Tuesday, February 27, 2018


“Wonder Woman 2” ရုပ်ရှင်မှာ မင်းသမီး Emma Stone ဗီလိန်အဖြစ် ပါဝင်လာမလား “Wonder Woman 2” ရုပ်ရှင်မှာ Cheetah ဆိုတဲ့ ဇာတ်ကောင်က ဗီလိန်ဖြစ်လာတော့မှာလားဆိုပြီး That Hashtag Show မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ DC ကုမ္ပဏီရဲ့ စူပါဟီးရိုးရုပ်ရှင် Wonder Woman အတွက် စူပါဗီလိန်ကို ရွေးချယ်လိုက်ပြီလို့လည်း သိရပါတယ်။ “Patty Jenkins, Geoff Johns နဲ့ Dave Callahan” တို့ ရေးသားထားတဲ့ “Wonder Woman” နောက်ဆက်တွဲရုပ်ရှင် ဇာတ်ညွှန်းမှာ Cheetah ဇာတ်ကောင်ကို အဓိကဇာတ်ဆောင် ဒိုင်ယာနာရဲ့ ဗီလိန်အဖြစ် ရွေးချယ်ထားတယ်လို့ သိရပါတယ်။ “William Moulton Marston” ဖန်တီးထားတဲ့ Cheetah ဇာတ်ကောင်ဟာ သူ့ကို မိတ်ဆက်လိုက်ချိန်ကတည်းက မတူတဲ့ ပုံစံ ၄ မျိုး ရှိခဲ့ပါတယ်။ ရွှေရောင်နဲ့ ငွေရောင် Cheetah နာမည်က Priscilla Rich ၊ ကြေးရောင် Cheetah နာမည်က Deborah Domaine နဲ့ တတိယမြောက် အခုလက်ရှိ DC ရဲ့ မူရင်းကာတွန်းတွေမှာ သုံးစွဲ နေတဲ့ Cheetah နာမည်ကတော့ Barbara Ann Minerva ပဲ ဖြစ်ပါတယ်။ ပြီးတော့ Cheetah အထီးဗားရှင်းကိုတော့ ၂၀၀၁ ခုနှစ်မှာ Sebastian Ballesteros အမည်နဲ့ ပွဲထုတ်ခဲ့ပါသေးတယ်။ အခုရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမှုမှာ လက်ရှိ Cheetah ဖြစ်တဲ့ “Barbara Ann Minerva” ကို အခြေခံ ထားပါတယ်။ သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ Warner Bros. Pictures ရုပ်ရှင်ထုတ်လုပ်ရေး ကတော့ Marvel ကာတွန်း ဇာတ်ကောင် Gwen Stacy အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Emma Stone ကို ထည့်သွင်းရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ ဆိုပေမယ့် Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “The Amazing Spider-Man” နဲ့ နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မင်းသမီး Emma က ငြင်းပယ်ခဲ့ဖူးပါတယ်။ စစ်အေးခေတ်ကာလ ၁၉၈၀ ခုနှစ် ပြည့်လွန်နှစ်တွေမှာ အခြေခံဇာတ်အိမ်တည်မယ်လို့ဆိုတဲ့ “Wonder Woman 2” ရုပ်ရှင်ကို လန်ဒန်မြို့မှာ မေလ ၂၈ ရက်နေ့ကစလို့ စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး ဒါရိုက်တာ Jenkins ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပြန်လည်ရိုက်ကူးမှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ Wonder Woman အဖြစ် မင်းသမီး Gal Gadot က ပြန်လည်ပါဝင်လာမှာဖြစ်ပြီး သူနဲ့အတူ သရုပ်ဆောင်တွေဖြစ်တဲ့ Chris Pine, Said Taghmaoui နဲ့ Ewen Bremner တို့ကလည်း အားဖြည့်ပါဝင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၇၀ ခုနှစ် ပြည့်လွန်နှစ်တွေတုန်းက မူရင်း “Wonder Woman” ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ Lynda Carter က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ အခုရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ် လို့ ဆိုပါတယ်။ Deborah နဲ့ Zack Snyder တို့က ထုတ်လုပ်သူ အဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။ Ref ; aceshowbiz The post “Wonder Woman 2” ရုပ်ရှင်မှာ မင်းသမီး Emma Stone ဗီလိန်အဖြစ် ပါဝင်လာမလား appeared first on ဧရာဝတီ.
Source : http://ift.tt/2oxN0E2
via IFTTT


ဘာလင်ညီလာခံ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ လျှောက်ထားမှု ပယ်ချခံရ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ကျင်းပနေသည့် မြန်မာလူမျိုးတုံး သတ်ဖြတ်မှု(The Berlin Conference On Myanmar Genocide) ဆိုသည့် ညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့အား တက်ရောက်ခွင့် မပြုကြောင်းသိရသည်။ တက်ရောက်ခြင်းမပြုရန် တားမြစ်ခံရသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHARD)၏ ညှိနှိုင်းရေးအကြီးအကဲ ဒေါက်တာအောင်ထွန်းသက်၊ လွှတ်တော် နိုင်ငံတကာ ဆက်သွယ်ရေး ကော်မတီဝင် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နှင့် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများမှ အခြားသူများလည်းပါဝင်ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဘာလင်ညီလာခံသို့ တက်ရောက်ရန် ရည်ရွယ်ချက်မှာ အခမ်းအနား တက်ရောက်လာသူများ နှင့် ထိတွေ့ရန်နှင့် ပြောကြားချက်များကို နားထောင်ရန် ဖြစ်ကြောင်း မနေ့က ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားသည်။ လွှတ်တော် နိုင်ငံတကာ ဆက်သွယ်ရေး ကော်မတီဝင် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီ နိုင်က ၎င်းတို့အဖွဲ့ ဝင်များ အနေဖြင့် ညီလာခံ တက်ရောက်ခြင်းဖြင့် ပြင်ပအမြင်များကို ပိုမိုနားလည် နိုင်ရန်နှင့် လေ့လာဆန်းစစ်နိုင်ရန် မျှော်လင့်ခဲ့ကြောင်း ဆိုသည်။ ယခုအခါ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် လွတ်လပ်သော အမြင်များကို ယူဆောင်လာမည့် ရှုထောင့်ပေါင်းစုံမှ ပရိဿတ်များ ပါဝင်မှုကို ဖန်တီးပေးနိုင်မည် ဖြစ်သော အခွင့်အရေးကို ငြင်းပယ် ခြင်းခံရသည့် အတွက် စိတ်ပျက်မိကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။ အဆိုပါ ဘာလင်ညီလာခံကို ကျင်းပသူများကမူ အခမ်းအနားတက်ရောက်ရန် ကြိုတင်စာရင်းသွင်းမှု များပြားလွန်းသည့် အတွက် နေရာမပေးနိုင်ကြောင်း အကြောင်းပြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဘက်မူ ဘာလင်ညီလာခံကို စီစဉ်ကျင်းပသူများအနေဖြင့် မြန်မာမှ ပါဝင် တက်ရောက်မည့်သူများကို ဖယ်ရှားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့အတွက် အမှန် တကယ်ပင်စိုးရိမ် မိကြောင်း ဆိုသည်။ “ဒီအခမ်းအနားရဲ့ နောက်ကွယ်က အမှန်တကယ် ရည်ရွယ်ချက်ကို ကျနော်တို့အတွက် မေးခွန်းထုတ် စရာ ဖြစ်ခဲ့သလို ဒီ ညီလာခံက ရခိုင်ပြည်နယ်မှာ ရှိတဲ့ အသိုင်းအဝိုင်း အားလုံးအတွက် ရေရှည်ခိုင်မြဲ မယ့် အဖြေတခုကို ရှာဖွေရေးနဲ့ ဆန့်ကျင် ဖက်ကို ပြောင်းသွားပြီး ပိုမိုရှုပ်ထွေးမှုတွေကို ဖန်တီးပေးမှာ လား ဆိုတဲ့ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို တိုးစေပါတယ်” ဟု ကိုယ်စားလှယ် အဖွဲ့ဝင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘာလင်ညီလာခံ တက်ရောက်ရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က Eventbrite အွန်လိုင်း ပလက်ဖောင်းမှ တဆင့် မှတ်ပုံတင် စာရင်းသွင်းခြင်း ပြုလုပ်ရာ အောင်မြင် ကြောင်း အတည်ပြုချက်နှင့် လက်မှတ်များ ရရှိ ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အဖွဲ့ဝင် များထံ အီးမေးလ်ပေးပို့၍ ညီလာခံတက် ရောက်ရန် စာရင်းသွင်းထားခြင်းကို ပယ်ဖျက်ကြောင်း ညီလာခံကျင်းပသည့် သူများဘက်မှ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ပြုလုပ်နေသည့် အဆိုပါညီလာခံသို နိုင်ငံတကာပညာရှင်များ၊ လူ့အခွင့်အရေး တက် ကြွလှုပ်ရှားသူများနှင့် ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာ အဖွဲ့အစည်း ဥက္ကဋ္ဌ ရိုထွန်းခင်၊ ရိုဟင်ဂျာ ဘလော့ဂါ ရိုနေဆန်း လွင်၊ ရိုဟင်ဂျာ မီဒီယာ ဒါရိုက်တာနှင့် နယ်သာလန် အခြေစိုက် ဥရောပ ရိုဟင်ဂျာ ကောင်စီ ဥက္ကဋ္ဌ ရိုလှကျော် တို့အပါအဝင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ မြန်မာလူထု၏ ဝေဖန်မှုခံနေရသည့် ဦးဟန်ညောင်ဝေနှင့် ဒေါက်တာ ဇာနည် တို့လည်း တက်ရောက် ဆွေးနွေး ကြမည်ဟု သိရသည်။ ဘာလင်ညီလာခံ တက်ရောက်သူများထဲ တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ လည်းပါဝင်ပြီး၊ သူသည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ အစီရင်ခံစာရေးသားရာတွင် ရိုဟင်ဂျာများကို အရေးပေးဘက်လိုက်ခဲ့ ခြင်းအတွက် မြန်မာနိုင်ငံတွင်းသို့ ပြန်လာရေးကို တားမြစ်ခံခဲ့ရသူ ဖြစ်သည်။ The post ဘာလင်ညီလာခံ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ လျှောက်ထားမှု ပယ်ချခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2EUgt69
via IFTTT

7Day News Journal

ဆော်ဒီစစ်တပ် ထိပ်ပိုင်း ရာထူးများ ဘုရင့်အမိန့်ဖြင့် ညတွင်းချင်း အပြောင်းအလဲဖြစ် ဆော်ဒီအာရေးဘီးယား အစိုးရက စစ်တပ်၏ ထိပ်တန်း အကြီးအကဲ အချို့ကို ညတွင်းချင်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက တော်ဝင် မိသားစု ထုတ်ပြန်သည့် အမိန့်ဒီဂရီကို ချက်ချင်း အသက်ဝင်စေပြီး စစ်တပ်အတွင်း ထိပ်ပိုင်း ပုဂ္ဂိုလ်အချို့ကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီဘုရင် ဆယ်လ်မန်သည် ကြည်းတပ်နှင့် လေကြောင်းကာကွယ်ရေးတပ် စစ်ဦးစီးချုပ်များကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ယီမင်တွင် ဆော်ဒီ ဦးဆောင်သည့် အာရပ် မဟာမိတ် တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေမှု၌ ရလဒ်ပိုင်း ကျေနပ်စရာ မရှိခဲ့ခြင်းက ယခု အပြောင်းအလဲများနှင့် တိုက်ရိုက် ဆက်စပ်နေဖွယ် ရှိနေသည်။ ယီမင် အစိုးရဘက်မှ ကူညီကာ ဟိုသီ သူပုန်များကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဘုရင်၏ တိုက်ရိုက် အမိန့်ဖြင့် ရာထူး အပြောင်းအလဲများ ဖြစ်စေခဲ့သော်လည်း ထိုကိစ္စရပ်များ အားလုံးသည် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်၏ ဆုံးဖြတ်ချက်ဟု ယုံကြည်ရသည်။ ဆော်ဒီ အစိုးရ အဖွဲ့တွင် ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော အိမ်ရှေ့မင်းသားသည် ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည်။ ရာထူးမှ ဖယ်ရှားခံရသည့် စစ်ဘက် အကြီးအကဲများ စာရင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များ၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဘ်ဒူလ် ရာမန် ဘင်ဆာလား အယ်လ်ဘွန်ယန်းလည်း ပါဝင်ခဲ့သည်။ ဘုရင်၏ အမိန့်ဖြင့် အရာရှိများကို ထုတ်ပယ်ပြီးသည်နှင့် ၎င်းတို့ နေရာကို အစားဝင်ရန် စစ်ဘက် အရာရှိ အချို့ကို ရာထူးချက်ချင်း တိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရှိရသည်။
Source : http://ift.tt/2Cn9QaU
via IFTTT


ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော် ၌ “တောသင်္ကြန်ညဈေး” အစီအစဉ်သစ် ထည့်သွင်းမည် ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော်၌ ဒေသထွက် အစားအစာများ ရောင်းချမည့် “တောသင်္ကြန်ညဈေး” အမည်ရှိ အစီအ စဉ်သစ်ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်း မြင့်က ဧရာဝတီကို ပြောသည်။ “သင်္ကြန်အချိန် လာလည်တဲ့ နိုင်ငံခြားသားတွေ အတွက် ညပိုင်းမှာ သွားစရာသိပ်မရှိဘူး။ အဲဒီတော့ Tourist Attraction (ခရီးသွားတွေ ဆွဲဆောင်တဲ့နေရာ) တခုလည်း ဖြစ်သလို ကိုယ့် မြို့သူမြို့သားတွေ အတွက်လည်း ဖျော်ဖြေ ရေးလေးတခု ဖြစ်စေချင်တဲ့အတွက် အခုလို စီစဉ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။ တောသင်္ကြန်ညဈေးကို မန္တလေးမြို့ အရှေ့ဘက်ကျုံး ၆၆လမ်း၊ ၁၉လမ်းနှင့် ၂၄ လမ်းကြားတွင် ပြုလုပ်မည်ဖြစ်ပြီး ည ၇ နာရီမှ ၁၂ နာရီအထိ ခွင့်ပြုရန် လျာထားကြောင်း ယင်းညဈေးတွင် ရိုးရာ အစားအသောက်များ လာရောက် ရောင်းချ လိုသူများ အတွက် အခမဲ့ ဖွင့်လှစ် ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။ တောသင်္ကြန် ညဈေးတွင် မန္တလေးမြို့၏ နာမည်ကြီး ဒေသထွက် အစားအစာများဖြစ်သော ထိုးမုန့်၊ လက်ဖက်၊ ထမနဲ စသည်တို့ အပါအဝင် ဘုရားပွဲဈေး တို့တွင် ရောင်းချသည့် ရိုးရာ သရေစာများကိုလည်း ရောင်းချနိုင်မည် ဖြစ်ပြီး ကျန်းမာရေး နှင့် ညီသော အစားအသောက်များ ဖြစ်ရန်အတွက် မန္တလေးတိုင်း စားသောက်ကုန် လုပ်ငန်းရှင်များ အသင်း က ကြပ်မတ် ဆောင်ရွက်သွားမည်ဟု မန္တလေး စည်ပင်မှ သိရသည်။ ဖျော်ဖြေရေး အနေဖြင့် မြို့တော်ဝန်မဏ္ဍပ်မှ သီဆိုဖျော်ဖြေမှု၊ ရုပ်သေးပြပွဲ အပြင် ပိတ်ကားထောင်၍ ရုပ်ရှင်ပြသခြင်း ကို ထည့်သွင်းထားပြီး ပြသမည့် ရုပ်ရှင်ပြစက်များကို ရှေးခေတ်က ပြသခဲ့သော စက်အဟောင်းများဖြင့် ပြသမည် ဖြစ် ရာ မန္တလေးမြို့ရှိ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး အကူအညီဖြင့် စီစဉ်ထားသည်ဟု သိရသည်။ ထို့ပြင် အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်များ စာအုပ်ဆိုင်များကိုလည်း ဖွင့်လှစ်ခွင့်ပြုမည်ဟု ဦးကျော်ဆန်းမြင့် က ဆက်လက် ပြောသည်။ ညအချိန်များ၌ မန္တလေးကျုံးဘေးတွင် ရိုက်မှု၊ လုယက်မှု မကြာခဏ မှုခင်း ဖြစ်ပွားလေ့ရှိရာ ညဈေးပြုလုပ်မည် ဆိုပါက အများပြည်သူ လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မန္တလေးမြို့ခံများ က ပြောဆိုကြ သည်။ မန္တလေးမြို့ခံ ဧည့်လမ်းညွှန် ကိုအောင်ကျော်မြင့်က “ဒီကိုလာတဲ့ နိုင်ငံခြားသား တော်တော်များများက ထိုင်းလို သင်္ကြန် မို့ သီးသန့်လာတာ ရှားတယ်လေ။ ကြုံကြိုက်လို့ ပျော်ကြတာများတယ်။ အဲဒါကြောင့် တကယ် ဆွဲဆောင်ချင် တယ် ဆိုရင်တော့ စလုပ်တဲ့နှစ်မှာ နာမည်ကောင်းရရင်တော့ ဆွဲဆောင်နိုင်စရာဖြစ်လာမှာပါ။ အဲဒီအတွက် လုံခြုံရေး ကို ကောင်းကောင်း လုပ်ပေးနိုင်ဖို့လိုသလို အရေးအကြောင်းဆို ချက်ချင်း အကူအညီပေးနိုင်တဲ့ အစီအမံ တွေရှိထားဖို့ လည်း လိုမယ်”ဟု ဧရာဝတီသို့ ပြောသည်။ တောသင်္ကြန်ညဈေး လုံခြုံရေးနှင့် ပတ်သက်၍ “တိုင်းရဲတပ်ဖွဲ့က သင်္ကြန်လုံခြုံရေး စီမံချက် ဆွဲပြီးသွားသလို အဲဒီ နေရာတွေမှာ အခုထက် ပိုကောင်းတဲ့ စီစီတီဗီတွေ တပ်ဖို့လည်း စီစဉ်နေတယ်။ သင်္ကြန်မှာ တိုင်းရဲတပ်ဖွဲ့နဲ့ စည်ပင်ရဲ ပေါင်းပြီး နေရာသုံးနေရာမှာ လုံခြုံရေး ယူပေးပါမယ်”ဟု စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကလည်း ပြောပြ သည်။ ယခုနှစ် မန္တလေးသင်္ကြန်၌ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကဲ့သို့ တောင်ဘက်ကျုံးတွင် လမ်းလျှောက် သင်္ကြန်၊ မြောက်ကျုံးနှင့် အရှေ့ဘက်ကျုံး (မြောက်ခြမ်း)တွင် ရေပက်မဏ္ဍပ်များ၊ အနောက်ဘက်ကျုံးတွင် တပိုင်တနိုင် ရေစုပ်စက်ဖြင့် မိသားစု များ လာရောက် ရေကစားနိုင်ရန် စီစဉ်မည်ဖြစ်ပြီး ညပိုင်းတွင် တောသင်္ကြန်ညဈေးနှင့် မြို့တော်ဝန် ဗဟိုမဏ္ဍပ်တို့ ရှိမည် ဖြစ်ကြောင်း စည်ပင်မှ သိရသည်။ The post ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော် ၌ “တောသင်္ကြန်ညဈေး” အစီအစဉ်သစ် ထည့်သွင်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2BTlNnA
via IFTTT


သင်ယူစရာများနဲ့ ပြည့်နှက်နေတဲ့ Coco Animation Movie (2017) Walt Disney နဲ့Pixar တို့ရဲ့နောက်ဆုံးထွက် Animation ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Coco ဇာတ်လမ်းကို ကြည့်ရင်းနဲ့ ရရှိနိုင်မယ့် အနှစ်သာရနဲ့ ပေးချင်တဲ့ သင်ခန်းစာက တော်တော်ကို သဘောကျစရာ ကောင်းပါတယ်။ IMDB rating (8.6) ရရှိထားပြီး Emotional Story တပုဒ်လို့လည်း ပြောလို့ရပါတယ်။ Animation ပိုင်းကို လှလှပပနဲ့ အရောင်စုံစုံလင်လင် ရိုက်ပြထားပြီး Sound Track အပိုင်းမှာတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Miguel နေရာကို အသံ သရုပ်ဆောင်ထားတဲ့ Anthony Gonzalez ဆိုတဲ့ ကောင်လေးကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ ဇာတ်လမ်းကတော့ ဒီလိုပါ။ Mexican ရွာတရွာမှာ ဖိနပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ မိသားစုရဲ့ မိသားစုဝင် တယောက်ဖြစ်တဲ့ ၁၂ နှစ်အရွယ် ကောင်လေး Miguel ဟာ ဂီတကို ရူးသွပ်ပြီး ဂီတသမားတယောက် ဖြစ်ချင်သူပါ။ သူ့ရဲ့မိသားစုတွေကတော့ ဂီတနဲ့ ပတ်သက်လာရင် အိမ်မှာ လေချွန်သံတောင် မကြားချင်တဲ့သူတွေပါ။ Miguel ရဲ့ မိသားစုတွေဟာ ဂီတကို ဘာလို့စိတ်နာနေလဲဆိုတဲ့ အကြောင်းကလည်း ရှိနေပါသေးတယ်။ တခါတရံမှာ ကိုယ်လုပ်ချင်တဲ့ ကိုယ့်ရဲ့ဝါသနာနဲ့ မိသားစုရဲ့ တားမြစ်မှုတွေကြား ကတောက်ကဆ ဖြစ်တတ်တာတွေ ရှိပါတယ်။ ဒီအခါမှာ ဘယ်လိုမျိုး အကျိုးသင့် အကြောင်းသင့် လုပ်သင့်တယ်ဆိုတာကိုပါ Coco က သင်ပြပေးထားပါတယ်။ Coco ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ရဲ့အကောင်းဆုံး Animation ဇာတ်ကား စာရင်းဝင် ဇာတ်ကားတကား ဖြစ်ပြီး “Golden Globe Awards” မှာလည်း Best Original Song အတွက် Nominee ဝင်ထားပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးအထိ ကြည့်ချင်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တကောင်းမို့လို့ ညွှန်းဆိုလိုက်ပါတယ်။ The post သင်ယူစရာများနဲ့ ပြည့်နှက်နေတဲ့ Coco Animation Movie (2017) appeared first on ဧရာဝတီ.
Source : http://ift.tt/2sZ7Th4
via IFTTT


အသားအရေ၊ ဆံကေသာ၊ သွား ကျန်းမာရေးတို့အတွက် အသုံးဝင်တဲ့ အုန်း အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာ ဆံကေသာ ကျန်းမာရေးအတွက် အလွန်အသုံးတည့်တဲ့ သဘာဝပစ္စည်း တမျိုး ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်ကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ ခြောက်သွေ့တဲ့ အရေပြားအတွက် အုန်းဆီဟာ အထူးပဲ ကောင်းမွန်လှပါတယ်။ ခေါင်းမလျှော်ခင်မှာ အုန်းဆီကို ဦးခေါင်းအနှံ့လိမ်းပေးပြီး နာရီဝက်ခန့်ထားပြီးမှ ခေါင်းလျှော်ပေးမယ် ဆိုရင်တော့ ဆံကေသာတွေ မည်းနက် ပျော့ပျောင်းပြီး ဗောက်ထခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဆံပင်ကျွတ်တဲ့သူတွေ ဆံသား ပျက်စီးတဲ့သူတွေအတွက် အုန်းဆီက အထိရောက်ဆုံး ပြုပြင်ပေးနိုင်ပါတယ်။ အုန်းဆီရဲ့နောက်ထပ်အသုံးဝင်တဲ့ အချက်ကတော့ အုန်းဆီ အနည်းငယ်ကို သွားဖုံးနဲ့သွားတွေမှာ အနည်းငယ် ပွတ်တိုက် ပေးမယ်ဆိုရင် သွားကျဉ်ခြင်းကို သက်သာစေနိုင်ပြီး သွားတွေကို ဖြူစင်သန့်ရှင်းစေမှာ ဖြစ်ပါတယ်။ ခံတွင်းနဲ့ သွားအတွင်းမှ ပိုးမွှားနဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့ မနက်အိပ်ရာ ထချိန်တိုင်း အုန်းဆီနဲ့ ပလုတ်ကျင်းပေး နိုင်ပါတယ်။ ဒီလို အုန်းဆီနဲ့ပလုတ်ကျင်းပေးပြီးရင်တော့ သွားပြန်တိုက်ပေးဖို့လိုပါတယ်။ ဒီနည်းလမ်းဟာ အိန္ဒိယမှာ နှစ်ပေါင်းများစွာ အသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာတော့ ၁၉၉၀ ခုနှစ်နောက်ပိုင်းလောက်မှာ စတင် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ခြောက်သွေ့ပြီး ရေဓာတ်နည်းတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ အုန်းဆီကို အရေပြားပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် အသားပတ်ခြင်း၊ အက်ကွဲခြင်းတွေကို သက်သာစေပြီး အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေ လည်း နှောင့်နှေးစေပါတယ်။ အမာရွတ်တွေနဲ့ အကြောပြတ်တာတွေ အတွက် အုန်းဆီဟာ အကောင်းဆုံး Essential oil ဖြစ်ပြီး ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ မှိုတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ Ref : byrdie.com The post အသားအရေ၊ ဆံကေသာ၊ သွား ကျန်းမာရေးတို့အတွက် အသုံးဝင်တဲ့ အုန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2EYjZsi
via IFTTT


နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှင့် ARSA အိန္ဒိယနိုင်ငံ ဂါဇီယာဘတ် Ghaziabad မြို့အနီးမှ သူတို့၏ ဟောင်းနွမ်းစုတ်ပြတ်နေသော တိုက်ခန်း၏ မြေညီထပ်တွင် ထိုင်ရင်း ခါလီမူလာ Khalimullah နှင့် ဖိုင်ဇော Faizal တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား Cox’s Bazar ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀၀၀၀ ကျော်၏ ကံကြမ္မာကို ဆွေးနွေးခဲ့ကြသည်။ သူတို့ကို တယ်လီဗီးရှင်းက စိတ်အနှောက်အယှက် ပေးနေသည်။ ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များကို ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) က ဇန်နဝါရီလ ၅ ရက်နေ့တွင် ခြုံခိုတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့သည့် သတင်းလာနေခြင်း ဖြစ်သည်။ ခါလီမူလာနှင့် ဖိုင်ဇောတို့သည် လွန်ခဲ့သော တနှစ်ခန့်က အိန္ဒိယသို့ ရောက်လာသော ရိုဟင်ဂျာများ ဖြစ်ကြသည်။ ရခိုင် ပြည်နယ်မှ အခြေအနေများကို အဝေးမှ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့၏ ဘဝက အကောင်းဆုံး မဟုတ်ဟု ဆိုလျှင်ပင် ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သူများထက် များစွာသာ လွန်ပါသည်။ သူတို့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ သူတို့ အိမ်များသို့ ပြန်ချင်သည်။ သို့သော်လည်း ARSA ကို ထောက်ခံကြပုံရသည့် အခြားရိုဟင်ဂျာ ဒုက္ခသည် အများစုကဲ့သို့ မဟုတ်ဘဲ သူတို့က ကွဲပြားသော ခံစားချက်ရှိသည်။ ဇန်နဝါရီလ ၅ ရက်နေ့ တိုက်ခိုက်မှု အပြီး ရက်အနည်းငယ် အကွာတွင် ခါလီမူလာက ဒေလီရှိ ကျနော်၏ ဂျာနယ်လစ် မိတ်ဆွေတဦးကို ချဉ်းကပ်၍ ပဋိပက္ခတွင် ARSA ၏ ပါဝင်ပတ်သက်မှုက ရိုဟင်ဂျာတို့၏ ဒုက္ခကို ပိုဆိုးဝါးစေခဲ့သည်ဟု ပြောသည်။ “(မြန်မာနိုင်ငံက အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခံထားရသော) ARSA က သူတို့ဟာ ရိုဟင်ဂျာ အရေး အတွက် ကယ်တင်ရှင်တွေလို့ သူတို့ကိုယ်သူတို့ ဖော်ပြဖို့ ကြိုးစားလေလေ အခြေအနေတခုလုံးက ပိုရှုပ်ထွေးသွားလေ ဖြစ်လိမ့်မယ်” ဟု သူက ပြောသည်။ ခါလီမူလာနှင့် သဘောတူဖို့အတွက် ဖြစ်လာရသည်မှာ ARSA က ဦးဆောင်သည့် တိုက်ခိုက်မှုက မည်မျှပင် သေးငယ်သည် ဖြစ်စေ တပ်မတော်၏ ပြင်းထန်သော တုန့်ပြန်မှုကို ဆွပေးသလိုသာ ဖြစ်ပြီး ကြီးမားသော နိုင်ငံရေး သက်ရောက်မှု တခုလည်း ရှိသောကြောင့် ဖြစ်သည်။ အလားတူ စိုးရိမ်မှုမျိုးကို အသိအမြင်များသော နိုင်ငံရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် ရန်ကုန် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်သော ရစ်ချတ်ဟိုဆေး Richard Horsey က နယူးယောက်တိုင်းမ် New York Times နှင့်ပြုလုပ်သော အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာ့တပ်မတော်သည် ARSA ၏ သြဂုတ်လ ၂၅ ရက်က တိုက်ခိုက်မှုများအတွက် လက်တုန့်ပြန်ရာတွင် ရိုဟင်ဂျာ အရပ်သားများအပေါ် ကျူးလွန်ခဲ့သည်ဆိုသော ရက်စက်မှုများနှင့် ပတ်သက်သော စွပ်စွဲမှုများကို ဆက်လက် ငြင်းဆန်ရင်း လတ်တလောတွင် အရှက်ရစရာ အများအပြား ရှိနေသည်။ မကြာသေးမီက အလောင်းများ မြှုပ်နှံထားသည့် မြေပုံတခု တွေ့ရှိခဲ့ရခြင်းကလည်း ရိုဟင်ဂျာများကို ဦးတည်သည့် မျိုးတုန်းသတ်ဖြတ်မှုဆိုသော ကုလသမဂ္ဂ၏ စိုးရိမ်ပူပန်မှုများကို မှန်ကန်ကြောင်း သက်သေပြခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အဆိုပါစွပ်စွဲမှုများအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုတခု ပြုလုပ်ရန် ကျနော်တို့က တောင်းဆိုရင်း (အစားထိုးစရာ မရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်) ARSA ၏ နောက်သို့ လိုက်၍ နောက်ထပ် မီးမမွှေးမိအောင် တားဆီးရန် ထပ်တူထပ်မျှ အရေးတကြီး လိုအပ်နေပါသည်။ ယနေ့ အချိန်တွင် ARSA ၏ ကိုယ်စားပြုမှုက အငြင်းပွားဖွယ်ရာ ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံတကာ ထိပ်တန်း မီဒီယာ များက ၎င်းတို့ကို ခုခံရေး အဖွဲ့တခု သို့မဟုတ် လက်နက်ကိုင် ပုန်ကုန်သည့် အဖွဲ့အစည်းတခု အဖြစ်ခေါ်ကြသည့် အချိန် တွင် လျှော့လျှော့ပေါ့ပေါ့ ပြောရလျှင် အနည်းငယ် ရယ်စရာ တခုလို ဖြစ်နေပါသည်။ စူးစမ်းချင်စရာ အကောင်းဆုံးမှာ ARSA က လူသိများသည့် အကြမ်းဖက် အဖွဲ့များထဲမှ တခု ဖြစ်သည့် Jamaat-Ud Daawah (ပါကစ္စတန် အခြေစိုက် Laskhar-e-Taiba ၏ နောက်ထပ် နာမည်တမျိုး) နှင့် ဆက်သွယ်မှုများ ရှိခဲ့သလား၊ လျှို့ဝှက်သင်တန်းများ အတွက် အကူအညီများ ရရှိခဲ့သလား ဆိုခြင်း ဖြစ်သည်။ အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့အစည်း များက ထိုအကြောင်းကို မီဒီယာတွင် တကြိမ်မက ပြောကြားခဲ့ကြပြီး ဖြစ်သည်။ အမှန်တကယ်တွင် ထိုသင်တန်းများ ကိစ္စ က ARSA ကေဒါများက သူတို့အကြောင်းကို မီဒီယာတွင် ပွင့်ပွင့်လင်းလင်း ပြောပြလာချိန်၊ ထိုအချက်ကို ထောက်ခံသည့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်လာချိန်တွင် လျှို့ဝှက်ချက်တခု မဟုတ်တော့ပါ။ ARSA က ပါကစ္စတန်တွင် Laskhar-e-Taiba နှင့် Jaish-e-Mohammed တို့၏ အရိပ်အောက်၌ ယုံကြည်ချက်လှုပ်ရှားမှု အဖွဲ့ (Harakah al-Yaqin )အနေဖြင့် စတင် ပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်းကျမှသာ ARSA အမည်သို့ ပြောင်းလဲခဲ့ ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်ရန် ခြိမ်းခြောက်သည့် ကြေညာချက်များ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခဲ့ခြင်းအား ကြည့်လျှင်ပင် ၎င်းတို့အဖွဲ့သည် သန်းနှင့် ချီသော အိုးအိမ်မဲ့ ရိုဟင်ဂျာ မွတ်ဆလင်များအတွက် အဖြေတခုကို ဦးတည်၍ လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိဟု ထင်မြင် ယူဆနိုင်ပါသည်။ လက်နက်ကိုင် တိုက်ခိုက်မှုကို တချိန်က ထောက်ခံခဲ့သော ခါလီမူလာကပင် ARSA ကို ကိုယ်စားပြုအဖွဲ့အစည်းတခု အနေဖြင့် မမြင်ခဲ့ပါ။ အိန္ဒိယ မီဒီယာမှ တဆင့် အခြားသူများထက် ပို၍ သိထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အမေရိကန် နိုင်ငံက တားမြစ်ပိတ်ပင်ခြင်း ခံထားရသော Jaish နှင့် Laskhar တို့ကဲ့သို့သော အစ္စလမ်မစ် အကြမ်းဖက် အဖွဲ့များ နှင့် ARSA ၏ ဆက်သွယ်မှုများကို ခြေရာခံရန် အိန္ဒိယ မီဒီယာက အထူးကြိုးစား အားထုတ်ခဲ့သည်။ ARSA ၏ ခေါင်းဆောင်ဖြစ်သူ အတ္တာအူလာ Ata-Ullah က ကရာချိတွင် မွေးဖွားခဲ့ပြီး အရိပ်အောက်၌ ယုံကြည်ချက်လှုပ်ရှားမှု အဖွဲ့ (Harakah al-Yaqin ) ကို ထူထောင်ခဲ့ကြောင်း ပြီးခဲ့သည့် နှစ် အနည်ငယ်အတွင်းတွင် အိန္ဒိယ မီဒီယာက မှန်မှန်ဖော်ပြ ခဲ့သည်။ Lashkar-e-Taiba ၊ Jaish-e-Mohammad နှင့် အခြားသော ပါကစ္စတန် အခြေစိုက် အဖွဲ့များနှင့် သူ၏ ကြားမှ ဆက်သွယ်မှုများနှင့် ဆိုင်သော အမှုတွဲများ၊ အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာ အမျိုးသားအချို့တို့ကြားမှ လတ်တလော တယ်လီဖုန်း ဆက်သွယ်မှုများ နှင့် ပတ်သက်သည့် အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့များ၏ မှတ်တမ်းများက ရိုဟင်ဂျာ ဒုက္ခသည်များကို အိန္ဒိယ နိုင်ငံမှ ပြန်လည်နှင်ထုတ်ရေးကို အားပေးသည့် ဖက်၌ အိန္ဒိယ အစိုးရကို ခိုင်ခိုင်မာမာ ရပ်တည်စေရန် ဖြစ်လာ ခဲ့သည်။ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်မှု အထောက်အထားများ အပါအဝင် ARSA အကြောင်းကို အိန္ဒိယ နှင့် နိုင်ငံ တကာ မီဒီယာတွင် အများအပြား ရေးသား ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ဥပမာပြရလျှင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရို ဟင်ဂျာ မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များကြားမှ ပဋိပက္ခနောက်ပိုင်းတွင် အတ္တာအူလာက ဖွဲ့စည်းခဲ့သည့် ယုံကြည်ချက် လှုပ်ရှားမှု အဖွဲ့ (Harakah al-Yaqin )သည် Aqa Mul Mujahideen အဖွဲ့နှင့် ဆက်နွယ်မှုကောင်းကောင်း ရှိသည်။ Abdus Qadoos Burmi အမည်ရှိ ရိုဟင်ဂျာတဦးက ဦးဆောင်သော Harakat ul Jihad al-Islami-Arakan အဖွဲ့သည် ARSA အဖွဲ့ နိုင်ငံတကာ၏ ထောက်ခံမှု ရရှိရေး အတွက် စီမံနေသည်ဟု ဆိုကြသည်။ Al-Qaeda ၏ ကက်ရှ်မီးယားမှ အဖွဲ့ခွဲ တခု ဖြစ်သည့် Answar Gazawat-ul-Hind က အိန္ဒိယ နိုင်ငံတွင် ရိုဟင်ဂျာ အရေးကို တက်ကြွစွာ လှုပ်ရှားနေသည်။ ထို့ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေးတွင် အကြမ်းဖက်ရှုထောင့်နှင့် ပတ်သက်၍ အိန္ဒိယ အစိုးရနှင့် အိန္ဒိယ အရပ်ဖက် အ ဖွဲ့အစည်း အများစုက စိုးရိမ်နေကြသည်မှာ အကြောင်းရှိပါသည်။ သူတို့၏ သတိပေးမှုက သဘာဝကျပြီး အချို့သူများ အကြောင်းရှာပြီး ပြောကြသလို အစ္စလမ် မုန်းတီးခြင်းနှင့် လုံးလုံးလျားလျား သက်ဆိုင်ခြင်း မရှိပါ။ ထို့ကြောင့် နိုင်ငံတကာမီဒီယာက (Al Jazeera က “မြန်မာနိုင်ငံမှ ARSA၊ လွတ်လပ်ရေးအတွက် တိုက်ခိုက်သူများလား သို့ မဟုတ် အကြမ်းဖက်သမားများလား” ဟု သတင်းရေးသားခဲ့သလို ကိစ္စမျိုးတွင်) အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံ၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ကျောထောက်နောက်ခံပေးနေသလို ဖော်ပြသည့် အချိန်တွင် သူတို့၏ ဖော်ပြမှုက အလွန်ပင် ရပ်တည်မှု လွဲမှားခြင်းနှင့် ပြဿနာ၏ အလုံးစုံကို ကြည့်ရှုရန် ငြင်းပယ်သော မျက်တောင်တဆုံးအမြင် သို့မဟုတ် အဝေးမှုန်ခြင်းကို ရောင်ပြန်ဟပ်ပြနေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ သို့မဟုတ် တရုတ်နိုင်ငံတို့က ရိုဟင်ဂျာများကို ချေမှုန်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ကူညီရန် မည်သည့် အားထုတ်မှုမျှ မပြုလုပ်ခဲ့ကြပါ။ နယူးဒေလီ အခြေစိုက် ပညာရှင် အဖွဲ့အစည်းတခု ဖြစ်သည့် Center for Policy Research မှ ပါမောက္ခ ဘရာမာချယ်လန်နီ Brahma Chellaney က “ရိုဟင်ဂျာတွေရဲ့ လက်ရှိ ဒုက္ခတွေအတွက် ရခိုင်ပြည်နယ်ထဲက တိုက်ခိုက်မှုတွေကို လှုံ့ဆော်ပေးခဲ့တဲ့ ပြင်ပအင်အားစုတွေမှာ ကြီးမားစွာ တာဝန်ရှိပါတယ်” ဟု မကြာသေးခင်က ပြောကြားခဲ့သည်။ ARSA နှင့် အမုန်းစကားများ ပြောကြားနေကြသော၊ သူတို့၏ ရည်မှန်းချက်အတွက် အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြသော ပြင်ပအင်အားစုများကြားမှ ဆက်သွယ်ချက် တိုက်ဆိုင်မှုများ အများအပြား ရှိနေသည့် အတွက် ဘရာမာချယ်လန်နီ၏ စကားက နည်းလမ်းအမျိုးမျိုးဖြင့် ပစ်မှတ် ဗဟိုကို ထိမှန်ခဲ့ကြောင်း ကျနော်ပြောရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ မီဒီယာကို ချွေးသိပ်ရေး တပ်ထားသည့် ပျော့ပြောင်းသည့် ခုခံရေးအဖွဲ့ဆိုသည့် တံဆိပ်နှင့် ဆက်သွားသည်ဆိုလျှင်ပင် ARSA ရှိနေခြင်းက အကောင်းထက် အဆိုးပို ဖြစ်ခဲ့သည်ဟု ပြောပါက မှားသည်ဟု ဆိုနိုင်ပါသလား။ ARSA အတွက် စိုးရိမ်စရာ မရှိခဲ့လျှင် ပို၍ အရေးကြီးသည့် လူမျိုးဖြုတ်သန့်စင်ရေး ဆိုင်ရာ စွပ်စွဲချက်များကို ဖြေရှင်းရန် အခွင့်အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရအတွက် ပို၍ လွယ်ကူစွာ ဖမ်းဆုပ် သွားခဲ့မည်မှာ သေချာပါသည်။ အစီရင်ခံစာ တင်သွင်းပြီး ၂ ရက်အကြာတွင် ပေါ်ပေါက်ခဲ့သော ARSA ဦးဆောင်သည့် တိုက်ခိုက်မှုနှင့် အတူ ထိုအခွင့် အရေးက လွင့်ပါးသွားခဲ့ရသည်။ ARSA ၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေခြင်းနှင့် တပ်မတော်၏ တုန့်ပြန်မှုတို့က ပိုမို၍ ဒီမိုကရေစီ နည်းလမ်းကျ၍ ပွင့်လင်းမြင်သာသော ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်နှင့် ပြန်လာသော ရိုဟင်ဂျာများကို အကာအကွယ်ပေးရေးများကို အကန့်အသတ် ဖြစ်စေခဲ့သည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခွင့်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် မီဒီယာများ ဝင်ရောက်ခွင့်ပြုရေး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ အစိုးရ အပေါ် ဖိအားပေးမှုများ ဆက်လက်ပြုလုပ်ရမည် ဖြစ်သည်။ သို့သော်လည်း ARSA နှင့် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများကို ထိန်းချုပ် ဟန့်တားရေး အတွက်လည်း နိုင်ငံတကာ ဖိအားပေးမှုတခုကို အနှေးနှင့် အမြန်ဆိုသလို စတင် အကောင်အထည် ဖော်ရမည် ဖြစ်သည်။ ၎င်းတို့၏ ပြည်သူများအရေး တိုက်ခိုက်သည် ဆိုသည့် ARSA ၏ အကြောင်းပြရှင်းလင်းမှုတွင် ဝိရောဓိဖြစ်ဖွယ်ရာ များစွာ ရှိပါသည်။ ကျယ်ပြန့်သည့် အစ္စလမ်မစ် အကြမ်းဖက်ကွန်ရက်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းရှိ စစ်သွေးကြွများမှ တင်ပို့သော လက်နက်များ ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် တဟုန်ထိုး များပြားလာခြင်းကြောင့် ARSA ၏ အစီအစဉ် အစစ်အမှန်နှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်လာစေသည်။ မြန်မာနိုင်ငံသို့ ပြန်သွားရေး တောင်းဆိုကြသည့် ဒါဇင်ဝက်ကျော်ခန့်ရှိသော ဒုက္ခသည်စခန်းခေါင်းဆောင်များကို အဆိုပါ လက်နက်များကို အသုံးပြု၍သတ်ဖြတ်ခြင်းဖြင့် အသံတိတ်စေခဲ့သည်။ “ပေါ်ထွက်လာနေတဲ့ အမျိုးမျိုးသော ဇာတ်ကြောင်းတွေအရ ဒုက္ခကို မီးမွှေးပြီး အပြစ်မဲ့တဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေကို သေဆုံးစေတဲ့၊ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခရောက်စေတဲ့ ARSA ရဲ့ အခန်းကဏ္ဍကို ဥပေက္ခာပြုလို့ မရနိုင်ပါဘူး” ဟု ခါလီမူလာက သုံးသပ်သည်။ အကယ်၍ ပြန်လည်ပို့ဆောင်ရေး အတွက်သာ မဟုတ်ဘဲ တရားမျှတမှု (အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ဗုဒ္ဓဘာသာဝင်ရခိုင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ထောင်နှင့် ချီသည့် ရိုဟင် ဂျာများအတွက်) ကို ပေးသည့် ပြည့်စုံသော အဖြေတခုကို ရှာဖွေမည်ဆိုလျှင်ပင် ရခိုင်ပြည်နယ် ပဋိပက္ခ၏ အဓိက အစိတ်အပိုင်းတခု ဖြစ်သော ဤသွေးစွန်းသော ဇာတ်ကြောင်းကို မကြည့်ဘဲ ချန်လှပ် မထားသင့်ပါ။ (Bidhayak Das သည် အိန္ဒိယနှင့် ဒေသတွင်းရှိ သတင်းစာများတွင် ရေးသားခဲ့သော အကြီးတန်း ဂျာနယ်လစ်တဦး ဖြစ်သည်။ ယခုအခါ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် Contributing Editor အဖြစ် ဆောင်ရွက်နေသည်။ ၎င်း၏ Transnational Terrorism and ARSA’s Fight for a ‘Just Cause’ ကို ဘာသာပြန်ဆိုသည်။ ) The post နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှင့် ARSA appeared first on ဧရာဝတီ.
Source : http://ift.tt/2GO5306
via IFTTT