ရန်ကုန်တိုင်းရှိ လယ်ယာမြေများ ဈေးကစားခွင့် မပြု ရန်ကုန်တိုင်း ဒေသကြီးရှိ လယ်ယာမြေများအား လုပ်ကွက်တခုအဖြစ် ဈေးကစားနေခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုမည် မဟုတ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက UMFCCI တွင် ပြုလုပ်သည့် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ နဝမအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ တိုင်းဝန်ကြီးချုပ်က “ရန်ကုန်မှာ လယ်မြေက အလွန်ဈေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် လယ်မလုပ်ဘဲနဲ့ လယ်တွေကို ဝယ်ယူထားတယ်။ ပြီးရင် အဲဒီလယ်တွေကို အခြား နည်းလမ်း သုံးစွဲခွင့် ရယူဖို့ ကြိုးစားတယ်။ အဲဒီအတွက် မလိုလား အပ်ဘဲနဲ့ မြို့မြေဈေး ဖြစ်လာရပါတယ်။ လယ်သမားဆီက ကျပ်သိန်း ၅၀၀ လောက်နဲ့ ဝယ်မယ်။ ပြီးရင် ကျပ်သိန်း ၅၀၀၀ လောက် ဖြစ်မယ်ဆိုတဲ့ အခြားနည်းလမ်း ကျင့်သုံးမှုမျိုးကတော့ ဒီအစိုးရ သက်တမ်းမှာ မဖြစ်နိုင်ပါဘူး။ ဥပမာ သန်လျင်မှာ စက်မှု၊ လက်မှုနဲ့ မွေးမြူရေးလုပ်ငန်းတွေ လုပ်ချင်တယ်ဆိုရင် တည်ဆောက်ပေးပါမယ်” ဟု ပြောသည်။ အဆိုပါ တည်ဆောက်မှုများအတွက် ရသင့်ရထိုက်သော ဝင်ငွေခွန်ရရှိမည့်အပြင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု လုပ် ငန်းများနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လယ်ယာမြေများကို အခြား နည်း လမ်း သုံးစွဲခွင့်ပေးရန် အစီအစဉ်များ ရှိသော်လည်း လူပုဂ္ဂိုလ် တဦးချင်းစီကိုသာ ပေးမည်ဆိုလျှင် လယ်သမားက အခြား နည်းလမ်းသုံးစွဲခွင့် မရရှိဘဲ သူဌေးများကသာ သုံးစွဲခွင့် ရရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လယ်ယာမြေများ ဈေးကြီးမြင့်လာခြင်းသည် နိုင်ငံတော်အတွက် လိုအပ်သော လမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်းများ တည်ဆောက်ခြင်း စသည်တို့ ဆောင်ရွက်ရာ၌ လယ်ယာမြေများကို သိမ်းဆည်း၍ ပြန်လည် ပေးလျော်ရသော အခြေ အနေ တွင် ဈေးနူန်းများမှာ လယ်မြေဈေး မဟုတ်ဘဲ ပြင်ပပေါက်ဈေးရမှသာ ဆိုသည့် တောင်းဆိုမှုများ ဖြစ်လာ၍ အခက်အခဲများ ဖြစ်လာကြောင်း တိုင်းအစိုးရမှ သိရသည်။ သို့ဖြစ်၍ လုပ်ငန်းများကို အမှန်တကယ် လုပ်ကိုင်ရန် လိုအပ်ပြီး လုပ်ကိုင်သင့်သည့် လုပ်ငန်းများအတွက်လည်း တိုင်း အစိုးရက လယ်ယာမြေများအား အခြားနည်းလမ်း သုံးစွဲခွင့်ကို ငွေကုန်ကျမှုမရှိဘဲ ထုတ်ပေးရန် အဆင်သင့် ရှိကြောင်း သိရသည်။ လုပ်ငန်းရှင်များအနေဖြင့် စက်မှုလုပ်ငန်းများ လုပ်ကိုင်လိုလျှင် လုပ်ကွက်များ ဖန်တီးပေးမည် ဖြစ်သော်လည်း ထိုလုပ်ကွက် မြေများကို အခြားနည်းလမ်း ကျင့်သုံးပြီး အကွက်ရိုက် ရောင်းခြင်း၊ တဦးတည်း စက်မှုဇုန်ထောင်ပြီး ရောင်းစားခြင်းတို့ ခွင့် မပြုကြောင်း သိရသည်။ လယ်ယာမြေ ဥပဒေအရ လယ်မြေများကို လယ်လုပ်လျှင် လယ်ခွန်ပေးဆောင်ရမည် ဖြစ်ပြီး သုံးနှစ်ဆက်တိုက် အခွန် မဆောင်လျှင် အစိုးရက သိမ်းယူရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ယင်းတို့ကို စနစ်တကျ ကိုင်တွယ်ရန် ညံ့ဖျင်းလာ သောကြောင့် တိိုင်းပြည်အတွက် နစ်နာနေကြောင်း ဥပဒေပညာရှင် ဦးတင်သန်းဦးက သုံးသပ် ပြောဆိိုသည်။ ‘‘အခုလို စီးပွားရေး အခွင့်အလမ်းတွေ ဝင်လာတဲ့အခါ တဖက်က ကုမ္ပဏီတွေက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လာတယ်။ တဖက်က လယ်ရှင်တွေကလည်း ဒီလယ်က ငါတို့ပိုင်တယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်။ အဲဒါတွေက မူလ ကတည်းက ဥပဒေကို စနစ်တကျ စီမံ အသုံးမပြုမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရင်ဆိုင်နေရတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာနိုင်ငံသည် မြေလွတ်မြေရိုင်းများ ပေါများသည့် နိုင်ငံဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက မြေ ယာများတွင် ရင်းနှီးမြှုပ်နှံပြီး ဈေးကစားရန် ဝယ်ယူမှုများကြောင့် အိမ်ခြံမြေများ အပါအဝင် လယ်ယာမြေများသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ဈေးအမြင့်ဆုံးအဖြစ် လယ်မြေတဧကလျှင် ကျပ်သိန်း ၄၅၀ မှ ၅၀၀ အထိ အစားစား မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များမှ သိရသည်။ သန်လျင်မြို့နယ် ကံကောင်းအိမ်ခြံမြေ အကျိုးဆောင်မှ ဦးမောင်လွင်က “အခုက တဧကကို ကျပ်သိန်း ၃၅၀ ၊ ကျပ်သိန်း ၃၀၀နဲ့ အစားစား ရှိပါတယ်။ အရင်က လမ်းဘေးတင်တွေဆိုရင် ကျပ်သိန်း ၆၀၀၊ ကျပ်သိန်း ၅၀၀ ပေါက်တယ်။ အဝယ်က အေးလာတော့ ပြန်ကျသွားတာ။ ဈေးကတန့်နေတယ်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။ မြေနှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုခြင်း၊ စီမံချက်ဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအတွက် မြေဈေးကို သက်သက်သာသာဖြင့် ရရှိပြီး ဆောင်ရွက်နိုင်မည့် အခြေအနေမျိုး ရရှိနိုင်ရန် အထူးစီမံချက်အဖြစ် ပြည်ထောင် စုအစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း တိိုင်းအစိုးရအဖွဲ့မှ သိရသည်။ The post ရန်ကုန်တိုင်းရှိ လယ်ယာမြေများ ဈေးကစားခွင့် မပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2wFyvnP
via IFTTT
Tuesday, August 29, 2017
ဝေဖန်မှုတွေကို သဘောကျပါတယ်လို့ပြောတဲ့ သရုပ်ဆောင် နေမင်း သရုပ်ဆောင် နေမင်းက သူ့အနေနဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့အတွက် ဝေဖန်မှုတွေအတွက် သဘောကျတယ်လို့ ဧရာဝတီ ကိုပြောပါတယ်။ “ဝေဖန်တာကို ကြိုက်တယ်။အနုပညာသမားတယောက်ရဲ့ ဘဝက သာမန်အခြေအနေမှာ တည်ရှိလို့မရဘူး။ လူလူချင်းအတူတူ ဒီ စိတ်၊ ဒီအခြေအနေ တနေ့ ထမင်း၂ နပ်စားတယ်။ အဲဒီထဲမှာမှ သာမန်လိုတင်ပြရင် ဘယ်သူကကြည့်မှာလဲ။ အဲဒီတော့ ထူးခြားတဲ့တင်ပြမှုတခု အစွမ်းထက်တဲ့ တည်ဆောက်မှုတခုရှိနေရမယ်။ အဲဒါက စေတနာပါဖို့တော့ လိုတာပေါ့” လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။ သရုပ်ဆောင် နေမင်းက သူ ငယ်ရွယ်စဉ်အချိန်ကတည်းက အခက်အခဲများနဲ့ ကြုံတွေ့တဲ့အခါမှာ ဒါတွေဟာ ဘဝအတွက် သင်ခန်းစာ၊ ခွန်အားများ ရတဲ့အတွက်ကြောင့် အသက်ကြီးလာတဲ့အချိန်မှာ အခုလို နေရာတခု ရလာတယ်ဆိုတဲ့ အသိတခုရတယ်လို့လည်း ဆိုပါတယ်။ “ကျနော်က ငယ်ငယ်ကတည်းက အခက်အခဲတွေ့ရင်ပျော်တယ်။ ကျေနပ်တယ်။ ကိုယ့်ဘဝအတွက် သင်ခန်းစာရတယ်။ ခွန်အားဖြစ်တယ်။ ဒီဟာကို ကျော်သွားပြီးရင် ကိုယ့်ရဲ့ ပါဝါတခုထပ်တိုးတယ်။ အခု ကိုရီးယားဆိုရင် လွန်ခဲ့တဲ့နှစ်တွေက သေလုမြောပါးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ တပုံကြီး၊ အခုအချိန်မှာ ပြန်သွားတဲ့အခါကျတော့ ငါ အဲ့ဒီအချိန်က ဒီဟာတွေကို ကျော်ခဲ့လို့ အခုလိုပြန်ရောက်တာပါလား ဆိုတဲ့ အသိပြန်ရတယ်” လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။ သရုပ်ဆောင် နေမင်းအဖြစ် အနုပညာလောကတွင် မရပ်တည်နိုင်ခင်က ကိုရီးယားနိုင်ငံမှာ အလုပ်သမားဘဝအဖြစ်နဲ့ ရုန်းကန်ရပ်တည်ခဲ့ရဖူးပြီး မကြာသေးခင်ကာလလောက်က ကိုရီးယားနိုင်ငံကို လုပ်ငန်းတခုလုပ်ကိုင်နိုင်ဖို့ရန်နဲ့ အလည်အပတ်ခရီးအဖြစ်နဲ့ သွားရောက်လည်ပတ်ခဲ့ကြောင်းကို ပြည်တွင်း သတင်းမီဒီယာမှာရော သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာကိုလည်း သိရပါတယ်။ သရုပ်ဆောင်နေမင်းဟာ လတ်တလောတွင် “သိုက်ကလာတယ် စကားမပြောဘူး” ဇာတ်ကားတွင် ပေါကြည် လို့အမည်ရတဲ့ ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိ ရုံတင်ပြသလျက်ရှိကြောင်း သိရပါတယ်။ The post ဝေဖန်မှုတွေကို သဘောကျပါတယ်လို့ပြောတဲ့ သရုပ်ဆောင် နေမင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2wkYZbP
via IFTTT
Source : http://ift.tt/2wkYZbP
via IFTTT
လွတ်လပ်စွာထုတ်ဖော်ခွင့်က တိုင်းပြည်အခြေအနေနှင့် လိုက်လျောညီထွေရန်လိုဟု ဆို မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော ်ပြောကြားခွင့် နည်းပါးနေကြောင်း ငြင်းခုံနေသည့်တိုင် လွတ်လပ်စွာ ထုတ် ဖော်ခွင့်က တိုင်းပြည်၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က ပြောသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်၌ မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၊ အရပ်ဘက်နှင့် မီဒီယာများ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပစဉ် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ “လွတ်လပ်စွာ ထုတ်ဖော်ခွင့်က တိုင်းပြည်ရဲ့ အခြေအနေနဲ့လိုက်လျောညီထွေ ဖြစ်ဖို့လိုတယ်။ စောင့်ထိန်းဖို့လိုတယ်။ Hate Speech တွေ မပါဖို့လိုအပ်တယ်။ ဘက်လိုက်မှုကြောင့် အခြေအနေ ပိုဆိုးသွားတာ တွေ့ရတယ်။ ပူးပေါင်းလုပ်ဖို့ လိုတယ်။ အစိုးရ၊ အရပ်ဘက်၊ မီဒီယာ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေသူတွေ အားလုံး ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု ဒေါက်တာသီတာတင်ကပြောသည်။ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကြောင့် ရှပ်နီ၊ ရှပ်ဝါကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်ကို ဥပမာအဖြစ် ကြည့်ရှု၍ မြန်မာနိုင်ငံတွင်လည်း ထိုသို့ မဖြစ်ပေါ်လာစေရန် လိုကြောင်း ၎င်းက ထောက်ပြ ပြောဆိုခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေအနေဥပဒေ အခန်း ၈ တွင် နိုင်ငံသားတဦးအနေဖြင့် လွတ်လပ်စွာ သဘောထား ကွဲလွဲမှုခွင့် ရှိသကဲ့သို့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်ရှိပြီး လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်လည်း ရှိကြောင်း ဖော်ပြထား သည်။ “အားလုံးတန်းတူရေး ပေးဖို့လိုတယ်။ ကန့်သတ်မှု မရှိဖို့လိုတယ်။ အခြေအနေကိုလည်း သိဖို့လိုတယ်။ အပြန်အလှန် နားလည်ဖို့လိုသလို တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို နားလည်ဖို့လိုတယ်။ တခါတရံ ထိန်းချုပ်တာတွေ ရှိတယ်။ အပြု သဘောကို ဖော်ပြရမယ်” ဟု UNESCO Myanmar Office ၏ ဦးဆောင်သ ူတဦးဖြစ်သော Ms.MinJeong Kim က ပြော သည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းကလည်း “ကျနော်တို့နိုင်ငံဟာ ပဋိပက္ခတွေနဲ့ကြုံတွေ့နေ ရတဲ့ နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံဟာ ထိရှလွယ်တဲ့ နိုင်ငံဖြစ်သလို ထိရှလွယ်တဲ့ အကြောင်းအရာတွေများလို့ အာရုံစိုက် မှုများတယ်။ ဒါကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာက နိုင်ငံတကာ မီဒီယာတွေဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ မီဒီယာက တဖက်သတ် သတင်းမရေးပါနဲ့။ တဖက်တည်း မီးမောင်းမထိုးပါနဲ့ ဟန်ချက်ညီဖို့လိုအပ်ပါတယ်” ဟု ပြော သည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က စတင် ဖြစ်ပွားနေသော ရခိုင်ဒေသခံ တိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပေါ် တချို့သော သတင်းဌာန များနှင့် Page အတုများက ဘက်လိုက်ရေးသားမှုများ ပြုလုပ်နေခြင်းသည် လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို တလွဲ သုံးစွဲနေသည်ဟု ထောက်ပြ ဝေဖန်မှုများလည်း ရှိနေသည်။ အဆိုပါ အမုန်းပွားစေမည့် ရေးသားမှုများကို စောင့်ကြည့်ကာ အရေးယူမှုများ ပြုလုပ်သွားနိုင်ရန် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက စောင့်ကြည့်မည့် အဖွဲ့တဖွဲ့ကို တလအတွင်း ဖွဲ့စည်းသွားမည်ဟု ဦးသီဟစောက ပြောသည်။ The post လွတ်လပ်စွာထုတ်ဖော်ခွင့်က တိုင်းပြည်အခြေအနေနှင့် လိုက်လျောညီထွေရန်လိုဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2xugdDC
via IFTTT
Source : http://ift.tt/2xugdDC
via IFTTT
အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း ဘင်္ဂလားဒေ့ရှ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အတူတကွ လက်တွဲလုပ်ဆောင်ရန် မြန်မာကို ကမ်းလှမ်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာသံအမတ်ကြီး ဦးအောင်မြင့်နှင့် မနေ့က တွေ့ဆုံကာ ကမ်းလှမ်းမှုပြုလုပ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ်အရာရှိ တဦး ပြောဆိုချက်အရ “ မြန်မာရဲ့ လုံခြုံရေးအရ စိုးရိမ်နေ မှုကို ကျနော်တို့ ကူညီဖို့ စိတ်ဝင်စားကြောင်း ပြခဲ့တယ်”လို့ သိရပါတယ်။ သံအမတ်ကြီးသို့ ပေးပို့တဲ့စာထဲမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တလျှောက်မှာ ပူးတွဲစစ်ဆင် ရေးတွေ ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လတ်တလောမှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့ဒေသတွေမှာ ဘင်္ဂလီ အစွန်းရောက် အကြမ်းဖက်သမားများက ရဲစခန်းနှင့် ရဲကင်းများ ကျေးရွာများကို တိုက်ခိုက်မှု ကြောင့် လူအများသေဆုံးခဲ့တဲ့အတွက် နိုင်ငံတကာက ရှုံချခဲ့သလို မြန်မာအစိုးရကလည်း ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ The post အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2wFNApk
via IFTTT
Source : http://ift.tt/2wFNApk
via IFTTT
ဧရာဝတီတိုင်း ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ်လှန့်ထား ရခိုင်ပြည်နယ်မှ အကြမ်းဖက်သမားများ ပင်လယ်လမ်းကြောင်းကို အသုံးပြု၍ ဧရာဝတီတိုင်းအတွင်း ဝင်ရောက် တိုက်ခိုက် လာခြင်းများမှ ကာကွယ်ရန်အတွက် ပုသိမ်ခရိုင်အတွင်းရှိ ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ် လှန့်ထားကြောင်း သတင်းရရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပင်လယ်ပြင်ကနေပြီးတော့ ဧရာဝတီတိုင်းအတွင်းကို အကြမ်းဖက်သမားတွေ ခိုးဝင် ဘင်္ဂါလီတွေ ဝင်ရောက်လာမယ့် အန္တရာယ်ကို အထူးသတိထား စောင့်ကြည့်သွားဖို့နဲ့ လုံခြုံရေးသတိရှိဖို့အတွက် ငပုတောမြို့နယ် ဟိုင်းကြီး၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ သာပေါင်းမြို့နယ် မကျီးဇင်ဒေသက ရဲစခန်းတွေ အကုန်လုံးကို တပ်လှန့်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။ ထိုသို့ တပ်လှန့်ထားမှုကို ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်တရက်ဖြစ်သည့် သြဂုတ် လ၂၆ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်၏အကြမ်းဖက်ဖြစ်ရပ်များ ပြီးဆုံးချိန်အထိ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လတ်တလောတွင် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသသို့ ရခိုင်ပြည်နယ် မောင်တောမှ အကြမ်းဖက်သမားများ စက်လှေဖြင့် ဝင်ရောက်လာသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေသည့်အပေါ် ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။ “ငရုတ်ကောင်းဘက်ကို ဘင်္ဂါလီတွေ ဝင်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီသတင်းတွေ ထွက်လာလို့ တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဆင်းကြည့်ပြီးပါပြီ။ ပြည်သူလူထုအနေနဲ့ ကောလာဟလ သတင်းတွေအပေါ် မယုံကြည်ကြဖို့ လိုပါတယ်။ တကယ်လို့ ဘင်္ဂါလီတွေ ဝင်တယ်ဆိုတာ တွေ့ခဲ့ရင်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ကိုအကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။ အကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိ ကျေးရွာများ၊ ကင်းစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ ၊ အပြစ်မဲ့ ပြည်သူများအား မီးရှို့ခြင်း၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို သြဂုတ် ၂၆ ရက် နေ့ စနေနေ့ တနေ့လုံး နီးပါး ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နုယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြန်ကြားရေးကော်မတီက ထုတ်ပြန် ထားသည်။ ဩဂုတ်လ ၂၇ ရက် နေ့လယ် ၁ နာရီခွဲ ထုတ်ပြန်ကြေညာချက်တွင်လည်း ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်း ဆိုသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများသည် စက်လှေများဖြင့် ပင်လယ်လမ်းကြောင်းအတိုင်း စုန်ဆင်းလာပြီး ဧရာဝတီတိုင်း ဒေသ ကြီး ငပုတောမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် သာပေါင်းမြို့နယ်များမှတဆင့် မြန်မာပြည်အတွင်းပိုင်းသို့ ဝင်ရောက်ရန် ကြိုးစား မှုများ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ The post ဧရာဝတီတိုင်း ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ်လှန့်ထား appeared first on ဧရာဝတီ.
Source : http://ift.tt/2we57nq
via IFTTT
Source : http://ift.tt/2we57nq
via IFTTT
အောင်လအန်ဆန်း အပါအဝင် One Championships ရဲ့ ချန်ပီယံများ မြန်မာနိုင်ငံသား အောင်လအန်ဆန်းဟာ လက်ရှိ One Championships ရဲ့ ချန်ပီယံတွေထဲက တယောက် ဖြစ်နေပါပြီ။ အောင်လအန်ဆန်း အပါအဝင် အခြား One ရဲ့ ချန်ပီယံတွေ အကြောင်း ပြောပြချင်ပါတယ်။ ထူးခြားတာက ချန်ပီယံတွေ ထဲမှာ မြန်မာ အပါအဝင် အရှနိုင်ငံ တွေ ဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေ အားကစားသမား ၅ ဦးပါဝင်တာ ဖြစ်ပြီး ပိုပြီး ထူးခြားတယ် လို့ ပြောရမှာက အာရှက အမျိုးသမီးတဦး ချန်ပီယံ အဖြစ် ပါဝင်နေတာပါပဲ။ မြန်မာနိုင်ငံသား အောင်လအန်ဆန်းဟာ လက်ရှိ One Championships ရဲ့ ချန်ပီယံတွေထဲက တယောက် ဖြစ်နေပါပြီ။ အောင်လအန်ဆန်း အပါအဝင် အခြား One ရဲ့ ချန်ပီယံတွေ အကြောင်း ပြောပြချင်ပါတယ်။ ထူးခြားတာက ချန်ပီယံတွေ ထဲမှာ မြန်မာ အပါအဝင် အရှနိုင်ငံ တွေ ဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေ အားကစားသမား ၅ ဦးပါဝင်တာ ဖြစ်ပြီး ပိုပြီး ထူးခြားတယ် လို့ ပြောရမှာက အာရှက အမျိုးသမီးတဦး ချန်ပီယံ အဖြစ် ပါဝင်နေတာပါပဲ။ Heavyweight Champion – Brandon Vera ။ ။ ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ မွေးခဲ့သူပါ။ ၂၀၀၂ ခုနှစ်ကတည်းက One ရဲ့ ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင် နေတာလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ WEC Heavyweight Grand Prix Champion ဖြစ်ခဲ့ပြီး One FC ရဲ့ Heavyweight Champion လည်း ဖြစ်ပါတယ်။ ကြိုးဝိုင်းအတွင်း နာမည် The Truth အဖြစ် လူသိများပါတယ်။ အရပ် ၆ ပေ ၃ လက်မ ရှိပြီး ကိုယ်အလေးချိန် ၂၄၁ ပေါင် ရှိပါတယ်။ Alliance MMA အသင်းနဲ့ အတူ လေ့ကျင့် ပြိုင်ပွဲဝင်တာ ဖြစ်ပြီး အခုချိန်ထိ ၂၃ ပွဲကစားပြီး ၁၅ ပွဲနိုင်၊ ၇ ပွဲရှုံးထားပြီး အခြား ၁ ပွဲကတော့ လက်ရည်စမ်းပွဲ ဖြစ်လို့ အနိုင်၊ အရှုံး ထည့် မတွက်ထားတာပါ။ Light Heavyweight Champion – Roger Gracie ။ ။ ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့မှာ မွေးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံသား ဖြစ်ပေမယ့် လက်ရှိ အင်္ဂလန်မှာ နေထိုင်လျက် ရှိပါတယ်။ အရပ် ၆ ပေနဲ့ ၄ လက်မ ရှိပြီး အလေးချိန် ၂၁၅ ပေါင် ရှိပါတယ်။ ဘရာဇီး Jiu-Jitsu ပုံစံနဲ့ ကစားပါတယ်။ မွေထိုင်း ကစားကွက်နဲ့လည်း နွယ်ပါတယ်။ Evolve MMA နဲ့ရော Graice Barra အသင်းနဲ့ပါ လက်တွဲ ပြိုင်ပွဲဝင်တာ တွေ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင် ကစားနေတာ ဖြစ်ပြီး အခုချိန်ထိ ၁၀ ပွဲ ထိုးသတ်ထားပြီး ၈ ပွဲနိုင် ထားပြီး ၂ ပွဲပဲ ရှုံးထားပါတယ်။ Middleweight Champion – Aung La N Sang ။ ။ ၁၉၈၅ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မွေးပါတယ်။ ကချင်မှာ မွေးတယ်၊ မြန်မာနိုင်ငံသားပါ။ အရပ် ၆ ပေနဲ့ ၁ လက်မ ရှိပါတယ်။ အလေးချိန် ပေါင် ၁၇၀ ပဲ ရှိပါတယ်။ ကြိုးဝိုင်းတွင်း နာမည် The Burmese Python အဖြစ် လူသိများပါတယ်။ Bellator အသင်းနဲ့ တွဲဖက် လေ့ကျင့် ပြိုင်ပွဲ ဝင်ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက စတင် ကစားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ Middleweight Champion ရရှိထားသူပါ။ Welterweight Champion – Ben Askren ။ ။ ၁၉၈၄ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှာ မွေးပါတယ်။ ကြိုးဝိုင်း အတွင်းမှာ Funky အဖြစ် လူသိများပါတယ်။ အမေရိကန်မှာ မွေးတယ်၊ အမေရိကန် နိုင်ငံသားပါ၊ အရပ် ၅ ပေနဲ့ ၁၀ လက်မ ရှိပါတယ်။ အလေးချိန် ပေါင် ၁၇၀ ရှိပါတယ်။ နပန်း ပုံစံနဲ့ရော ဘရာဇီးတိုက်ကွက်နဲ့ပါ ကစားပါတယ်။ Evolve MMA နဲ့ရော Roufusport အသင်းတွေနဲ့ တွဲဖက် လေ့ကျင့်နေတာပါ။ ၂၀၀၉ ခုနှစ်ကနေ စတင် ကစားနေခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ၁၇ ပွဲ ကစားထားပြီး ၁၆ ပွဲထိအောင် အနိုင်ရထားပါတယ်။ Lightweight Champion – Eduard Folayang ။ ။ ၁၉၈၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ မွေးပါတယ်။ ဖိလစ်ပိုင်မှာ မွေးတယ်၊ ဖိလစ်ပိုင် နိုင်ငံသားပါ။ အရပ် ၅ ပေ ၉ လက်မ ရှိပါတယ်။ အလေးချိန် ၁၅၅ ပေါင် ရှိပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိအောင် Welterweight တန်းမှာ ကစားပြီး နောက်ပိုင်း ၂၀၀၉ ကနေ အခုချိန်ထိအောင် Lightweight မှာ ကစားနေတာပါ။ Team Lakay Wushu နဲ့ အတူ တွဲဖက် လေ့ကျင့်တာ တွေ့ရပါတယ်။ ပွဲပေါင်း ၂၃ ပွဲ ထိုးသတ်ထားပြီး ၁၈ ပွဲနိုင်ထားပါတယ်။ ၅ပွဲ အရှုံးပါ။ Featherweight Champion – Martin Nguyen ။ ။ ၁၉၈၉ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မွေးပါတယ်။ Martin The Situ Asian Nguyen က နာမည် အပြည့်အစုံ ဖြစ်ပါတယ်။ ကြိုးဝိုင်းတွင်းမှာ The Situ Asian အဖြစ် လူသိများပါတယ်။ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးမှာ မွေးပါတယ်။ အရပ် ၅ ပေနဲ့ ၈ လက်မရှိပြီး အလေးချိန် ၁၄၅ ပေါင် ရှိပါတယ်။ အခုချိန်ထိ ၁၀ ပွဲ ထိုးသတ်ထားပြီး ၉ ပွဲ အနိုင်နဲ့ ၁ ပွဲ ရှုံးထားပါတယ်။ Bantamweight Champion – Bibiano Fernandes ။ ။ ၁၉၈၀ ခုနှစ် မတ်လ ၃၀ မှာ မွေးပါတယ်။ King of the Cage, DREAM နဲ့ K1 ပြိုင်ပွဲတွေမှာပါ ကစားဖူးတာ တွေ့ရပါတယ်။ The Flash အဖြစ် လူသိများပါတယ်။ ဘရာဇီး လူမျိုး ဖြစ်ပြီး အရပ် ၅ ပေနဲ့ ၇ လက်မ ရှိပါတယ်။ အလေးချိန် ၁၃၅ ပေါင်ပါ။ Revolution Gym, Graice Team Canada နဲ့ AMC Pankration တွေနဲ့ အတူ တွဲဖက် လေ့ကျင့်တာ တွေ့ရပါတယ်။ ပွဲပေါင်း ၂၄ ပွဲ ကစားထားပြီး ၂၁ ပွဲ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ Flyweight Champion – Adriano Moraes ။ ။ အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ ကစားသမားပါ။ American Top Team နဲ့ရော Constrictor Team တွေနဲ့ တွဲဖက် လေ့ကျင့်ပါတယ်။ ဘရာဇီးလူမျိုး ပါ။ ကြိုးဝိုင်းတွင်း နာမည် Mikinho အဖြစ် လူသိများ ပါတယ်။ အလေးချိန် ၅၆ ဒသမ ၇ ကီလို ရှိပါတယ်။ အသက် ၇ နှစ်ကတည်းက ကိုယ်ခံပညာနဲ့ ဂျူဒိုတွေ သင်ကြား လေ့လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ကျွမ်းကျင် ကစားသမားဘဝကို ရောက်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ခါးပတ်ကို Kairat က အနိုင်ယူ ရရှိသွားခဲ့ပေမယ် ၂၀၁၇ခုနှစ် သြဂုတ် ၆ရက်နေ့ Kairatနဲ့ ပြန်လည် ထိုးသတ်ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။ Strawweight Champion – Yoshitaka Naito ။ ။ ဂျပန်နိုင်ငံသား Naito ကို ကြိုးဝိုင်းတွင်းမှာတော့ Nobita အဖြစ် လူသိများ ပါတယ်။ အရပ် ၅ ပေနဲ့ ၆ လက်မ ရှိပြီး အလေးချိန် ၅၆ ဒသမ ၇ ပေါင် လေးပါတယ်။ Paraestra Matsudo အသင်းနဲ့ တွဲဖက် လေ့ကျင့်တာ တေ့ွရပါတယ်။ အသက် ၃၃ နှစ် ရှိပါပြီ။ အသက် ၂၂ နှစ်မှာကတည်းက ကျွမ်းကျင် ကစားသမား အဖြစ် ရပ်တည်နေခဲ့သူပါ။ ၂၀၁၂ ကနေ၂၀၁၄ ခုနှစ်အတွင်းမှာ ၇ ပွဲကစား၊ ၇ ပွဲနိုင်ပြီး ပထမဆုံး ခါးပတ်ကို ရယူထားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် မေလအတွင်း ကတည်းက အခု ခါးပတ်ကို ဆက်လက် ထိန်းထား နိုင်တာလည်း ဖြစ်ပါတယ်။ Atomweight Champion – Angela Lee ။ ။ Unstopable အဖြစ် လူသိများပါတယ်။ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ အရပ် ၅ ပေ ၃ လက်မ ရှိပြီး အလေးချိန် ၅၂ ဒသမ ၂ ကီလို ရှိပါတယ်။ Evolve MMA နဲ့ရော United MMA အသင်းတွေ နဲ့ပါ တွဲဖက် လေ့ကျင့်တာ တွေ့ရပါတယ်။ စင်ကာပူက ဖြစ်ပါတယ်။ ကိုယ်ခံပညာကို ၃ နှစ်အရွယ်လောက်ကတည်းက လေ့လာခဲ့သူလို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် မေလအတွင်းမှာ ဂျပန် ကစားသမား Mei Yamaguchi ကို အနိုင်ရပြီး အခု ခါးပတ်ကို ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ www.onefc.com The post အောင်လအန်ဆန်း အပါအဝင် One Championships ရဲ့ ချန်ပီယံများ appeared first on ဧရာဝတီ.
Source : http://ift.tt/2vzBiuN
via IFTTT
Source : http://ift.tt/2vzBiuN
via IFTTT
ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ရဲ့ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းမည် ဆန်စပါးအမှုအတွက် တရားစီရင်ခြင်းမခံရအောင် ထွက်ပြေးသွားသော ဝန်ကြီးချုပ်ဟောင်းယင်လပ်၏ ထိုင်းနိုင်ငံကူးလက်မှတ်ကိုရုပ်သိမ်းမည်ဟု ဝန်ကြီးချုပ်ပရာယွဓ်ချန်အိုချာက သောကြာနေ့က ပြော လိုက်ပါတယ်။ ယင်လပ် ထွက်ပြေးသွားကြောင်းသေချာပြီးနောက် မနေ့ကမူနိုင်ငံကူးလက်မှတ်ရုပ်သိမ်းမည့် အကြောင်း ကို ထပ်မံအတည်ပြုပြောကြားသည်။ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက “ ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဥပဒေ ပိုင်းအရလေ့လာနေပါတယ်” လို့ သတင်းထောက်များ၏ အမေးကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် ပါတယ်။ သူမ ဘယ်နည်းဘယ်ပုံ ထွက်ပြေးသွားသည်ကို ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေပြီး၊ ယခင်က သူမ အပေါ် နောက်ယောင်ခံစောင့်ကြည့်မှုများ ရှိသော်လည်း ဝေဖန်မှုများကြောင့် ရုပ်သိမ်းခဲ့ကြောင်း၊ ယခုအခါ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားခဲ့သောကြောင့် ထွက်ပြေးသည့် ပြဿနာဖြစ်ရကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။ သို့သော် အစိုးရက ယင့်လပ်ကို ရည်ရွယ်ချက်ရှိရှိ ပြေးခွင့်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်ကို သူကငြင်း ပြီး၊ ယင့်လပ်နှင့် အကိုဖြစ်သူ သက်ဆင်တို့ တိုင်းပြည်မှ မည်သို့ထွက်ခွာသွားကြသည်ကိုမူ လူအများ ထည့်သွင်းစဉ်းစားစေလိုကြောင်း ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာကဆိုပါတယ်။ ယင့်လပ်၏ အကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း ၂၀၀၃ ခုနှစ်က ဇနီးဖြစ်သူမှ ဘန်ကောက်မြို့တော်၏ အကွက်အကွင်းကောင်းသော နေရာမှ အစိုးရပိုင်မြေကို ဝယ်ယူ မှုအတွက် ထောင်ဒဏ် ၂နှစ် အပြစ်မပေးမီ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ထွက်ပြေးရာ သူ၏ နိုင်ငံကူး လက်မှတ်ကို အစိုးရက ရုပ်သိမ်းခဲ့ပါတယ်။ ယခုလည်း နှမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို အနီးကပ်စောင့်ကြည့်နေသော်လည်း သူပိုင် ကား အများအပြားကို အသုံးပြုကာ ခြေယောင်ဖျောက်နိုင်ခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝစ်ကလည်းဆိုပါတယ်။ ယင့်လပ်ဟာ ပင်လယ်ကမ်းခြေပိုင်းရှိ Trat ပြည်နယ် ကော့ချန်ခရိုင် ကို သွားရောက်ကာ ထိုမှတဆင့် ရဟတ်ယာဉ်ဖြင့် ကမ္ဘောဒီးယား ဖနွမ်းပင်ကို ပြေးကြောင်း၊ ထိုမှ လေယာဉ်စင်းလုံးငှားကာ စင်ကာပူသို့ သွားရောက်ကြောင်း၊ ထိုသို့ ထွက်ပြေးနိုင် ရန် အဆင့်မြင့်အာဏာပိုင်တချို့က ကူညီခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ထိုမှတဆင့် အာရပ်စော်ဘွားများနိုင်ငံ(UAE) ဒူဘိုင်းမြို့ကို ရောက်ရှိသွားပြီး၊ ယခုအခါ ဗြိတိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကတော့ ယင့်လပ်ဘယ်မှာလဲဆိုတာ သူမသိဘူးလို့ ဆိုပါတယ်။ ယင်လပ်ကို သူ့၏အစိုးရလက်ထက် ဆန်စပါးဝယ်ယူရေး အစီအစဉ်တွင် အဂတိလိုက်စားမှုနှင့် ဆုံးရှုံး မှုများအတွက် တရားရုံးချုပ်၏ နိုင်ငံရေးရာထူးရှိသူများဆိုင်ရာရာဇဝတ်မှုဌာနသို့ သောကြာနေ့ တွင်လာရောက်ပြီး တရားစီရင်ခံရန်ပျက်ကွက်ခဲ့ပြီးနောက် တရားရုံးချုပ်က ဖမ်းဝရမ်းထုတ်ကာ စီရင် ချက်ချမှတ်ခြင်းကို စက်တင်ဘာလ ၂၇ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ The post ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ရဲ့ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wEVf7D
via IFTTT
Source : http://ift.tt/2wEVf7D
via IFTTT
Subscribe to:
Posts (Atom)