ကျောဘက်တွင် ကင်မရာနှစ်ခုပါဝင်သော mid-range စမတ်ဖုန်းသစ်ဖြစ်သည့် Honor 6X ကို Huawei က မိတ်ဆက်ကြေညာခဲ့သည်။ Honor 6X တွင် ၅.၅ လက်မ 1080p display ကို အသုံးပြုထားသည်။ Kirin 655 SoC သစ်ကို အသုံးပြုထားသဖြင့် octa-core CPU (4x2.1GHz + 4x1.7GHz Cortex-A53) နှင့် Mali T830-MP2 GPU ဖြင့် အသုံးပြုနိုင်သည်။ 32GB မော်ဒယ်ကို 3GB နှင့် 4GB RAM ဖြင့် ရရှိနိုင်ပြီး 64GB အတွက် 4GB RAM ကို အသုံးပြုထားသည်။ MicroSD အထောက်အပံ့ပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်သည်။ ကျောဘက်တွင် ကင်မရာနှစ်ခုပါဝင်ပြီး ကင်မရာတစ်ခုက 12 megapixel ဖြစ်ကာ ကျန်တစ်ခုက 2 megapixel ဖြစ်သည်။ အရှေ့ဘက်ကင်မရာက 8 megapixel ဖြစ်သည်။ ထို့အပြင် Honor 6X တွင် လက်ဗွေဖတ်စနစ်ပါဝင်ပြီး hybrid SIM slot နှင့် 4G VoLTE တို့ဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီက 3340mAh ဖြစ်ပြီး လျင်မြန်စွာအားသွင်းနိုင်သည့်စနစ် ထောက်ပံ့ပေးထားသည်။ Honor 6X ၏ တန်ဖိုးမှာ 3GB/32GB အတွက် ၉၉၉ ယွမ် (၁၄၈ ဒေါ်လာ)၊ 4GB/32GB အတွက် ၁၂၉၉ ယွမ် (၁၉၂ ဒေါ်လာ) ဖြစ်သည်။ 4GB/64GB အတွက် ၁၅၉၉ ယွမ် (၂၃၇ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။ ၎င်းစမတ်ဖုန်းကို အောက်တိုဘာ ၁၈ ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာ ၂၅ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ Ref: GSMArena
Source : http://ift.tt/2et6Evt
via IFTTT
Wednesday, October 19, 2016
7Day TV
"မိကျောင်းကြီးတွေကို ရေအောက်မှာ အနီးကပ် ဓာတ်ပုံရိုက်ခဲ့တဲ့ လူစွန့်စားနှစ်ယောက်" ဧရာမ မိကျောင်းကြီးတွေ သဘာဝအတိုင်း ကျင်လည် ကျက်စားနေတဲ့ ရေအောက်ကို ဘာအကာအကွယ်မှ မပါဘဲ ဆင်းသက်ပြီး အနီးကပ် ဓာတ်ပုံရိုက်ယူဖို့ ဆိုတာမျိုးဟာ လူတိုင်း ချက်ချင်း ခေါင်းခါကြမယ့် အလုပ်မျိုးပါ။ ဒါပေမဲ့ အကြောက်အလန့် နည်းလွန်းသူ နှစ်ယောက်ကတော့ အန္တရာယ် များလွန်းတဲ့ စိန်ခေါ်မှုမျိုးကို လက်တွေ့ ဖြစ်မြောက်အောင် လုပ်ပြခဲ့ကြပါတယ်။
Source : http://ift.tt/2eQay4H
via IFTTT
Source : http://ift.tt/2eQay4H
via IFTTT
မိုဆူးလ်တွင် အရပ်သားများကို အိုင်အက်စ်တို့က လူသားဒိုင်းသဖွယ် အသုံးချနေ မိုဆူးလ်မြို့ထဲတွင် အိုင်အက်စ်တို့သည် အရပ်သားများကို လူသားဒိုင်းများအဖြစ် အကာအကွယ်ယူ အသုံးချနေကြောင်း အမေရိကန် စစ်တပ်က စွပ်စွဲလိုက်သည်။ ယခုသီတင်းပတ် အစောပိုင်းတွင် အီရတ်မြောက်ပိုင်းရှိ မိုဆူးလ်မြို့ကို အိုင်အက်စ်တို့လက်မှ ပြန်လည် သိမ်းယူရန် အဓိက ထိုးစစ်တစ်ရပ် အစပြုခဲ့ပြီး အီရတ်အစိုးရ တပ်များနှင့် မဟာမိတ် လက်နက်ကိုင် အင်အားစုများကို အမေရိကန်က လေကြောင်းမှ ပစ်ကူပေး ပံ့ပိုးလျက် ရှိသည်။ အိုင်အက်စ်တို့သည် အီရတ်ပိုင်နက်တွင် ၎င်းတို့၏ နောက်ဆုံးလက်ကျန် ခြေကုပ်စခန်းဖြစ်သည့် မိုဆူးလ် မကျစေရေးအတွက် အစွမ်းကုန် ခုခံကြမည်ဟု အမေရိကန်နှင့် အီရတ် အစိုးရက ခန့်မှန်းထားသည်။ ထိုးစစ်စတင်ချိန်တွင် အီရတ်၏ ဒုတိယ အကြီးဆုံး မြို့ကြီးထဲ၌ အရပ်သား ခုနစ်သိန်းမျှနှင့် အိုင်အက်စ် စစ်သွေးကြွ ငါးထောင်မျှ ရှိနေမည်ဟုလည်း ယုံကြည်ရသည်။ အစောပိုင်းတွင် မိုဆူးလ်မြို့ အနီးရှိ ဆာရာကော့ရှ် မြို့ငယ်ကို အိုင်အက်စ်တို့ လက်ထဲမှာ ပြန်သိမ်းနိုင်ခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရစစ်တပ်က ပြန်လည် ငြင်းဆိုခဲ့သည်။ သို့သော် ကျေးရွာ ၁၀ ခုထက်မနည်းတွင် တပ်စွဲထားသည့် အိုင်အက်စ် တပ်ဖွဲ့များကိုမူ ဆုတ်ခွာသွားအောင် ဖိအားပေး တိုက်ခိုက်နိုင်ခဲ့ကြောင်း အမေရိကန် ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့က ကြေညာသည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက စစ်ပွဲများ ပြင်းထန်လာချိန်တွင် အရပ်သားများ ကြားညပ်ပြီး ထိခိုက်မှု ဖြစ်ပေါ်နိုင်ခြေကို သတိထား ကိုင်တွယ်ရန်လည်း မဟာမိတ် တပ်ဖွဲ့များကို တိုက်တွန်းထားသည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ ရေတပ်ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က ထောက်လှမ်းရေး သတင်းများအရ မိုဆူးလ်တွင် အိုင်အက်စ်တို့က အရပ်သားများကို လူသားဒိုင်းအသွင် အသုံးပြုနေကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။ “အရပ်သားတွေက သူတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။ ထိုးစစ်ပြီးဆုံးမယ့် နောက်ဆုံးနေ့ထိ မြို့ထဲက အရပ်သားတွေ ထွက်ပြေးလာနိုင်မယ့် အလားအလာမျိုး သိပ်တော့ မျှော်လင့်စရာ မရှိဘူး”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ မိုဆူးလ်မြို့ခံ အချို့ကလည်း ဖုန်းဖြင့်ဆက်သွယ်ကာ အိုင်အက်စ်တို့က မိမိတို့ကို မြို့တွင်းမှ ထွက်ခွာခွင့် မပေးဘဲ နည်းလမ်းပေါင်းစုံဖြင့် တားဆီးနေကြောင်း Reutersသို့ ပြောကြားခဲ့သည်။ ထိုအတောအတွင်း ကုလသမဂ္ဂက မြို့ထဲမှ ထွက်ပြေးလာနိုင်မည့် အရပ်သားများအတွက် ရည်ရွယ်ကာ မိုဆူးလ်မြို့ပြင်တွင် ဒုက္ခသည် စခန်းများ တည်ဆောက်ပေးသွားရန် စီစဉ်နေသည်။ လက်ရှိ အနေအထားအရ အီရတ်အစိုးရနှင့် ကာ့ဒ်မဟာမိတ် ပြောက်ကျားတပ်များသည် မိုဆူးလ်ကို မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း စစ်မျက်နှာများမှ ဝန်းရံတိုက်ခိုက်နေပြီး မြို့နှင့် ကီလိုမီတာ ၃၀ နှင့် ၄၀ ကြား နေရာများထိ တရွေ့ရွေ့ ထိုးဖောက်ချီတက်နေဆဲဟု သိရှိရသည်။ Ref: Reuters
Source : http://ift.tt/2egd9UR
via IFTTT
Source : http://ift.tt/2egd9UR
via IFTTT
နိုင်ငံ တစ်နိုင်ငံကို အဆက်အသွယ် ဖြတ်တောက်ရုံဖြင့်မရဘဲ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်အောင် ဖြ
မြန်မာ အပါအဝင် ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသည့် အကြမ်းဖက် တိုက်ခိုက်မှု ပြဿနာများအတွက် နိုင်ငံ တစ်နိုင်ငံ၊ သို့မဟုတ် အဖွဲ့အစည်း တစ်ခုကို အဆက်အသွယ် ဖြတ်တောက်ရုံဖြင့် ရမည်မဟုတ်ဘဲ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်အောင် ဖြတ်တောက်ရမည်ဟု မြန်မာ့နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်ဟု Hindustan Times သတင်းဌာနတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် ကျင်းပနေသည့် Bimstec ခေါင်းဆောင်များ၏ BRICS အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များကို ကူညီထောက်ပံ့နေမှုဖြင့် ပါကစ္စတန်ကို ကျန်နိုင်ငံများက အဆက်အသွယ် ဖြတ်တောက် ပိတ်ဆို့ခြင်းဖြင့် အရေးယူရန်နှင့် ပတ်သက်ပြီး အိန္ဒိယ၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ တုံ့ပြန် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်ဝါဒကို အမြစ်ပြတ်အောင် ဖြတ်တောက်နိုင်ရန်အတွက် အားလုံး အတူတကွ လက်တွဲ လုပ်ဆောင်ရန် လိုကြောင်းနှင့် အဘယ်ကြောင့် အကြမ်းဖက်ဝါဒမှာ လူအချို့အတွက် အားကိုးအားထားပြုရာ၊ ယုံကြည်ရာ ဖြစ်နေသည်ကို အဖြေရှာရန်လည်း လိုမည်ဖြစ်ကြောင်း၊ လူအချို့ တွေးထင်နေသကဲ့သို့ အကြမ်းဖက်သမားများမှာ အကြမ်းဖက်ရသည်ကို နှစ်သက်သဖြင့် အကြမ်းဖက်နေကြခြင်း ဖြစ်သည်ဟု ကောက်ချက်ချရုံဖြင့် လုံလောက်မည် မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၊ ရခိုင်ဒေသတွင် မကြာသေးမီက ရင်ဆိုင်ခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်မှုများ နောက်ကွယ်တွင် ပါကစ္စတန်၌ ၆ လခန့် လေ့ကျင့်မှု ခံယူခဲ့သူ တစ်ဦးရှိနေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့ပြီး ထိုသူမှာ အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေများ ရရှိထားသည်ဟု သတင်းများ ရရှိထားသော်လည်း အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သဖြင့် နိုင်ငံ တစ်နိုင်ငံ၊ အဖွဲ့အစည်း တစ်ခုခုကို အပြစ်တင် စွပ်စွဲမှု မလုပ်လိုသေးကြောင်း ပြောကြားခဲ့သည်
Source : https://goo.gl/LVK0Ts
via IFTTT
Source : https://goo.gl/LVK0Ts
via IFTTT
အမ်ပီတီ၏ 4G ကွန်ရက် အသုံးပြုရန် တံဆိပ်ဟောင်း ဆင်းကတ်များကို လဲလှယ်ရမည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက 4G ကွန်ရက်ကို စတင်ဝန်ဆောင်မှုပေးလျက်ရှိရာ 4G ကွန်ရက်ကို အပြည့်အဝ အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (အမ်ပီတီ) က ယခင် အမှတ်တံဆိပ်ပါ မိုဘိုင်း ဆင်းကတ်ဟောင်းများကို ပြန်လည်လဲလှယ် သွားရမည် ဖြစ်သည်ဟု စျေးကွက်ဌာန ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်က ပြောသည်။ ယခင် အမ်ပီတီ အမှတ်တံဆိပ် ပါဝင်သော ဆင်းကတ်များသည် 2G ဆင်းကတ်များ ဖြစ်သော်လည်း 3G ကွန်ရက်ကိုသာ အသုံးပြုနိုင်ပြီး ယင်းဆင်းကတ်များသည် 4G ကွန်ရက်ကို ထောက်ပံ့နိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။ ''အမ်ပီတီ အမှတ်တံဆိပ်အဟောင်းတွေပါတဲ့ ဆင်းကတ်တွေကတော့ 4G ကွန်ရက်ကို သုံးလို့ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အမ်ပီတီအရောင်းဆိုင်တွေမှာ ဒီဆင်းကတ်တွေကို အသစ်နဲ့လှဲလယ်ရမှာ ဖြစ်ပါတယ်'' ဟု ဦးခင်မောင်မြင့်က ပြောသည်။ အမ်ပီတီက မိုဘိုင်းဆင်းမ်ကတ်များ လဲလှယ်ပေးခြင်းကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အမ်ပီတီ အမှတ်တံဆိပ် ဆိုင်များတွင် ကိုင်ဆောင်ထားသော နံပါတ်အတိုင်း အခမဲ့ ဆောင်ရွက်ပေးသွားမည့်အပြင် 4G ကွန်ရက် အသုံးမပြုနိုင်သော ဆင်းကတ်များကို ကိုင်ဆောင်ထားသောသူများထံ အကြောင်းကြားစာ ပေးပို့သွားမည်ဟု ဆိုသည်။
Source : http://ift.tt/2e0p1Zf
via IFTTT
Source : http://ift.tt/2e0p1Zf
via IFTTT
ကွေးညွှတ်နိုင်သော display ပါဝင်သည့် Xiaomi စမတ်ဖုန်း ဗီဒီယို ပေါက်ကြားထွက်ပေါ်လာ ကွေးညွှတ်ထားသော display တစ်ခုပေါ်တွင် MIUI အသုံးပြုနေသော ဗီဒီယိုအပိုင်းငယ်တစ်ခုနှင့် ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။ Xiaomi ၏ concept display သည် Baidu ပေါ်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အရှေ့၊ အနောက်၊ ဘယ်ညာ ကွေးညွှတ်နိုင်ကြောင်း GizmoChina မှ ဖော်ပြခဲ့သည်။ ၃၅ စက္ကန့်စာ ဗီဒီယိုတွင်မူ display ကို အရှေ့သို့ ကွေးညွှတ်ကာ MIUI အသုံးပြုနေပုံကို ပြသထားသည်။ ကောလာဟလ သတင်းများတွင်မူ အသစ်ထွက်မည့် Mi Note 2 တွင် ကွေးညွှတ်ထားသည့် display ပါဝင်လာဖွယ် ရှိကြောင်း ဖော်ပြခဲ့သည်။ Ref: BGR
Source : http://ift.tt/2dpPsEX
via IFTTT
Source : http://ift.tt/2dpPsEX
via IFTTT
ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း အားကောင်းလာ၍ မုန်တိုင်းအဆင့် ဖြစ်လာနိုင်ဟုဆို ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိ အားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ် နေပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။ အောက်တိုဘာ ၁၇ ရက်မှ စတင်ကာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး မုန်တိုင်းအဆင့်ဖြစ်လာနိုင်သောကြောင့် စောင့်ကြည့်နေကြောင်း ဒေါက် တာထွန်းလွင်က ပြောသည်။ အနောက်တောင် မုတ်သုံ လေသည် မြန်မာတစ်နိုင်ငံလုံးမှ ဆုတ်ခွာသွားပြီဖြစ်ပြီး နိုဝင်ဘာ လကုန်ခန့်အထိ အချိန်အခါ မဟုတ် ဒေသအနှံ့ မိုးများရွာသွန်း နိုင်သလို လတ်တလောအခြေအ နေတွင် လေထုမတည်မငြိမ် ဖြစ်နေ၍ မိုးတိမ်တောင် အန္တရာယ် သတိထားရန် ဒေါက်တာထွန်း လွင်က သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တွင် မိုးတိမ်တောင်အများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးပိုလာနိုင် ကြောင်း သတိပေးထားသည်။
Source : http://ift.tt/2dNhqvA
via IFTTT
Source : http://ift.tt/2dNhqvA
via IFTTT
Subscribe to:
Posts (Atom)