နယ်စပ်ဖြတ် ဝင်လာသည့် မြောက်ကိုရီးယားများ ထိုင်းရဲဖမ်း ထိုင်းနိုင်ငံ ချင်းရိုင်းပြည်နယ်၌ လာအိုဘက်ခြမ်းမှ ကူးဝင်လာသည့် မြောက်ကိုရီးယား အမျိုးသမီး ၇ဦး နှင့် ကလေးတဦးကို ရဲတပ်ဖွဲ့က ဖမ်းမိကြောင်း Khaosad သတင်းကဆိုသည်။ အဆိုပါ မြောက်ကိုရီးယား အုပ်စုကို မဲခေါင်မြစ်ကမ်းတွင် ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များအနေဖြင့် တတိယနိုင်ငံတခုသို့ မလွှဲ ပြောင်းမီ တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်လာမှုဖြင့် အရေးယူနိုင်ကြောင်း သိရသည်။ ၎င်းအုပ်စုတွင် အသက် ၆၁နှစ်မှ ၁၉နှစ်အရွယ်အထိ ပါဝင်ပြီး၊ သူတို့အနေဖြင့် မြောက်ကိုရီးယားမှ တရုတ်နှင့်လာအိုကို ဖြတ်ကာ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တတိယနိုင်ငံတနိုင်ငံ (တောင်ကိုရီး ယား) တွင် ပြောင်းရွေ့ အခြေချလိုသည်ဟု ပြောကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ အဆိုပါ မြောက်ကိုရီးယားများကို ချင်းရိုင်းပြည်နယ် Thoeng ခရိုင် တရားရုံးသို့ ပိုဆောင်ထား ကြောင်း၊ သက်ဆိုင်ရာ သံရုံးသို့ အကြောင်းကြားရခြင်းမရှိသေးကြောင်း၊ ကျန်းမာရေးကောင်းမွန် သည့် ပုံရကြောင်း ချင်းခေါင်ခရိုင် ရဲဗိုလ်မှူးကြီး လျှူဝတ်က ဆိုသည်။ တိုင်းပြည်မှ ထွက်ပြေးသည့် မြောက်ကိုရီးယားများသည် တရုတ်၊ လာအိုမှဖြတ်ကာ ထိုင်းနိုင်ငံသို့ လာလေ့ရှိပြီး၊ အများအားဖြင့် တောင်ကိုရီးယားနိုင်ငံတွင် ခိုလှုံကြသည်။ The post နယ်စပ်ဖြတ် ဝင်လာသည့် မြောက်ကိုရီးယားများ ထိုင်းရဲဖမ်း appeared first on ဧရာဝတီ.
Source : https://ift.tt/2kGMuSU
via IFTTT
Friday, June 1, 2018
နိုင်ငံရေးမဟောရန် ပိတ်ပင်မှု ဆရာ/မများနှင့် ကျောင်းသားသမဂ္ဂများ ကန့်ကွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် ကျောင်းများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို ခွင့်မပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်အပေါ် ဆရာ/ဆရာမများအပါအဝင် ကျောင်း သားသမဂ္ဂများက ကန့်ကွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါညွှန်ကြားချက်ကို တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများကိုယ်စားပြုကော်မတီ (uta) အပါအဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန် ကုန်စီး ပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်၊ ဆေးဘက်ဆိုင် ရာ နည်းပညာကျောင်းသားသမဂ္ဂ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စသည်ဖြင့် အသီးသီး ကန့်ကွက်ထုတ်ပြန်ခဲ့ကြ သည်။ “ပြောရရင်တော့ ကန့်ကွက်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လို့ ဒီမိုကရေစီကို နောက်ပြန်ဆွဲစေတယ်။ ပြည်သူ့အစိုးရလို့ ကြွေးကြော်ထားတဲ့ အစိုးရရဲ့ပုံရိပ်ကို အကြီးအကျယ်ထိခိုက်တယ်” ဟု တက္ကသိုလ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီ (uta) အဖွဲ့ဝင် ဒေါက်တာသန်းလွင်ဦးက ဧရာဝတီကို ပြောသည်။ ဆက်လက်၍ ၎င်းက ယခုညွှန်ကြားချက်သည် ဒီမိုကရေစီပညာရေးတွင် အရေးကြီးသည့် ဝေဖန်ဆန်းစစ် တွေးခေါ်နိုင်မှု ရရှိရန် အဓိကမောင်းနှင်အားဖြစ်သည့် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် တက္ကသိုလ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးသမားများနှင့် တက္ကသိုလ်အာဏာပိုင်များက ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချသည်ဟုသာ မြင်ကြောင်း ပြောဆိုသည်။ ၂၀၁၈၊ မေလ ၂၁ ရက်စွဲပါ ယင်းညွှန်ကြားချက်တွင် ကျောင်းသူ၊ ကျောင်းသားများ ဦးစီး၍ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်ရှိပါက သက်ဆိုင်ရာပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ စိစစ်ချက်၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ ၏ ထောက်ခံချက်တို့နှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာနသို့ အသိပေး၍ သဘောထားမှတ်ချက် ရယူဆောင်ရွက်ရမည်ဟု ပါရှိသည်။ ဆက်လက်၍ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်လိုပါက နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ခွင့်မပြုရန်ဟူ၍ ဖော်ပြထားခြင်းဖြစ်သည်။ “ဘယ်ဟာပဲလုပ်လုပ် မှတ်တမ်းမှတ်ရာတော့ လိုတာပေါ့။ နောက် ခွင့်ပြုတယ် မပြုဘူးက သူတို့လုပ်မယ့်ကိစ္စကြည့်ပြီးမှ ပါချုပ်တွေက ဆုံးဖြတ်ပေးမှာပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တာဆိုတာ မတရားအသင်းဥပဒေတို့ဘာတို့ ပြဋ္ဌာန်းထားတာတွေရှိ တယ်။ အဲဒီလိုအကြောင်းအရာတွေနဲ့ စပ်လျဉ်းရင်တော့လည်း ဘယ်ခွင့်ပြုလို့ရမလဲ။ ကျန်တဲ့နိုင်ငံရေးဆိုတာလည်း ခွင့်မပြု ထားတဲ့ နိုင်ငံရေး ဒီသဘောဖြစ်မှာပါ။ ကျနော်တော့ အဲဒီလိုပဲ နားလည်တယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦး က ပြောဆိုသည်။ အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “စီမံအုပ်ချုပ်ပုံ မတတ်တာလား။ Academic Freedom ကို ကြောက်တာလား။ ပညာရေးရှက်စရာပါ” ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန် ရေးသားထားသည်ကို တွေ့ရသည်။ လူငယ်နှင့် နိုင်ငံရေးသည် ခွဲခြား၍ မရနိုင်သော ဆက်စပ်မှုတခုဖြစ်သည့်အားလျော်စွာ ယင်းကြေညာချက်သည် လွတ်လပ်စွာ တွေးခေါ်လိုသော လူငယ်များ၏ အတွေးများကို အမှောင်ချလိုက်သည့်သဘော သက်ရောက်နေသည်ဟု ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များက ပြောသည်။ “ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူးဆိုတာ ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒေါက်တာမျိုးသိမ်းကြီး ကို ပြတ်ပြတ်သားသား ဝေဖန်ရမယ်ဆိုရင် တော်တော်ဆင်ခြင်တုံတရား အားနည်းတဲ့သူတယောက်ပဲ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူက ဆိုသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ရုတ်သိမ်းမပေးမချင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးစီးကျင်းပမည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို မည်သည့်သက်ဆိုင်ရာဌာနကိုမှ အသိပေး အကြောင်းကြားသွားတော့မည် မဟုတ်ကြောင်း ၎င်းတို့၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ၏ မေ ၃၀ ရက် ထုတ်ပြန်ချက်တွင်လည်း ပညာရေးဝန်ကြီးဌာန၏ ယင်းညွှန်ကြားချက်အား လွှမ်းမိုးပယ်ဖျက်သည့် တရားဝင်အမိန့်တခုကို အမြန်ဆုံးထုတ်ပြန်ပေးရန် တောင်းဆိုထားသ ကဲ့သို့ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်ကလည်း ယင်းညွှန်ကြားချက်ကို ပယ်ဖျက်ပေးရန် တောင်းဆို ထားသည်။ The post နိုင်ငံရေးမဟောရန် ပိတ်ပင်မှု ဆရာ/မများနှင့် ကျောင်းသားသမဂ္ဂများ ကန့်ကွက် appeared first on ဧရာဝတီ.
Source : https://ift.tt/2xDX8TM
via IFTTT
Source : https://ift.tt/2xDX8TM
via IFTTT
Tomorrow News Journal
ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်နေသော်လည်း မီးလောင်မှုမဖြစ်ရန် ကြိုတင်ပြင်ဆင်မူပြုလုပ် ဇွန် ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၂၆ ရပ်ကွက်၊ ပင်လုံလမ်း၊ PT Power ဓာတ်ဆီဆိုင် လမ်းတစ်ဖက် ခြမ်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားနေသော်လည်း မီးလောင်မှု မဖြစ်စေရန် မီးသတ်ဦးစီး ဌာနက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။ “ဓာတ်ငွေ့ယိုစိမ့်နေတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒီယိုစိမ့်မှုကနေ မီးလောင်မှု မဖြစ်အောင်လို့ မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်တွေ အဆင်သင့်ထားရှိပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုက်လိုင်းတွေကို ပိတ်ဆို့ခြင်း၊ ရှင်းလင်း ခြင်းများကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ယင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြော သည်။ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ယိုစိမ့်နေသော ပိုက်လိုင်းများကို ပိတ်ဆို့မှုများ ပြုလုပ်ထားသည့်အတွက် အနည်းငယ်သာယိုစိမ့်မှုရှိသော်လည်း မီး လောင်မှု မဖြစ်ပွားစေရန် မီးသတ်ကားများ၊ မီးသတ်ဝန်ထမ်းများ မျက်ခြည်မပြတ်စောင့် ကြည့်နေကြောင်း သိရသည်။ ပိုင်လေး
Source : https://ift.tt/2snXiJR
via IFTTT
Source : https://ift.tt/2snXiJR
via IFTTT
The Voice
ဓားရှည်များကိုင်ကာ ရမ်းကားသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း၊ တစ်ဦးသေ မန္တလေး၊ ဇွန် ၁ အမရပူရမြို့နယ် စွယ်တော်ကားကွင်းအနီးတွင် မေလ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်က လူငယ် ၂၀ ဦးခန့်သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို ဓားရှည်များဖြင့် ခုခံသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က အတည်ပြုပြောကြားသည်။ "လူ ၂၀ လောက်က လှည့်ကင်းလှည့်နေတဲ့အဖွဲ့ကို ဓားရှည်တွေကိုင်ပြီး ရန်ရှာတာ။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်တာပါ။ တစ်ယောက် သေသွားတယ်။ တစ်ယောက်ကဒဏ်ရာရသွားတယ်" ဟု ၎င်းက ရှင်းပြသည်။ ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့နှင့် အောင်မြေသာစံမြို့ နယ်ရဲတပ်ဖွဲ့သည် ဓားပြမှုတစ်ခုမှ တရားခံပြေးတစ်ဦး နှင့် ခိုးမှုတရားခံပြေးတစ်ဦးတို့ကို မေလ ၃၁ ရက်နေ့ ည ၉ နာရီခန့်အချိန်က စွယ်တော်ကားကွင်းအနီးရှိ ထမင်းဆိုင်တစ်ခုအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာတွင် လူ၂၀ ဦးခန့်က ယင်းကားကွင်း အနီး ကင်းလှည့်သည့် ရဲတပ်ဖွဲ့ကို ရန်ရှာခဲ့ခြင်းဖြစ် ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောဆို သည်။ ဓားကိုင်ရမ်းကားသူများက ရဲတပ်ဖွဲ့ကို ခုခံခဲ့သောကြောင့် ရဲတပ်ဖွဲ့က MA 13 အမျိုးအစား သေနတ်နှစ်လက်ဖြင့် လေးချက်ပစ်ဖောက်ခဲ့ရာ အသက် ၂၄ နှစ်အရွယ် ငဆတ် ခေါ်သိန်းမင်းထက်၏ လည်ပင်းနှင့် ကျောကုန်း ကျည်ထိမှန် သေဆုံးသွားခဲ့ကာ အသက် ၂၁ နှစ်အရွယ်ရှိ ဆန်းထူးအောင် ပါးပေါက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို ဓားများ ကိုင်ဆောင်ရမ်းကားခဲ့သူများကို အရေးယူမည်ဖြစ်ရာ လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူကို ဖမ်းဆီးထားနိုင်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသပေးထား ကြောင်း ကျန်လူများကိုလည်း ရှာဖွေဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဒုရဲမှူးကြီး မျိုးအောင်က ထပ်မံပြောဆိုသည်။
Source : https://goo.gl/jmus6t
via IFTTT
Source : https://goo.gl/jmus6t
via IFTTT
Eleven Media Group
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းခင်းကျောက်ထုတ်လုပ်နေသည့် ကျောက်မိုင်းများ ယာယီပိတ်သိမ်းထားခိုင်းပြီး (EMP) ရေးဆွဲတင်ပြပြီးမှသာ ပြန်လည်လုပ်ကိုင် ခွင့်ပြုမည်ဟုဆို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းခင်းကျောက်ထုတ်လုပ်နေသည့် ကျောက်မိုင်းများ ယာယီပိတ်သိမ်းထားခိုင်းပြီး Environmental Management Plan (EMP) ရေးဆွဲတင်ပြပြီးမှသာ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “ကျွန်တော် ရေးမြို့နယ်မှာရှိ အေးသာယာကျောင်းမှာမေ ၂၃ ရက်က ကလေးတွေကို ကျောင်းအပ်ပွဲဝတ်စုံပေးတဲ့အချိန်မှာ ပြည်ထောင်စုက ဝန်ကြီးတစ်ယောက်က မေ ၂၃ ရက် မနက်တုန်းက RFA မှာ ကျောက်မိုင်းနဲ့ပတ်သက်ပြီး အသံတစ်ခုကြားတယ်။ ဟုတ်ပါသလားမေးတော့ ကျွန်တော်က ကျိုက်ထိုမှာရှိတဲ့ NLD အတွင်းရေးမှူးကို လှမ်းမေးတော့ သူက ဓာတ်ပုံရိုက်ပြတယ်။ ဒီလောက်ကြီးနေပါလား အခုမှပဲသိတယ်။ အဲဒါနဲ့ ချက်ချင်းပဲ ကျိုက်ထိုမြို့နယ် ကမ်းနီးကျေးရွာအုပ်စုနဲ့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုမှ ရှိနေကြတဲ့ ကျောက်မိုင်းတွေကို သထုံခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးကို ချက်ချင်းစစ်ဆေးခိုင်းခဲ့ပါတယ်။ အဲဒီကမ်းနီကျေးရွာအုပ်စုနဲ့ ပျဉ်းကတိုးကန်းကျေးရွာအုပ်စုတွေမှာရှိတဲ့ ကျောက်မိုင်းတွေကို မေ ၂၆ ရက်ကတည်းက ယာယီ ပိတ်သိမ်းခိုင်းထားပါတယ်” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီကိုလည်း ကမ်းနီးကျေးရွာအုပ်စုနှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်မိုင်းအပြင် ပေါင်မြို့နယ်က ကျောက်မိုင်းတွေပါ လိုက်စစ်ဆေးခိုင်းထားတယ်။ ပိတ်ရတော့မယ့် ကျောက်မိုင်းတွေ ဖြစ်လာတယ်။ တချို့ကျောက်မိုင်းတွေက သဘာဝပတ်ဝန်းကျင် ဥပဒေကို နားမလည်ဘူး” ဟု ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။ ထို့ပြင် မေ ၂၈ ရက် နံနက်ပိုင်းကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လမ်းခင်းကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်းများ တွေ့ဆုံခဲ့ပြီး လမ်းခင်းကျောက်မျိုးစုံ ထုတ်လုပ်ခြင်း လုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် Environmental Management Plan (EMP) ရေးဆွဲတင်ပြရန်နှင့် (EMP) ရေးဆွဲတင်ပြနိုင်ခြင်း မရှိသော လုပ်ငန်းရှင်များ၏ ကျောက်ထုတ်လုပ်ငန်း လိုင်စင်သက်တမ်းတိုး ဆောင်ရွက်မည့်ကိစ္စရပ်များအား ခွင့်ပြုပေးမည် မဟုတ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လမ်းခင်းကျောက်မျိုးစုံ ထုတ်လုပ်နေသည့် လုပ်ငန်းရှင် ၅၇ ဦးရှိသည့်အနက် EMP ရေးဆွဲတင်ပြနိုင်သူ ၁၅ ဦးသာရှိကြောင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လိုင်စင်ချထားပေးသည့် လိပ်သဲကျောက်မိုင်း ၅၂ မိုင်းနှင့် ဂဝံမိုင်း နှစ်မိုင်းရှိကြောင်း ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းများအရ သိရသည်။
Source : https://ift.tt/2Ha4fT6
via IFTTT
Source : https://ift.tt/2Ha4fT6
via IFTTT
အင်တာနက်၌ ထိုင်းဝန်ကြီးချုပ်အား မမှန်သတင်းဖြန့်သည့် ကမ္ဘောဒီးယားသား အဖမ်းခံရ ထိုင်းနိုင်ငံ၌ လောင်စာဆီဈေး မြင့်တက်လာရာ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြည်သူများ လောင်စာဆီ ဒီဇယ်အစား ရေထည့် မောင်းရန် ပြောကြားသည်ဆိုကာ အင်တာနက်တွင် မမှန် သတင်း ဖြန့်ချိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသား တဦးကို ဖနွမ်းပင် မြို့တွင် ဖမ်းဆီးလိုက်သည်။ ရာတာနက်ဟန်း ဆိုသူ ကမ္ဘောဒီးယား နိုင်ငံသားသည် မေလ ၂၃ ရက်က ထိုင်းဘာသာဖြင့် ရေးသား ထားသော မမှန်သတင်းကို အင်တာနက်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး၊ အလားတူ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တခြားသော ထိုင်းနိုင်ငံ သား ၆ ဦးကိုလည်းဘန်ကောက်မြို့တွင်ဖမ်းဆီး ထားပြီးဖြစ် သည်။ အသက် ၂၁နှစ် အရွယ်ရှိ ရာတာနက်ဟန်းကို ဖမ်းဆီးရန် ထိုင်းရဲတပ်ဖွဲ့၏ ဒုစရိုက်နှိမ်နင်းရေး နည်းပညာဌာနက ဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဒုရဲချုပ် ဆူရာချေ့ဟက်ပန်းက မနေ့က ပြောကြားသည်။ ၎င်းကို ကွန်ပျူတာစနစ်အတွင်းသို့ သတင်းအချက်အလက်အမှားများ ဖြန့်ချိမှုဖြင့် စွဲချက်တင် လိုက်ပြီး၊ ကွန်ပျူတာ ရာဇ ဝတ်မှု ဥပဒေအောက်တွင် အမျိုးသားလုံခြုံရေး(သို့မဟုတ်) အများပြည် သူအား အကြောင်းမဲ့အထိတ်တလန့်စေမှုဖြင့် စစ် ဆေးစီရင်ဖွယ်ရှိပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ် နှင့် သို့မဟုတ် ဘတ်ငွေ ၁ သိန်းထက်မပိုသော ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်သည်။ ရာတာနက်ဟန်းက အဆိုပါ မမှန်သတင်းကို ratstas.com အင်တာနက်စာမျက်နှာပေါ်တွင် ထိုင်းဘာသာဖြင့်လွှင့်တင်ခဲ့ ခြင်းဖြစ်ပြီး ယင်းဖော်ပြချက်မှာ အွန်လိုင်း၌ ရှိနေခဲ့သည်။ ကမ္ဘောဒီယားနိုင်ငံ ပုံနှိပ်လုပ်ငန်းနှင့် အွန်လိုင်းငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ရာတာနက်ဟန်းသည် ကွန်ပျူတာ ကျွမ်းကျင် သူဖြစ်ပြီး ဆန့်ကျင်ဘက်ဝါဒဖြန့်ချိရေးလုပ်ကိုင်သူဖြစ်သည်ဟု ယုံကြည်ရကာ ၎င်း၏ဝက်ဘ်ဆိုက်မှနေ၍ မကြာခဏ သတင်းအတုများ ဖော်ပြတတ်ကြောင်း ရဲက ပြောသည်။ ၎င်းကို ကမ္ဘောဒီးယား အာဏာပိုင်များနှင့် ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ပြီး၊ ယနေ့တွင်သက်သေ အထောက်အထားများကို အတည်ပြုမည်ဖြစ်ကာ ဆောင်းရွက်ပြီးစီးပါက တရားခံလွှဲပြောင်းရေး ဆက်လက်အကောင်အထည်ဖော်မည်ဟု မာတီချွန် သတင်းကဆိုသည်။ အလားတူ ဆောင်းပါးကို ဖြန့်ဝေခဲ့မှုဖြင့် ထိုင်းလူမျိုးများဖြစ်သည့် သန်နာဗက်အွန်ဝမ်၊ ရွန်းဂရော့ ပရီးချာ၊ ပရာပါဆွန် စာ အူဘွန်၊ ဂျီတပဘွန်းတဝီ၊ ပရာပက်ဆွန်ဝမ်ချူချစ်နှင့် ရတနွန်ချာချာနာတို့ ၆ဦးကိုလည်း ရဲတပ်ဖွဲ့က ကြာသာပတေးနေ့က ခေါ်ယူထိန်းသိမ်းလိုက်ပြီး အမျိုးသား(သို့မဟုတ်) အကျိုးစီးပွားလုံခြုံရေး (သို့မဟုတ်) အများပြည်သူ အကြောင်းမဲ့ အထိတ်တလန့် ဖြစ်စေမှုနှင့် အရေးယူထားသည်။ ၎င်းတို့အားလုံးက ဖြန့်ဝေမိခြင်းကို ဝန်ခံသော်လည်း မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေခဲ့ခြင်း မဟုတ်ကြောင်း ထွက်ဆိုသည်။ The post အင်တာနက်၌ ထိုင်းဝန်ကြီးချုပ်အား မမှန်သတင်းဖြန့်သည့် ကမ္ဘောဒီးယားသား အဖမ်းခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2xzHB7i
via IFTTT
Source : https://ift.tt/2xzHB7i
via IFTTT
“နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) ညီညီမောင်(စမ်းချောင်း) က သူ့မှာ နှလုံးရောဂါရှိတာကြောင့် ပစ်သွားတဲ့ ချစ်သူက သူကို စိတ်မပူတဲ့အတွက် ခံစားနေရကြောင်း ဧရာဝတီကို ဆိုလိုက်ပါတယ်။ “သုကိုစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ စိတ်ပူတဲ့ချစ်သူက ၃၊ ၄ လ ပစ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သုမှာ နှလုံးရောဂါရှိတာ အားလုံးလည်း သိတယ်။ အဲ့တော့ သူစိတ်ပူတယ်ဆိုတာ ဖြစ်နိုင်မလား။ တကယ်တမ်း စိတ်ပူတယ်ဆိုတဲ့ သူကတယောက်က နှလုံးရောဂါသည် တယောက်ကို စိတ်ပူပြီး ပစ်သွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားရှင့်။ ကျမအဲ့မေးခွန်းကို စိတ်ဝင်စားနေပါတယ်။ ကျမမှာတော့ အဖြေမရှိဘူး။ သူ့မှာတော့ အဖြေရှိမယ် ထင်ပါတယ်” လို့ ညီညီမောင်က ဧရာဝတီကို ဆိုပါတယ်။ ဆက်ပြီး ညီညီမောင်က ချစ်သူ Zippy စိတ်ပူနေတယ်လို့ ဆိုတဲ့အပေါ် “သူကကိုယ့်ကို အပြင်ကနေ စိတ်ပူနေတာလား။ ဘယ်လိုစိတ်ပူနည်းနဲ့ စိတ်ပူနေတာလဲ။ ငါ့ရည်းစား ငါ့မိန်းမက အိမ်မှာ တယောက်တည်း သေသွားပြီးတော့မှ လာငိုမှာလား။ သူစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူး။ လုံးဝ မယုံဘူး။ အပြင်ကနေ နှိပ်စက်နေတယ်လို့ ခံစားရတယ်။ သု နှလုံးအဆို့ရှင် မကောင်းတဲ့ အတွက် အိပ်ရာထဲမှာ လဲနေမလား အဲ့လိုမျိုး မပူဘဲနဲ့ သု့ကိုစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) မိတ်ကပ် ညီညီမောင်(စမ်းချောင်း)ရဲ့ ချစ်သူ Zippy က သုသု(ညီညီမောင်)ရဲ့ ပတ်ဝန်းကျင်က သွေးထိုးစကား တွေကြောင့် ဖောက်ပြန်နေတာပါ သူယုံနေတယ်လို့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့လည်း သုသု(ညီညီမောင်)က “သု ပတ်ဝန်းကျင်ကလူတွေက သုကို အကောင်းပဲပြောကြတာပါ။ အဖိုးကအစ ပြန်မလာလို့ မေးနေကြတာ။ သူကအဆောင်မှာနေတာကို သောကြာ၊ စနေဆို ပြန်ပြန်သွားတာ အခုမှ သူအလုပ်တွေဖြစ်လို့ တိုက်ခန်းငှားနေနိုင်တာလေ။ အိမ်ထောင်ပြုပြီးတဲ့သူတွေဆို စဉ်းစားကြည့်ပါ” “ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ မိဘအိမ်မှာ ၂ရက် ပြန်အိပ်တာ လက်ခံနိုင်တယ်။ သူငယ်ချင်းနဲ့ ၂ရက် ပြန်အိပ်တယ်ဆိုတာ ဘယ်သူ လက်ခံနိုင်မှာလဲ။ ကျမက၂နှစ်ခွဲတိတိ လက်ခံလာတဲ့ သူတယောက်ပါ။ ကျမ မပြောချင်ဘူး။ ပြောရင် မကောင်းဖြစ်မှာ စိုးလို့” ဆိုပြီး ပြောပါတယ်။ လက်ရှိမှာတော့ သုသု(ညီညီမောင်)(စမ်းချောင်း)က အချစ်သစ်ကို မရှာဘဲ မိတ်ကပ်လုပ်ငန်းကိုသာ အကောင်းဆုံး လုပ်ကိုင်သွားတော့မယ်လို့ ဆိုပါတယ်။ ဆက်စပ်ဖတ်ရှုရန် – “ဖောက်ပြန်တယ်ဆိုတာ တဖက်သတ်အထင်ပါ”လို့ ပြောတဲ့ ညီညီမောင်ရဲ့ ချစ်သူဟောင်း Zippy The post “နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) appeared first on ဧရာဝတီ.
Source : https://ift.tt/2JfIhn5
via IFTTT
Source : https://ift.tt/2JfIhn5
via IFTTT
Subscribe to:
Posts (Atom)