Wednesday, April 18, 2018


ရန်ကုန်၊ မန္တလေး ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ မြန်မာ့ရွှေ ပြည်ပပို့ရန် စီစဉ် ပြည်ပသို့ ရွှေတင်ပို့နိုင်ရန် ရန်ကုန်နှင့် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အများပိုင် ကုမ္ပဏီ ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်ထွန်းက ပြောသည်။ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ရုံးတွင် ဧပြီ ၁၈ က ပြုလုပ်သော အဆင့်မြင့် ရွှေဈေးကွက် စီမံချက် အစည်း အဝေးတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ဦးတင်ထွန်းက “ပြည်တွင်းရွှေဈေးကွက် ဒီထက်ဖွံ့ဖြိုးလာဖို့ ရန်ကုန်အသင်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကွာဟ မှုလေးတွေ ရှိတာတော့ ညှိပြီး လုပ်သွားပါမယ်” ဟုလည်း ပြောသည်။ ရန်ကုန်တိုင်း အတွင်း၌ ရွှေနှင့် သက်ဆိုင်သော အသင်းအဖွဲ့ ၃ ခုရှိသည့်အနက် လုပ်ငန်းသဘော သဘာဝ အနီးစပ် ဆုံး ဖြစ်သည့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဦးတင်ထွန်းက ဆို သည်။ “ကျနော်တို့ အသင်းဖွဲ့စည်းပုံမှာကိုက မိတ်ဖက် ညီနောင်အသင်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းရမယ် ဆိုတာ ပါတယ်။ ဒီလိုပဲ စတော့အိတ်ချိန်း ပေါ်လာမှ မဂိုလမ်း ရွှေဈေးကွက် ပျက်သွားတာမျိုးလည်း မဖြစ်ရအောင် ခေတ်စနစ်နဲ့လျော်ညီတဲ့ ပုံစံ မျိုးဖြစ်အောင် ကျနော်တို့ကစပြီး အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမျိုးမြင့် ကလည်း ပြောသည်။ ပြည်တွင်း ရွှေဈေးကွက် အဆင့်မြှင့်တင်ရေး စီမံချက်အား ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာနက ဦးဆောင်စီစဉ်လျက်ရှိရာ ရွှေအရောင်းအဝယ်တွင် စတော့အိတ်ချိန်း ပုံစံ၊ လေရောင်း လေဝယ် (လေပတ်ကား)နှင့် ရွှေထိငွေထိ ရောင်းဝယ်ခြင်းများ ရှိရာ လုပ်ငန်းရှင်များ အနေဖြင့် ခေတ်စနစ်နှင့် လျော်ညီ ပြီး လက်ရှိအခြေအနေ မပျောက်ပျက်ဘဲ လုပ်ကိုင်နိုင်ရန် လိုလားကြကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။ ယခုလအတွင်း ရန်ကုန်၊ မန္တလေး ရွှေလုပ်ငန်းရှင် အသင်းတို့ ပူးပေါင်းကာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းနိုင်ရန် အချက်များ အား ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ပြီး ယင်းနောက် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ထံ တင်ပြကာ ယခုနှစ်အတွင်း အ ကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၄ နှစ်ခန့်က ထိုင်းမှ မြန်မာ့ရွှေ ဝယ်ယူရန် ကမ်းလှမ်းချက်များ ရှိခဲ့သော်လည်း တရားဝင်တင်ပို့ခွင့် မရှိသေး သောကြောင့် ယင်း အခွင့်အရေးအား လက်လွှတ်ခဲ့ရပြီး အများပိုင်ကုမ္ပဏီ ဖွဲ့စည်းခွင့်ရပြီးနောက် နိုင်ငံခြား ဈေးကွက် သို့ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးတင်ထွန်းက ပြောသည်။ ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများကလည်း မြန်မာ့ရွှေ ဝယ်ယူရန် အလားအလာရှိကြောင်း သိရ သည်။ ပြည်တွင်း ရွှေဈေးကွက်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်ကစ၍ ၁ ကျပ်သားလျှင် ကျပ် ၇ သိန်းကျော်၊ ၈ သိန်းကျော် ဈေးနှုန်းမှ တဖြည်းဖြည်း မြင့်တက်သွားခဲ့ရာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ၌ ၁ ကျပ်သားလျှင် ကျပ် ၉ သိန်း ၅ သောင်း ကျော် အထိ စံချိန်တင်ခဲ့သည်။ ယင်းမှစ၍ ရွှေဈေးနှုန်းမှာ ကျပ် ၉ သိန်းဝန်းကျင်၌ ရှိနေပြီး ဧပြီ ၁၈ ရက် ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၉ သိန်း လေးသောင်း ဝန်းကျင်ဖြင့် အရောင်းအဝယ် ပုံမှန် ဖြစ်နေကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်း မှ သိရသည်။ The post ရန်ကုန်၊ မန္တလေး ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ မြန်မာ့ရွှေ ပြည်ပပို့ရန် စီစဉ် appeared first on ဧရာဝတီ.
Source : https://ift.tt/2HbIaoi
via IFTTT

No comments:

Post a Comment