပုံတင်ထားတဲ့ ရေရေရာရာ ရှိတဲ့ဟာမျိုးကို တော့ Trace လုပ်ရ လွယ်တယ်။ လိုက်လို့ လွယ်တယ်။ အရေးယူလို့ရတယ်။ ခေါ်ပြီးတော့ ဖြေရှင်းညှိနှိုင်းလို့ ရတယ်။ အဲ ဒါတွေ အကုန်လုံးကတော့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးမှာ ရှိတယ်။ အဲဒီကလည်း ကျနော်တို့ကို တလတကြိမ်လောက် စာရင်း ပို့ပေးပါတယ်။ အခု လေးငါးရာလောက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် အတိအကျကြီးတော့ ကျနော် မသိသေးပါဘူး။ မေး ။ ။ မီဒီယာဥပဒေကို ပြန်သုံးသပ်ဖို့ဆိုပြီး ပြောကြတယ်။ အဲဒီအပေါ် ဘယ်လို သဘောထားရှိပါသလဲ။ ဖြေ ။ ။ အဲဒါ ကျနော်တို့ လုပ်တောင် လုပ်ပြီးနေပြီ။ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးကို လွှမ်းခြုံအောင်ဆိုပြီးတော့ ကျနော်တို့ လေးနေရာ ခွဲလုပ်တယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်မှာ လုပ်တယ်၊ နောက် ရခိုင်၊ မန္တလေးမှာ လုပ်တယ်။ စစ်ကိုင်း၊ ကချင်၊ ရှမ်းပေါ့။ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံး ပါဝင်အောင်လို့ ဆွေးနွေးပွဲတွေ လုပ်ပြီးပြီ။ သတင်းသမားတွေ တင်ပြတဲ့အချက်တွေလည်း ကျ နော်တို့ စုစည်းထားတယ်။ နောက်တခါ MJA တို့၊ MJN တို့၊ MJU တို့ရှိတယ်။ သူတို့ကိုလည်း တောင်းထားတယ်။ ခင်ဗျားတို့ရော ဘာတွေပြင်ချင်တာ လဲ။ အဲဒီအချက်တွေ အကုန်လုံး စုပြီးတော့မှ ကျနော်တို့ သတင်းမီဒီယာကောင်စီက စုစည်းမယ်။ တူတာ ရှိမယ်၊ သင့်တော် တာရှိမယ်၊ မသင့်တော်တာ ရှိမယ်။ အဲဒီ ပြင်ဆင်ချက်တွေ အကုန်လုံးကို စုစည်းပြီးတော့ ပြင်ဆင်ပြီးတော့ ပြန်ကြားရေးကို ပေးရမယ်။ ဘာဖြစ်လို့ ပြန်ကြား ရေးကို ပေးရလဲဆိုတော့ ကျနော်တို့က ပြန်ကြားရေးနဲ့ အဆက်အဆံရှိလို့တို့ ပံ့ပိုးလို့တို့ မဟုတ်ဘူး။ ပြန်ကြားရေးကသာ လျှင် လွှတ်တော်ကို တင်ခွင့်ရှိတယ်။ ဒီဥပဒေကို ပြန်ကြားရေးကပဲ တင်ခွင့်ရှိတယ်။ ဒီတော့ ကျနော်တို့က ပြင်ဆင်ချက်တွေကို စုစည်းပြီးတော့ ပြန်ကြားရေးကို ပို့မယ်။ ပြန်ကြားရေးက လွှတ်တော်ကို တင်မယ်။ အဲဒါလည်း လပိုင်းအတွင်း ပို့မယ်။ ကျနော်တို့ ဆွေးနွေးပွဲတွေက ပြီးသွား ပြီဆိုတော့ စုစည်းဖို့ပဲ ရှိတော့တာ။ The post အမုန်းတရား မပြန့်ပွားဖို့ မီဒီယာကို စောင့်ကြည့်မယ့် မီဒီယာကောင်စီ appeared first on ဧရာဝတီ.
Source : http://ift.tt/2glFVWK
via IFTTT
Source : http://ift.tt/2glFVWK
via IFTTT
မျိုးနွယ်စု အငြင်းပွားမှုများ ရှိနေသော်လည်း DNA ထားရှိရန် မလုပ်နိုင်သေး နိုင်ငံသားဖြစ်မှုနှင့် မျိုးနွယ်စု အငြင်းပွားမှုများ ရှိနေသော်လည်း တိုင်းရင်းသားမျိုးနွယ်စု တခုချင်းအလိုက် စံပြုနိုင်သည့် မျိုးရိုးဗီဇ(DNA) မှတ်တမ်းထားရှိရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ အဆိုအား မဲခွဲရာ၌ မဲပေးခွင့်ရှိသူ ၃၈၂ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၂၂ မဲနှင့် ကြားနေမဲ ၆ မဲဖြင့် ရှုံးနိမ့်ကာ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက “DNA မှတ်တမ်းထားရှိရေးက နိုင်ငံတော်နဲ့ တိုင်းရင်းသား လူမျိုးစုတွေအတွက် အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကို အစိုးရကလည်း သိရှိပြီး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်”ဟု ပြောသည်။ DNA မှတ်တမ်းထားရှိရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မှုခင်းဖြစ်စဉ်များ၊ ဆေးပညာ သုတေသနများဘက်တွင် အကျိုး ရှိမည့်အပြင် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့သည်။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက “မြန်မာတိုင်းရင်းသား လူမျိုးများရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းမှု ပုံစံ ထားရှိခြင်းဖြင့် ရွှေ့ပြောင်း နေထိုင်သူတို့ရဲ့ သမိုင်းကြောင်းဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်း ကိစ္စရပ်များနှင့် မျိုးရိုးဗီဇ ဆိုင်ရာ သမိုင်းကြောင်းရှာဖွေမှုနှင့် ဆက်စပ်သောကဏ္ဍတွေမှာ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်” ဟု ပြောသည်။ လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ မွတ်စလင်များနှင့် ပတ်သက်၍ အစိုးရက ဘင်္ဂါလီဟု ခေါ်ဝေါ် သုံးစွဲနေသော်လည်း ၎င်းတို့ကိုယ်တိုင်က ရိုဟင်ဂျာဟုသာ ပြောဆိုနေ သည့်အတွက် အငြင်းပွားမှုများရှိနေပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းများမှာလည်း နှောင့်နှေးလျက် ရှိသည်။ တိုင်းရင်းသား မျိုးနွယ်စုအလိုက် DNA မှတ်တမ်း ကောက်ယူရာတွင် မြန်မာနိုင်ငံရှိ အဓိက မျိုးနွယ်စု ၈ စုမှ မျိုးနွယ်စု တခုချင်းကို ကိုယ်စားပြုနိုင်မည့် လူဦးရေ ၁၀၀ ခန့်မှ DNA ကို ရယူမည်ဖြစ်ပြီး တပ်မတော်မှ DNA သူတေသန ပညာရှင်များကလည်း ဝန်ကြီးဌာနများရှိ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ်တဦးကပြောသည်။ မျိုးရိုးဗီဇဆိုင်ရာ DNA မှတ်တမ်းများကို တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများတွင် လူမျိုးစု အချို့ကို ထားရှိလျက်ရှိပြီး မြန်မာနိုင်ငံတွင် DNA ဆိုင်ရာ ကြီးကြပ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားကာ DNA မှတ်တမ်းထားရှိရေး ကို လုပ်ငန်းစဉ်တွင် ထည့်သွင်းထားသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များစွာ ရှိနေ သေးကြောင်း သိရသည်။ “အိမ်နီးချင်း နိုင်ငံတွေက သူတို့ လူမျိုးစုတွေကို သေချာမှတ်တမ်းတင်တာ လုပ်နေပြီ။ ဒါက အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လုပ်ကိုလုပ်သင့်တဲ့ကိစ္စပါ။ နိုင်ငံသားဖြစ်မှု လူမျိုးစုအရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဧရာဝတီသို့ ပြောထားသည်။ မျိုးနွယ်စု DNA မှတ်တမ်းထားရှိရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များ၊ အဆင့်အတန်းမီ ဓာတ်ခွဲခန်းတို့အပြင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါကလည်း ဖြေရှင်းနိုင်မည့် ဥပဒေရှိရန်လိုအပ်ပြီး ဖြစ်နိုင်ချေ အားလုံးကို ပြင်ဆင်ပြီးမှသာ ပြုလုပ်သင့်ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်က ဆွေးနွေးသည်။ DNA မှတ်တမ်း ထားရှိရေး ဆောင်ရွက်ရာတွင် ဥပဒေရေးရာ၊ လူ့အခွင့်အရေး၊ သုတေသနနှင့် ကျင့်ဝတ်များကို နိုင်ငံ၏ တည်ဆဲဥပဒေများ၊ တရားစီရင်ရေး ဥပဒေများ၊ နိုင်ငံခြားရေး မူဝါဒများနှင့် လူ့အခွင့်အရေး ကာကွယ်ခြင်း ဆိုင်ရာ မူဝါဒများအပေါ် အခြေခံကာ ဆန်းစစ် လုပ်ဆောင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်နှင့် လုပ်ငန်းစဉ်များကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်သည့်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးမှုပြုလုပ်ပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေတွင် တိုင်းရင်းသားဖြစ်ပါက မွေးရာပါ နိုင်ငံသားဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး DNA မှတ်တမ်းထားရှိရေး လုပ်ဆောင်ရာတွင် Human Genome Project ၏ စည်းကမ်းသတ်မှတ်ချက် အရ မျိုးရိုးဗီဇ အခြေအနေကို အသုံးပြု၍ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရဟု သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖျင်းအားဖြင့် တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင် DNA ကို ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ နိုင်ငံသားကတ်ထုတ်ပေးရာတွင် DNA ထည့်သွင်းစစ်ဆေးခြင်း ကို UAE နိုင်ငံ တနိုင်ငံတည်းသား ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ The post မျိုးနွယ်စု အငြင်းပွားမှုများ ရှိနေသော်လည်း DNA ထားရှိရန် မလုပ်နိုင်သေး appeared first on ဧရာဝတီ.
Source : http://ift.tt/2gmgPHe
via IFTTT
Source : http://ift.tt/2gmgPHe
via IFTTT
burma.irrawaddy.com
ရန်ကုန်တရုတ်တွေအကြောင်း စာအုပ်ဝေဖန်ချက် ပြောင်းရွှေ့အခြေချလာသော လူမျိုးစုအသိုင်းအဝိုင်းတခုက ဖွင့်ဆိုသောနေရာသစ်တခုဆိုသည့် အဓိပ္ပါယ်ကို ဒေသခံပြည်သူများနှင့် နေ့စဉ်ဆက်ဆံရေး၊ ကြုံတွေ့ရသည့် အခက်အခဲများကို လျင်မြန်ပါးနပ်စွာ ဖြေရှင်းရင်း တိုးတက်မှုရလာသည့် အခြေအနေ၊ အိမ်နှင့်ဝေးသည့်နေရာမှ အိမ်တခုကို လက်ခံနိုင်ရေးအတွက် ပြင်းပြသောစိတ်ဆန္ဒတို့က ပုံဖော်ပေးလေ့ရှိပါသည်။ ရန်ကုန်မှ တရုတ်လူမျိုးများနှင့် မြန်မာနိုင်ငံသားအဖြစ်ရော တရုတ်လူမျိုးအဖြစ်ပါ တချိန်တည်းတွင် ဖြစ်နေရန် သူတို့၏ အားထုတ်မှုများကို ထင်ဟပ်ဖော်ပြနိုင်ရန် Jayde Lin Roberts က ကြိုးစားခဲ့သည်။ သူ၏ လေ့လာချက်ကို University of Washington Press က ပုံနှိပ်ဖြန့်ချိသော Mapping Chinese Rangoon စာအုပ်တွင် ဖတ်ရှုရသည်။ အလွန်လိုအပ်သော အပြန်အလှန်မှီခိုမှုကို လက်တွေ့ကျကျ အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံတွင် သူတို့ လိုက်လျောညီထွေရှိရန်နှင့် ရှင်သန်ရပ်တည်နိုင်ရန် များစွာ အထောက်အကူ ဖြစ်လာခဲ့ပါသည်။ ရန်ကုန်တွင် သူတို့အတွက် နေရာတခု ပြုလုပ်ရာတွင် သူတို့၏ ယဉ်ကျေးမှုအမွေအနှစ် ပြန်လည်ဖော်ထုတ်ရေးကို ဘဝနေထိုင်မှု နည်းလမ်းတခုအနေဖြင့် ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် သူတို့၏ အနာဂတ်ကို ပြောင်းလဲရာတွင် အခက်အခဲများ ရင်ဆိုင်ခဲ့ရသော်လည်း စီးပွားရေး တည်ငြိမ်အောင် ပြုလုပ်နိုင်စွမ်းနှင့် ယဉ်ကျေးမှုတို့က ခက်ခဲသော အချိန်များကို ကျော်လွှားနိုင်ရန် ကူညီခဲ့ကြသည်။ လူမျိုးနှင့် ယဉ်ကျေးမှု သရုပ်ခွဲသည့် ပညာရပ်မှတဆင့် Jayde Lin Roberts က မြန်မာနိုင်ငံသား တရုတ်လူမျိုးများကို လေ့လာရာတွင် ရန်ကုန်မှ Hokkien တရုတ်မျိုးနွယ်များကို အဓိကထား၍ သူတို့၏ ဘဝနေထိုင်မှု ရှုထောင့်အမျိုးမျိုးကို လေ့လာဆန်းစစ်ခြင်း၊ ဘုံကျောင်းများ၊ စာသင်ကျောင်းများ၊ ကူးသန်းရောင်းဝယ်ရေး၊ လူမှုဆက်ဆံရေးနှင့် ပွဲတော်များမှ တ ဆင့် သူတို့၏ဆွေမျိုးကွန်ရက်များကို လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် သူက မြန်မာနိုင်ငံမှ တရုတ်လူမျိုးတို့၏သမိုင်းတွင် တွေ့ခဲ့သော အစိုးရများက ဖန်တီးခဲ့သည့် မလုံခြုံမှုများကိုလည်း တပြိုင်တည်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရောက် တရုတ်လူမျိုးများကို စိတ်ဝင်စားခြင်းမရှိသလို မြန်မာနိုင်ငံက ၎င်းတို့ကို အလေးအနက်ထားခြင်း မရှိခဲ့ပါ။ Jayde Lin Roberts က ရန်ကုန်မြို့မှ ပြောင်းလွယ်ပြင်လွယ်မရှိသည့် မြို့ကွက်ပုံစံနှင့် ကိုလိုနီခေတ်မြို့တော်၏ ဥပဒေရေးရာ ဖွဲ့စည်းပုံနှင့် စတင်ခဲ့သည်။ ဗြိတိသျှတို့က တည်ဆောက်ခဲ့သော ရန်ကုန်မြို့က မြို့ခံများအတွက် အကျွမ်းတဝင် မဖြစ်ခဲ့ပါ။ တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလာသူများကမူ ထိုမြို့ပြပုံစံဘောင်အတွင်းတွင် သူတို့ အံဝင်ခွင်ကျ ရှိစေရန် စီမံနိုင်ခဲ့ကြသည်။ တရုတ်ဆိပ်ကမ်း(China Wharf ) ကို တည်ထောင်နိုင်ခဲ့ခြင်းက သက်သေဖြစ်သည်။ ဆန်အရောင်းအဝယ်ကို အဓိကထားသည့် မိသားစုနှင့် မျိုးနွယ်စု အခြေပြု စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်း၊ ဇိမ်ခံပစ္စည်းများတင်သွင်းခြင်းကို စိတ်ဝင်စားသည့် တရုတ်ကုန်သည်များ များပြားလာခြင်း၊ မျိုးနွယ် သို့မဟုတ် ဇာတိဒေသကို အ ခြေခံသည့် အသင်းအဖွဲ့များပေါ်ပေါက်လာခြင်း၊ လျှို့ဝှက်အဖွဲ့အစည်းများနှင့် ချမ်းသာကြွယ်ဝသော Hokkien တို့၏ စံအိမ်ကြီးများ ပေါ်ပေါက်လာခြင်းတို့ကို တွေ့ရသည်။ Hokkien များက ပီနန်ရှိ Baba-Nyonya (ယနေ့ခေတ်တွင် မလေးရှား နှင့် စင်ကာပူဖြစ်လာသည့်ဒေသ၊ ထိုစဉ်က (British Malaya) ယဉ်ကျေးမှုနှင့် Peranakan မလေးကျွန်းဆွယ်ဒေသတွင် မွေးဖွားသည့် တရုတ်လူမျိုးများ) အလေ့အထများမှာ ဆက်သွယ်မှုရှိသည်။ ယနေ့အချိန်တွင် ရန်ကုန်မြို့ ၁၉ လမ်းနှင့် မဟာဗန္ဓုလလမ်းမှ ညဈေးက တရုတ်တန်းနှင့် ခွဲခြားမရသည့် အစိတ်အပိုင်းတခု ဖြစ်သည်။ သူတို့က အရည်အသွေး၊ စရိုက်လက္ခဏာ တိုးတက်မှု ရရှိရေး၊ အခြားသော ယဉ်ကျေးမှုများနှင့် ဆက်ဆံနိုင်ရေးတို့ကို စိတ်ဝင်စားသူများ၊ ဖက်တွယ်ထားသူများ ဖြစ်သည်။ Hokkien တရုတ်အသိုင်းအဝိုင်းက လုံခြုံမှုပေးနိုင်ရန် မြန်မာနိုင်ငံတွင် သူတို့၏ ဖြစ်တည်မှုနှင့် သက်ဆိုင်သည်ကို ဝတ်ပြုဆုတောင်းရာ နေရာတခု ဖြစ်သည့် Hokkien Kuanyin ကွမ်ယင် ဘုံကျောင်းမှတဆင့် ပေးနိုင်အောင် ကြိုးစားခဲ့သည်။ ဘုံကျောင်းသည် မျိုးဆက်များကြား အပြန်အလှန်ဆက်သွယ်မှုကို အားပေးသည့်နေရာ ဖြစ်သည်။ အစဉ်အလာထုံးစံများကို ထိန်းသိမ်းထားသည့်နေရာ ဖြစ်သည်။ ဒေသဆိုင်ရာ နတ်များကို ရိုသေလေးစားမှုမှတဆင့် ဘိုးဘွားတို့၏ကျေးရွာကို မှတ်ဉာဏ်များအတွင်းတွင် ပြန်လည်တည်ဆောက်ကြသည်။ ဘုံကျောင်းက သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများကို အသိုင်းအဝိုင်းက ထောက်ပံ့သည့်နေရာ ဖြစ်သည်။ ဘုံကျောင်းက လူကြီးလူငယ်များကြားတွင် အတိတ်နှင့်ပစ္စုပ္ပန်ကို အပြန်အလှန် ဝေမျှကြသည့်နေရာ၊ သူတို့ကို ခိုင်မာသော လူမှုကွန်ရက်တခုအဖြစ် ချိတ်ဆက်ပေးသည့် နေရာတခု ဖြစ်လာသည်။ ဘုံကျောင်းများကဲ့သို့ပင် တရုတ်စာသင်ကျောင်းများက Hokkien၊ Cantonese သို့မဟုတ် Yunnanese တို့ကို ကွဲပြား အောင် ပြုလုပ်ပေးသည့် အမှတ်တံဆိပ်လို ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက နိုင်ငံရေးနှင့် ကင်းရှင်းအောင် ကြိုးစားခဲ့ကြသည်။ အမြဲတမ်းပြောင်းလဲနေသည့် ပတ်ဝန်းကျင်တခုတွင် ဘုံကျောင်းများမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် ဗမာဇာတ်သွင်းရန် အားထုတ်မှုများကြားတွင် တရုတ်ယဉ်ကျေးမှု ထိန်းသိမ်းရန် လိုအပ်ချက်ကို ဟန်ချက်ညီမျှအောင် ပြုလုပ်ရခြင်း၊ ဆိုရှယ်လစ်ခေတ်တွင် ဖိနှိပ်မှုကြောင့် ကျောင်းများကို ယာယီပိတ်ရခြင်း၊ တရုတ်ပြည်မကြီးနှင့် မြန်မာနိုင်ငံတို့ကြားမှ သဘောတရားရေးရာ ကွဲပြားမှုကြောင့် နောက်ဆုံးတွင် ၁၉၆၀ နှစ်များအတွင်းက တရုတ်-မြန်မာအရေး အခင်း ဖြစ်ပွားခဲ့ရခြင်းတို့ကဲ့သို့ အခက်အခဲများ ဖြစ်သည်။ စာရေးသူ Jayde Lin Roberts ၏လေ့လာမှုအရ ၁၉၆၇ မှ ၁၉၈၈ အထိကာလအတွင်းတွင် တရုတ်အသိုင်းအဝိုင်း ငြိမ်သက်နေခဲ့ပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အချိန်များ ဖြစ်သည်။ ထိုရလဒ်ကြောင့် ပထမဆုံးအနေဖြင့် တရုတ်အသိုင်းအဝိုင်းက လက်တွေ့ကျလာခြင်းကို ငွေကြေးအား လုံခြုံရေး ပိုက်ကွန်အဖြစ် ပြုလုပ်ရန် ဆန္ဒရှိလာခြင်းက ဖော်ပြနေသည်။ ဒုတိယအနေဖြင့် သူတို့ကို နည်းဗျူဟာ ကျွမ်းကျင်လာစေခဲ့သည်။ တရုတ်မျိုးချစ်ဝါဒကို မြှင့်တင်ခြင်းမပြုဘဲ တရုတ်စာတတ်မြောက်ရေးကို မြှင့်တင်လာခြင်းက သက်သေပြနေသည်။ ထို့ကြောင့် တရုတ်လူမျိုးတဦးဖြစ်ခြင်းမှ မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး အနေအထားသို့ ပြောင်းလဲခြင်းကဲ့သို့သော လက်တွေ့ကျသည့် လမ်းကြောင်းတခုကို တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံသား တရုတ်ကုန်သည်များ သတိထား၍ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ Jayde Lin Roberts ရှင်းပြခဲ့သလို ကူးသန်းရောင်းဝယ်ရေးနယ်ပယ်တွင်လည်း သက်သေခံနေသည်။ သူက ကိုလိုနီခေတ်အတွင်းက တရုတ်အသိုင်းအဝိုင်း၏ အနေအထားကို အိန္ဒိယနွယ်ဖွားအသိုင်းအဝိုင်းနှင့် နှိုင်းယှဉ်၍ ခြေရာခံခဲ့သည်။ ကွန်ဖြူးရှပ်၏သဘောတ ရားများက စီးပွားရေးအမြင်နှင့် ပေါင်းစပ်နေသည်။ နိုင်ငံခြားရောက် တရုတ်လူမျိုးများ၏ ကွန်ရက်တွင် သူတို့၏ စီးပွားရေး ကဏ္ဍက အဓိကမကျပါ။ ပြည်တွင်းဈေးကွက်အပေါ် သူတို့၏ အားထားမှုက ဒေသခံများနှင့် ရင်းနှီးမှုကို အခြေခံသည့် စီးပွားရေးနှင့် ကိုက်ညီနေသည်။ ထိုအချက်က မိသားစုဆက်နွယ်မှုအပေါ် သူတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိစေခဲ့သည်။ အိန္ဒိယနွယ်ဖွားများနှင့်ယှဉ်လျှင် သူတို့က ချမ်းသာကြွယ်ဝမှုနည်းသည့်အတွက် ဒေသခံများ၏ ရန်လိုတုံ့ပြန်မှု နည်းပါးခဲ့သည်။ ဒေသခံ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနှင့် အလွယ်တကူ ရောနှောနိုင်ခြင်းက သူတို့၏ကြောင်းကျိုးဆီလျော်သော ချဉ်းကပ်မှုကို ဖော်ပြနေသည်။ Jayde Lin Roberts ၏ စာအုပ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာသည့် အပြောင်းအလဲကာလများ ဖြစ်သော ၁၉၉၀ နှစ်များသို့ စာဖတ်သူများကို ခေါ်သွားပါသည်။ ပွင့်လင်းလာသော နယ်စပ်ကုန်သွယ်ရေးကို တရုတ်လူမျိုး အသိုင်းအဝိုင်းက သိမ်းယူနိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် City Mart ဖွံ့ဖြိုးလာခြင်းက စီးပွားရေးလုပ်ငန်းသစ်များနှင့် လက်လီအရောင်းလုပ်ငန်းများ အောင်မြင်မှုတွင် ထုတ်ပြရမည့် အချက်တခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက တရုတ်နှစ်သစ်ကူးပွဲများတွင်လည်းခြသေ့ၤ အက၊ နဂါးအကကဲ့သို့သော ရိုးရာဖျော်ဖြေမှု များဖြင့် ငွေကြေးရက်ရောစွာ အသုံးပြုကြသည်ကို တွေ့ရသည်။ အစဉ်အလာဟောင်းအတိုင်း ပြုလုပ်သည့် ရာသီခွင်အပြင်အဆင်များနှင့် ကြိုတင်ထုတ်ပိုးထားသည့် ရိုးရာသကြားလုံးများက အလှပြယာဉ်များအရုပ်များကဲ့သို့သော ခေတ်ပြိုင်အလေ့အထများနှင့် ရောယှက်နေသည်။ အလှပြယာဉ်များမှာ မြန်မာ့ ရိုးရာနှစ်သစ်ကူး ဖြစ်သော သင်္ကြန်၏ အစဉ်အလာအစိတ်အပိုင်းတရပ် ဖြစ်သည်။ ခြသေ့င်္အကတွင် ကိုယ်ခံပညာကို ထည့်သွင်းမိတ်ဆက်ခြင်းကဲ့သို့သော ပြကွက်များက တရုတ်နှစ်သစ်ကူးပွဲကို ဒေသခံတို့ အတွက်လည်း ဆွဲဆောင်မှု ရှိစေသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက နှစ်သစ်ကူးပွဲ၏ အနှစ်သာရကို ထိန်းသိမ်းရင်း ဒေသခံမြန်မာတို့နှင့် သက်ဆိုင်သည်များကိုလည်း လက်ခံကျင့်သုံးနေသည့် အသွင်ရှိသည်။ ဝိဉာဉ်များကို ပူဇော်သည့် အလေ့အထသည်ပင် ဒေသခံအလေ့အထများနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလာခဲ့သည်။ စရိုက်လက္ခဏာဆိုသည်မှာ အခြားသူများနှင့် အမြဲတမ်း ဆက်နွယ်နေပါသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက ကြိုတင်မမြင်နိုင်သည့် အခြေအနေများ၊ အကျွမ်းတဝင် မဟုတ်သည့် ပတ်ဝန်းကျင်နှင့် ကိုက်ညီအောင် သူတို့ကိုယ် သူတို့ မည်ကဲ့သို့ ပြန်လည်ပြုပြင်ခဲ့သည်ဆိုသည်ကို Jayde Lin Roberts ၏ စာအုပ်က ဖော်ပြနေသည်။ သူတို့က ပြောင်းလွယ်ပြင်လွယ် ကျင့်သုံးခဲ့သည်။ အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သည်။ သူတို့၏ မူလအရင်းအမြစ်နှင့် ဆက်သွယ်ထားသော်လည်း နယ်မြေသစ်တခုတွင် သူတို့ကိုယ်သူတို့ ပုံစံသွင်းရန် အသင့်ရှိခဲ့သည်။ သူတို့က မြန်မာနိုင်ငံတွင် ပင်မရေစီးကြောင်းမှ ကင်းလွတ်နေသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း သူတို့၏ စီးပွားရေးကျွမ်းကျင်မှုနှင့် စီးပွားရေးဗီဇက နှစ်များကြာလာသည်နှင့်အမျှ အသိအမှတ်ပြုခြင်းခံခဲ့ ရသည်။ သူတို့၏ အနာဂတ်က သူတို့ အခက်အခဲများ ရင်ဆိုင်ခဲ့ရသော တိုင်းပြည်နှင့် ဆက်စပ်နေသည်ကို သူတို့မြင်သည်။ သို့သော်လည်း သူတို့၏ ဘဝကို တည်ဆောက်ရန် သူတို့၏ သည်းခံကျော်ဖြတ်နိုင်မှုနှင့် အသိုင်းအဝိုင်း ကွန်ရက်များကို အသုံးပြုခဲ့သည်။ တရုတ်ရိုးရာ စံနှုန်းများနှင့် ခေတ်၏ အခွင့်အလမ်းများ ရောယှက်နေသကဲ့သို့ပင် သီးခြားဖြစ်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းက အတူတည်ရှိနေသည်။ အသိုင်းအဝိုင်းတခု၏ အတိုင်းအတာ၊ နေရာနှင့် သမိုင်းတို့ကို ပြန်လည်ဖော်ထုတ်ပြရာတွင် Jayde Lin Roberts အောင်မြင်ခဲ့ပါသည်။ လူမှုစီးပွားရေးအခြေအနေ ရုတ်တရက် အပြောင်းအလဲများနှင့် မြန်မာနိုင်ငံမှ မလွယ်ကူသည့် နိုင်ငံရေးအရွေ့များကို နားလည်နိုင်ရေး အထောက်အကူ ဖြစ်ခဲ့ပါသည်။ (Dr. Reshmi Banerjee သည် Oxford တက္ကသိုလ် St Antony ကောလိပ် အာရှလေ့လာရေးစန်တာမှ ဧည့်ပညာရှင်တဦး ဖြစ်ပြီး ယခုဆောင်းပါးသည် Oxford တက္ကသိုလ်မှ မြန်မာ့ရေးရာဖိုရမ်တခု ဖြစ်သည့် Tea Circle တွင် ဖော်ပြခဲ့သော သူ၏ “Mapping Chinese Rangoon –Place and Nation Among the Sino-Burmese” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။) The post ရန်ကုန်တရုတ်တွေအကြောင်း စာအုပ်ဝေဖန်ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2wZVvh6
via IFTTT
Source : http://ift.tt/2wZVvh6
via IFTTT
မြောက်ပိုင်းအဖွဲ့များနှင့် PC တွေ့ဆုံရန် စီစဉ်မှု ပျက်ပြယ် ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့ဝင်များ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ လာရောက်ပြီး မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်များကို တွေ့ဆုံမည့် စီစဉ်မှုမှာ ပျက်သွားပြီဟု သတင်းရရှိသည်။ PC အဖွဲ့ဝင်များက ယခုလပိုင်းအတွင်း ပန်ဆန်းမြို့သို့ လာရောက်ပြီး မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် တွေ့ဆုံမည်ဆိုသည့် သတင်းအချက်အလက်ကို UWSA လားရှိုးဆက်ဆံရေး ရုံးတာဝန်ခံနှင့် PC အဖွဲ့ ဝင် အချို့က သြဂုတ်လ ၁၇ ရက်တွင် ဧရာဝတီအား ပြောဆိုထားခြင်း ဖြစ်သည်။ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက “ဦးသိန်းဇော်က လာမယ်လို့ ပြောတယ်။ ဒါပေမယ့် ၇ဖွဲ့နဲ့တော့ စုစုစည်းစည်း မတွေ့ဘူး။ ကျနော်တို့ ၄ဖွဲ့ KIO ၊ TNLA ၊ MNDAA နဲ့ AA ကို သီးသန့်တွေ့မယ်။ နောက် “ ဝ” ၊ မိုင်းလားနဲ့ SSPP သုံးဖွဲ့ကို သတ်သတ်တွေ့မယ်တဲ့။ အဲဒါနဲ့ ကျနော်တို့ လက်မခံဘူး။ လက်မခံတော့ တွေ့ဆုံမှုက ပျက်သွားတယ်” ဟု သြဂုတ်လ ၂၈ ရက်က ပြောသည်။ မြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်အခြေစိုက် UWSA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ၊ TNLA နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်း ထားပြီး တစုတစည်းတည်းသာ ဆွေးနွေးမည်ဟု သဘောထား ချမှတ်ထားသည်။ FPNCC အဖွဲ့ဝင်များသည် တရုတ်ကိုယ်စားလှယ်၏ အကူအညီဖြင့် မေလအတွင်း နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲကို တက်ရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံထားသည်။ ထိုတွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကိုယ်စားလှယ်မှ တဆင့် FPNCC ကို ဆွေးနွေးရန် ကော်မတီ သစ်တရပ် ဖွဲ့စည်းပေးမည်ဟု ပြောဆိုထားကြောင်းလည်း ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက ပြောသည်။ သို့သော် အစိုးရဘက်က FPNCC ကို အသိအမှတ်ပြု ဆွေးနွေးမည် ဟုတ်/မဟုတ်ကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိဘဲ UWSA နှင့် NDAA တို့ကို သီးသန့် ဆွေးနွေးရန် အစီအစဉ်များ ရှိကြောင်းသာ ပြောဆိုထားသည်။ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက “သူတို့ အသိအမှတ်ပြုတယ်၊ မပြုဘူးဆိုတာက သုံးသပ်ဖို့တော့ စောတယ်။ ငြိမ်းချမ်းရေး တကယ် လိုလားရင်တော့ ကျနာ်တို့ ၇ဖွဲ့စလုံးကို သူတို့ တွေ့သင့်တယ်။ တွေ့လိုက်ရင်တော့ တခုခုတော့ အဖြေထွက် လာမှာပါ” ဟု ဆိုသည်။ ကော်မရှင်၏ အကြံပေး ဦးအောင်ကြည်က ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းမှာ ကျန်းမာရေးကြောင့် ဆေးရုံ တက်နေရပြီး ကျန်အဖွဲ့ဝင်များမှာလည်း နေပြည်တော်သို့ ရောက်ရှိနေသဖြင့် မြောက်ပိုင်းအဖွဲ့ ကိစ္စရပ်များကို တိုင်ပင် ထားခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် သဘောထား ထုတ်ပြန်ပြောဆိုနိုင်ခြင်းလည်း မရှိသေးပါကြောင်း ဆိုသည်။ ဦးအောင်ကြည်က “ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တစုံတရာမူဝါဒ ခံယူဖို့ လိုပါသေးတယ်။ မူဝါဒ မခံယူ ဘဲ ကျနော်တို့ သဘောအတိုင်း ပြောလိုက်မယ်ဆိုရင် လွဲချော်သွားတာလေးတွေ ရှိနိုင်ပါတယ်။ တွေ့ဖို့ ကျနော်တု့ိ ဘက်က ကြိုးစားနေတာတော့ မှန်ပါတယ်။ ဒါပေမယ့် အခုက နည်းလမ်းရှာတဲ့ အဆင့်မှာပါ” ဟု ပြောသည်။ ဦးအောင်ကြည်က ၎င်းအနေဖြင့် ကော်မရှင်ကို အကြံပေးရခြင်း ဖြစ်သဖြင့် မြောက်ပိုင်းကိစ္စ၏ ဖြစ်စဉ်အသေးစိတ်ကို မပြောဆိုနိုင်ဘဲ ကော်မရှင် အဖွဲ့ဝင်များကိုသာ မေးမြန်းပါဟု ဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များကို ဧရာဝတီက မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။ ဆက်လက်ပြီး ဦးအောင်ကြည်က “ကျနော်တို့က မတူကွဲပြားတဲ့ အမြင်ကလေးတွေ ဖြစ်နေနိုင်ပါတယ်။ အဖွဲ့အစည်း အားလုံး ဖြတ်သန်းလာရတဲ့ လမ်းကြောင်းတွေ ခံစားချက်တွေအပေါ် မူတည်ပြီး အများကြီးရှိမှာပါ။ မတူကွဲပြားမှုကို စေ့စပ်ညှိနှိုင်းပြီး လက်တွေ့မှာ အကုန်လုံး အဆင်ပြေသွားပြီဆိုတဲ့ အနေအထားက ချက်ချင်းကြီးဖြစ်ဖို့ ခဲယဉ်း နေပါ သေးတယ်” ဟုလည်း လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သုံးသပ်ပြောဆိုသည်။ FPNCC က အစိုးရ လက်ရှိ ဆောင်ရွက်နေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ပြင်ဆင်ထားသည့် အပစ်ရပ်စာချုပ်တခုကို ပြည်ထောင်စု အစိုးရနှင့် ချုပ်ဆိုလိုသည့်အပြင် နိုင်ငံရေး ဆွေးနွေးမှုများ ကိုလည်း ၂၁ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးလိုခြင်း မရှိဘဲ ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးကာ ရလဒ်များကို ပြည်ထောင်စုလွှတ်တော်တွင် တိုက်ရိုက် တင်ပြ အတည်ပြုလိုသည်ဟု သဘောထားချမှတ်ထားသည်။ The post မြောက်ပိုင်းအဖွဲ့များနှင့် PC တွေ့ဆုံရန် စီစဉ်မှု ပျက်ပြယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2vAnn7P
via IFTTT
Source : http://ift.tt/2vAnn7P
via IFTTT
Subscribe to:
Posts (Atom)