မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar” ထိုင်းနိုင်ငံအခြေစိုက် Knowledge Media Group Limited မှ “The Best of Myanmar: Golden Land of Hidden Gems” လို့ အမည်ရတဲ့ မြန်မာနိုင်ငံရဲ့ လည်ပတ်စရာ အထင်ကရနေရာတွေ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်တွေ၊ မြန်မာနိုင်ငံရဲ့ ငုပ်လျှိုးကွယ်ပျောက်နေတဲ့ သဘာဝအလှတရားတွေ စတဲ့ အကြောင်းအရာတွေ ပါဝင် ရေးသားထားတဲ့စာအုပ်ကို မကြာသေးခင်က မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ်။ “The Best of Myanmar: Golden Land of Hidden Gems” စာအုပ်ဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး Premium Armchair Travel Guide စာအုပ်တအုပ်ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝ အလှတရားတွေ၊ ဖော်ရွေတဲ့ မြန်မာပြည်သူပြည်သားတွေ၊ မြန်မာနိုင်ငံမှ အထင်ကရ ဆွဲဆောင်မှုရှိတဲ့ နေရာတွေ၊ တွေ့မြင်ရခဲတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ၊ မြန်မာ့အနုပညာ လက်ရာတွေနဲ့ ကြွယ်ဝတဲ့ ရှေးဟောင်း အမွေအနှစ်တွေ၊ ဇိမ်ခံ သဘောၤလိုင်းတွေ၊ ဟိုတယ်တွေ၊ Resorts တွေနဲ့ Fine Dining စားသောက်ဆိုင်တွေ အကြောင်း ရေးသား ထားတာတွေ ပါဝင်ပါတယ်။ “မြန်မာနိုင်ငံမှာက အခုနာမည်ပေးထားတဲ့ အတိုင်းပဲ။ “Golden Land of Hidden Gems” ပေ့ါ။ Hidden Gems ဆိုတာက ကွယ်လျှိုးနေတဲ့ ရတနာပေါ့။ ဘယ်သူမှ မတွေ့သေးဘူး၊ ဒါ ရတနာမှန်းကို ဘယ်သူမှ မသိသေးဘူး။ ဒါကြောင့် ကျနော်က ဒီအရာကို ဖော်ထုတ်ချင်တယ်။ ဖော်ထုတ်ချင်တဲ့အတွက် ဒီစာအုပ်ကို လုပ်ခဲ့တာပါ။ ဒီစာအုပ်ကို လုပ်ခဲ့တာ တနှစ်ကျော် ကြာခဲ့ပါတယ်” လို့ ထုတ်ဝေသူ Mr.Jaffee Yee က ပြောပါတယ်။ ဆက်လက်ပြီးသူက “ကျနော် လွန်ခဲ့တဲ့ ၄ နှစ်လောက်က ထိုင်းနိုင်ငံမှာရှိတဲ့ “NiHao” မဂ္ဂဇင်းမှာ အလုပ်လုပ်ခဲ့တယ်။ ကျနော်တို့ စတင်ခဲ့တဲ့ အဲဒီမဂ္ဂဇင်းက တရုတ်ပြည်ကလာတဲ့ အထက်တန်းလွှာ ဧည့်သည်တွေကို အဓိက Target ထားတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ၄ နှစ်က ဒီမဂ္ဂဇင်းကို စတင်တဲ့အချိန် အတွင်းမှာ တနှစ်ကို ထိုင်းကိုလာတဲ့ တရုတ်ခရီးသည်က ၂ သန်းကနေ ၄ သန်းလောက် အထိပဲ ရှိဦးမယ်။ အခု ၄ နှစ်အတွင်းမှာ တရုတ်ခရီးသည် ၁၀ သန်းအထိ တိုးလာတာတွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း ဒါမျိုး ဘယ်လို Target ထားနိုင်မလဲ” လို့ ဆိုပါတယ်။ The Best of Myanmar စာအုပ်ဟာ မြန်မာ့ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်အောင် တစိတ်တဒေသကနေ Promote လုပ်ပေးတဲ့ စာအုပ်တအုပ်ဖြစ်ပြီး အင်္ဂလိပ်လို ရေးသားထုတ်ဝေထားတာကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် အထူး အသုံးဝင်မယ့် စာအုပ်တအုပ်ဖြစ်ပါတယ်။ “ဒီစာအုပ်မှာ Chapter ၁ဝ ခုပါပါတယ်။ ပြီးတော့ စာအုပ်ရဲ့ ခေါင်းစဉ် “The Best of Myanmar” ဆိုတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ဟိုတယ်တွေ၊ အကောင်းဆုံး စားသောက်ဆိုင်တွေ ပါမယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမျိုးတွေ အကြောင်းကို Chapter တခုချင်းစီ အကောင်းဆုံး ဖော်ပြထားတယ်။ ပြီးတော့ မြန်မာနိုင်ငံက နှစ်ပေါင်း ရာချီနေပြီဖြစ်တာကြောင့် သူ့ရဲ့ ယဉ်ကျေးမှုတွေက ပေါများကြွယ်ဝတာကို ကမ္ဘာကို ချပြချင်တာပါ” လို့ Mr.Jaffee Yee က ပြောပါတယ်။ ဒါ့အပြင် Chapter တွေထဲမှာ မြန်မာနိုင်ငံရဲ့ ပွဲတော်တွေဖြစ်တဲ့ ၁၂ လရာသီပွဲတော်တွေကို စိတ်ဝင်တစား ဖြစ်အောင် ရေးသားထားတာတွေလည်း ပါဝင်တယ်လို့ Mr.Jaffee Yee က ဆိုပါတယ်။ စာအုပ်တန်ဖိုးကိုတော့ အမေရိကန်ဒေါ်လာ ၄၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီစာအုပ်တွေကို မြန်မာနိုင်ငံရဲ့ အဓိက စာအုပ်ဆိုင်တွေ၊ လေဆိပ်၊ ဟိုတယ်တွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ထိုင်းနိုင်ငံအပါအဝင်၊ အရှေ့တောင်အာရှမှ နိုင်ငံအချို့မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ The post မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar” appeared first on ဧရာဝတီ.
Source : http://ift.tt/2CnEMVq
via IFTTT
Friday, December 29, 2017
အစိုးရ တာဝန်ရှိသူများ မမှန်ကန်သည့် လုပ်ရပ် ရှိပါက တိုင်ကြားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ကယားပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ မမှန်ကန်သည့် လုပ်ရပ်များ လုပ်နေ ပါက ဥပဒေကြောင်းနှင့် စည်းမျဉ်း စည်းကမ်းများ အရ အရေးယူနိုင်ရန် ပြည်သူများက တိုင်စာပို့ တိုင်ကြားကြပါ ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ပြုလုပ်သည့် “ဒေသခံ လူငယ်များ ငြိမ်းချမ်းရေး စကားဝိုင်း”တွင် ဒေသခံလူငယ် ၈ ဦးနှင့် အပြန်အလှန် ဆွေးနွေးစဉ် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က “တယောက်နဲ့တယောက် ပွစိပွစိ ပြောနေပြီး ဒီဝန်ကြီးက လုပ်တာ ကိုင်တာ မတရားဘူး။ ပြောနေလို့ ကျမတို့ မသိရင် ဘာမှ လုပ်လို့ မရဘူး။ သိမှ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေနဲ့ အရေးယူလို့ ရမယ်။ ကိုယ့်မှာ အဲ့ဒီလောက်တော့ တာဝန်ကျေမှု ရှိရမယ်။ ကြောက်ပြီး မလုပ်ရဲပါဘူး။ မတိုင်ရဲပါဘူးဆို တသက်လုံး ကြောက်နေရ လိမ့် မယ်”ဟု ပြောသည်။ ပြည်သူက မဲဆန္ဒဖြင့် ရွေးကောက်ထားသည့် ဒီမိုကရေစီအစိုးရ ဖြစ်သဖြင့် မမှန်မကန် လုပ်ကိုင်ပါက ထိန်းကျောင်းရန် ပြည်သူတွင် တာဝန် ရှိကြောင်း၊ ပြည်သူက အသိပေးမှသာ ဗဟိုအစိုးရ သိရှိမည် ဖြစ်သဖြင့် အသိပေးကြရန် ဝန်မလေး ပါနှင့် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “တိုင်စရာရှိတာ တိုင်ပါ၊ ဘယ်လူကြီးကိုမှ မကြောက်ပါနဲ့” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုသည်။ ဆွေးနွေးပွဲတွင် ပါဝင်သည့် ကယားလူငယ် ဦးမာရီးယိုက ၎င်းတို့မှာ စစ်ဘေးသင့် ကာလတွင် ကြီးပြင်း လာရသဖြင့် အတန်းပညာလည်း ဆုံးခန်းတိုင် မသင်ယူခဲ့ရကြောင်း၊ ထို့အပြင် အစိုးရလူကြီးများကိုလည်း ကြောက်ကြောင်း၊ အစိုးရ လူကြီးများကို ဧည့်ခံလျှင် ထမင်းဟင်း ကောင်းကောင်းမွန်မွန်များဖြင့် ဧည့်ခံပြီး ဒေသခံများမှာ မကောင်းသည်များကို သာ စားသည်ဟု ဆိုကာ ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောရသည် ကိုပင် ကြောက်နေကြောင်း ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က “ဝန်ကြီးချုပ်ကို ကြောက်ရလား”ဟု မေးရာ ဦးမာရီးယိုက “အရင်တုန်းက ကြောက်ပါတယ်” ဟု ဖြေသဖြင့် ထပ်မံ၍ ဒေါ်အောင်ဆန်းစုကြည်က “အခု လုံးဝ မကြောက်နဲ့နော်။ ဝန်ကြီးတွေကိုလည်း မကြောက်နဲ့၊ ဝန်ကြီးတွေက ကြောက်ရမှာ။ ဘာလို့လဲဆိုတော့ မတော်မတရား လုပ်ရင် ဝန်ကြီးတွေက အလုပ်ပြုတ်မှာ။ တောင်သူ လယ်သမားတွေက အလုပ်ပြုတ်မှာ မဟုတ်ဘူး။ ကိုယ့်လယ်ယာ ကိုယ်လုပ်စားတာ သူများကို ခိုးတာဝှက်တာ မဟုတ် တာ လုပ်ရင် ကိုယ့်ကို ဘာမှ လုပ်လို့ မရဘူး” ဟု ပြန်လည် ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုနေရခြင်းမှာ ပြည်သူများကို တိုင်တောတတ်အောင် သင်ပေးနေခြင်း မဟုတ် ဘဲ လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် တာဝန်ရှိရှိ လုပ်ရန် အားပေးနေခြင်း ဖြစ်သည်ဟုလည်း ပြောသည်။ ဆက်လက်၍ ဦးမာရီးယိုက “အစိုးရ ဝန်ကြီးချုပ်ကိုလည်း ပြောချင်ပါတယ်။ ကျနော်တို့ ပြည်သူက တိုင်ထားတဲ့ စာကို လည်း ထိရောက်စွာ အရေးယူပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က “ဟုတ်ကဲ့။ နံပါတ် ၁ က ဝန်ကြီးချုပ်အနေနဲ့ ပြည်သူက တိုင်တဲ့စာတွေကို သေသေ ချာချာ ဖတ်ရလိမ့်မယ်။ ကိုယ်တိုင် မဖတ်နိုင်ရင် ဖတ်တဲ့ အဖွဲ့တွေလည်း ဖွ့ဲထားရပါမယ်။ ဖတ်တဲ့ အဖွဲ့ကလည်း နည်းနည်း ဖြောင့်မတ်ဖို့ လိုတယ်။ သူတို့ အကြောင်းတိုင်တာ ပါရင် တင်မပြမှာလည်း စိုးရိမ်ရသေးတယ်။ အဲ့ဒါကိုလည်း သေချာ မှာခဲ့ပါမယ်”ဟု ဆိုသည်။ ဦးမာရီးယိုက တိုက်ပွဲများပြီးနောက် ကယားပြည်နယ်အတွင်း ဒေသခံများ၏ လယ်ယာမြေများနှင့် ခရစ်ယာန် ဘာသာ ဝင်များ သာသနာပြုသည့် တောင်ကုန်းကို တပ်မတော်မှ သိမ်းထားကြောင်း၊ သိမ်းဆည်း ခံထားရသည်များကို ပြန်ပေး ရန် တောင်းဆိုလိုသည်ဟု ဆိုရာ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ လုံခြုံ ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးကြပါဟုလည်း ပြန်လည် ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ်မှ လူငယ်များ၏ စကားဝိုင်းတွင် ဒေသခံ ရှမ်း၊ ကယား၊ ကယော၊ အင်း လူမျိုးများ စုစုပေါင်း ၈ ဦးနှင့် တနာရီခွဲခန့် အပြန်အလှန် ပြောဆိုဆွေးနွေးကြပြီး ဆွေးနွေးချက်များထဲတွင် ကယား ပြည်နယ် တွင်း တိုက်ပွဲများ ဖြစ်နေသည့် ကာလမှ ကြီးပြင်းလာရသူများက ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် စစ်ဘေးသင့် အခက်အခဲများ၊ ပညာ မသင်ကြားရသည်များနှင့် တိုက်ပွဲများ ပြီးနောက်တွင်လည်း လယ်ယာများကို တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းခံထားရသည့် အကြောင်းများ ပါဝင်သည်။ ထို့အပြင် တိုက်ပွဲကာလအတွင်း အမျိုးသမီးများ၏ ထိခိုက် နစ်နာခံရမှု များကိုလည်း အပြန်အလှန် ပြောဆို ဆွေးနွေး ကြပြီး ဆွေးနွေးပွဲတွင် ပါဝင်သည့် ရှမ်းလူငယ် ဒေါ်မို့မို့တင်ဇော်မွန် က ကယားပြည်နယ်တွင်းမှ နိုင်ငံရေး၊ ပညာရေးတွင် ပေါက်မြောက် အောင်မြင်သည့် အမျိုးသမီးများ ပေါ်ပေါက်ရန် လိုအပ်ကြောင်း ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း စစ်ဘေးသင့်ရာတွင် အမျိုးသားများထက် အမျိုးသမီးများက ပိုမို ထိခိုက်သည်ကို သိရှိ ကြောင်း၊ ယခုအခါ ကမ္ဘာ့ အသေးစား ချေးငွေဆိုင်ရာ သုတေသန ပြုချက်များအရ အမျိုးသမီးများက အလုပ် ပိုမို ကြိုးစားကြောင်း၊ ပညာရေးတွင်လည်း အမျိုးသားများထက် ပိုမို အားစိုက်ကြောင်း အားပေးပြောဆိုသည်။ ကယားလူငယ် ဒေါ်အော်လေးဗီးယားကလည်း တိုင်းရင်းသားစာပေများ သင်ကြားရာတွင် အစိုးရဘက်မှ သင်ထောက် ကူ များနှင့် ပံ့ပိုးမှုများ ပေးရန် တောင်းဆိုရာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ပြောဆိုပေးမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်တွင် ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ရန် လွန်ခဲ့သည့် ၃ လ ဝန်းကျင် ကတည်း က စီစဉ်နေခြင်း ဖြစ်သည်ဟုလည်း ပြောသည်။ နိုင်ငံတော် အတိုင်ပင်ခံနှင့် ကယားပြည်နယ်မှ လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းကို တနိုင်ငံလုံးမှ ပြည်သူလူထုက ကြည့်ရှုနိုင်ရန် နိုင်ငံပိုင် ရုပ်သံ မီဒီယာများကလည်း တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဆိုင်သည့် မေးခွန်း ၃ ခု ကို တိုက်ရိုက် ထုတ်လွှင့်နေသည့် အချိန်တွင် ပြန်လည် ဖြေဆို ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၂ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၊ သြဂုတ်လ ၁၂ ရက်တွင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ရွာတွင်လည်း ပြုလုပ်ခဲ့သည်။ ထိုစကားဝိုင်းများတွင်လည်း ဒေသခံ လူငယ်များထံမှ ဒေသ အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး အပေါ် တွေးခေါ်ပုံ များကို မေးမြန်းပြီး လူငယ်များက ပြည်တွင်းငြိမ်းချမ်းရေးတွင် ပါဝင်ကြရန်၊ သဘောထား ကြီးကြရန်၊ ပညာရေးကို အလေးထားသင်ယူကြရန်၊ အတန်းပညာ မပြီးသူများက အသက် မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူရန်နှင့် စာအုပ်စာပေများ ဖတ်ကြပါဟုလည်း ဒေါ်အောင်ဆန်းစုကြည်က လူငယ်များကို တိုက်တွန်းသည်။ The post အစိုးရ တာဝန်ရှိသူများ မမှန်ကန်သည့် လုပ်ရပ် ရှိပါက တိုင်ကြားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2zLNREI
via IFTTT
Source : http://ift.tt/2zLNREI
via IFTTT
ကြေးမုံ သတင်းထောက် တဦးနှင့် မွတ်စလင် ၆ ဦး ဖမ်းဆီးခံထားရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မွတ်စလင် ၆ ဦးကို အခကြေးငွေယူ၍ ကားဖြင့် တင်ခေါ်လာသော ကြေးမုံ သတင်းစာ သတင်းထောက် တဦးကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ ကြေးမုံသတင်းထောက်ကတ် ကိုင်ဆောင်ထားသော ရခိုင်တိုင်းရင်းသား စောမိုးကျော် သည် မွတ်စလင် ၆ ဦးကို တင်ဆောင်၍ ပြည်-တောင်ကုတ် ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ပန်းတောင်းမြို့နယ် ညောင်ကျိုး စစ်ဆေးရေးဂိတ်မှ တားဆီး စစ်ဆေးမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်ဟု ရဲက ဆိုသည်။ ယင်းသို့ ထွက်ပြေးခြင်းကြောင့် ရဲတပ်ဖွဲ့အချင်းချင်း ဆက်သွယ်၍ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ပန်းတောင်းမြို့နယ် ညောင်ခြေထောက် ကျေးရွာ အနီးတွင် စောမိုးကျော်နှင့် မွတ်စလင် ၆ ဦးကို တားဆီး စစ်ဆေး၍ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဥသျှစ်ပင် ရဲစခန်းမှူး ရဲအုပ် ဝင်းဆန်းက ပြောသည်။ ရဲအုပ် ဝင်းဆန်း က “အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ ဒီလိုပဲကားနဲ့ လာတယ် ဆိုတာကို သတင်းရလို့ ပိတ်ဆို့ ဖမ်းဆီးခဲ့တာပါ။ လောလောဆယ် တရားခံတွေ အကုန်လုံး ပန်းတောင်းမြို့ ရဲစခန်းမှာပဲ ထားတယ်ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။ စောမိုးကျော်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် နေထိုင်သူ ဖြစ်ပြီး ကျောက်ဖြူမြို့နယ် ကျောက်တလုံး ကယ်ဆယ်ရေး စခန်းမှ မွတ်စလင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား ကျပ် သိန်း ၂၀ အခ ကြေးငွေယူ၍ ၎င်း၏ကားဖြင့် ပြည်မြို့အထိ လိုက်လံ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကားဖြင့် လိုက်ပါပို့ဆောင်ပေးသူ စောမိုးကျော် အား ဥသျှစ်ပင် ရဲစခန်းမှ ရဲအုပ် ဝင်းဆန်း က ကျွန်ပြုစေရန် လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထို့အတူ မွတ်ဆလင် ၆ ဦးကိုလည်း ပန်းတောင်းမြို့နယ် လဝက ဦးစီးမှူး ဦးတွန်ခန့်ဒါးလ်က တရားလိုပြုလုပ်၍ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆ (၂)၊ ၆ (၃) တို့ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ ဦးစောမိုးကျော်မှာ ကျောက်ဖြူမြို့နယ် သတင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိသာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သတင်းပေးပို့ခြင်း မရှိတော့သဖြင့် ၇-၇-၂၀၁၇ နေ့မှစ၍ မြို့နယ်သတင်းထောက်အဖြစ်မှ ရပ်ဆိုင်းထားသူဖြစ်ကြောင်း ကြေးမုံ နေ့စဉ်သတင်းစာ၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာမှ တဆင့် ဒီဇင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန် ထားသည်။ ထို့အတူ ဦးစောမိုးကျော် ကိုင်ဆောင်ထားသည့် မြို့နယ်သတင်းထောက် အသိအမှတ်ပြုကတ်ကို သတင်းစာတိုက်မှ ပြန်လည် သိမ်းထားပြီး ၎င်းထံတွင် တွေ့ရှိသောကတ်မှာ မိတ္တူသာဖြစ်သည်ဟု ထိုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ The post ကြေးမုံ သတင်းထောက် တဦးနှင့် မွတ်စလင် ၆ ဦး ဖမ်းဆီးခံထားရ appeared first on ဧရာဝတီ.
Source : http://ift.tt/2pU4u1t
via IFTTT
Source : http://ift.tt/2pU4u1t
via IFTTT
7Day News Journal
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံလာမည် ဂျပန်နိုင်ငံခြားရေးဝန် ကြီး မစ္စတာတာရိုကာနိုသည် လာမည့် ဇန်နဝါရီ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုသည်။ အဆိုပါဂျပန်နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်အတွင်း ရခိုင်ပြည် နယ်မြောက်ပိုင်းသို့ ဇန်နဝါရီ ၁၂ ရက်တွင် သွားရောက်ရန် ဂျပန် ဘက်က အဆိုပြုထားကြောင်း လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။ ‘‘ခရီးစဉ် အသေးစိတ်က မရေးဆွဲရသေးဘူး။ ရခိုင်ခရီးစဉ် ဆိုတော့ ကျွန်တော်တို့ဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေပါမှ သွားလို့ရမှာကိုး။ အားလုံးနဲ့တူတူ သွားမှာ။ အထူးသဖြင့် ကျွန်တော် တို့ပါမယ်’’ဟု ဒေါက်တာဝင်းမြတ် အေးက ပြောသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး သည် ယင်းခရီးစဉ်အတွင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မည်ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှနှစ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများကို လေ့လာမည်ဖြစ်ကြောင်း ပြီးခဲ့ သည့်ရက်ပိုင်းတွင် ဂျပန်သတင်း ဌာနအချို့က ဖော်ပြသည်။ မြန်မာနိုင်ငံတွင် စီးပွားရေး အလားအလာကောင်းများရှိနေ၍ ဂျပန်အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဆိုးရွားမည်ကို မလို လားကြောင်း The Japan Times သတင်းဌာနက ဖော်ပြသည်။ ထို့ အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး သည် မြန်မာနှင့် နိုင်ငံတကာအ သိုင်းအဝိုင်းအကြား အဓိကစေ့ စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင် ရွက်ပေးရန် ဂျပန်အစိုးရက မျှော် လင့်ထားကြောင်း ယင်းသတင်း ဌာနက ဆက်လက်ဖော်ပြသည်။ နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ယခုလ ၁၂ ရက်မှ ၁၇ ရက်အထိ ဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာအစိုးရကို ယန်းဘီလီယံ ၈၀၀ အကူအညီပေးရန် ထပ်မံ ကတိပြုခဲ့သည်။ ဂျပန်သည် ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ကြိုး ပမ်းဆောင်ရွက်မှုများကို ထောက် ခံအသိအမှတ်ပြုပြီး ရခိုင်ပြည် နယ်အတွင်း လမ်း၊ တံတားများ ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ် အားရရှိရေး၊ စာသင်ကျောင်းများ ဆောက်လုပ်ရေးတို့ကို အကူအ ညီပေးမည်ဟု ဝန်ကြီးချုပ်ရှင်ဇို အာဘေးက ပြောကြားကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
Source : http://ift.tt/2BSwlka
via IFTTT
Source : http://ift.tt/2BSwlka
via IFTTT
The Voice
တောင်မြောက်ပူးတွဲစက်မှုဇုန်မှ ရငွေများကို မြောက်ကိုရီးယားက လက်နက်အတွက် သုံးသည်ဟုစွပ်စွဲမှု သက်သေမရှိကြောင်း တောင်ကိုရီးယားဝန်ခံ ဆိုးလ်၊ ဒီဇင်ဘာ ၂၈ ယခုအခါပိတ်လိုက်ပြီဖြစ်သည့် တောင်မြောက်ပူးတွဲစက်မှုဇုန်မှ ရရှိသည့်ငွေများကို မြောက်ကိုရီးယားက လက်နက်စီမံကိန်းတွင် သုံးစွဲခဲ့သည်ဟု ယခင် တောင်ကိုရီးယားအစိုးရ၏ စွပ်စွဲချက်အတွက် သက်သေမရှိကြောင်း ရိုးသားစွာ လက်ခံပါကြောင်း” လက်ရှိ တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ဖီဆန်ပြီး စက်မှုဇုန်မှ ရငွေများကို နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများအတွက် သုံးသည်ဆိုသော စွဲချက်များမှာ စစ်ဆေးတွေ့ရှိမှုနှင့် ကွဲလွဲနေကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြောက်ကိုရီးယားအရေး မူဝါဒနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုအားကောင်း စေရန်နှင့် အများယုံကြည်မှု ရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ နှစ်နိုင်ငံပူးတွဲလုပ်ကိုင်သည့် ကေဆောင်စက်မှုဇုန်မှ ရရှိသောငွေကြေးအများစုကို လက်နက်စီမံကိန်းအတွက် မြောက်ကိုရီးယားက သုံးစွဲနေသည်ဟု ယမန်နှစ်အတွင်း တောင်ကိုရီးယားအစိုးရက စွပ်စွဲခဲ့သည်။ ယင်းနောက်တွင် မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ချိန်၌ တောင်ကိုရီးယားက အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ရုပ်သိမ်းပြီး စက်မှုဇုန်ကို ပိတ်ပစ်ခဲ့သည်။ သို့သော်လည်း သဘောထားပျော့ပျောင်းသူ လစ်ဘရယ်ဝါဒီ သမ္မတမွန်ဂျေ အင်းတက်ပြီး နှစ်လအကြာ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းတွင်မူ ယင်းစွပ်စွဲချက်များအတွက် ခိုင်မာသည့် သက်သေမရှိကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြင်ဆင်ပြောကြားလာခဲ့သည်။ ကေဆောင် စက်မှုဇုန်ကိုပိတ်သိမ်းခြင်းမှာ ရာထူးမှ ဖြုတ်ချခံခဲ့ရသောတောင် ကိုရီးယားသမ္မတပတ်ဂွမ်ဟီး၏ တစ်ဖက်သတ် နှုတ်မိန့်ဖြင့် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသည်။ မြောက်ကိုရီးယား ဒုံးကျည်စမ်းပြီး နောက်တစ်နေ့တွင် ပတ်ဂွမ်ဟီးသည် အစိုးရအဖွဲ့၊ ပေါင်းစည်းရေးဝန်ကြီးဌာနက ခန့်အပ်ထားသော စုံစမ်းရေးအဖွဲ့တို့နှင့် မတိုင်ပင်ဘဲ သူ့သဘောနှင့်သူ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသည်။ “မြောက်ကိုရီးယား လုပ်သားတွေရဲ့ လုပ်ခလစာငွေတွေ လမ်းကြောင်းပြောင်းသွားတယ်ဆိုတာကို အဓိက စွပ်စွဲချက်အနေနဲ့ သမ္မတရုံးက သုံးခဲ့ပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့အချက်အလက်၊ လုံလောက်တဲ့ သက်သေမရှိသလို သက်ဆိုင်ရာ အေဂျင်စီတွေနဲ့လည်း တိုင်ပင်တာမရှိပါဘူး၊ အဓိကအားဖြင့်တော့ ဓမ္မဒိဋ္ဌာန်မကျတဲ့ ယုံကြည်စိတ်ချရမှုမရှိနိုင်တဲ့ ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ ပြောစကားကို အခြေခံထားတာပါ”ဟု စုံစမ်ရေးအဖွဲ့ကို ဦးဆောင်သော ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ ကင်ဂျုံဆိုက ပြောကြားခဲ့သည်။ တောင်ကိုရီးယားကုမ္ပဏီ ၁၂၀ ခန့်သည် ကေဆောင်စက်မှုဇုန်တွင် ခန့်ထားသော မြောက်ကိုရီးယားလုပ်သား ၅၅၀၀၀ အတွက် လစာပေးချေခဲ့ပြီး လစာနှုန်းထားမှာ မြောက်ကိုရီးယားမှ အနိမ့်ဆုံးလစာ တစ်လ ဒေါ်လာ ၇၀ ထက် နှစ်ဆများခဲ့သည်ဟု ဆိုသည်။ ယင်းစက်မှုဇုန်ကြီးမှာ ၂၀၀၀ ပြည့်နှစ်က ပထမဆုံးအကြိမ် နှစ်ဖက် ကိုရီးယားခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး အားထုတ်မှု၏ သင်္ကေတဖြစ်ခဲ့သည်။ လက်ရှိသမ္မတ မွန်က မြောက်ကိုရီးယားဘက်ကသာ နျူဖျက်သိမ်းရေး ပြန်လုပ်ပါက စက်မှုဇုန်ကြီး ပြန်ဖွင့်ပေးလိုသည်ဟု ပြောကြားထားသော်လည်း လက်ရှိ အခြေအနေများအရ ခက်ခဲနေဆဲဖြစ်သည်။ စက်ရုံများ ရုတ်တရက် ပိတ်ပင်လိုက်မှုကြောင့် နစ်နာခဲ့ရသော တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များက ယင်းကိစ္စအတွက် အစိုးရက တရားဝင် တောင်းပန်ရန် တောင်းဆိုထားသည်။ သမ္မတပတ်လက်ထက်က စက်မှုဇုန်ကြီး ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် စက်ကိရိယာများ၊ ကုန်ကြမ်းများ ဒီအတိုင်းထားခဲ့ရသောကြောင့် ကုမ္ပဏီအားလုံးပေါင်း ကိုရီးယား ဝမ် ၂၅၀ ဘီလျံ (ဒေါ်လာသန်း၂၀၀ ) ခန့် နစ်နာခဲ့ရသည်။
Source : https://goo.gl/xPHYay
via IFTTT
Source : https://goo.gl/xPHYay
via IFTTT
The Ladies News
ပြည်သူ့ရင်ပြင် Myanmar culture vally တွင် ကျင်းပပြုလုပ်သည့် မျက်လှည့်ပညာရှင် မင်းလက်ရာ၏ အံ့သြဖွယ်ရာ မျက်လှည့်ပြကွက်ဆန်း ဖျော်ဖြေတင်ဆက်မှု
Source : http://ift.tt/2lqtBmT
via IFTTT
Source : http://ift.tt/2lqtBmT
via IFTTT
မိတ္ထီလာမြို့ ဈေးရှေ့ရှိ ၈ နာရီကုန်စိမ်းဈေးမှ ကုန်စိမ်းဈေးသည်များအား ယာယီဈေးသို့ ပြောင်းရွှေ့ပေးမည် မိတ္ထီလာမြို့ ဈေးရှေ့ရှိ ၈ နာရီ ကုန်စိမ်းဈေးမှ ကုန်စိမ်းဈေးသည် ၉ဝဝ ကျော်အား ယာယီဈေး ပြုလုပ်ရွှေ့ထားပြီး စနစ်တကျ သတ်မှတ်နေရာများ ချထားပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ '' မိတ္ထီလာမြို့ ဈေးရှေ့မှာရှိတဲ့ ၈ နာရီကုန်စိမ်းဈေးကို ရွှေ့မှာပါ၊ မိတ္ထီလ မြို့မှာရှိတဲ့ ဘဲကန်ဆိုတဲ့နေရာကို ရွှေ့မှာပါ၊ အဲဒီနေရာအတွက် မြေညှိတာတွေ၊ အခန်းလုပ်တာတွေ၊ သန့်စင်ခန်းတွေနဲ့ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်တာ တွေ လုပ်ထားပါပြီ၊ အဲဒီကို ရွှေ့တဲ့ နေရာမှာ စနစ်တကျ နေရာချပေးနိုင်ဖို့ ဒီဇင်ဘာ၂၇ ရက်ကစပြီး စည်ပင်သာယာ ခန်းမမှာ မဲနှိုက်ရွေးချယ်တာ စတင်လုပ် ကိုင်နေပါတယ်၊ ဒီဇင်ဘာ ၂၇ ၊ ၂၈၊ ၂၉ သုံးရက် မဲနှိုက်သွားမှာပါ၊ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် စတင်ရွှေ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့အပြီး ရွှေ့မှာပါ။ အခုလို ပြောင်းရွှေ့ တာ ယာယီပါ၊ ပြီးရင် သတ်မှတ်နေရာ တစ်ခုကို အတည်ပြောင်း ရွှေ့ပါမယ်'' ဟု စည်ပင်သာယာရေး ကော်မတီမှ ဦးအောင်ကြိုင်က ပြောသည်။ မိတ္ထီလာမြို့ ဈေးအရှေ့ရှိ ကုန်စိမ်း ဈေးသည် ၉ဝဝ ကျော်အား ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချရန် နေရာပေးရာတွင် ယာယီဈေးသို့ ပြောင်းရွှေ့လိုက်ပါ ရောင်းချ သည့် ဈေးသည်များကိုသာ အတည်ချပေး သည့် ဈေးနေရာတွင် ထည့်သွင်း စဉ်းစားပေးပြီး ယာယီဈေးသို့ လိုက်ပါ ရောင်းချခြင်းမရှိသော ဈေးသည်များအား ထည့်သွင်း စဉ်းစားပေးမည် မဟုတ်ကြောင်း သိရသည်။ Photo - Zaw Latt FB The Ladies News
Source : http://ift.tt/2DwBkr7
via IFTTT
Source : http://ift.tt/2DwBkr7
via IFTTT
Subscribe to:
Posts (Atom)