Thursday, February 1, 2018


လေ့ကျင့်ခန်း လုပ်တာကို ရပ်တန့်စေမယ့် အကြောင်းအရာ (၈) ချက် လူအများစုက ကိုယ်ကာယ လေ့ကျင့်ခန်းကို လ အနည်းငယ်အတွင်းသာ စိတ်ပါလက်ပါ လုပ်တတ် ကြပါတယ်။ တချို့ဆို ၂ ပတ်လောက်အထိ ကောင်းကောင်းလုပ်ပြီးမှ နောက်ပိုင်း အရှိန်လျော့သွား တတ်တာမျိုး၊ လုပ်ရမှာ ပျင်းတာကြောင့် လုံးဝ ရပ်လိုက်တာမျိုးတွေ ရှိပါတယ်။ ပုံမှန် ခန္ဓာကိုယ် လေ့ကျင့်ခန်းလုပ်တာကို ရပ်တန့်စေမယ့် အကြောင်းအရာတွေကို စာဖတ်သူတွေ သိရှိနိုင်အောင် ဧရာဝတီမှ ရေးသား ဖော်ပြပေးလိုက်ပါတယ်။ (၁) သွေးပူအောင်မလုပ်ခြင်း သင့်ခန္ဓာကိုယ်က သွေးပူ မနေဘူးဆိုရင် လှုပ်ရှားချင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အထိုင်များတဲ့ သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ သွေးပူအောင် လမ်းလျှောက်ခြင်း၊ ရွရွလေးပြေးခြင်းတို့ကို လေ့ကျင့်ခန်း မပြုလုပ်မီ ပုံမှန် ပြုလုပ်သင့်ပါတယ်။ (၂) အနားမယူခြင်း သင့်ခန္ဓာကိုယ်က အားပြန်ပြည့်ဖို့ လိုပါတယ်။ တရက်မှ အနားမယူဘဲ လေ့ကျင့်ခန်းလုပ်တာဟာ မှန်ကန်တဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။ ရန်ကုန်မြို့တွင် တွေ့ရှိရသော Gym အားကစားခန်းမ တခု (ဓာတ်ပုံ – ဧရာဝတီ) (၃) အိပ်ရေးမဝခြင်း ကြွက်သားတွေ တည်ဆောက်ဖို့နဲ့ အဆီတွေ လောင်ကျွမ်းစေဖို့ ဆောင်ရွက်ပေးမယ့် ဟော်မုန်း တွေက အိပ်နေတဲ့အချိန်မှာ လှုပ်ရှားပြီး နိုးနေတဲ့ အချိန်မှာလောက် တက်ကြွမှု သိပ်မရှိလှပါဘူး။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်း လုပ်နေသူဟာ အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်ပါတယ်။ (၄) ရေဓာတ် အလုံအလောက် မရခြင်း လေ့ကျင့်ခန်း မလုပ်မီနဲ့ လုပ်ပြီးအချိန်မှာ ရေဓာတ် အပြည့်အဝ မရဘူးဆိုရင် သင်ဟာ နွမ်းနယ်နေပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ကုန် သွားပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်း မလုပ်မီနဲ့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေများ သောက်သုံးသင့်ပါတယ်။ (၅) အစာကို ပြည့်ဝစွာ မစားခြင်း အစာအာဟာရက ခွန်အားတွေ ပြည့်ဝနေဖို့နဲ့ ကြွက်သားတွေ တည်ဆောက်ဖို့အတွက် အရေးပါ ပါတယ်။ အာဟာရ ပြည့်ဝအောင် မစားဘူးဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ အားလျော့နေပါလိမ့်မယ်။ ရန်ကုန်မြို့တွင် တွေ့ရှိရသော Gym အားကစားခန်းမ တခု (ဓာတ်ပုံ – ဧရာဝတီ) (၆) လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း လေ့လာချက်တွေအရ တပတ်မှာ ပြေးတာ မိနစ် ၁၅၀ ထက် မပိုသင့်ပါဘူး။ သိပ္ပံပညာရှင်တွေက တစ်နာရီမှာ ၈ ကီလိုမီတာပဲ ပြေးသင့်တယ်လို့ အကြံပြုထားပါတယ်။ (၇) လူမှုကွန်ရက်များတွင် အချိန်ဖြုန်းခြင်း ၁၀ မိနစ်လောက်ဆိုပြီး Facebook ဝင်ကြည့်ရာကနေ ၁ နာရီလောက် အချိန်ဖြုန်းမိ တတ်ကြတယ် မလား။ လေ့ကျင့်ခန်း မလုပ်ခင်လေး ဝင်ကြည့်မိရာက သွေးအေးသွားတဲ့အခါ ဆက်မလုပ်ချင်ဘဲ နားမိတတ်ပါတယ်။ ခန္ဓာကိုယ်က သွေးအေးသွားတဲ့အချိန်မှ လေ့ကျင့်ခန်း ပြန်လုပ်မယ်ဆိုရင် ကြွက်သားတွေ နာကျင်နိုင်ပါတယ်။ (၈) လေ့ကျင့်ခန်း တမျိုးတည်း လုပ်ခြင်း တချို့တွေက လေ့ကျင့်ခန်းတမျိုးတည်း တောက်လျှောက် လုပ်တတ်ပါတယ်။ လေ့ကျင့်ခန်း တခုတည်းကို ကြာရှည်စွာ လုပ်တာက ငြီးငွေ့လာပြီး တခြား လေ့ကျင့်ခန်းတွေလုပ်ဖို့ အားလျော့စေပါတယ်။ ဒါကြောင့် လေကျင့်ခန်းတခုကို ငြီးငွေ့လာပြီဆိုရင် နောက်ထပ် လေ့ကျင့်ခန်း အသစ်တမျိုး ပြောင်းပြီး လုပ်သင့်ပါတယ်။ ရန်ကုန်မြို့တွင် တွေ့ရှိရသော Gym အားကစားခန်းမ တခု (ဓာတ်ပုံ – ဧရာဝတီ) အထက်ပါ အကြောင်းအရာတွေကို ဖတ်ရှုပြီး သင်ဟာ လေ့ကျင့်ခန်းကို ဘာကြောင့် ကြာရှည်စွာ မလုပ်မိလဲဆိုတာ စဉ်းစားမိမယ် ထင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုပြင်ပြီး ကျန်းမာ လှပတဲ့ ခန္ဓာကိုယ် ရအောင် လေ့ကျင့်ခန်း မှန်မှန်လုပ်ကြဖို့ အကြံပြု ရေးသားလိုက်ပါတယ်။ ။ The post လေ့ကျင့်ခန်း လုပ်တာကို ရပ်တန့်စေမယ့် အကြောင်းအရာ (၈) ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2BJyPk1
via IFTTT


“2030 Power Leaders” စာရင်းမှာ ပါဝင်တဲ့ ကိုရီးယားအနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ? Forbes Korea မဂ္ဂဇင်းဟာ နှစ်စဉ်ထုတ်ပြန်နေကျ စာရင်းတခုဖြစ်တဲ့ 2030 Power Leaders စာရင်းကို ယခုနှစ်၊ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ စာရင်းအရ 2030 Power Leaders ထိပ်ဆုံးစာရင်းမှာ အသက် ၂၇ နှစ် အရွယ် မင်းသမီး Kim Tae-ri (ကင်ထယ်ရီ)၊ K-Pop အဆိုတော် “BTS” အဖွဲ့၊ “Wanna One” အဖွဲ့ဝင် Kang Daniel နဲ့ မင်းသား မင်းသား Yang Se-Jong (ယန်ဆယ်ဂျုံး) တို့ ပါဝင်တာ တွေ့ရပါတယ်။ Forbes Korea မဂ္ဂဇင်းဟာ နှစ်တနှစ်ရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အသက် ၂ဝ ကနေ ၃၉ အကြားမှာရှိတဲ့ တက်သစ်စ လူပုဂ္ဂိုလ် အယောက် ၃ဝ ကို ရွေးချယ်တာ ဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ သက်ဆိုင်ရာ နယ်ပယ် ၆ ခုမှ ခေါင်းဆောင် ၅ ဦး ပါဝင်ပါတယ်။ အဲဒီခေါင်းစဉ်တွေကတော့ “အနုပညာရှင်နှင့် ဂန္တဝင်”၊ “ဖက်ရှင်နှင့် အလှအပ”၊ “အိုင်တီနှင့် နည်းပညာ” ၊ “ဇီဝနှင့် ကျန်းမာရေး စောင့်ရှောက်မှု”၊ “ဘဏ္ဍာရေးနှင့် စွန့်ဦးတီထွင်ငွေကြေး” ၊ “ဖျော်ဖြေရေး” စတဲ့ ခေါင်းစဉ်တွေပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထုတ် Forbes မဂ္ဂဇင်းရဲ့ “30 Under 30” စာရင်းနဲ့ အလားတူတဲ့ Forbes Korea ရဲ့ စာရင်းမှာတော့ သက်ဆိုင်ရာ နယ်ပယ်တခုစီအတွက် နောက်ဆုံးပါဝင်သူတွေကို ရွေးချယ်ဖို့ Forbes သတင်းထောက်တွေရဲ့ အကိုးအကားကိုယူပြီး လုပ်ငန်းကျွမ်းကျင်ပညာရှင် ၆ ဦးက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီး Kim Tae-ri (ကင်ထယ်ရီ) က ဒီနှစ်ရဲ့ ဖျော်ဖြေရေးကဏ္ဍအတွက် 2030 Power Leaders စာရင်းမှာ ထိပ်ဆုံး ကနေ ပါဝင်တာ ဖြစ်ပါတယ်။ “The Handmaiden” ရုပ်ရှင်မှာ ပါဝင်ခဲ့ရင်း ၂၀၁၆ ခုနှစ်အတွင်း နာမည်ကျော်ခဲ့တဲ့ မင်းသမီး ကင်ထယ်ရီက ယှဉ်ပြိုင်သူ ၁၅၀၀ ကို ကျော်တက်ပြီး စာရင်းမှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ လက်ရှိ ရုံတင်ပြသနေတဲ့ “1987” ရုပ်ရှင်မှာ ပါဝင်ထားတဲ့အပြင် မင်းသား လီဗြောင်ဟွန်းနဲ့အတူ မကြာမီပြသမယ့် “Mr.Sunshine” မှာ သရုပ်ဆောင် ထားတာ တွေ့ရပါတယ်။ နောက်ထပ်စာရင်းထဲမှာ ပါဝင်လာတဲ့ တခုတည်းသော အဖွဲ့ကတော့ “BTS” အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့သက်တမ်း ၄ နှစ်သာ ရှိသေးပေမယ့် ဒီ Idol အဖွဲ့ဟာပြီးခဲ့တဲ့ နှစ်မှာပဲ မရေတွက်နိုင်တဲ့ စံချိန်တွေကို ချိုးခဲ့ပြီးဖြစ်ပါတယ်။ BTS အဖွဲ့ဟာ ကိုရီးယား Twitter အကောင့်တွေထဲမှာ Follower အများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဖြစ်တဲ့အပြင် ကမ္ဘာတဝန်းက အခြားအကောင့်တွေထက် Twitter မှာ ချိတ်ဆက်မှု အများဆုံး ဂရင်းနစ်စံချိန်တင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ “Wanna One” အဖွဲ့ဝင် Kang Daniel ကလည်း စာရင်းထဲမှာ ပါဝင်လာတာ တွေ့ရပါတယ်။ Mnet ရုပ်သံလိုင်းရဲ့ “Produce 101 Season 2” အစီအစဉ်မှာ ပထမဆုံး ပါဝင်ခဲ့ပြီးတဲ့နောက် တနှစ်အတွင်းမှာပဲ သူဟာ ကိုရီးယာရဲ့ ဂီတလုပ်ငန်းထိပ်ပိုင်းကို ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ Kang Daniel နဲ့ Wanna One အဖွဲ့တို့ ကြော်ငြာတဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ ရောင်းကုန်သွားတဲ့အထိ အဖွဲ့ရဲ့လွှမ်းမိုးမှုနဲ့ အရောင်းစွမ်းအားကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ မင်းသား Yang Se-Jong (ယန်ဆယ်ဂျုံး) ကတော့ စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ စတုတ္ထခေါင်းဆောင် တဦးဖြစ်ပါတယ်။ သူက ၂၀၁၇ ခုနှစ် တနှစ်တည်းမှာပဲ နာမည်ကျော် Drama (၄) ခုမှာ ပါဝင်ခဲ့ပြီး ပရိသတ်ကို အံ့သြသင့်စေခဲ့သူ တဦးပါ။ SBS ရုပ်သံလိုင်းရဲ့ “Romantic Doctor Kim,” နဲ့ “Saimdang, Light’s Diary” ၊ OCN ရုပ်သံလိုင်းရဲ့ “Duel” နဲ့ အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆု ရရှိခဲ့တဲ့အပြင် SBS ရုပ်သံလိုင်းရဲ့ “Degree of Love” ဇာတ်လမ်းတွဲတို့မှာ ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Ref : Soompi.com The post “2030 Power Leaders” စာရင်းမှာ ပါဝင်တဲ့ ကိုရီးယားအနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ? appeared first on ဧရာဝတီ.
Source : http://ift.tt/2E5fGy4
via IFTTT


ခရီးသွားတွေထံမှ အိပ်ရာခွန်ကောက်ခံရန် ဆွေးနွေးဆဲအဆင့်သာရှိနေသေး ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များထံမှ အိပ်ရာခွန် (tourism tax or tourism fund) ကောက်ခံမည့်ဟု ထွက်ပေါ်နေသည့် သတင်းများမှာ လတ်တလော၌ ကောက်ခံခြင်း မဟုတ်သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးတင့်သွင် ကပြောသည်။ ဦးတင့်သွင်က “ကောက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တောင် မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် နည်းလမ်းတခု အနေနဲ့ ပါပါတယ်။ မလုပ်ဘူး လို့လည်း ကျနော်တို့ မပြောဘူး။ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကျရင် ခရီးသွား ရန်ပုံငွေ အတွက်ကို ရန်ပုံငွေရှာတဲ့ လုပ်ငန်းစဉ် အဖြစ် ဆွေးနွေးပြီးတေ့ာလုပ်မှာပါ”ပြောသည်။ နိုင်ငံခြားသားများထံမှ အိပ်ရာခွန်ကို တခန်းလျှင် ၁ ဒေါ်လာ ကောက်ခံမည် ဖြစ်ပြီး ဟိုတယ်များ၌ တည်းခိုနေသော မြန်မာ နိုင်ငံသားများ ထံမှ ငွေကျပ် ၁ ထောင်ကျပ် ကောက်ခံမည်ဟု ဦးတင့်သွင်က နိုင်ငံတကာ ခရီးသွားမဂ္ဂဇင်း TTG Show Daily သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ခရီးသွားဝန်ဆောင်မှု ပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရာတွင် ရန်ပုံငွေများ လိုအပ်မှုများ ရှိနေခြင်းကြောင့် ရန်ပုံငွေရရှိအောင် မည်သို့ ဆောင်ရွက်ကြမည်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မှုများသာ ရှိနေသေးကြောင်း သိရသည်။ အိပ်ရာခွန် ကောက်ခံပါက အခွန်နှုန်းထားနှင့် ပတ်သက်၍ ကောက်ခံနေသည့် နိုင်ငံအချို့တွင် ဆောင်ရွက်နေသည့် အခြေအနေများကို လေ့လာပြီး ထိုသို့ ကောက်ခံခြင်းအားဖြင့် ကြုံတွေ့လာနိုင်သည့် ဆိုးကျိုး၊ ကောင်းကျိုးများကို လေ့လာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။ ယင်းသို့ ကောက်ခံပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကိစ္စရပ်များ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရာတွင် အထောက် အပံ့ပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင် အထောက် အပံ့ပေးရေး၊ ခရီးသွား လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ရေးနှင့် ခရီးစဉ်ဒေသဆိုင်ရာ အခြေခံ အဆောက် အဦများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးသိန်းထွေး က “ကျနော်တို့ ခရီးသွား လုပ်ငန်းရှင်တွေရော၊ ဟိုတယ်လုပ်ငန်းရှင်များရော၊ tourism (ခရီးသွားလုပ်ငန်း) နဲ့ ပတ်သက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ကြိုဆိုချင်တာ။ ဒီအနေအထားမှာ အိပ်ရာခွန် ကောက်မယ်ဆိုရင် ဝင်လာမယ့် ခရီးသွားတွေ ရပ်တန့်သွားနိုင်တယ်လို့ ကျနော် မြင်တယ်” ဟု ဆိုသည်။ ခရီးသွားအခွန်ကို မလေးရှားနိုင်ငံတွင် စတင်ကျင့်သုံးနေပြီး ဗီယက်နမ်နိုင်ငံ၌ ကျင့်သုံးရန် ပြင်ဆင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဘတ်ဂျက်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၃ သိန်း ခွင့်ပြုထားပြီး ယင်းပမာဏမှာ အိမ်နီးခြင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသဖြင့် အစိုးရထံမှ ဘတ်ဂျက်တောင်းခံခြင်း အပြင်၊ ခရီးသွားဧည့်သည်များ ထံမှ အခွန်စည်းကြပ်ခြင်း၊ ပုဂ္ဂလိကမှ ရန်ပုံငွေ ကောက်ခံခြင်းများ အနက် သင့်တော်သည့် နည်းလမ်းဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကြိုးပမ်းရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ပြည်သူ့အတွက် ပထမတနှစ် တာ သုံးသပ်ချက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၃ ဒသမ ၁ သန်းခန့် ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ The post ခရီးသွားတွေထံမှ အိပ်ရာခွန်ကောက်ခံရန် ဆွေးနွေးဆဲအဆင့်သာရှိနေသေး appeared first on ဧရာဝတီ.
Source : http://ift.tt/2GCzgQv
via IFTTT


အာဖရိက သမဂ္ဂ ရုံးချုပ်မှ သတင်းအချက်အလက်များ တရုတ် ခိုးယူခဲ့ဟု ဆို အီသီယိုးပီးယားနိုင်ငံ၏ မြိ့တော် အဒစ်အဘာဘာ Addis Ababa ရှိ အာဖရိက သမဂ္ဂ (African Union) ရုံးချုပ်မှ ကွန်ပျူတာများတွင် တရုတ်နိုင်ငံက ထည့်သွင်းထားသော ကွန်ပြူတာကွန်ရက်စနစ် တခုက တရုတ်နိုင်ငံ ရှန်ဟိုင်း Shanghai ရှိ ဆာဗာများသို့ ၅ နှစ် အတွင်းတွင် အချက်အလက်များ လျှို့ဝှက်စွာ ပို့ပေးခဲ့ကြောင်း ပြင်သစ် သတင်းစာတစောင်ဖြစ်သည့် Le Monde ကဆိုသည်။ ၂၀၁၂ ခုနှစ်တွင် ရုံးချုပ်ကို ဖွင့်လှစ်ခဲ့ပြီးနောက် အဆောက်အဦးအတွင်းတွင် လူမရှိသည့် ညသန်းခေါင်မှ မနက် ၂ နာရီ အတွင်းတွင် ဒေတာသုံးစွဲမှုက နေ့စဉ် အလွန်အမင်းများပြားနေခဲ့ကြောင်း နည်းပညာရှင်များက သတိပြုမိခဲ့ပြီး အိုင်တီ ကျွမ်းကျင်သူများကို ခေါ်ယူခဲ့သည်ဟု အဆိုပါ သတင်းစာက ပြောသည်။ တရုတ်နိုင်ငံက ထောက်ပံ့ထားသည့် ကွန်ပျူတာများတွင် ဟက်ကာများ တရားမဝင် ဝင်ရောက်၍ ဖိုင်များနှင့် အခြားသော အချက်အလက်များ ရယူနိုင်သော ဝင်ပေါက်(portal) တခု ရှိနေကြောင်း အယ်လ်ဂျီးရီးယားမှ အဖွဲ့တခုက တွေ့ရှိခဲ့သည်။ ဒေတာများကို ကူးယူ ပေးပို့ခြင်း ခံထားရသည်ကို သူတို့တွေ့ရှိခဲ့ပြီးနောက် ကီလီုမီတာ ၈၈၀၀ အကွာအဝေးတွင်ရှိသော ရှန်ဟိုင်းမှ ဆာဗာများဆီသို့ ပို့ဆောင်မှုများကို ခြေရာခံနိုင်ခဲ့ကြသည်။ ကွန်ဖရင့် ခန်းမ တခုနှင့် အထပ်၂၀ မြင့်သော ရုံးတခု ပါဝင်သည့် စတုရန်း ၁၃၂၀၀၀ ကျယ်ဝန်းသည့် အဆောက်အဦး၏ နံရံများ အတွင်းနှင့် စားပွဲများ၏ အောက်တွင် ဖုံးကွယ်ထားသည့် တယ်လီဖုန်းနှင့် အင်တာနက် ကြားဖြတ် နားထောင် စောင့်ကြည့်ရေး ကိရိယာများကိုလည်း ကျွမ်းကျင်သူများက တွေ့ရှိခဲ့ကြသည်။ အာဖရိက သမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကွမ်ဝေလင်း Kwang Weilin က ထိုသတင်းများသည် မဖြစ်နိုင်သော၊ အဓိပ္ပါယ်မရှိသော သတင်းများ ဖြစ်သည်ဟု ပယ်ချခဲ့သည်။ သူတို့က တရုတ်နှင့် အာဖရိက ဆက်ဆံရေးတွင် ပြဿနာများ ဖန်တီးလိမ့်မည် ဟုလည်း သတိပေးလိုက်သည်။ တရုတ်နိုင်ငံက အာဖရိကတွင် ကြိုးကိုင်နေကြောင်း အနောက်နိုင်ငံများက ယုံကြည်နေကြောင်း နောက်ထပ် ဥပမာတခု ဖြစ်သည်ဟု ကွမ်ဝေလင်းက ပြောသည်။ ကြားဖြတ်နားထောင်သည့် ကိရိယာများမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်သည့် ရုံးချုပ် အဆောက်အဦးကို ဆောက်လုပ်စဉ်က ထည့်သွင်းခဲ့သည်ဟု ယုံကြည်ရသည်။ ထိုအဆောက်အဦးကို ဆောက်လုပ်ရာတွင် တရုတ်နိုင်ငံက ဘဏ္ဍာငွေ အားလုံး ထောက်ပံ့ခဲ့ခြင်း ဖြစ်ပြီး China State Construction Engineering Corp က တာဝန်ယူ ဆောက် လုပ်ခဲ့သည်။ အိုင်တီနှင့် ဆက်သွယ်ရေးစနစ်များ အားလုံးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပြန်လည်ပြင်ဆင် ထည့်သွင်း မှုများ ပြုလုပ်ခဲ့ရသည်ဟု Le Monde သတင်းစာကဆိုသည်။ တရုတ်နိုင်ငံက (firewalls) အကာကွယ်များ အဆင့်မြှင့်တင် ခြင်းကို ကူညီမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ယဉ်ကျေးစွာဖြင့် ညင်းပယ်ခြင်း ခံခဲ့ရသည်မှာလည်း အံ့သြစရာ မဟုတ်ပါ။ ထိုကဲ့သို့ ဆိုက်ဘာလုံခြုံရေးကို ချိုးဖောက်ခြင်းခံရသည့် သတင်းက Le Monde သတင်းစာက ဖော်ထုတ်ခဲ့သည့် အချိန် အထိ ၁ နှစ်နီးပါး တိမ်မြုပ်နေခဲ့သည်။ အာဖရိက သမဂ္ဂအတွင်းရှိ သတင်းရင်းမြစ်များထံမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည် ဟု Le Monde သတင်းစာကဆိုသည်။ ၂၀၁၂ ခုနှစ်က ဖွင့်ပွဲ အခန်းအနားပြုလုပ်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ စတုတ္ထမြောက် ရာထူးအကြီးဆုံး ဖြစ်သော တရုတ်ပြည်သူများ၏ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ ဥက္ကဌ တက်ရောက်ခဲ့သည်။ အာဖရိက နိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ အာဖရိကတိုက် အတွင်းရှိ နိုင်ငံ ၅၅ ခုလုံးမှ ကိုယ်စားလှယ်များ ရုံးထိုင်ရန် အတွက် တည်ဆောက်ခဲ့သော စီမံကိန်းသည် ယခင် တရုတ်သမ္မတ ဟူကျင်းတောင် Hu Jintao က ၂၀၀၆ ခုနှစ်တွင် ကြေညာခဲ့သော အကူအညီပေးရေး အစီအစဉ် အမြောက်အများ ထဲမှ တခုဖြစ်သည်။ အဆိုပါ အကူအညီပေးရေး အစီအစဉ်များက အာဖရိကတိုက်တွင် တရုတ်နိုင်ငံ၏ တည်ရှိမှု နှင့် သြ ဇာ လွှမ်းမိုးမှုတို့ကို သရုပ်ဖော်ရန် ဟူကျင်းတောင်က ရည်ရွယ်ခဲ့သည်။ အာဖရိက သမဂ္ဂ၏ ဥက္ကဌသစ် ရဝမ်ဒါ သမ္မတ Paul Kagame က သူ့ အနေဖြင့် တရုတ်နိုင်ငံ၏ သိသာထင်ရှားသော ချောင်းမြောင်းနားထောင်မှုကို သတိမပြုမိကြောင်း နှင့် တရုတ်နိုင်ငံက မိတ်ဆွေများ အပေါ် သူလျှိုလုပ်လေ့ရှိသည်ဟု မထင်ကြောင်းပြောသည်။ အာဖရိက သမဂ္ဂတွင် စတင်တည်ထောင်သည့် ၂၀၀၁ ခုနှစ် ကတည်းက မည်သည့် လျှို့ဝှက် ချက်မျှ မရှိဟု လည်း သူက ငြင်းဆိုသွားသည်။ ကိုးကား ။ ။ Asia Times ၏ Beijing accused of bugging African Union HQ for years The post အာဖရိက သမဂ္ဂ ရုံးချုပ်မှ သတင်းအချက်အလက်များ တရုတ် ခိုးယူခဲ့ဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2FArdCt
via IFTTT


Live လွှင့်ကာ အချင်းချင်း လက်ဆောင်များ ပေးပို့နိုင်တဲ့ “HlwintLive” Application မိမိတို့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်များကို တိုက်ရိုက်ထိတွေ့ခွင့် ရနိုင်မယ့် “HlwintLive” အမည်ရှိ Live လွှင့်သည့် Application ကို HlwintLive ကုမ္ပဏီလိမိတက်မှ ဇန်နဝါရီလ ၃၁ ရက်နေ့က တရားဝင် မိတ်ဆက် လိုက်ပါတယ်။ “HlwintLive” Application မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ) “HlwintLive” Application ဟာ အသုံးပြုသူများအတွက် မိမိတို့မှာရှိတဲ့ Talent (ပင်ကိုယ်အရည်အချင်း) များကို ကြည့်ရှုသူ viewer များအား HlwintLive မှ တဆင့် တိုက်ရိုက်ပြသနိုင်မယ့် Mobile Application တခုဖြစ်ပါတယ်။ “HlwintLive” Application မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ) “ကျမတို့ ဒီ Application ကတော့ အဓိက Live Application လေးပါပဲ။ Social Networking ကို အဓိက အခြေခံထားတဲ့ App လေးပါ။ ဒီ Application လေးမှာ တယောက်နဲ့တယောက် ကိုယ်သဘောကျတဲ့ Idol Broadcasters တွေ (Live လွှင့်တဲ့သူတွေ) ကို အပြန်အလှန် တိုက်ရိုက်ထိတွေ့နိုင်မယ့် Application လေးပါ” လို့ HlwintLive ကုမ္ပဏီမှ Talent Management & Marketing Manager မခွာညိုမြင့်သူက ပြောပါတယ်။ “HlwintLive” Application မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ) HlwintLive မှဆင့် မိမိတို့နှစ်သက်တဲ့ အနုပညာရှင်များ၊ Broadcasters များကို viewer များအနေနဲ့ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပြီး App အသုံးပြုသူများအနေနဲ့ တဦးနဲ့ တဦး Virtual လက်ဆောင်များကို ပေးပြီး ငွေသား အဖြစ် ပြန်လည် ထုတ်ယူနိုင်မယ့် ဝန်ဆောင်မှုမျိုးလည်း ပါဝင်တယ်လို့ သိရပါတယ်။ “HlwintLive” Application မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ) “HlwintLive မှ နောက်တခု ပါဝင်တာကျတော့ Application သုံးပြီး ငွေသားနဲ့ ပြန်လည် လဲလှယ်နိုင်မယ့် အစီအစဉ်ပါ။ ငွေသားနဲ့ ပြန်လဲနိုင်မှာက တယောက်နဲ့တယောက် ပေးမယ့် Virtual Gift လေးတွေပေါ့။ ကိုယ်သဘော ကျတဲ့သူတွေကို View တွေကလည်း Gift တွေ ဝယ်ပြီး ပေးလို့ရပါတယ်။ အဲဒီလိုမျိုး ပေးခြင်းအားဖြင့် တဦးနဲ့တဦး ပိုမိုခင်မင်စေတဲ့ Relation တခု ဖြစ်တာပေါ့” လို့ မခွာညိုမြင့်သူက ပြောပါတယ်။ “HlwintLive” Application မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ) Viwer များအတွက် လက်ဆောင်ဝယ်ယူနိုင်မယ့် Store တခုကို HlwintLive App မှာ ပါဝင်မှာဖြစ်ပြီး လက်ဆောင် ဝယ်ရန်အတွက် Application မှ Golden Nuts များကို အသုံးပြုပြီး ဝယ်ယူရမယ်လို့ သိရပါတယ်။ Golden Nuts များကို ဝယ်ရန် အွန်လိုင်းမှ တဆင့် Credit Card ဖြင့် ပေးချေခြင်း၊ MPU Card ဖြင့်ပေးချေခြင်း၊ Wave Money ဖြင့် ပေးချေခြင်း စတဲ့ ငွေလွှဲဝန်ဆောင်မှုများ အသုံးပြုကာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ “HlwintLive” Application မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ) “ကျမတို့ အဓိက ရည်ရွယ်ချက်ကတော့ ကျမတို့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့ ရွက်ပုန်းသီး လူငယ်တွေ ရှိတယ်။ သူတို့ရဲ့ Talent တွေ ထုတ်ပြချင်တယ်။ ဒါပေမဲ့ အရင်ခေတ်ကဆိုရင် သူတို့ရဲ့ Talent ထုတ်ပြဖို့ HlwintLive ကနေတဆင့် ထုတ်ပြခြင်းအားဖြင့် Reliable Super Star တယောက်ဖြစ်နိုင်တယ်” လို့ မခွာညိုမြင့်သူက ဆိုပါတယ်။ The post Live လွှင့်ကာ အချင်းချင်း လက်ဆောင်များ ပေးပို့နိုင်တဲ့ “HlwintLive” Application appeared first on ဧရာဝတီ.
Source : http://ift.tt/2FzUv4i
via IFTTT


မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၇၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ထိုအထဲတွင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲ၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး သည် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက် ဖြစ်ကြောင်း ပြောဆိုထားသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်က“ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ လက်တွဲ၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံသူ နိုင်ငံသားတဦးချင်းစီ၏ အခွင့် အရေးများ၊ တာဝန်များကိုအသိအမှတ်ပြုပြီး ဂုဏ်သိက္ခာကိုလည်း အပြန်အလှန် လေးစားရသောစနစ်ဖြစ်သည်”ဟုပြောသည်။ သဝဏ်လွှာထဲတွင် မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက် နေထိုင်ခဲ့သော သမိုင်းအစဉ် အလာ ကြီးမားသည့် လူမျိုးများဖြစ်ကြောင်း မွန်ညီနောင် နှစ်ပါး ဖြစ်သည့် သာမလမင်းနှင့် ဝိမလမင်း တို့သည် လက်ရှိပဲခူးမြို့နေရာတွင် သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁ ရက် နေ့၌ ဟံသာဝတီ မင်းနေပြည်တော်ကြီး အဖြစ် စတင် ထူထောင်ခဲ့ကြသည်။ အဆိုပါ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့အား မွန်အမျိုးသားနေ့အဖြစ် ၁၉၄၈ ခုနှစ်မှစ၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၇၁ ကြိမ်မြောက် ရောက်ရှိပြီဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဖက်ဒရယ်စနစ်ဟု ဆိုရာတွင် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံသည့် စစ်မှန်သော ခိုင်မာသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တကွ ချိတ်ဆက်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ညီလာခံကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းလည်း ပြောထားသည်။ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရပြီး တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် မကြာမီပါဝင် လက်မှတ်ရေးထိုးကာ နိုင်ငံတော်အစိုးရ၊ ပြည် သူများနှင့်အတူလက်တွဲလျှောက်လှမ်းသွားမည့် ခိုင်မာသော ကတိကဝတ်ကို ထုတ်ပြန်ခဲ့ကြောင်းလည်း သဝဏ်လွှာတွင် ပါရှိသည်။ “မွန်တိုင်းရင်းသားများနှင့် ပြည်သူတရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည့် ငြိမ်းချမ်းရေး ခြေတလှမ်းဟု ဆိုနိုင်သည်။ ဆက်လက်၍လည်း အနာဂတ် ဒီမိုကရေစီဖ က်ဒရယ်ပြည်ထောင်စုကြီးဆိုသို့ လျှောက်လှမ်း ကြရာတွင် အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် အတူ မွန်တိုင်းရင်းသား များကလည်း စုစည်းညီညွတ်စွာဖြင့် တွဲလက်မဖြုတ်စတမ်း လျှောက်လှမ်းနိုင်ပါစေ”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ မွန်အမျိုးသားနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ ဇာသပြင်တွင် ဗဟိုအခမ်းအနားဖြစ် ကျင်းပနေပြီး မွန်ပြည်နယ် အတွင်း နေရာအနံှ့အပြားတွင်လည်း ကျင်းပလျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ကျင်းပနေကြောင်း သိရသည်။ မွန်အမျိုးသားနေ့သို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က လည်းသဝဏ်လွှာ တစောင် ပေးပို့ ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားများ၏ မွေးရာပါ အခွင့်အရေးများ ရရှိနိုင်ရေး အတွက် RCSS အနေဖြင့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားထု တရပ်လုံး အပါအဝင် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ သက်ဆိုင်သည့်ပါတီ၊ အဖွဲ့ အစည်းများနှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။ မွန်လက်နက်ကိုင် အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP) က NCA ကိုဖေဖော်ဝါရီ ဒုတိယအပတ် ထဲတွင် လက်မှတ် ရေးထိုးနိုင်ရေး ကြိုးပမ်းနေသည်။ The post မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့ appeared first on ဧရာဝတီ.
Source : http://ift.tt/2EvsGe7
via IFTTT

Aye

ရန်​ကုန်​မြို့ ခြံအမှတ်​၅၄ အ​မေစုအိမ်​အား ဓာတ်​ဆီဗုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွား မရှိခဏ မုဆိုး
Source : http://ift.tt/2EsmxiM
via IFTTT