မူးယစ်နှိမ်နင်းရေးတွင် အရပ်သားထည့်သွင်းဖွဲ့စည်းရန် သမ္မတညွန်ကြား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့များတွင် စိတ်ဝင်စားသည့် အရပ်သားပြည်သူများအား ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ကြောင်း သမ္မတဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အဖွဲ့ဝင်များအား ယနေ့မနက် ပိုင်းကတွေ့ဆုံစဉ် ပြောဆိုညွန်ကြားခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြို့နယ်အလိုက် ဖွဲ့စည်းရာတွင် အရပ်ဖက် အဖွဲ့အစည်းများမှလည်း ပူးပေါင်း ပါဝင်လာစေရန်နှင့် ဆုငွေချီးမြှင့်ရေးစနစ် ကျင့်သုံးကာ စီမံဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။ သမ္မတနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးစိုးအောင်က “တနိုင်ငံလုံးမှာ မူးယစ်ဆေးပြားတွေက လွယ်လွယ်ရနေတာ၊ တိုင်းနဲ့ပြည်နယ် အသီးသီးပြန့်နေတာ၊ ဒါကို ပြည်ထဲရေး တခုတည်း လုပ်လို့မရဘူး၊ CSO တွေ၊ ဒေသခံတွေ ပါဝင်းပြီး ထိထိရောက်ရောက် လုပ်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။ မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းများအား ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်း၍ ဗဟိုအဖွဲ့မှ တိုက်ရိုက် ကွပ်ကဲကာ ဆောင်ရွက်သွားရန်လည်း သမ္မတညွန်ကြားခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မူးယစ်ဆေးဝါး တားဆီးရေး အထူးအဖွဲ့ ဖွဲ့စည်းရေးအတွက် မူဝါဒ၊ စည်းမျဉ်းများအား ရေးဆွဲသွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်မည့် အရပ်သားပြည်သူများ လုံခြုံရေး အတွက်လည်း သိုသိုသိပ်သိပ်ဖြင့် အမှုများအား ကိုင်တွယ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ဒုဝန်ကြီးဦးစိုးအောင်က ပြောသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာတွင် UN Convention ပါ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်သွားရန်နှင့် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည် ထူထောင်ခြင်းများအား ဆောင်ရွက်သွားရန် အတွက်လည်း မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးအဖွဲ့များအား မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း သမ္မတကပြောကြားခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် မက်သာဖက်ဒမင်းအပါအဝင် မူးယစ်ဆေးဝါးများထုတ်လုပ်ရောင်းချမှုသည် အာရှနိုင်ငံများ အပါအဝင် သြစတေးလျနိုင်ငံအထိပါ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) မှ အရှေ့တောင်အာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Jeremy Douglas က မေ ၂၁ ရက်နေ့တွင် ပြောဆိုထားသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် တနိုင်ငံလုံးအနေအထားဖြင့် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးမှု လျော့ချလာနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းမှုမရှိသည့် ဒေသများတွင် အစိုးရအနေဖြင့် ဘိန်းတိုက်ဖျက်ရေး လုပ်မပေးနိုင်သည်ကို တွေ့ရကြောင်းလည်း UNODC ကပြောသည်။ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ ရောက်လာသည့် ကုန်သင်္ဘောပေါ်မှ ကုန်တိန်နာ တလုံးအတွင်းမှ မက်သာဖက်တမင်း စိတ်ကြွဆေး(ရာဘ) ၁ ဒဿမ ၂ တန်ကိုဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်များက ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါ မက်သာဖက်တမင်းများကို လက်ဖက်ခြောက်ကဲ့သို့ ထုပ်ပိုးထားပြီး ရန်ကုန်ဆိပ်ကမ်းမှ ကွာလာလန်ပူမြို့ ပို့ကလန် ဆိပ်ကမ်းသို့ တင်ပို့လိုက်ခြင်းဖြစ်ကြောင်း မလေးရှား အကောက်ခွန် အရာရှိချုပ် ဆူဘရိုမန်နီယမ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post ကရေးသားထားသည်။ The post မူးယစ်နှိမ်နင်းရေးတွင် အရပ်သားထည့်သွင်းဖွဲ့စည်းရန် သမ္မတညွန်ကြား appeared first on ဧရာဝတီ.
Source : https://ift.tt/2sugAfE
via IFTTT
Thursday, May 31, 2018
သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်သွင်းလာသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းထဲတွင် ကျပ် သိန်း ၁ ထောင်တန် Ford ကား ၁၀ စီး ဝယ်ရန် တင်ပြချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ ထောက်ပြ ဝေဖန်ချက်များနှင့် ရင်ဆိုင်နေရသည်။ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကိုမေလ ၃၁ ရက်က ပြုလုပ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော ”၂ဝ၁၈ -၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)” နှင့်ပတ်သက်ပြီး ထောက်ပြဝေဖန်ခံနေရခြင်းဖြစ်သည်။ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး က “တချို့ရငွေသုံးစွဲမှုတွေမှာ တင်ပြချက်တွေကတော့ လိုအပ်တာ မှန်ပေမယ့် အဓိက ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်ပါရဲ့လားဆိုတာ ကျမအနေနဲ့ ဆွေးနွေးချင်ပါတယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရုံးသုံးယာဉ်များဝယ်ယူရာမှာ Ford ကားတစ်စီးကို သိန်းတစ်ထောင်နဲ့ ၁၀ စီး သန်းတထောင်သုံးစွဲရမှာ လိုအပ်ပါရဲ့လား” ဟု ထောက်ပြသွားသည်ကို တွေ့ရသည်။ ယနေ့ အစည်းအဝေးတွင် လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၊ အင်းစိန်မြို့နယ်မှ ဦးဝေဖြိုးဟန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ဦးသိန်းနိုင်၊ ကျောက်တန်းမြို့နယ်မှ ဦးဇော်မိုးလွင်နှင့် ဒေါ်သက်သက်မူ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဦးဇင်မင်းထွေး၊ လသာမြို့နယ်မှ ဦးဇော်ဝင်းနိုင် တို့ကလည်း ဘက်ဂျက်တင်ပြမှုနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးခဲ့ကြသည်။ အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က “ပြည်သူကိုဗဟိုပြုတဲ့ ပြည်သူ့အစိုးရဟာ ပြည်သူ့လိုအပ်ချက်ကို အရင်ဆုံး ဖြည်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြည်သူတင်ပြတာတွေကျတော့ ငွေမလောက်လို့ အပြည့်အဝမရကြဘဲ ဌာနလိုအပ်ချက် ဖြည့်ဆည်းဖို့ကျတော့ ငွေတွေ ဗုံးပေါလအော သုံးထားတာကို မခံသိမခံသာ တွေ့နေရပါတယ်။ ဥပမာ အစိုးရအဖွဲ့က တင်ပြထားတဲ့ Ford ကား ၁၀ စီး ဝယ်ဖို့ ၁ ဘီလီယံ သုံးထားတာမျိုး” ဟု ထောက်ပြ ပြောဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရုံးသုံးအတွက် Ford ကား ၁၀ စီးဝယ်ယူရန် ကျပ်သန်း ၁၀၀၀ သုံးစွဲထားခြင်းအပြင် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေး ဌာနက ပြည်သူ့လွှတ်တော် ဇာတ်သဘင်ဆောင် အဆင့်မြှင့်ရန် ကျပ်သန်း ၁၀၀၀ နီးပါးတောင်းခံ ထားခြင်း၊ စည်ပင်သာယာ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၆ ထပ်တိုက် ၆ လုံးတည်ဆောက်ရန် ကျပ်သန်းပေါင်း ၅၁၀၀ ခန့် အသုံးပြုထားခြင်း၊ ရငွေမည်မည် ရရမပြနိုင်သည့် သမဝါယမဦးစီးဌာန၏ အသုံးစရိတ်မှာကျပ်သန်း ၂၀၀၀ ခန့်ဖြစ်နေခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။ ဦးဝေဖြိုးဟန် က “ဘဏ္ဍာငွေ မဟားတရားသုံးနေတာမျိုးတွေလို့ပဲ ပြောချင်ပါတယ်။ ဘက်ဂျက်ကာလရောက်တိုင်း အစိုးရအဖွဲ့နဲ့ လွှတ်တော် နောင်ချိန်ပလေး နေရတာတွေကို ကျနော်တို့ အင်မတန် စိတ်ပျက်နေပါပြီ။ လိုအပ်တာတွေကိုလည်း လိုအပ်သလို သုံးစွဲရယူကြပါ။ ပေးသင့်ပေးထိုက် လုပ်သင့်လုပ်ထိုက်တွေ ကိုလည်း သင့်တင့်မျှတအောင် ညှိနှိုင်းဆောင်ရွက်ပေးကြပါ” ဟု တိုက်တွန်းသွားသည်။ ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်ကလည်း “သမဝါယမ ဦးစီးဌာနရဲ့ ရငွေလုပ်ငန်းဆောင်ရွက်မှု ခေါင်းစဉ်တွေဟာ စဉ်းစားသုံးသပ်လိုက်မယ်ဆိုရင် စီးပွားရေးအကောင်အထည်ဖော်လို့ အကျိုးအမြတ်ရတဲ့ ခေါင်းစဉ်မျိုးတွေ မတွေ့ရပါဘူး။ ဒါပေမယ့် သုံးငွေပေါင်းကတော့ လျာထားတဲ့နေရာမှာ ၂၀၀၃ ဒသမ ၄၄ သန်းလျာထားတာကို တွေ့ရပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။ ယခုနှစ်တွင် သုံးစွဲရန် လျာထားသည့် ဘဏ္ဍာငွေ ၆၄၈ ဘီလီယံရှိပြီး ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ် ၂ နှစ်စာအသုံးစရိတ်ခန့် ရှိနေသဖြင့် ထူးခြားသည့် တိုးတက်မှု မဖြစ်မနေရရှိရန် လိုအပ်ကြောင်း လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် ကလည်း ပြောသည်။ ဦးဇော်ဝင်းနိုင် က “ကျနော်တို့ သုံးစွဲခဲ့တဲ့ ဘဏ္ဍာနှစ် ၃ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်နှစ်စာနီးပါး ဒီနှစ်ကိုသုံးစွဲတာကို လျာထားတာတွေ့ရှိရပါတယ်။ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိလို့ တဖက်မှာ အခွန်ဘဏ္ဍာတွေကို တိုးတက်သုံးစွဲတဲ့ လျားထားချက်လို့ ကျနော်တို့ ယူဆစရာအကြောင်းရှိပါတယ်။ ဒီလိုဘဏ္ဍာငွေတွေ အမြောက် အများသုံးစွဲတဲ့ နှစ်ဆိုခဲ့ရင် တိုးတက်မှုကလည်း ထူးခြားတဲ့ တိုးတက်မှု ဖြစ်ဖို့ အထူးလိုအပ်လာပါတယ်”ဟု ဆိုသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အသုံးစရိတ် ကျပ်ငွေ ၃၃၆ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်ငွေ ၄၀၀ ဘီလီယံ သုံးစွဲရန် လျာထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှတ်တမ်းများအရ သိရသည်။ ယခုလာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် သုံးစွဲမည့် ငွေပမာဏကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ ဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ရငွေများမှာ အခွန် အကောက်ရငွေ ၊ အခြားသာမန်ရငွေ ၊ ငွေလုံးငွေရင်းရငွေ ၊ ကြွေးမြီးရငွေများ ဖြစ်သည့်အနက် အခြားသာမန် ရငွေက အများဆုံးဖြစ်ကာ ကျပ် ၄၁၅ ဒသမ ၉၂၈ ဘီလီယံဖြစ်ပြီး အခွန်အကောက် စင်စစ်မှ ရငွေမှာမူကျပ်ငွေ ၇၁ ဒသမ ၈၅၄ ဘီလီယံသာ ရှိသဖြင့် အနည်းဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်သု့ိ တင်သွင်းထားသည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းအရသိရသည်။ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်းပြီး မေလ ၃၀ ရက် နေ့က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးမှလည်း ဆွေးနွေးခဲ့ကြသည်။ The post သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ appeared first on ဧရာဝတီ.
Source : https://ift.tt/2sjEiMA
via IFTTT
Source : https://ift.tt/2sjEiMA
via IFTTT
ဒုက္ခသည် ပြန်လည် လက်ခံရေး ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးမည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံရာတွင် ပါဝင်ရေး မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် မကြာမီ သဘောတူလက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အစိုးရ၏ ဒုတိယ (၁) နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ အစိုးရမှ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံးများသို့ ဖိတ်ခေါ် ခဲ့ပြီးနောက် ၂ ဖက်ကြား ဖြေလျှော့မှုများ ဆောင်ရွက်နိုင်ခဲ့သဖြင့် မကြာမီ သဘောတူညီမှု လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဆွေးနွေး ခဲ့ပြီး မတ်လတွင် First Concept Paper ကို ပေးအပ်ခဲ့ကြောင်း ယင်းနောက် Concept Paper တွင် ဝန်ကြီးအဆင့် လက်မှတ်ရေးထိုး ချက်များကို အခြေခံပြီး MOU အဆိုပြုချက် မူကြမ်းတခုကို မြန်မာ အစိုးရက အဆိုပြုထားကြောင်း သိရသည်။ အမြဲတန်း အတွင်းဝန် ဦးမြင့်သူက “ဒီကြားထဲမှာ Joint Working Group တွေ ဆွေးနွေးမှု ရှိပါတယ်။ ဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ ရှိပါတယ်။ ဒီဟာ အခက်အခဲ ရှိသလား ဆိုတော့ UNDP နဲ့ UNHCR နဲ့ အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းနေတဲ့အခါမှာ တဖက်နဲ့တဖက် ဖြေလျှော့မှုတွေ ဆောင်ရွက်နေပါတယ်။ မကြာခင် လက်မှတ်ရေးထိုးနိုင်ဖို့ ရှိပါမယ်”ဟု ပြောသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မြန်မာ အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုသည် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ၁၉၉၃၊ ၁၉၉၄ ခုနှစ်က ပထမ အကြိမ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်စဉ်ကလည်း UNHCR နှင့် MOU ထိုးခဲ့ဖူးကြောင့် ထို့ကြောင်း ယခုအကြိမ် တွင်လည်း အပြီးသတ် ညှိနှိုင်းသည့်အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုသည်။ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ မအောင်မြင်သေးဘဲ တဖက်နှင့် တဖက် အပြန်အလှန် စွပ်စွဲချက်များနှင့် ခရီးမရောက်ဖြစ်နေသလို မြန်မာဘက်ကမူ ပြန်လည် လက်ခံရေး အဆင့်သင့်ဖြစ်နေပြီ ဖြစ် ကြောင်း မီဒီယာများသို့ အကြိမ်ကြိမ် ပြောဆိုထားသည်။ ကုလသမဂ္ဂကမူ “နိုင်ငံတကာ စည်းမျဉ်းများနှင့် အညီ ဒုက္ခသည်များ လုံခြုံဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် မိမိသဘောဆန္ဒ အ လျှောက် ပြန်သွားရေးအတွက်” အခြေအနေများကို မြန်မာနိုင်ငံက ကူညီဖန်တီးပေးနိုင်မည့် နည်းလမ်းများကို အကြံပြုထားကြောင်း အဆိုပြုထားသည်ဟု သိရသည်။ ၂ နိုင်ငံ သဘောတူညီချက်အရ ငါးခူရ၊ တောင်ပြိုလက်ဝဲမြို့များတွင် မြန်မာဘက်က ဇန်နဝါရီလ ၂၁ ရက်မှ စ၍ လက်ခံရေးစခန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး လှဖိုးခေါင်တွင် ကြားစခန်း ဖွင့်ထားပြီးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်း ၅ ခု ဖွင့်ရမည် ဖြစ်သော်လည်း ယနေ့ အချိန်အထိ စခန်း မဖွင့်နိုင်ဘဲ ဆောက်လက်စ အခြေအနေသာ ရှိသေးကြောင်း သိရသည်။ ထို့ပြင် မတ်လအတွင်းက ၂ နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် စခန်းချနေသူများထဲသို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ လူ ၁ ထောင်ကျော်ကို တရား မဝင် လာရောက် ထည့်သွင်းခဲ့ပြီး ၎င်းတို့အတွက် ယာယီတဲများ ဆောက်ပေးခြင်း၊ စားနပ်ရိက္ခာတွေ ပို့ပေးခြင်းများ ရှိနေ၍ အားလုံးကို မသိကျိုးကျွန်ပြုနေသလားဟု မေးခွန်းထုတ်မိကြောင်း နိုင်ငံခြားရေး အတွင်းဝန်က ပြောသည်။ “အဲဒီကိစ္စ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ကျနေ်ာတို့ ဝန်ကြီးရော၊ NSA (ဦးသောင်းထွန်း) ကိုယ်တိုင်ရော ခေါ်ပြောပြီးပါပြီ။ ဘန်ကာတွေ ဆောက်တဲ့ ကိစ္စလည်း ပြောပါတယ်။ သူတို့စခန်းတွေမှာ ARSA အကြမ်းဖက်သမားတွေလည်း ရှိနေပါတယ်။ ကျနော်တို့ ပေးတဲ့ Narrative သည် ပြည်တွင်း မီဒီယာတွေကနေ တဆင့် အင်တာနေရှင်နယ် မီဒီယာကို ပေါက်ဖို့ လိုပါတယ်။ ကျနော်တို့ ချည်းပဲ လုပ်လို့ မရပါဘူး” ၎င်းက ပြောသည်။ လာမည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဂျနီဗာ၌ ကျင်းပမည့် ၃၈ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးသို့ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ပြီး ပံ့ပိုးကူညီမည် ဖြစ်ကြောင်း ဦးမြင့်သူက ဆိုသည်။ ပြီးခဲ့သည့်လ၌ ဘရစ်ဆဲလ်နှင့် ပဲရစ်မြို့တို့တွင် ရခိုင်ကိစ္စနှင့် ပတ်သက်ပြီး Understanding Myanmar ခေါင်းစဉ်ဖြင့် ဒေါက်တာ အောင်ထွန်းသက် ဦးဆောင်သည့် အဖွဲ့တခုက သွားရောက်ရှင်းပြပြီး ဖြစ်ကြောင်း သိရသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ တရုတ်၊ ရုရှား အပါအဝင် မြန်မာနိုင်ငံကို နားလည်မှုရှိသည့် နိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပြီး ရခိုင်အရေးကြောင်း ဆက်ဆံရေး အေးစက်သွားခဲ့ရသည့် အမေရိကန်၊ အီးယူနိုင်ငံများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိရန် ပြန်လည် ကြိုးစားလျှက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရှိရသည်။ The post ဒုက္ခသည် ပြန်လည် လက်ခံရေး ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2suxU43
via IFTTT
Source : https://ift.tt/2suxU43
via IFTTT
တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့တဲ့ “မြားသုံးစင်း” သီချင်းခွေ ပြန်လည် ထွက်ရှိ ၁၉၉၅-၁၉၉၆ ခုနှစ် တိတ်ခွေခေတ်မှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ တေးသံရှင် အိအိ၊ ဇာလီနိုင်၊ သီရိကိုကိုတိုရဲ့ “မြားသုံးစင်း”လို့ နာမည်ပေးထားတဲ့ တေးအယ်ဘမ်ကို ကာရာအိုကေ ပုံစံနဲ့ ပြန်လည်သီဆိုထားတဲ့ တေးအယ်ဘမ်ကို ယနေ့၊ မေလ ၃၁ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ “မြားသုံးစင်း (3 Arrows)” အခွေထဲမှာ တေးသံရှင် အိအိ၊ ဇာလီနိုင်၊ သီရိကိုကိုတို့က တဦးကို တေးသီချင်း ၄ ပုဒ်စီ ပါဝင်သီဆိုထားပြီး Featuring အနေနဲ့ အနဂ္ဂက သီရိကိုကိုနှင့်အတူ ပါဝင်သီဆိုပေးထားပါတယ်။ “ကိုယ်တွေခေတ်တုန်းက ကက်ဆက်ခွေပဲ ရှိတာကိုး။ စီဒီလည်း မရှိဘူး။ ကာရာအိုကေလည်း မရှိခဲ့ဘူး ဆိုတော့ အမှတ်တရ လုပ်ရင်းနဲ့ ဆိုဖြစ်သွားကြတာပါ။ မဆိုတာလည်း ကြာပြီဆိုတော့ ပရိသတ်တွေက မဆိုဘူးလား လာမေးကြလို့ ပြန်ဆို ဖြစ်တာပါ။ ၃ ယောက်စလုံးက ဆိုတဲ့ ပုံစံချင်း မတူတဲ့အခါကျတော့ မြားသုံးစင်းဆိုပြီး နာမည်ပေးဖြစ်ခဲ့ကြတာ” လို့ တေးသံရှင် အိအိက ပြောပါတယ်။ “ဒီစီးရီး ခွေလေးကို ကိုလူမောင်(ဆေး – ၁) ရဲ့ မွေးနေ့ပွဲ လေးမှာ ၃ယောက်ပြန်ဆုံကြရင်းနဲ့ အမှတ်တရလေး ပြန်လုပ်မယ် ဆိုပြီး လုပ်ဖြစ်သွားတာပါ။ အစ်မတို့ ၃ ယောက်က အပြင်မှာလည်း စိတ်က တယောက်တမျိုး၊ ဆိုတာကလည်း တယောက် တမျိုး ဆိုတော့ မတူဘူးပေါ့။ မြားလေးတွေဆိုပြီး အစ်မတို့ မြားသုံးစင်းကို ချစ်တဲ့စိတ်နဲ့ အများကြီးအားပေးကြပါ” လို့ အဆိုတော် သီရိကိုကိုက ပြောပါတယ်။ “မြားသုံးစင်း(3 Arrows)” အခွေထဲမှာ ပါဝင်တဲ့ သီချင်း ၁၂ ပုဒ်ကိုတော့ တေးရေး လူမောင်(ဆေး -၁) က ရေးသား ပေးထားပြီး တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့ပြီး ယနေ့ခေတ်မှာ ပြန်လည်ရှာဖွေရခက်တဲ့ သီချင်းများကို ပြန်လည် နားဆင်စေလိုတာကြောင့် ပြန်လည်သီဆို ထုတ်ဝေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအခွေကိုတော့ ယနေ့ မေလ ၃၁ ရက်နေ့မှစတင်ကာ မာစတာ တေးသံသွင်းမှတဆင့် တနိုင်ငံလုံးကို ဖြန့်ချိ ရောင်းချ ပေးသွားမှာ ဖြစ်ပြီး မိတ်ဆက်ပွဲကိုတော့ ရန်ကုန်မြို့ Friendship Restaurant မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ The post တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့တဲ့ “မြားသုံးစင်း” သီချင်းခွေ ပြန်လည် ထွက်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2H6DFKS
via IFTTT
Source : https://ift.tt/2H6DFKS
via IFTTT
ပရိသတ်အကြိုက်များတဲ့ Netflix ရဲ့ “Busted!” အစီအစဉ်ကို Season အသစ် ထပ်တိုးပြမည် Netflix လိုင်းကနေ ပြသနေတဲ့ ရသစုံအစီအစဉ်တခုဖြစ်တဲ့ “Busted!” အစီအစဉ်ဟာ ဒုတိယမြောက် Season အနေနဲ့ ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာဦးမှာပါ။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အစီအစဉ်ကို အသစ်ထပ်ပြမှာ ဖြစ်တယ်လို့ မေလ ၃၁ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။ “Busted!” အစီအစဉ်ဟာ အပိုင်းတိုင်းမှာ ကြုံတွေ့ရမယ့် မတူကွဲပြားတဲ့ အမှုတွေကို ဖြေရှင်းဖို့ ကြိုးစား ကြတဲ့ နာမည်ကျော် စုံထောက် ၇ ဦးပါဝင်တဲ့ အဖွဲ့တခုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ စုံစမ်းထောက်လှမ်းရေး ရသစုံ အစီအစဉ်ပဲ ဖြစ်ပါတယ်။ Company Sang Sang က ထုတ်လုပ်ပြီး “Jo Hyo Jin, Jang Hyuk Jae နဲ့ Kim Joo Hyung” တို့က ထုတ်လုပ်ရေး ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးပေးထားကြပါတယ်။ Company Sang Sang ရဲ့ စီအီးအို Jang Hyuk Jae က “‘Busted!’ စိတ်ဝင်တစားနဲ့ ချစ်ခင်ပေးကြတဲ့အတွက် ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်ပါတယ်။ ဒုတိယမြောက် Season မှာ ပိုမို ရယ်မော ပျော်ရွှင်ရပြီး ယှဉ်ပြိုင်မှု အဆင့်မြင့်မှုတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ပရိသတ် တိုင်းကို ပြန်လည် ပေးဆပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ “Busted!” အစီအစဉ်မှာ ပါဝင်သရုပ်ဆောင် ထားသူတွေကတော့ Running Man အစီအစဉ်နဲ့ နာမည်ကျော်ကြားတဲ့ Yoo Jae Suk နဲ့ Lee Kwang Soo၊ မင်းသား Ahn Jae wook၊ ဟာသသရုပ်ဆောင် Kim Jong Min၊ EXO အဖွဲ့ဝင် Sehun၊ မင်းသမီးတွေဖြစ်ကြတဲ့ Park Min Young နဲ့ Kim Se Jeong တို့ ဖြစ်ကြပါတယ်။ ထုတ်လုပ်ရေးဒါရိုက်တာ Jo Hyo Jin က “ပထမကတော့ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ့်ဖြစ်ရပ်နဲ့ ရသစုံ အစီအစဉ်တွေကို ပေါင်းစပ်ဖို့ ပထမဆုံး ကြိုးပမ်းမှုဖြစ်တဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ ကျန်ရစ်ခဲ့ နိုင်တဲ့ ရှုထောင့် တော်တော်များများလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မတူကွဲပြားတဲ့ ဇာတ်လမ်းတွေကို ဖော်ထုတ်ဖို့ အခွင့်အရေး ရတဲ့အတွက် ပျော်ရွှင်ရပါတယ်” “ဒုတိယမြောက် Season သာ ဆက်ရိုက်ဖြစ်မယ်ဆိုရင် ကျနော် ပြသချင်တဲ့ ဇာတ်လမ်း တော်တော်များများ ရှိနေပါတယ်။ ဒုတိယမြောက် season မှာ မူရင်း Plot တွေ၊ ဖျော်ဖြေမှုတွေနဲ့အတူ ပြန်လည် စဉ်းစားသုံးသပ်၊ ပြင်ဆင်ပြီး ပြန်လာမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ “Busted!” အစီအစဉ်ပထမဆုံး Season ရဲ့ ကျန်ရှိတဲ့ နောက်ဆုံးအပိုင်း ၂ ပိုင်းကို ဇွန် ၁ ရက်မှာ ပြသသွားမှာပဲ ဖြစ်ပါတယ်။ Ref: soompi The post ပရိသတ်အကြိုက်များတဲ့ Netflix ရဲ့ “Busted!” အစီအစဉ်ကို Season အသစ် ထပ်တိုးပြမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2L9UDuh
via IFTTT
Source : https://ift.tt/2L9UDuh
via IFTTT
The Voice
လေးနှစ်ကျော်ကြာမြင့်လာပြီးနောက် MH 370 လေယာဉ်ရှာဖွေမှုများအားလုံး ရပ်ဆိုင်း၊ တိကျသည့် အဖြေတစ်စုံတစ်ရာ ဖော်ထုတ်ပေးနိုင်ခြင်း မရှိ ဆစ်ဒနီ၊ မေ ၃၀ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းမြို့သို့ ပျံသန်းသွားရင်း ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 ကို လေးနှစ်ဆက်တိုက် သီးခြားရှာဖွေခဲ့ရာမှ ယခုအခါ ရှာဖွေမှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရှာဖွေရေးအာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ အမေရိကန်အခြေစိုက် Ocean Infinity အဖွဲ့သည် ပင်လယ်သမုဒ္ဒရာရေနက်ပိုင်း သုတေသနပြုသည့် ရေယာဉ်အသုံးပြုကာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုပြုခဲ့သည်။ သို့သော် MH 370 နှင့်ပတ်သက်၍ အစအနတစ်စုံတစ်ရာကိုမျှ မရရှိခဲ့ပေ။ သို့အတွက်ကြောင့် မလေးရှားအစိုးရက နောက်ထပ်ရှာဖွေမှုအသစ်များ ပြုလုပ်ရန် အစီအစဉ်မရှိတော့ကြောင်း ပြောကြားသည်။ ခရီးသည်ပေါင်း ၂၃၉ ဦးလိုက်ပါသွား သည့် MH 370 လေယာဉ်အားရှာဖွေမှုနှင့် ပတ်သက်၍လည်းကောင်း၊ ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍လည်းကောင်း အငြင်းအခုံများစွာ ပေါ်ပေါက်ခဲ့သလို ယနေ့ထိလည်း ပေါ်ပေါက်နေဆဲဖြစ်သည်။ ယင်းလေယာဉ်ပေါ်၌ မိခင်ဖြစ်သူ ပါသွားခြင်းကြောင့် ယနေ့အထိ ပူဆွေးဝမ်းနည်းနေရသူ ဂရေ့စ်နေသန်က သူမအနေနှင့် ရှာဖွေမှုများရပ်ဆိုင်းခြင်းကို ကန့်ကွက်ကြောင်း ပြောကြားသည်။ “လူတွေကတော့ ထင်ကြလိမ့်မယ်၊ အဲဒါနောက်ကို ခုချိန်ထိ ဘာလို့လိုက်နေကြသလဲပေါ့၊ ခုဆို လေးနှစ်တောင်ရှိခဲ့ပြီဆိုတော့။ အဓိက အရေးကြီးတာက လူတွေအနေနဲ့ MH 370 ဟာ သမိုင်းကြောင်းမဟုတ်ဘူးဆိုတာကို အမှတ်ရနေဖို့ပါပဲ”ဟု Guardian သတင်းစာသို့ ပြောကြားသည်။ MH 370 လေယာဉ်ပျောက်ဆုံးမှုအတွက် တိကျသေချာသော အဖြေတစ်ခုကို ယနေ့အထိမည်သူကမျှ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ လေယာဉ် သို့မဟုတ် အစိတ်အပိုင်းတစ်ခုကို ရှာဖွေခြင်းသည် အခရာကျသောအဖြေကို ပေးနိုင်သည်မှာမှန်သော်လည်း စုံစမ်းစစ်ဆေးရေးအရာရှိများအနေနှင့် လေယာဉ်၏ နောက်ဆုံးအချိန်ကာလများနှင့်ပတ်သက်၍ ရရှိထားသော သတင်းအချက်အလက်မှာ အနည်းငယ်မျှသာရှိထားသည်။ သို့အတွက်ကြောင့် ကျွမ်းကျင်သူ ပညာရှင်များအနေနှင့် တိပရေရာသော နိဂုံးချုပ်အဖြေတစ်ခုကို မထုတ်နိုင်ဘဲရှိနေခဲ့သည်။ MH 370 အနေနှင့် ပိုင်းလော့ (လေယာဉ်မှူး) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သလော၊ သို့မဟုတ် ထိန်းချုပ်မှုမဲ့ကာ ပင်လယ်ထဲသို့ ထိုးကျသွားခြင်းလောဟူသည်ကို ခွဲခြား၍မရနိုင်ဘဲဖြစ်နေခဲ့သည်။ MH 370 နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော သီအိုရီတစ်ခုမှာ ယင်းလေယာဉ်သည် ပင်လယ်ထဲသို့ တမင်ထိုးချခြင်းခံခဲ့ရသည်။ သို့သော်လည်း ဩစတြေးလျ စုံစမ်းစစ်ဆေးရေးမှူးများက ယင်းအဆိုကိုငြင်းပယ်ပြီး လေယာဉ်မှူးသည် နောက်ဆုံးအချိန်ကာလတွင် သတိလက်လွတ်ဖြစ်နေခဲ့သည်ဟု ဆိုသည်။ အင်ဂျင်နှင့်စက်ပစ္စည်း ချို့ယွင်းမှုဟူသည်မှာလည်း နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုဖြစ်သည်။ သို့သော်လည်း ယင်းကိစ္စအတွက် တရားဝင်ထုတ်ပြန် ရှင်းလင်းနိုင်ခြင်းမရှိဘဲ ပဟေဠိဆန်သော သီအိုရီများသာ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလိုကီက MH 370 ပျောက်ဆုံးမှုနှင့်ပတ်သက်သည့် အစီရင်ခံစာအပြည့်အစုံကို ထုတ်ဝေသွားမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော် မည်သည့် နေ့ရက်တွင် ထုတ်ဝေမည်ဟူသောအချက်ကို ဖော်ပြခြင်းမရှိပေ။ ဩစတြေးလျ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့သည် ယင်းလေယာဉ်နှင့်ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက်အထား ပေါ်ပေါက်လာမှသာ ရှာဖွေမှုများကို ပြန်လည်စတင်သွားရန် သဘောတူညီခဲ့ပြီးဖြစ်သည်။ မလေးရှားအစိုးရကအဆိုပါ ပျောက်ဆုံးလေယာဉ်အတွက် သီးခြားရှာဖွေရေး (အခြားနိုင်ငံများနှင့် ပူးပေါင်းမှုမပြုသော ရှာဖွေရေး) ဆက်လုပ်တော့မည်မဟုတ်ဟု ဆိုသည်။ သို့သော် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် တစ်ပြေးနေသည့် အန်ဝါအီဘရာဟင်က နောက်ထပ်ရှာဖွေဖော်ထုတ်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဆိုသည်။
Source : https://goo.gl/JDxc54
via IFTTT
Source : https://goo.gl/JDxc54
via IFTTT
စက်မှုဇုန်များ၏ စီမံခန့်ခွဲမှု စရိတ်များ ပြောင်းလဲကောက်ခံရန် အစိုးရ သုံးသပ်နေ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အသီးသီးတွင် ကောက်ခံလျက်ရှိသော စီမံခန့်ခွဲမှု စရိတ်များကို ပြောင်းလဲကောက်ခံရန် ပြန်လည်သုံးသပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။ “စက်မှုဇုန်များ မြှင့်တင်ရေး အတွက် အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းသည် အဓိကကျသည့် အတွက် ယခုလက်ရှိကောက်ခံနေသည့် စီမံခန့်ခွဲမှု စရိတ်ဖြင့် အခြေခံ အဆောက်အအုံများ ပြုပြင်ရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန် မလွယ်ကူသဖြင့် ဇုန်အသီးသီးတွင် ငွေကြေးကောက်ခံမှုနှုန်းထားနှင့် ဆောင်ရွက်ချက်များကို စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီများနှင့် ပြန်လည်သုံးသပ် စိစစ်လျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးကို မေလ ၃၁ ရက်နေ့က ကျင်းပရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် လှိုင်သာယာ စက်မှုဇုန်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေမှုအခြေအနေကို မေးမြန်းရာတွင် ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာယကအဖြစ် ဦးဆောင်ပြီး ၁၂ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အင်မတန်မှ ကောင်းမွန်ပြီး ထိရောက်နိုင်တဲ့ ဖွဲ့စည်းမှု ဖြစ်ပါတယ်။ ဒီကော်မတီကို ဖွဲ့စည်းထားတာ လပေါင်းများစွာရှိပါပြီ ဒီအချိန်မှာ ဒီကော်မတီ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များကို အဆင့်မြှင့်တင်ဆောင်ရွက်မှုဟာ မြန်ဆန်ထိရောက်စွာ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု ဦးဝင်းမောင်က ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအဆင့်မြှင့်တင်ရေးအတွက် ကနဦးဆန်းစစ်မှုများအနေဖြင့် လှိုင်သာယာ၊ တောင်ဒဂုံနှင့် ရွှေပြည်သာစက်မှုဇုန်များအား လေ့လာခဲ့ရာ လှိုင်သာယာစက်မှုဇုန်များသည် ကျူးကျော်များပြားခြင်းသည် အဓိကပြဿနာ ဖြစ်နေပြီး ကျူးကျော်တဲများကြောင့် အမှိုက်နှင့် ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန် အခက်အခဲများရှိနေကြောင်း ဒေါ်နီလာကျော်က ပြောသည်။ ဆက်လက်ပြီး ဒေါ်နီလာကျော်က တောင်ဒဂုံစက်မှုဇုန်များသည် အခြေခံအဆောက်အဦပိုင်းတွင် အဆင့်မြှင့်တင်ရန် ပြုပြင်မှုများစွာ လိုအပ်နေပြီး ရေနုတ်မြောင်း ပိတ်ဆို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၊ ရွှေပြည်သာ စက်မှုဇုန်များသည် လုံခြုံရေးအရ လိုအပ်ချက်များ၊ မီးသတ်ရေလှောင်ကန် ထားရှိနိုင်မှု အခြေအနေစသည့် လိုအပ်ချက်များ ရှိနေကြောင်း ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် စက်မှုဇုန်များအဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီကို ၂၀၁၇ခုနှစ် ဧပြီလ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ The post စက်မှုဇုန်များ၏ စီမံခန့်ခွဲမှု စရိတ်များ ပြောင်းလဲကောက်ခံရန် အစိုးရ သုံးသပ်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2H6XQIk
via IFTTT
Source : https://ift.tt/2H6XQIk
via IFTTT
ကြွက်နို့တွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းများ ကြွက်နို့ဟာ HPV လို့ခေါ်တဲ့ Human Papilloma Virus ကြောင့် အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်တွေ ဖြစ်ပြီး ဒီအဖုငယ်တွေဟာ တဖြည်းဖြည်းနဲ့ ကြီးလာရင်တော့ နာကျင်လာတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြွက်နို့တွေဟာ အများအားဖြင့် ၆ လလောက်အတွင်း သူ့အလိုလို ပျောက်ကွယ်သွားလေ့ရှိပေမယ့် ကြွက်နို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသူတွေအတွက် ကြွက်နို့တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။ (၁) ကြက်သွန်ဖြူကို တခြမ်းခြမ်းတဲ့အခါ ထွက်လာတဲ့ ကြက်သွန်ဖြူ အစေးနဲ့ ကြွက်နို့ပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးရုံနဲ့ ကြွက်နို့တွေ ပျောက်ကင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ (၂) ရေနွေး ခပ်နွေးနွေးထဲကို အိမ်သုံးဆား အနည်းငယ် ထည့်ထားတဲ့ ဆားရေနဲ့ ကြွက်နို့တွေကို ဆေးကြောသန့်စင် ပေးခြင်းအားဖြင့်လည်း ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။ ဆားဟာ ကြွက်နို့မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ (၃) သံပုရာသီး ဒါမှမဟုတ် ရှောက်သီးအခွံပေါ်မှာ ရှာလကာရည် အနည်းငယ်ကိုု သုတ်လိမ်းပေးပြီး ကြွက်နို့ပေါ်မှာ ပွတ်တိုက်ပေးခြင်းအားဖြင့်လည်း ကြွက်နို့တွေကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ (၄) သွားတိုက်ဆေးကို ကြွက်နို့ပေါ်မှာ သုတ်လိမ်းပေးထားပြီး ပျက်သွားတဲ့အခါတိုင်း ထပ်မံ သုတ်လိမ်းပေးခြင်းကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးရုံနဲ့လည်း ကြွက်နို့တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ (၅) ကြက်ဆူဆီနဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ဆတူ ရောပြီး ကြွက်နို့နေရာပေါ်မှာ လိမ်းပေးခြင်းအားဖြင့်လည်း ပျောက်ကင်း စေနိုင်မှာ ဖြစ်ပါတယ်။ ကြက်ဆူဆီဟာ ကြွက်နို့တွေ ထပ်မံ ပွားမလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Ref; www.ba-bamail.com The post ကြွက်နို့တွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2J6ibiZ
via IFTTT
Source : https://ift.tt/2J6ibiZ
via IFTTT
ပိုးလောင်း စခန်းမှ ရဲများအား နှိပ်စက်ခံများက တရားစွဲ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်အုပ်စု၊ ဒေါင့်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖောက်ထွင်းမှုနှင့် ပတ်သတ်၍ သံသယရှိသူ ၂ အား ညှဉ်းပန်းနှိပ်စက်ခဲ့သည့် လပွတ္တာမြို့နယ်၊ ပိုးလောင်း နယ်မြေ ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးအား နှိပ်စက်ခံခဲ့ရသူများက လပွတ္တာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ ပြန်လည် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ဒေါင်ချောင်းကျေးရွာနေ ဦးချစ်ခင်၊ ဒေါ်ယဉ်ယဉ်သန့်တို့နေအိမ်တွင် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ရာ အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဒေါင့်ချောင်းကျေးရွာမှ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့အား ပိုးလောင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့သည့်ကိစ္စအား မိသားစုဝင်များက တိုင်တန်းသည့်အတွက် ပိုးလောင်းစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လအတွင်း ဖမ်းဆီးအချုပ်ချ၍ ခုံရုံးဖွဲ့ စစ်ဆေးခဲ့သည်။ ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ ခုံရုံးဖြင့် စစ်ဆေးချက်အား နေပြည်တော်ရှိ မြန်မာနိုင်ငံရဲချုပ်ထံ အစီရင်ခံတင်ပြထားဆဲ ကာလအတွင်း နှိပ်စက်ခံခဲ့ရသည့် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့က ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ပိုးလောင်းစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို လပွတ္တာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ ပြန်လည်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအမှုအား ဥပဒေအကြံတောင်း ထားကြောင်း သိရသည်။ “ကျနော်တို့ကို ခိုးမှုသံသယ ရှိတယ်ဆိုပြီး မတရား ဖမ်းဆီးချုပ်နှောင်၊ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်လို့ အခုလို ပြန်လည်တရားစွဲခဲ့တာပါ။ တရားစွဲတာကတော့ စခန်းမှူး ရဲအုပ်ကျော်ကျော်နိုင်အပါအဝင် ရဲ ၇ ဦးကို စွဲခဲ့တာ။ ရဲဘက်က အခင်းဖြစ်နေရာတွေ ဓာတ်ပုံရိုက်တာ၊ ကျနော်တို့ကို စစ်ချက်ယူတာတွေ အကုန်လုပ်ပြီး သွားပြီ။ အခု အဲဒီအမှုကို ဥပဒေအကြံတောင်းတင်ထားတယ်လို့ သိရတယ်”ဟု နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူ ကိုခင်မောင်လတ်က ဧရာဝတီကို ပြောသည်။ သံသယတရားခံအား ညှဉ်ပန်းနှိပ်စက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံနေရသူများမှာ ပိုးလောင်းစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ တပ်ကြပ် အောင်လင်းထွန်း၊ ဒု တပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား သူရိန်ဦး၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သား ဟိန်းမင်းထက်နှင့် ရဲတပ်သား အောင်အောင်မျိုးတို့ ဖြစ်ပြီး ၎င်းတို့အား လတ်တလောတွင် လပွတ္တာမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ၎င်းတို့အား ရဲတပ်ဖွဲ့ ဥပဒေဖြင့် အရေးယူမည်ဖြစ်သလို နှိပ်စက်ခံထားရသူများမှ တရားစဲွဲဆိုသည့်အမှုကို လပွတ္တာမြို့နယ် တရားရုံးတွင် ဆက်လက်တရားရင်ဆိုင်ရဖို့ ရှိနေသည်။ နှိပ်စက်ညှဉ်းပန်းခံရသူ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့၏ အမှုဖွင့်တရားစွဲဆိုမှုအပေါ် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ၆ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၃၀ (ဖြောင့်ချက်ပေးရန်၊ ပစ္စည်းပြန်ပေးရန် ညှဉ်းပန်းနှိပ်စက်မှု) နှင့် ရာဇသတ်ကြီးပုဒ်မ ၃၄၄ (ဆယ်ရက်ထက်ပိုမိုချုပ်နှောင်မှု) တို့ဖြင့် အမှုဖွင့်ထားရှိပြီး လပွတ္တာမြို့နယ် ဥပဒေရုံးသို့ အကြံတောင်း တင်ပြထားဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောသည်။ “ပိုးလောင်းစခန်းမှူးပါ ၇ ဦးကို မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးခဲ့တယ်။ စစ်ဆေးချက်ကို မြန်မာနိုင်ငံရဲချုပ်ထံ ပေးပို့ထားပြီး လက်ရှိတော့ အထက်နေက အမိန့်ပြန်ချ မလာသေးပါဘူး။ အပြင်တရားရုံးမှာ တရားစွဲတဲ့ကိစ္စကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၃၀ ၊ ၃၃၄/၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီး လပွတ္တာမြို့နယ် ဥပဒေရုံးမှာ အကြံတောင်းတင်ပြထားဆဲ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကိုပြောသည်။ ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်မှာ ဒေါင့်ချောင်းကျေးရွာမှ သိန်း ၄၀၀ ကျော် ဖောက်ထွင်းခံရမှုနှင့်ပတ်သတ်၍ အိမ်နီးခြင်းဖြစ်သူ ကိုခင်မောင်လတ် (၃၂ နှစ်) အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပိုးလောင်းရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး မတ်လ ၁၅ ရက်နေ့တွင် အိမ်နီးချင်းဖြစ်သူ ကိုစိုးမြတ်အောင်နှင့် ရဟန်းဝတ်နေသည့် ဖခင်ဖြစ်သူ ဦးစိုးနိုင်တို့ကို လူဝတ်လဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးရာတွင် ပိုးလောင်းရဲစခန်းအနေဖြင့် လပွတ္တာခရိုင် တရားရုံးချုပ် ရမန် ရယူခြင်းမရှိဘဲ သံသယတရားခံများကို ရက်ပေါင်းများစွာ ထိန်းသိမ်း၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပိုးလောင်းရဲစခန်းမှ သံသယတရားခံ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့အား ဖောက်ထွင်းမှုနှင့် ပတ်သတ်၍ စစ်ဆေးမေးမြန်းရာတွင် ပလက်စတစ်ကော်ဘူးနှင့် ပလက်စတစ်ကြိုးများအား မီးရှို့၍ ကော်ရည်ပူအစက်များဖြင့် ယောင်္ကျားအင်္ဂါနှင့် ပေါင်သားများကို လောင်းချခြင်း၊ ယောင်္ကျားအင်္ဂါကို ဆေးလိပ်မီးဖြင့် တို့ခြင်း၊ လက်ထိပ် နောက်ပြန်ခတ်၍ ထုပ်တန်းတွင် တွဲလောင်း ဆွဲထားခြင်း၊ မျက်နှာကို လက်ဝါး၊ ကတ္တီပါဖိနပ်တို့ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်း၊ ယောက်ျားအင်္ဂါ အမွှေးများအား ဆွဲနှုတ်သည့်နည်းလမ်းများဖြင့် နှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ညှဉ်းပန်းနှိပ်စက်ခံရသူများက ပြောသည်။ အဆိုပါ နှိပ်စက်မှုများအရ ကိုခင်မောင်လတ်မှာ ခိုးယူကြောင်း လိမ်လည်ဝန်ခံခဲ့ပြီး ပစ္စည်းများကို ၎င်း၏နေအိမ်တိုင်ခြေရင်းတွင် မြှုပ်ထားသည်ဟု ရဲတပ်ဖွဲ့ထံ လိမ်လည်ပြောဆိုခဲ့ကြောင်း၊ ပိုးလောင်းစခန်းမှ တပ်ဖွဲ့ဝင်များက ကိုခင်မောင်လတ်နေထိုင်ရာ ဒေါင့်ချောင်းကျေးရွာနေအိမ်သို့ ခေါ်ဆောင်ပြီး သက်သေခံပစ္စည်း ပြသရန် ရောက်ရှိချိန်တွင် ကိုခင်မောင်လတ်မှ ဇနီးဖြစ်သူနှင့် ကျေးရွာရာအိမ်မှူး ၃ ဦးအား ၎င်းရရှိသည့် ဒဏ်ရာများ ပြသ၍ မိမိအား ဝိုးဝန်းကယ်တင်ပေးကြရန် အကူအညီ တောင်းခံရာမှတဆင့် ပိုးလောင်းစခန်း၏ ညှဉ်းပန်းနှိပ်စက်မှုများကို ရပ်ရွာလူထုက သိရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သည့် ရဲတပ်ဖွဲ့ဝင်များအား အရေးယူပေးရန် ကိုခင်မောင်လတ်၏ ဇနီးဖြစ်သူ မလှလှအေးနှင့် ကိုစိုးမြတ်အောင်၏ မိခင်ဖြစ်သူ ဒေါ်ဌေးတို့က လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားခဲ့ရာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပိုးလောင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နောက်ပိုင်းတွင် နှိပ်စက်ခံခဲ့ရသူ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့၏ ထပ်မံတိုင်တန်းချက်အရ နှိပ်စက်မှုကျူးလွန်ပြီး အဖမ်းမခံရဘဲ လွတ်မြောက်နေသည့် ပိုးလောင်းစခန်းမှ တပ်ဖွဲ့ဝင် ၃ ဦးကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့သည်။ “အခုလို ရဲဥပဒေနဲ့ အရေးယူဖို့လုပ်ဆောင်တဲ့အပြင် အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုခွင့်ပြုတဲ့အပေါ်မှာတော့ ကျနော်တို့က ကြိုဆိုပါတယ်။ အရင်တုန်းကဆိုရင် တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ကိစ္စက အရပ်ဖက် တရားရုံးမှာ တရားစွဲဆိုဖို့ ခက်ခဲတာတွေ ရှိခဲ့တယ်လေ။ အခု အရပ်သားအစိုးရလက်ထက်မှာတော့ ဒီလိုဓလေ့တွေ စတင်ထွန်းကားလာတဲ့အပေါ် ဝမ်းသာပါတယ်။ အဓိကကတော့ အပြစ်ရှိသူကို တရားဥပဒေ အတိုင်း စီရင်ဆုံးဖြတ်နိုင်ဖို့ပါပဲ။ နှိပ်စက်ခံခဲ့ရသူတွေအတွက် လိုအပ်မယ့်ရှေ့နေ ငှားရမ်းပေးနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ”ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင့်သူများအဖွဲ့ – HRDP ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။ ပိုးလောင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးရှိသည့်အနက် ယခုနှိပ်စက်မှုဖြစ်စဉ်အရ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အဖမ်းခံခဲ့ရပြီး ကျန်တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က နေရာရွှေ့ပြောင်းခဲ့ကာ ပိုးလောင်းစခန်းတစ်ခုလုံးအား ရဲတပ်ဖွဲ့ဝင်အသစ်များဖြင့် အစားထိုး တာဝန်ပေးအပ် ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ခိုးမှုသံသယတရားခံအဖြစ် ကိုနန်းဝင်းနှင့် မသန်းသန်းအေးတို့ ဇနီးမောင်နှံ ၂ ဦးအား ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ခင်ပွန်းဖြစ်သူမှာ အချုပ်ခန်းထဲတွင် ခြင်ဆေးခွေထွန်းသည့်သံပြားဖြင့် မိမိလည်ပင်းကို လှီးဖြတ်မှုဖြစ်ပွားခဲ့ပြီး ဇနီးဖြစ်သူ မသန်းသန်းအေးမှာ ငဝန်မြစ်ထဲသို့ လက်ထိပ်တန်းလန်းဖြင့် ခုန်ချကာ မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။ ထိုသို့ ညှဉ်းပန်း နှိပ်စက်မှုများပေါ်ပေါက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ရဲချုပ်မှ သင်္ဘောကျင်းစခန်းမှ အမှုစစ် ဒုရဲအုပ်ကို ရာထူးမှဖြုတ်ကာ ထောင်ဒဏ် အပြစ်ပေးခဲ့ပြီး စခန်းမှအခြားအဆင့် တပ်ဖွဲ့ဝင် ၄ ဦးကို ရာထူးတဆင့် လျှော့ချသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ The post ပိုးလောင်း စခန်းမှ ရဲများအား နှိပ်စက်ခံများက တရားစွဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2Jk1BPK
via IFTTT
Source : https://ift.tt/2Jk1BPK
via IFTTT
The Ladies News
မြန်မာ့ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ဂျပန်နိုင်ငံ နာဂိုရာတွင် ကျင်းပပြုလုပ် မြန်မာသံရုံး တိုကျိုမြို့နှင့် အာအိချိခရိုင် မြန်မာနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်တို့ ပူးပေါင်း၍ မြန်မာ့ စီးပွားရေးနှှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် နာဂိုရာမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသည့် နာဂိုရာမြို့မှ လုပ်ငန်းရှင်များ ၁၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ အာအိချိခရိုင် မြန်မာနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio NISHIMURA နှင့် နာဂိုရာမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်အရာရှိ Mr. Yoshihiko UCHIDA တို့မှ မိန့်ခွန်းများ ပြောကြားခဲ့သည်။ ထို့နောက် သံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ မြန်မာ့ စီးပွားရေး မျှော်မှန်းချက်များ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထား၊ မြန်မာ့စီးပွားရေး တိုးတက်မှု အခြေအနေ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်း ပြောကြား ခဲ့သည်။ ဆက်လက်၍ စီးပွားရေးသံမှူး ဒေါ်အိအိခိုင်မှ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို လည်းကောင်း၊ နာဂိုရာမြို့၊ ဂျပန် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု အဖွဲ့မှ Mr. Keisuke KOBAYASHI က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်နိုင်ငံမှ လုပ်ငန်းများ၏ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ ဆွေးနွေးပွဲ တက်ရောက်လာသူများ ၏ မေးမြန်းချက်များကို သံအမတ်ကြီးနှင့် စီးပွားရေးသံမှူးတို့မှ ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဓာတ်ပုံ- ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး The Ladies News
Source : https://ift.tt/2subxvR
via IFTTT
Source : https://ift.tt/2subxvR
via IFTTT
အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံခဲ့တဲ့ Kim Kardashian အနောက်တိုင်း မီဒီယာပေါ်မှ နာမည်ကျော်ကြားသူ တယောက်ဖြစ်တဲ့ Kim Kardashian ဟာ အသက် ၆၂ နှစ်အရွယ် အဘေးဖြစ်သူ Alice Marie Johnson လွတ်မြောက်ရေးအတွက် ဒေသစံတော်ချိန် မေလ ၂ဝ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် Kardashian ဟာ အကျဉ်းထောင် ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ၊ အကြီးတန်းအကြံပေး Jared Kushner ဆွေးနွေးဖို့ အစည်းအဝေးတခု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ Mic မီဒီယာကို ပြောကြားခဲ့ဖူးပါတယ်။ Kardashian က “ကျမ ကြိုးစားပမ်းစား တိုက်ခိုက်နေရပြီး မှန်ကန်တဲ့ အရာအတွက် ရင်ဆိုင် တိုက်ခိုက်မှုတွေ လုပ်သွားဖို့ ဆန္ဒရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Vanity Fair မီဒီယာကနေ ပထမဆုံး သတင်းထုတ်ပြန်ခဲ့တဲ့ အဲဒီအစည်းအဝေးကို အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ညနေ ၄ နာရီမှာ ပြုလုပ်ခဲ့ပြီး သူတို့ ၃ ဦးဟာ ဘဲဥပုံရုံးခန်းမှာ စုဝေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ NBC News ကတော့ အိမ်ဖြူတော်ကို လာရောက်တဲ့ Kardashian ရဲ့ ဗီဒီယိုကို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ သမ္မတ Trump ကတော့ သူတို့ရဲ့ အစည်းအဝေး ပြီးတဲ့နောက် ဘဲဥပုံရုံးခန်းထဲမှာ Kardashian နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို Twitter မှာ တင်ခဲ့ပါတယ်။ အစည်းအဝေး အချက်အလက်အသေးစိတ်အနည်းငယ်သာ ထွက်ပေါ်ခဲ့ပေမယ့် သူတို့ နှစ်ဦးဟာ ကောင်းကောင်း မွန်မွန်တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ပြစ်ဒဏ်ချမှတ်မှု အကြောင်းတွေ နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ Trump က ဆိုပါတယ်။ TMZ မီဒီယာရဲ့ အဆိုအရ Kardashian ရဲ့ ရှေ့နေ Shawn Holley ဟာ သမ္မတ Trump၊ အကြံပေး Kushner တို့နဲ့အတူ မေလ ၃၀ ရက်နေ့၊ ညနေပိုင်းမှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။ Kardashian ဟာ သမ္မတအိမ်တော်ကို သူနဲ့ နီးစပ်တဲ့ ကင်မရာသမားတွေကို အကြောင်း မကြားဘဲ သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဆိုကြပါတယ်။ Ref: etcanada The post အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံခဲ့တဲ့ Kim Kardashian appeared first on ဧရာဝတီ.
Source : https://ift.tt/2J3roIV
via IFTTT
Source : https://ift.tt/2J3roIV
via IFTTT
ဒေါက်တာအေးမောင်ကို တရားစွဲဆိုမှုများ ပယ်ဖျက်ပေးရန် လျှောက်ထားချက် ပယ်ချခံရ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင် အား ဖြစ်စဉ်တခုတည်းအပေါ် အမှု ၃ ခုဖွင့်၍ တရားစွဲဆိုခဲ့ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိဟု ဆိုကာ အမှုအား ပယ်ဖျက်ပေးရန် လျောက်ထားချက်ကို မေလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော် က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ တည်ဆဲဥပေဒေ တခုဖြစ်သည့် စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် ဥပဒေတွင် ပြုလုပ်မှုတခု (သို့မဟုတ်) ပျက်ကွက်မှု တခုသည် ဥပဒေတရပ်အထက် ပြစ်မှုမြောက်သော်လည်း ဥပဒေ တရပ်နှင့်သာ တရားစွဲဆိုရမည်ဟု ဖော်ပြထားသဖြင့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ရသေ့တောင်မြို့တွင် စာပေဟောပြောချက် တခုတည်းအပေါ် အမှု ၃ ခုဖွင့်ပြီး တရားစွဲဆိုခြင်းမှာ ဥပဒေ နှင့်ညီညွတ်မှုမရှိဟုဆိုကာ အကျိုးဆောင်ရှေ့နေများက ယခုနှစ် မတ်လ ၂၈ ရက်နေ့ ၇ ကြိမ်မြောက် ရုံးထုတ်အပြီးတွင် အမှုအား ပယ်ဖျက်ပေးရန်လျောက်ထားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ အေးမောင် အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင် က “ ဒီနေ့ အမှုကို ပယ်လိုက်ပါတယ်။ ဘာကြောင့် ပယ်တယ်ဆိုတာကိုတော့ စီရင်ချက်ထွက်လာခဲ့မှ စီရင်ချက်ကို ဖတ်ကြည့်မှသိမယ်။ အခုကတော့ ပယ်တယ်လို့ပဲ အမိန့်ချတယ်။ ကျနော်တို့ကတော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆက်တက်၊ မတက်သင့်ဆိုတာကို အမှုသည် မိသားစုဝင်တွေနဲ့ တိုင်ပင်ရမယ်” ဟု ပြောသည်။ ဒေါက်တာအေးမောင် အမှုအား ရခိုင်တိုင်းရင်းသား ရှေ့နေများဖြစ်ကြသည့် တရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်၊ ဦးစံရွှေမောင်၊ ဦးခင်နုနှင့် ဦးကျော်ညွန်မောင် တို့က အမှုလိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသည်။ အမှုအား ပယ်ဖျက်ပေးရန် မတ်လ ၂၈ ရက်နေ့က လျောက်ထားချက်အပေါ် ပြည်နယ်တရားလွှတ်တော်က လက်ခံခဲ့ပြီးနောက် မေလ ၃ ရက်နေ့တွင် နှစ်ဘက် ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်များ ပေးခဲ့ကြသည်။ အမှုအား ပယ်ဖျက်ပေးရန် လျောက်ထားချက်အပေါ် ယနေ့ အမိန့်ချမှတ်မည့် တရားရုံးချိန်းတွင် မိသားစုဝင်များနှင့်အတူ ဝန်းရံသူများ ပန်းစည်းကိုယ်စီဖြင့် လာရောက်ကြသော်လည်း ဒေါက်တာအေး မောင်နှင့် ကိုဝေဟင်အောင်တို့ကိုတော့ ရုံး ထုတ်လာမှု မရှိခဲ့ပေ။ ဒေါက်တာအေးမောင် အမှုအား ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်သန်းဝေ ကတော့ “တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးဖို့ တောင်းဆိုချက် အမှု ၃ ခု လုံးကို ထည့်သွင်း မစဉ်းစားဘူးဆိုတဲ့ သဘောနဲ့ ပယ်ချလိုက်ပါတယ်။ ဒီလို ရှေ့နေတွေက ဥပဒေ၊ အထောက်အထား၊ စီရင်ထုံး အကိုးကားတွေနဲ့ တင်ပြချက်ကို အလေး အနက် မထားဘဲ ပယ်လိုက်ခြင်းဟာ တရားရေး မဏ္ဍိုင်ရဲ့ တည့်မတ်မှန်ကန်ခြင်း မရှိဘူးဆိုတာ ကျနော်အနေနဲ့ သုံးသတ်ပါတယ်” ဟု ဝေဖန်သည်။ ယင်းသို့ အမှုအား ပယ်ဖျက်ပေးရန် လျောက်ထားချက်အပေါ် ပြည်နယ်တရားလွှတ်တော်က ပယ်ချ လိုက်ခြင်းနှင့် ပတ်သက်၍ အမှုသည်နှင့် မိသားစုဝင်များက ကျေနပ်မှုမရှိပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ တက်ရောက်ရန် အခွင့် အလမ်းရှိပြီး အယူခံမတက်ရောက်ပါက အောက်ရုံးတွင် အမှုအား ဆက်လက်ကြားနာရမည် ဖြစ်သည်။ ၇ ကြိမ်မြောက်ရုံးချိန်၌ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် အမှုများကို ခွဲပြီး တရားစွဲဆိုခြင်းမှာ အချိန်ကုန်ပြီး စွပ်စွဲခံရ သူများအနေဖြင့် နစ်နာမှုများ ရှိသဖြင့် တရားစွဲဆိုထားသည့် အမှု ၃ ခုလုံးကို ခရိုင်တရားရုံးသို့ ပြောင်းရွေ့ကာ တပေါင်းတည်း စစ်ဆေးရန် ရုံးပြောင်း လျှောက်ထား ခဲ့ကြောင်းလည်း မိသားစုဝင်များနှင့် အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာ ဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက် များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ဆက်စပ် ဖတ်ရှုရန် – ဒေါက်တာအေးမောင်အား စွဲဆိုထားသည့် အမှုတွဲ ပယ်ဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ တင် ဒေါက်တာ အေးမောင်ရဲ့ နိုင်ငံရေး အတက်အကျများ The post ဒေါက်တာအေးမောင်ကို တရားစွဲဆိုမှုများ ပယ်ဖျက်ပေးရန် လျှောက်ထားချက် ပယ်ချခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2J2VeNr
via IFTTT
Source : https://ift.tt/2J2VeNr
via IFTTT
ရဲစခန်းကို ဖုန်းခေါ်ပေးမယ့် “Panic Button” ကို Application မှာ ထည့်ပေးလိုက်တဲ့ Uber အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ်တဲ့ Uber ဟာ ကုမ္ပဏီရဲ့ နာမည်ကျစ ပြုနေတဲ့ လုံခြုံရေးပိုင်းကို ပြန်အဖတ် ဆယ်ဖို့အတွက် အရေးပေါ်ခလုတ် အသစ်တစ်ခုကို Application အတွင်းမှာ ထည့်ပေးသွားမှာ ဖြစ်ကြောင်း ဧပြီလတုန်းက ကြေငြာခဲ့ပါတယ်။ မေလ ၂၉ ရက်နေ့မှာတော့ အဆိုပါ အရေးပေါ်ခလုတ်ကို US (အမေရိကန် ပြည်ထောင်စု) အတွက် စတင်ထည့်ပေးလိုက်ပြီ ဖြစ်ပြီး၊ “Panic Button” လို့ အမည်ပေးထားပါတယ်။ အခုဆိုရင် Uber Mobile Application Version အသစ်ရဲ့ Home Screen မှာ “Safety Center” ဆိုတဲ့ Menu အသစ်ပါဝင်လာတာ တွေ့မြင်ရပြီး၊ ခရီးသည်တွေအနေနဲ့ တစုံတခုအရေးပေါ် အခြေအနေ ကြုံတွေ့ လာရပါက နီးစပ်ရာ ရဲစခန်းဆီ အကူအညီ လှမ်းတောင်းနိုင်မှာ ဖြစ်ပါတယ်။ Safety Center မှာ Uber ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှုနဲ့ နောက်ခံသမိုင်းအချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို၊ အာမခံထားရှိထားမှုနဲ့ ခရီးသည် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတို့ကိုလည်း ဖော်ပြပေးထားမှာဖြစ်ပါတယ်။ 911 ကို ခေါ်ဆိုဖို့အတွက် Home Screen ပေါ်က Safety Center icon ကို နှိပ်ကာ၊ အောက်ဆုံးက 911 Assistance ကို ထပ်နှိပ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ 911 ကို ခေါ်ဖို့ သေချာလားဆိုတာ Confirm ထပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နောက်တဆင့် Confirm လုပ်ပေးရတာက မှားနှိပ်ပြီး ခေါ်မိတာမျိုး မဖြစ်စေဖို့အတွက် ဖြစ်တယ်လို့ Uber ရဲ့ Product Management Director ဖြစ်သူ Sachin Kansal က ပြောကြားခဲ့ပါတယ်။ ခရီးသည်တွေ လုံခြုံရေးနည်းတူ ယာဉ်မောင်းတွေ အတွက်လည်း Panic Button တခု ထည့်ပေးသွားဦးမှာ ဖြစ်တယ်လို့ Kansal က ဆိုပါတယ်။ Uber ရဲ့ “Panic Button” လုပ်ဆောင်ချက် “လူတွေက သူတို့ကို စောင့်ကြည့် မနေမှန်းသိရင် တချို့အဖြစ်အပျက်တွေနဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်တွေ ပြုလုပ် တတ်မှန်း ကျနော်တို့ သတိထားမိပါတယ်။ အခုတော့ ကျနော်တို့ စတင် စောင့်ကြည့်တော့မှာဖြစ်ကြောင်း ပြောချင်ပါတယ်။ ယာဉ်မောင်းနဲ့ ခရီးသည် နှစ်ဖက်စလုံးကို အခု Features တွေ ထုတ်ပေးပြီး၊ ဒီ Features တွေကို အားလုံးသိရှိ အသုံးပြု နိုင်အောင် လုပ်ပေးလိုက်တာက ကျနော်တို့ အစီအစဉ်တွေရဲ့ တစိတ်တပိုင်းပဲ ရှိပါသေးတယ်”လို့ ၎င်းက ဆိုပါတယ်။ Uber ဟာ RapidSOS နဲ့ ပူးပေါင်းပြီး 911 အရေးပေါ်ဆက်သွယ်မှု နည်းပညာသစ် တခုကိုလည်း စမ်းသပ် လုပ်ဆောင်လျက် ရှိပါတယ်။ အဆိုပါ နည်းပညာမှာ Uber ရဲ့ “Panic Button” ကို နှိပ်လိုက်တာနဲ့ ခရီးသည်ရဲ့ တည်နေရာနဲ့ ခရီးစဉ် အသေးစိတ်တို့ကို 911 ဖုန်းလက်ခံသူဆီ အလိုအလျောက် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ Ref: The Verge The post ရဲစခန်းကို ဖုန်းခေါ်ပေးမယ့် “Panic Button” ကို Application မှာ ထည့်ပေးလိုက်တဲ့ Uber appeared first on ဧရာဝတီ.
Source : https://ift.tt/2LKVZN3
via IFTTT
Source : https://ift.tt/2LKVZN3
via IFTTT
နီပေါဝန်ကြီးများ ၆ လအတွင်း ကွန်ပျူတာ မသုံးတတ်ပါက ရာထူးမှ ဖယ်ရှားခံရမည် နီပေါဝန်ကြီးချုပ် KP Sharma Oli က ဝန်ကြီးအသစ်တွေအနေနဲ့ ၆ လအတွင်း လက်ပ်တော့ကွန်ပျူတာ အသုံးပြုနည်းကို သင်ယူနိုင်ခြင်း မရှိပါက ရာထူးမှ ဖယ်ရှားခံရမှာ ဖြစ်ကြောင်း မေလ ၃ဝ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဒုတိယအကြိမ်မြောက်အဖြစ် နီပေါဝန်ကြီးချုပ်အဖြစ် တာဝန်ယူထား တဲ့ Oli က ဝန်ကြီးချုပ်ရုံး အနေနဲ့ ၆ လအတွင်း စာရွက်မဲ့ စနစ်ကို ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။ ခတ္တမန္ဒူမြို့မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် နီပေါအမျိုးသား ဆရာများအဖွဲ့ချုပ်ရဲ့ အထွေထွေညီလာခံမှာ ဝန်ကြီးချုပ်က လက်ပ်တော့ ကွန်ပျူတာကို အသုံးမပြုတတ်တဲ့ ဝန်ကြီးများထဲမှ မည်သူမဆို ရာထူးမှ ဖယ်ရှားခံရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အကြောင်း Kathmandu Post သတင်းစာမှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ် Oli က “လာမယ့် ၆ လအတွင်း ရုံးစာရွက်မဲ့စနစ်ကို အကောင်အထည်ဖော်မယ်ဆိုတာနဲ့ အစည်းအဝေးရဲ့ အစီအစဉ်တွေ၊ လုပ်ငန်းစဉ်တွေကို လက်ပ်တော့သုံးပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးများကောင်စီအစည်းအဝေး မှာ ကျနော်ပြောခဲ့ပြီးသားပါ”လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က ဝန်ကြီးများဟာ ၆ လအတွင်း လက်ပ်တော့ အသုံးပြုနည်းကို သူတို့ရဲ့ လက်ထောက်တွေဆီကနေ အကူအညီ ရယူနိုင်လည်း ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ်က “ ၆လကြာပြီးတဲ့နောက် ကိုယ့်ဘာသာ လက်ပ်တော့ မသုံးတတ်တဲ့ ဘယ်ဝန်ကြီးကို မဆို ကျနော်တို့ နှုတ်ဆက်ရမှာဖြစ်ပါတယ်”လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင်သူက ရာထူးမှဖယ်ရှားခံရတဲ့ ဝန်ကြီးတွေကိုလည်း နောက်ထပ် ရာထူးသက်တမ်း မတိုင်မီ အသုံးပြုနည်း သင်ယူနိုင်ဖို့ လက်ပ်တော့တွေကို ပေးအပ်မှာဖြစ်တဲ့အကြောင်း ထပ်လောင်း ပြောကြားထားပါတယ်။ အစိုးရက အချိန်အတိုင်းအတာ တခုအတွင်းမှာ နီပေါနိုင်ငံကို သတင်းအချက်နည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ နိုင်ငံ ဖြစ်အောင် ဖော်ဆောင်ရေး အပြင်းအထန် လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။ Ref: ptinews The post နီပေါဝန်ကြီးများ ၆ လအတွင်း ကွန်ပျူတာ မသုံးတတ်ပါက ရာထူးမှ ဖယ်ရှားခံရမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2IZsr0o
via IFTTT
Source : https://ift.tt/2IZsr0o
via IFTTT
ဆစ်ဒနီမှာ One Lady Show လုပ်မယ့် အဆိုတော်ချမ်းချမ်း အဆိုတော်ချမ်းချမ်းက မြန်မာပြည်ပရိသတ်အတွက် တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ အားခဲထားပေမယ့် အကြောင်း ကြောင်းကြောင့် မလုပ်ဖြစ်သေးဘဲ ဆစ်ဒနီမှာတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ One Lady Show လို့ပြောလို့ရတဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲ သွားဆိုရမယ်လို့ ဧရာဝတီကို ပြောပါတယ်။ “ဆစ်ဒနီက မြန်မာနိုင်ငံ အင်ဂျင်နီယာများအဖွဲ့ချုပ်ကနေ ဟိုမှာရှိတဲ့ အင်ဂျင်နီယာတွေအားလုံး စုပြီးတော့ Show ပွဲလေး တပွဲ လုပ်မယ်ပေါ့။ ချမ်းချမ်းရဲ့ အကြီးဆုံးအစ်မက ဟိုမှာနေတာဆိုတော့ အစ်မနဲ့ခင်ကြတော့ အစ်မနဲ့ဆက်သွယ်ပြီး ချမ်းချမ်းကို ခေါ်ချင်တယ်။ One Lady Show ပုံစံလေး လုပ်ချင်တယ်လို့ ဖိတ်ခေါ်တာနဲ့ သွားမှာပါ” လို့ ချမ်းချမ်းက ဧရာဝတီကို ဆိုပါတယ်။ ပြုလုပ်မယ့် One Lady Show မှာ အစ်မဖြစ်သူ အဆိုတော်နေနေလည်း ပါဝင်ဖြစ်မယ်လို့ဆိုပြီး ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီလို့လည်း ဆိုပါတယ်။ ချမ်းချမ်းက သြစတြေးလျမှာ ဖျော်ဖြေတာ ဒီအကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။ “အဓိကတော့ ဟိုက မြန်မာ အများစုကကျတော့ ဒီမှာလို ပွဲမပေါဘူးပေါ့နော်။ တနှစ်ကို တခါကျမှ ကြည့်ချင် ကြည့်ရတာ။ တခါတလေ ၃၊ ၄ နှစ်မှ တခါကြည့်ရတယ်။ သူတို့ဘာတွေ ကြိုက်တတ်လဲ၊ ဆိုစေချင်တာလဲဆိုတာကို လေ့လာပြီးတော့မှ ပြင်ဆင်သွားမယ်။ Note တွေ ကြိုပို့ရမယ်။ လက်ဆောင်ပေးဖို့ အခွေတွေလည်း ယူသွားမယ်” လို့ ချမ်းချမ်းက ပြောပါတယ်။ အဆိုတော်ချမ်းချမ်းက ခရီးတွေကိုလည်း မကြာခဏ ထွက်နေပြီး ခရီးထွက်ရတဲ့ ခံစားချက်နဲ့ပတ်သတ်ပြီးတော့လည်း အခုလိုပြောပါတယ်။ “ခရီးထွက်ရရင် ပျော်တယ်။ ပျော်တယ်ဆိုတာလေ အစ်မ ပေါ့ပေါ့ပါးပါးနဲ့ ခရီးမထွက်ရတာလည်း ကြာပြီ။ ဟိုတလောကမှမေမေတို့်နဲ့ မက်မွန်ကြီး ရေတံခွန်သွားတာ တအားပျော်ဖို့ ကောင်းတယ်။ အဲဒီလို ခရီးတွေကို ပရိသတ်တွေကိုလည်း ထွက်စေချင်တယ်။ ပိုက်ဆံ သိပ်မကုန်ပါဘူးလို့။ သဘာဝအလှအပတွေ မြန်မာပြည်မှာလည်း ရှိတယ်။ ပြည်ပမှ မဟုတ်ပါဘူး။ အစ်မ အခုတော်တော် လွတ်လွတ်လပ်လပ် ရှိနေတယ်။ ဒီခရီးစဉ်ကို ပထမတော့ သမီးလေးပါ ခေါ်မလို့ပဲ။ သူ့ကျောင်းက အဆင်မပြေလို့ မခေါ်တော့ဘူး”လို့ ဆိုပါတယ်။ ချမ်းချမ်းက လက်ရှိမှာ သမီးလေးနဲ့ နှစ်ယောက်ဘဝ အရမ်းသာယာနေပြီး အခုအချိန်ဟာ သူ့အတွက် လွတ်လပ်မှုကို ခံစားရတဲ့ ကာလလို့လည်း ဆိုပါတယ်။ The post ဆစ်ဒနီမှာ One Lady Show လုပ်မယ့် အဆိုတော်ချမ်းချမ်း appeared first on ဧရာဝတီ.
Source : https://ift.tt/2stCeka
via IFTTT
Source : https://ift.tt/2stCeka
via IFTTT
သားအိမ်မှာ အရည်တည်တဲ့အတွက် ခွဲစိပ်မှု ပြုလုပ်ရမယ့် ပိုင်ဖြိုးသု သရုပ်ဆောင် ပိုင်ဖြိုးသုက သားအိမ်မှာ အရည်တည်တဲ့ ကျန်းမာရေး အခြေအနေကြောင့် ခွဲစိတ်မှု ပြုလုပ်ရမယ်လို့ ဧရာဝတီကို ဆိုပါတယ်။ ဒီခွဲစိတ်မှုကို UKနိုင်ငံမှာ သွားရောက်ခွဲစိတ်ဖို့ ရည်ရွယ်ထားပေမယ့် Visa မရတဲ့အတွက် မြန်မာနိုင်ငံမှာပဲ ခွဲစိတ်မှုပြုလုပ်တော့မယ်လို့ ဆိုပါတယ်။ “UK မှာ သွားခွဲမလို့ Visa မရတာနဲ့ ဒီမှာပဲ Grand Hantha ဆေးရုံမှာပဲ ဇွန်လ ၃ ရက်နေ့ ခွဲစိတ်မှာပါ။ ကြောက်တာတော့ မကြောက်ဘူး။ အစကတည်းက သုက ဒီမှာခွဲချင်တာ အဒေါ်က ဟိုမှာဆိုတော့ သူ့တူမ ခွဲစိတ်တာ သူ့မျက်စိအရှေ့ ဖြစ်စေချင်လို့သာ သွားကြမှာ။ အခုတော့ Visa လည်းမရဘူး၊ သုကတော့ ကိုယ့်နိုင်ငံမှာပဲ ကိုယ်ခွဲချင်တာ ဆိုတော့ အဆင်ပြေသွားတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားများရိုက်ကူးမှုကို ရပ်နားထားတယ်လို့ သိရပြီး အဲဒါနဲ့ ပတ်သတ်လို့ ပိုင်ဖြိုးသုက အခုလိုဆိုပါတယ်။ “ဒီရက်ပိုင်းက အနုပညာနဲ့ ပတ်သက်တဲ့ တခြားလှုပ်ရှားမှုတွေ နားထားတယ်။ ပွဲတက်တာတွေနဲ့ ကြော်ငြာရိုက်တာ လေးတွေပဲ လုုပ်ဖြစ်နေတယ်။ ကားရိုက်နားထားတယ်ဆိုတာလည်း သုသုရဲ့ ကျန်းမာရေးအရ ခွဲဖို့ရှိလို့ ကားရိုက်တွေ ဖျက်ထားတယ်။ ကျန်းမာရေးအခြေအနေက ကောင်းတော့ ကောင်းပါတယ်၊ ခွဲထုတ်လိုက်ဖို့တော့ လိုတာပေါ့နော်။ ခွဲလိုက်ရင်တော့ ကောင်းသွားပြီ” လို့ ဧရာဝတီကို ပြောပါတယ်။ ခွဲစိပ်မှုပြုလုပ်ပြီးတာနဲ့ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်မှာ ဖြစ်ပြီး ဇာတ်ကားများကိုတော့ ဇူလိုင်လမှ ပြန်လည် ရိုက်ကူးမယ်လို့ ပိုင်ဖြိုးသုက ဧရာဝတီကို ဆိုပါတယ်။ “သု နေပြန်ကောင်းသွားမှာပါ၊ ခွဲပြီးသွားရင်တော့ အရင်ကထက် အနုပညာအလုပ်တွေကို ပိုပြီးတော့ ကြိုးစားသွားပါ့မယ်။ အခု သားအိမ်မှာ အရည်တည်တာ အဲဒီအရည်ဆိုဒ်ကလည်း 7.5 cm လောက် ရှိနေပြီဆိုတော့ ခွဲလိုက်မှ စိတ်ချရမှာ ပေါ့နော်။ ဒီအတိုင်း ထားလိုက်လို့ အထဲမှာ ပေါက်သွားခဲ့ရင် လူအတွက် အန္တရာယ်ရှိတယ်။ သုအနုပညာ အလုပ်တွေကို ကြိုးစားပြီး လုပ်နေပါ့မယ်။ လုပ်ခွင့်ရတဲ့ ကာရိုက်တာတိုင်းမှာ ပရိသတ်အတွက် တာဝန်ကျေတဲ့ သရုပ်ဆောင် တယောက် ဖြစ်စေ ရပါ့မယ်” လို့လည်း ဆိုပါတယ်။ ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်းနှစ်ရဲ့ စင်တင် မင်းသမီးတဦး ဖြစ်ခဲ့ပြီး ၂၀၁၇ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာလည်း (3Girls) “သရဲမ၊ ဘီလူးမနှင့် မိန်းမပျို” ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို ရရှိထားသူ တဦး ဖြစ်ပါတယ်။ The post သားအိမ်မှာ အရည်တည်တဲ့အတွက် ခွဲစိပ်မှု ပြုလုပ်ရမယ့် ပိုင်ဖြိုးသု appeared first on ဧရာဝတီ.
Source : https://ift.tt/2LMhpJN
via IFTTT
Source : https://ift.tt/2LMhpJN
via IFTTT
မင်းသား George Clooney ကို AFI ဘဝတသက်တာဆု ပေးအပ်မယ့် မင်းသမီး Julia Roberts ဟောလိဝုဒ်မင်းသား George Clooney ကို ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူ Julia Roberts က AFI ဘဝတသက်တာ အောင်မြင်မှုဆု ချီးမြှင့်မယ်လို့ သိရပါတယ်။ အမေရိကန်ရုပ်ရှင် အင်စတီကျူ (AFI) က “Wonder” ရုပ်ရှင်မင်းသမီး Roberts ဟာ သူနဲ့ ကာလရှည် သူငယ်ချင်း ဖြစ်ခဲ့တဲ့ မင်းသား Clooney ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်မှာ ရှိတဲ့ Dolby Theatre မှာ လာမယ့်ဇွန် ၇ ရက် မှာ ကျင်းပမယ့် ၄၆ ကြိမ်မြောက် AFI Life Achievement Award Gala Tribute ပွဲမှာ AFI ဘဝတသက်တာ အောင်မြင်မှု ဆုကို ပေးအပ်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ မင်းသမီး Roberts နဲ့ မင်းသား Clooney တို့ဟာ “Ocean’s Eleven”, “Ocean’s Twelve” နဲ့ “Money Monster” ရုပ်ရှင် တို့မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မင်းသား Clooney ကိုယ်တိုင်ရိုက်ကူးတဲ့ “Confessions of a Dangerous Mind” နဲ့ သူထုတ်လုပ်ထားတဲ့ “August: Osage County” ရုပ်ရှင်တို့မှာလည်း မင်းသမီးက ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ TNT ရုပ်သံလိုင်းကနေ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ဇွန်လ ၂၁ ရက်နေ့၊ ည ၁၀ နာရီမှာ တနာရီခွဲ ကြာမြင့်မယ့် “The 46th AFI Life Achievement Award: A Tribute to George Clooney” ဆုပေးပွဲကို တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ မင်းသားနဲ့ မင်းသမီးဟာ အခုလိုမျိုး အလုပ်အတူ တွဲလုပ်ခဲ့ဖူးကြတဲ့အပြင် ရင်းနီးတဲ့ ဆက်ဆံရေး ရှိကြတဲ့သူနှစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာဆိုရင် အမြွှာနှစ်ဦးကို မွေးဖွားခဲ့ဖူးတဲ့ မင်းသမီး Roberts က ကလေးချီရတော့မယ့် မင်းသား Clooney နဲ့ ဇနီးဖြစ်သူ Amal Clooney တို့ကို အကြံဉာဏ်တွေ ပေးခဲ့ပါသေးတယ်။ အစီအစဉ် တင်ဆက်သူ Ellen DeGeneres နဲ့ ပြုလုပ်တဲ့ Talk Show မှာ မင်းသမီး Roberts က “ဟုတ်ပါတယ်၊ အရမ်းကို ပျော်ရွှင်ရတော့မှာပါ။ သူတို့နှစ်ဦးဟာ တကယ့်ကိုပဲ တော်တဲ့စုံတွဲဖြစ်ပြီးတော့ တခြားဘယ်သူ့ဆီကရော၊ ကျမဆီကရော အကြံဉာဏ် မလိုအပ်ဘူးလို့ ကျမထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မွေးဖွားတော့မယ့် နံနက် ၃ နာရီ အချိန်ကြီးမှာ ဘယ်သူကမှ ကိုယ်နဲ့ မရှိနေနိုင်ဘူးလေ။ အဲဒါကြောင့်ပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။ Ref: etcanada The post မင်းသား George Clooney ကို AFI ဘဝတသက်တာဆု ပေးအပ်မယ့် မင်းသမီး Julia Roberts appeared first on ဧရာဝတီ.
Source : https://ift.tt/2J3lZS6
via IFTTT
Source : https://ift.tt/2J3lZS6
via IFTTT
ဆံပင်မဖြောင့်ခင် သိထားသင့်တဲ့ အကြောင်းအရာတွေ ဆံပင်နဲ့ ပက်သက်ပြီး အမျိုးသမီးတို့ အများဆုံး ပြုလုပ်လေ့ရှိတဲ့ ဆံပင်ဖြောင့်တာဟာ သာမန်အားဖြင့် ပြောရရင်တော့ လွယ်ကူတယ်လို့ ထင်စရာပါပဲ။ ဆံပင်ဖြောင့်နေကျမို့ သိထားဖို့ မလိုအပ်ဘူးလို့ ထင်ပေမယ့် ဖြောင့်ပြီးမှ ဆံပင်တွေ အလွယ်တကူ ပျက်ဆီးသွားစေတာမျိုးတွေ မဖြစ်ရအောင် ဆံပင်မဖြောင့်ခင် သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဆံပင်ဖြောင့်တာပဲဖြစ်ဖြစ်၊ စက်ဆွဲတာပဲဖြစ်ဖြစ် ပြုလုပ်တော့မယ်ဆိုရင် အရင်ဦးဆုံး သိထားရမှာက ဆံပင်တွေ လုံးဝ ခြောက်သွေ့နေစေဖို့ပဲ ဖြစ်ပါတယ်။ ဖြောင့်စက်ရဲ့ အပူချိန်ကို သေချာထိန်းညှိဖို့ လိုသလို ဆံပင်ဖြောင့်နေချိန်မှာ တရှဲရှဲ အသံတွေ ထွက်လာရင်တော့ ဒါဟာ ရပ်ပစ်ဖို့ အရေးကြီးနေပါပြီ။ ရပ်မပစ်ဘူးဆိုရင်တော့ ဖြောင့်ပြီးတာနဲ့ သင့်ဆံပင်တွေ ပျက်စီးဖို့ ၅၀ ရာခိုင်နှုန်းလောက် သေချာနေပါပြီ။ (၂) ဆံပင်ဖြောင့်တဲ့အခါ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေဟာ ပြင်းထန်လွန်းတာကြောင့် ဆံပင်ဖြောင့်ပြီး နောက်ပိုင်းမှာ သာမန်ထက် ပိုပြီးဆံပင်ကျွတ်နိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။ မကြာခဏ ဆံပင်ဖြောင့်ခြင်းဟာ ဦးရေပြား အဆီဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် ခဏခဏ မပြုလုပ်သင့်ပါဘူး။ (၃) ဆံပင်ဖြောင့်ခြင်းဟာ ဆံသား ရေဓာတ် ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေတာကြောင့် ဦးရေပြား ယားယံတာမျိုးနဲ့ ဗောက်ထတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ (၄) နောက်ထပ် သိထားသင့်တာ တခုကတော့ ဆံသားခြောက်သူတွေမှာ ဆံပင်ဖြောင့်ပြီးတဲ့အခါ ဆံပင်ဟာ ခြောက်သွေ့ ကြမ်းတမ်းသွားတာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်တဲ့အခါ မိမိအသုံးပြုမယ့် Hair Product တွေကို သေချာစွာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ (၅) ဆံပင်ဖြောင့်တဲ့အခါ ဖြောင့်စက် အပူလွန်ကဲခြင်းကြောင့် ဆံသားကျိုးကြေတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ ဒီလိုမျိုးတွေအတွက်တော့ ဆံပင်မဖြောင့်ခင်နဲ့ ဖြောင့်အပြီးမှာ သင့်ဆံသားကို တပတ်တခါ ပေါင်းတင်တာမျိုးတွေအပြင် သဘာဝပစ္စည်းတွေ အကူအညီနဲ့ ဂရုစိုက်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ Ref ; india.curejoy.com The post ဆံပင်မဖြောင့်ခင် သိထားသင့်တဲ့ အကြောင်းအရာတွေ appeared first on ဧရာဝတီ.
Source : https://ift.tt/2J2s80I
via IFTTT
Source : https://ift.tt/2J2s80I
via IFTTT
ဝတ်ကြီးကျောက်မီးသွေးစီမံကိန်းအတွက် ပြည်နယ်အစိုးရမှ သိန်း ၉၀၀၀ ကျော် နစ်နာကြေးပေးလျော် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရရွာတွင် Toyo Thai (TTCL) ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမည့့် ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းမြေနေရာ ၈၁၅ ဧကထဲမှ မြေနေရာအချို့အတွက် ဒေသခံများအား နစ်နာကြေးအဖြစ် ပြည်နယ်အစိုးရဘက်မှ ငွေကျပ် သိန်း ၉၀၀၀ ကျော် ပေးလျော်ထားပြီး ဖြစ်ကြောင်း သိရသည်။ စီမံကိန်းမြေနေရာများထဲမှ ဒေသခံများပိုင်ဆိုင်ကြသည့် မြေဧရိယာ ၂၂၅ ဒဿမ ၉၈ ဧကအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ နစ်နာကြေးများ ပေးခဲ့သည်မှာ ငါးကြိမ်တိုင်ရှိပြီ ဖြစ်ကြောင်းနှင့် နစ်နာကြေးရရှိခဲ့သူ ၂၂ ဦး ရှိကြောင်း ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက ပြောသည်။ စီမံကိန်းဧရိယာမှ ကျန်ရှိနေသေးသည့် ဒေသခံရွာသူရွာသားများ၏ မြေဧရိယာများကိုလည်း နစ်နာကြေးများ ဆက်လက်ပေးသွားမည်ဖြစ်သည်။ နစ်နာကြေးပေးရန် ကျန်ရှိနေသေးသည့် မြေဧရိယာများတွင် လယ်မြေ ၃၅၇ ဒဿမ ၃၂ ဧက၊ မြေရိုင်း ၁၉၈ ဒဿမ ၂၅ ဧက၊ လုပ်ကွက်မပေါ်သည့်မြေ ၂၄၅ ဧက၊ ချောင်းမြေ ၁၄ ဒဿမ ၂၂ ဧက ကျန်ရှိကြောင်း သိရသည်။ “ကျမတို့ ပြည်နယ်အဆင့်ကတော့ ပြီးသွားပြီ။ ပြည်ထောင်စုကို တင်ထားလိုက်ပြီး ပြည်ထောင်စုကနေ ဘာမှ ပြတ်ပြတ်သားသား မပြောသေးဘူး၊ ပြည်ထောင်စုမှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်၊ ကျမတို့ကလည်း လိုချင်တဲ့ ဆန္ဒပြင်းပြတယ်၊ ပြီးလို့ရှိရင် မြန်မြန်ဆန်ဆန်လည်း ဆောင်ရွက်စေချင်တဲ့အတွက် တကယ်လို့များ ပြည်ထောင်စု မီးစိမ်းပြလိုက်လို့ရှိရင် ချက်ချင်းလုပ်နိုင်အောင် အဲဒီကမြေတွေကို နစ်နာကြေးအနေနဲ့ ပေးတာ၊ သူတို့ရဲ့ သဘောဆန္ဒကို သိချင်တာလည်း ပါတယ်”ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဆိုသည်။ ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ထားရာ ပထမ ဦးစားပေးအနေဖြင့် လျှပ်စစ်မီးရရှိရေး၊ ဒုတိယ ဦးစားပေးအနေဖြင့် လမ်းတံတားနှင့် တတိယ ဦးစားပေးအနေဖြင့် စိုက်ပျိုး မွေးမြူးရေးဖြစ်ကြောင်း NLD အစိုးရ နှစ်နှစ်ပြည့် သတင်းစာရှင်းပွဲတွင် ၎င်းက ပြောဆိုခဲ့သည်။ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် စက်ရုံများအတွက် အစိုးရမှ လျှပ်စစ်ဓာတ်အားကို အလုံအလောက် မပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများက လာရောက်ရန် စိတ်မဝင်စားပါ ဒေသဖွံ့ဖြိုးရေး ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်၊ သုံးအိမ်ကျေးရွာနှင့် မွန်ပြည်နယ်၊ အံဒင်ကျေးရွာတို့တွင် Toyo Thai ကုမ္ပဏီက အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ၁၂၈၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းရှိနေခြင်းဖြစ်သည်။ The post ဝတ်ကြီးကျောက်မီးသွေးစီမံကိန်းအတွက် ပြည်နယ်အစိုးရမှ သိန်း ၉၀၀၀ ကျော် နစ်နာကြေးပေးလျော် appeared first on ဧရာဝတီ.
Source : https://ift.tt/2H9svoq
via IFTTT
Source : https://ift.tt/2H9svoq
via IFTTT
အွန်လိုင်း TV လုပ်ငန်းကို လေးဖြူနဲ့ အတူ လုပ်နေတဲ့ အဆိုတော် မျိုးကြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ Iron Cross Band ရဲ့ အဆိုတော်မျိုးကြီးက လက်ရှိမှာ အဆိုတော် လေးဖြူနဲ့အတူ “Big 9” လို့အမည်ရတဲ့ အွန်လိုင်းTV လုုပ်ငန်းကို လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သတ်လို့ အဆိုတော်မျိုးကြီးက “ကျနော် အွန်လိုင်းတီဗီ လုပ်နေပါတယ်။ ဖုန်းပေါ်တော့ ရောက်နေပါပြီ။ ကျနော်တို့ အွန်လိုင်းတီဗီ လုပ်ဖြစ်တာ ဝါသနာပါလို့ပါ” လို့ ပြောပါတယ်။ Big 9 TV က အွန်လိုင်းမီဒီယာ အမျိုးအစားဖြစ်ပြီး လက်ရှိမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရပါတယ်။ ဂီတပိုင်းနဲ့ ပတ်သတ်ပြီးလည်း အဆိုတော် မျိုးကြီးက Iron Cross နဲ့အတူ Group အခွေထွက်ရှိဖို့ရှိပြီး Show ပွဲများတော့ မဆိုဖြစ်သေးဘူးလို့ ပြောပါတယ်။ အဆိုတော် မျိုးကြီးက “Iron Cross အဖွဲ့နဲ့ ဇွန်လ ၁၆ နေ့ ရန်ကုန်မှာ ရှိတယ်။ ဒီပွဲပြီးရင်တော့ မိုးတွင်းဆိုတော့ ခဏ နားမယ်။ မိုးကုန်မှ ပြန်စမယ်။ IC group အခွေ ထွက်ဖို့ရှိပါတယ်။ အဲ့တာတော့ ပြီးခါနီးပြီ။ အဆုံးတော့ သတ်နေတယ်။ အရင် ကျနော်တို့ လုပ်နေကျ IC Unplugged ပုံစုံမျိုး အဖွဲ့လိုက် လုပ်ထားတာပါ။ စီးရီးခွေ အနေနဲ့ သွားမှာပါ။ ရာစုသစ် တို့လို ပုံစံမျိုးပါ။ သီချင်းခေါင်းစဉ် မပြီးသေးပါဘူး လုပ်တုန်းပဲ။ တေးရေးအသစ် များတယ်။ ဒီလို Group ခွေ ထွက်လာ ရင်လည်း ပရိသတ် ကြိုက်နှစ်သက်ဦးမှာပါ” လို့ ဆိုပါတယ်။ အဆိုတော်မျိုးကြီးက လက်ရှိမှာ ဂီတအဆိုပိုင်းအပြင် Oppo စမတ်ဖုန်းရဲ့ Brand Ambassador အဖြစ်လည်း ခန့်အပ်ခြင်း ခံထားရသူ တဦး ဖြစ်ပါတယ်။ The post အွန်လိုင်း TV လုပ်ငန်းကို လေးဖြူနဲ့ အတူ လုပ်နေတဲ့ အဆိုတော် မျိုးကြီး appeared first on ဧရာဝတီ.
Source : https://ift.tt/2H83uKe
via IFTTT
Source : https://ift.tt/2H83uKe
via IFTTT
“ဒီပွဲက ရင်ခုန်စရာ ကောင်းတဲ့ပွဲ ဖြစ်လာမှာပါ” ONE Championship ပြိုင်ပွဲတွေရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဖ်ဟဲဗီးဝိတ်တန်းတို့မှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရယူ ထားနိုင် တဲ့ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန်ဟာ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ကာကွယ် ပွဲ အဖြစ် ဂျပန်နိုင်ငံသား Ken Hasegawa နဲ့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ရုံကြီးထဲမှာ ယှဉ်ပြိုင် ထိုးသတ် တော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး သူရဲ့ ပြင်ဆင်လေ့ကျင့်မှု အခြေအနေတွေကို အောင်လအန်ဆန် အနေနဲ့ ယနေ့ မနက်ပိုင်းက အွန်လိုင်း (Skype)က တဆင့် သတင်းဌာန wချို့နဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ Skype တဆင့်တွေ့ဆုံရာမှာ ဧရာဝတီက ပေးပို့ထားတဲ့ မေးခွန်းတချို့နဲ့ သတင်းဌာနအချို့ရဲ့ မေးမြန်မှုတွေထဲ က အောင်လအန်ဆန်ရဲ့ ပြောဆိုဖြေကြားမှုတွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ မေး။ ။ ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ စီစဉ်ဖြစ်ခဲ့ပုံနဲ့ ပွဲအပေါ် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေပါသလဲ။ ဖြေ။ ။ ဘရာဇီးက လီယမ်ဒရို (Leandro Ataides) နဲ့ ဘစ်ဒစ်(Vitaly Bigdsah) တို့ကစားတဲ့ပွဲက နိုင်တဲ့သူနဲ့ ကစားဖို့ ပထမက စီစဉ်ထားတာ၊ အနိုင်ရတဲ့ လီယမ်ဒရိုက ပွဲပြီးတော့ ကျနော်နဲ့ ကစားဖိုု့ အချိန် လိုအပ်သေးတယ်လို့ ပြော တယ်၊ အဲ့ဒါကြောင့် ဂျပန် ကစားသမားနဲ့ ကစားဖို့ဖြစ်လာတာပါ၊ လာမယ့် ဇွန် ၂၉ ရက်နေ့ပွဲ အတွက် ပြင်ဆင်နေတာ က ၆ ပတ်လောက် ရှိနေပါပြီ၊ တရက်မှာ နှစ်ကြိမ် လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။ မေး။ ။ ယှဉ်ပြိုင်ရမယ့် ဂျပန်ကစားသမား ကန်(Ken Hasegawa) အကြောင်း ဘယ်လောက်သိထားလဲ။ ဖြေ။ ။ သူကခံနိုင်ရည်အများကြီးရှိတယ်၊ သူများထိုးတဲ့ဒဏ်ကို အများကြီးခံနိုင်တယ်၊ သူက ဂျူဒို ခါးပတ်နက်ဆိုတော့ ကောင်းမွန်တဲ့ နည်းစနစ်တွေရှိတယ်၊ ဂျပန်က နံပါတ်ဝမ်းဆိုသူနဲ့ ကစားရမှာပါ၊ သူက အထင်သေး လို့မရဘူး။ ဂျပန်က မစ်ဒယ်ဝိတ် ဖိုက်တာ အားလုံးမှာ သူကနံပါတ်ဝမ်း၊ ဂျပန်ဖိုက်တာတွေက အထိုးအရမ်းခံနိုင်တယ်၊ ကျနော်ကလည်း ဂျပန်က ဖိုက်တာတွေနဲ့ တခါမှမထိုးဘူးတော့ ဒီပွဲက ရင်ခုန်စရာ ကောင်းတဲ့ ပွဲ ဖြစ်လာမှာပါ။ ကျနော်က အကောင်းဆုံး လူတွေနဲ့ ကစားချင်တယ်၊ ဝေဖန်တဲ့သူတွေကတော့ ရှိမှာ ပဲ။ ကျနော့်စိတ်မှာတော့ အဲ့ဒီလိုတွေကို သိပ်ဂရု မစိုက်ပါ ဘူး။ မေး။ ။ ယခင်က လီယမ်ဒရိုနဲ့ ယှဉ်ပြိုင်ရမယ်လို့ ကြေညာပြီးမှ ကန်နဲ့ ပြောင်းလဲ ယှဉ်ပြိုင်ရမယ်ဆိုတော့ လေ့ကျင့်မှုမှာ ကွာခြားမှုတွေ ရှိသွားလား။ ဖြေ။ ။ အပြောင်းအလဲကတော့ ဘာမှသိပ်မရှိပါဘူး၊ ကျနော့်ရဲ့ အားသာချက်ကိုပဲ ဆက်ပြီးကောင်းအောင် လုပ်နေ တယ်၊ အားနည်းချက်တွေကိုလည်း ကောင်းမွန်လာအောင်၊ အားသာချက်ဖြစ်လာအောင် ကြိုးစားနေပါ တယ်။ အပြောင်း အလဲကတော့ အများကြီးမရှိပါဘူး။ နည်းစနစ်လေးပဲ နည်းနည်း ပြောင်းသွားတာပါ။ မေး။ ။ လီယမ်ဒရိုနဲ့ ပွဲကရော ဘယ်တော့လောက် ပြန်ဖြစ်လာမလဲ။ ဖြေ။ ။ လီယမ်ဒရိုနဲ့ ပွဲက စက်တင်ဘာလောက် ဖြစ်မယ်ထင်တယ်။ အခု ယှဉ်ပြိုင်ရမယ့် ကန် က တော်တော် ကျွမ်းကျင်တဲ့ ကစားသမားဖြစ်တယ်၊ အထင်သေးလို့မရဘူး၊ လောလောဆယ် ကျနော့်ရဲ့ အာရုံစူးစိုက်မှုက သူနဲ့ ယှဉ်ပြိုင်မယ့် ပွဲကိုပဲ အာရုံထားထားတယ်။ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဖ် ဟဲဗီးဝိတ်တန်း တို့မှာ ကမ္ဘာ့ ချန်ပီယံဘွဲ့ကို ရယူထားနိုင် တဲ့ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန် /ဧရာဝတီ မေး။ ။ ကန်က ဝမ်းချန်ပီယံရှစ် (ONE Championship) ပြိုင်ပွဲ မှာ တခါမှမထိုုးဘူးတော့ ကိုအောင်လ အတွက် အားသာချက် ဖြစ်စေမလား။ ဖြေ။ ။ သူက တခြားကြီးတဲ့ ပြိုင်ပွဲတွေမှာ ထိုးဖူးပါတယ်၊ အားသာချက်လို့တော့ ယူလို့မရပါဘူး၊ သူက ပွဲတွေ အများ ကြီး ထိုးထားပြီး အတွေ့အကြုံတွေလည်း များတဲ့သူဖြစ်လို့ သူ့ကိုအထင်သေးလို့မရပါဘူး။ သူ့ခြေဖဝါးက အရမ်း ကောင်း တယ်၊ သူရဲ့ ချုပ်ကိုင်မှုတွေက တော်တော်အားသာတယ်၊ ကျနော်ကတော့ သူ့ရဲ့ အားသာချက် တွေကို ကောင်းကောင်း အသုံးချလို့မရအောင် ကစားနည်းစနစ်တွေ ဆွဲထားပါတယ်။ မေး။ ။ ဒီပွဲက ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်လို့ ဖိအား ခံစားရတာမျိုး ရှိလား။ ဖြေ။ ။ ကျနော်က စိတ်လှုပ်ရှားမှုတွေ ရှိနေတာ မှန်ပါတယ်၊ ဒါပေမယ့် ဖိအားတော့ မခံစားရပါဘူး၊ ကျနော့်ရဲ့ အိပ်မက် က ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ပါ၊ အခုအိပ်မက်တွေက တကယ်ရလာပြီဆိုတော့ ပိုအားရှိတာပေါ့၊ ကမ္ဘာ့ချန်ပီယံ အဖြစ် ဆက် လက် ရပ်တည်နိုင်အောင် အမြဲကြိုးစား နေပါတယ်။ မေး။ ။ အရင်ပွဲတချို့မှာ ပွဲသိမ်းစောခဲ့တော့ ပရိသတ်က အားမရဖြစ်ခဲ့တယ်၊ ဒီပွဲကော ဘယ်လို အခြေအနေ ရှိမလဲ။ ဖြေ။ ။ သူက ဂျပန် ဖိုုက်တာဖြစ်တဲ့ အတွက် ခံနိုင်ရည် အရမ်းကောင်းတယ်၊ ဒီပွဲက နည်းနည်းရှည်မယ်လို့ ယုံကြည် ပါ တယ်။ လာကြည့်တဲ့ ပရိသတ်တွေ အကြိုက်တွေ့အောင်လို့ ကျနော် အကောင်းဆုံး ကစားပေးမယ်၊ သူပေးလာမယ့် အခွင့် အရေးကို အရယူမယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားထားတယ်၊ ဘယ်နှချီနဲ့ ပြီးမလဲတော့ မသိဘူး။ မေး။ ။ မြန်မာ ပရိသတ်တွေက ပွဲသိမ်းမြန်တဲ့ ပွဲစဉ်တွေကို လုပ်ပွဲလို့ ထင်ကြတယ်၊ အစ်ကို ဘာပြောချင်သလဲ။ ဖြေ။ ။ အဲ့ဒါကတော့ ပြိုင်ပွဲအပေါ် သိပ်ပြီးတော့ ရင်းနှီးကျွမ်းဝင်မှု မရှိကြလို့ လုပ်ပွဲလို့ ထင်ကြတာနေမှာပါ၊ ဘာလို့လဲ ဆိုတော့ ကျနော် ကစားခဲ့တဲ့ ပွဲတွေမှာ ဘရာဇီးက ကစားသမားဆိုလည်း နှစ်ပေါင်း ၂၀ လောက် ဂျူဒို၊ ကရာတေး စတဲ့ ကိုယ်ခံပညာရပ် ပြိုင်ပွဲ (Martial Arts) မှာ ကစားနေတာပါ၊ အရမ်း သဘာရင့်တဲ့သူပါ၊ သူ့ရဲ့ ဂျူဂျစ်ဆုက အရမ်း ကောင်းတယ်။ အဲ့ဒီလိုလူတွေနဲ့ ဘယ်လိုဖြစ်ပြီး လုပ်ပွဲလို့ စဉ်းစားလိုက်လဲ မသိဘူး။ သူက ကျနော့်ကို ဖမ်းချုပ် ထားလိုက်ရင်လည်း လွတ်ဖို့ အတော်ခက်တယ်၊ သူ့ရဲ့ နည်းစနစ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့ရင် ကျနော့် အတွက် အရမ်းခက်ခဲတဲ့ ပွဲဖြစ်ခဲ့ မှာပါ။ အဲ့ဒီလိုပဲ အလိန်း (Alain Ngalani)နဲ့ ကစားတဲ့အခါမှာလည်း သူက ကစ်ဘောက်ဆင် ကစားတာ နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ အကယ်၍ ထိသွားရင် အလဲထိုးဖြစ်သွားမှာ၊ အဲ့ဒီအတွက် သူ့ကို လုပ်လို့မရအောင်ဆိုပြီး နီးနီးကပ်ကပ်နဲ့ ကစားခဲ့ရတာ၊ ကျနော့်ရဲ့ နည်းစနစ်က ကောင်းခဲ့ပြီး အသုံးချနိုင်ခဲ့လို့ အဲ့ဒီပွဲတွေက မြန်မြန်ပြီးသွားတာပါ။ MMA မှာက ပညာသား အများကြီးပါတယ်၊ သိပ်မကြည့်တတ်သေးလို့ ဖြစ်မှာပါ၊ ကျနော် ပြောနိုင်တာကတော့ ဒါတွေ က လုပ်ပွဲတွေမဟုတ်ဘူး၊ ဒါကို မယုံကြည်တဲ့ သူတွေလည်း ရှိနိုင်မှာပါ။ ကျနော်တော့ မပြောတတ်ဘူး။ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဖ် ဟဲဗီးဝိတ်တန်း တို့မှာ ကမ္ဘာ့ ချန်ပီယံဘွဲ့ကို ရယူထားနိုင် တဲ့ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန် / ဧရာဝတီ မေး။ ။ ပြိုင်ဘက်ဖြစ်တဲ့ ကန် ကို ဘာပြောချင်သေးလဲ။ ဖြေ။ ။ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါ၊ ကျနော်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်၊ အကောင်းဆုံး ပွဲစဉ်တခု အဖြစ် ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။ မေး။ ။ လာမယ့်ပြိုင်ပွဲကို မိသားစုတွေ လာကြည့်ဖို့ ရှိသလား။ ဖြေ။ ။ ကျနော့်ရဲ့ အမျိုးသမီးနဲ့သားက လာမှာ မဟုတ်ပါဘူး၊ ဒီဟာက ကျနော့်ရဲ့ အလုပ်ပါ၊ ကျနော့်ရဲ့ အလုပ် အကိုင် နဲ့ ပတ်သက်လို့ မိသားစုနဲ့ သိပ်ပြီးတော့ မသက်ဆိုင်ခိုင်း စေချင်ပါဘူး၊ ကျနော် ကစားတဲ့ပွဲတွေကိုတော့ သူတို့တွေ အင်တာနက် (Online) ကနေ ကြည့်ဖြစ်ကြပါတယ်၊ သူတို့က အရာရာတိုင်း ကျနော့်အပေါ် ပံ့ပိုးမှု တွေပေး ပါတယ်။ မေး။ ။ ဒီပွဲပြီးရင် ဒီနှစ်ထဲ ဘယ်လို အစီအစဉ်တွေ ရှိသေးလဲ။ ဖြေ။ ။ ဒီနှစ်ထဲ အနည်းဆုံးတော့ နောက်ထပ်တပွဲ ကစားဦးမယ်။ ဒီနှစ်ကုန် အစီအစဉ်လေးတခု လုပ်ချင်တယ်၊ နယ်ဘက် က လူငယ်တွေ၊ မြန်မာပြည်က လူငယ်တွေကို ကျောင်းတက်ပြီးတော့ အားကစားပိုင်းကိုလည်း လုပ်ဖြစ် လာအောင်၊ MMA အားကစားသမားတွေလည်း ပေါ်ထွက်လာအောင် လုပ်ချင်ပါတယ်။ အဲ့ဒီ စီမံကိန်း ဒီနှစ်ထဲ ကျနော် နောက်ဆုံးပွဲ ကစားပြီးတဲ့အချိန်မှာ စလုပ်ဖို့ရှိမယ်၊ လောလောဆယ်တော့ အစီအစဉ်တွေပဲ ရှိသေးတယ်၊ ဒီအတွက် အကောင်းမွန်ဆုံး လုပ်မယ်ဆိုတဲ့ စီမံကိန်းလည်း ရှိပါတယ်။ မေး။ ။ ပြိုင်ပွဲအတွက် ရန်ကုန်ကို ဘယ်တော့လောက် ရောက်လာမှာလဲ။ ဖြေ။ ။ ဇွန် ၂၂ ရက်မှာ ထွက်လာမယ်၊ ဇွန် ၂၄ ရက်နေ့ မနက်မှာ ရန်ကုန် ရောက်လာပါမယ်။ မေး။ ။ အစ်ကို့ရဲ့ ပရိသတ်အတွက် ဘာများ ပြောချင်ပါသေးလဲ။ ဖြေ။ ။ အခုကျနော် အရမ်းကြိုးစားနေတယ်၊ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်၊ အားလုံးရဲ့ အားပေးမှု တွေကြောင့် အရမ်းအားရှိရပါတယ်၊ အားလုံးပျော်ရွှင်နိုင်အောင် ကြိုးစားသွားမှာပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ။ The post “ဒီပွဲက ရင်ခုန်စရာ ကောင်းတဲ့ပွဲ ဖြစ်လာမှာပါ” appeared first on ဧရာဝတီ.
Source : https://ift.tt/2L8PEtz
via IFTTT
Source : https://ift.tt/2L8PEtz
via IFTTT
“ဖောက်ပြန်တယ်ဆိုတာ တဖက်သတ်အထင်ပါ”လို့ ပြောတဲ့ ညီညီမောင်ရဲ့ ချစ်သူဟောင်း Zippy အခု လတ်တလော Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) အချစ်ရေးနဲ့ ပတ်သတ်ပြီး ချစ်သူ Zippy က ဖောက်ပြန်တယ်ဆိုတာ သူ့ရဲ့ တဖက်သတ် အထင်ပါလို့ ဧရာဝတီကို ပြောပါတယ်။ ညီညီမောင်(စမ်းချောင်း)က သူ့ရဲ့ ချစ်သူက ဖောက်ပြန်တဲ့အတွက် ဆက်ပြီး လက်တွဲဖို့ မဖြစ်နိုင်တော့ကြောင်း ကြေညာ အပြီးမှာ ချစ်သူဖြစ်ခဲ့သူ Zippy အပေါ် အများရဲ့ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ချစ်သူ Zippy က အခုလို ဆိုပါတယ်။ “ဖောက်ပြန်တယ်ဆိုတာက သူ့ရဲ့ တဖက်သက် အထင်ပေါ့နော်။ ကျနော်ကတော့ ဖောက်ပြန်တာတွေ ဘာတွေ ဘာမှ မရှိဘူး။ ကျနော် ဒီဇိုင်နာ အလုပ်ကိုပဲ အကောင်းဆုံး ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ ကျနော့်ကို သူက ဖောက်ပြန်တယ်လို့ ထင်တာ သူ့အနီးနားမှာ ရှိတဲ့သူတွေ သူကျွေးထားတဲ့သူတွေက ပြောတဲ့စကားကို သူ့ဟာသူ ယုံပြီးတော့ ဖောက်ပြန်တယ်လို့ စွပ်စွဲတာ ပေါ့နော်။ကျနော့်အနေနဲ့ မဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှလည်း ရှင်းပြနေစရာ မလိုဘူး။ ကိုယ့်ဟာကိုယ်ပဲ အလုပ်ကို အေးအေးဆေးဆေး အလုပ်ကိုပဲ အကောင်းဆုံး လုပ်နေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။ ညီညီမောင်(စမ်းချောင်း)က ချစ်သူနဲ့ပြတ်စဲပြီ ဖြစ်ကြောင်း အင်တာဗျူးများမှာ ဖြေဆိုနေတဲ့အပေါ်ကိုလည်း အခုလို ဆိုပါတယ်။ “သူလည်း အင်တာဗျူးတွေမှာ ဖြေထားတယ် ပြတ်သွားပြီဆိုတော့ ကျနော်ဘက်ကလည်း ပြတ်သွားပါပြီ။ အခုတော့ သင်တန်းမှာ အကောင်းဆုံး သင်ကြားပေးနေပြီး အင်္ကျီတွေပဲ ချုပ်နေပါတယ်။ ကျနော်အခု လက်ရှိ ကျန်းမာရေး အခြေအနေက ကောင်းနေပါတယ်။ သူ့ကို ကျနော်ကသာ စိတ်ပူနေတာပါ”လို့ ညီညီမောင်(စမ်းချောင်း)ရဲ့ ချစ်သူဟောင်း Zippy က ပြောပါတယ်။ ပရိသတ်တွေက “သုသု” လို့ ချစ်စနိုး ခေါ်ကြတဲ့ ညီညီမောင်ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ မိတ်ကပ် ပညာရှင်တဦး ဖြစ်ပြီး သူ့ရဲ့ ချစ်သူဟောင်း စိုးရာဇာ(Zippy)ကတော့ ဖက်ရှင်ဒီဇိုင်နာ တဦးအနေနဲ့ ရပ်တည်နေသူတဦး ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ရေးကို လူသိထင်ရှား ဖော်ပြခဲ့ပေမယ့် အခုချိန်မှာတော့ ပြတ်စဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆက်စပ် ဖတ်ရှုရန် – “ချစ်သူရဲ့ ဖောက်ပြန်တဲ့ ဒဏ်ကို မခံနိုင်လို့ လမ်းခွဲလိုက်ပြီ” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) The post “ဖောက်ပြန်တယ်ဆိုတာ တဖက်သတ်အထင်ပါ”လို့ ပြောတဲ့ ညီညီမောင်ရဲ့ ချစ်သူဟောင်း Zippy appeared first on ဧရာဝတီ.
Source : https://ift.tt/2JjGm0s
via IFTTT
Source : https://ift.tt/2JjGm0s
via IFTTT
Wednesday, May 30, 2018
NLD အစိုးရ ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ဘဏ္ဍာ “ကိုယ်ပိုင်ငွေ” လိုသုံးခဲ့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် ၎င်းအာဏာရရှိခဲ့သည့် အလွန်တိုတောင်းလှသည့် ၂ နှစ်တာ ကာလ အတွင်း များပြားလှသည့် ပြည်သူ့ဘဏ္ဍာငွေများကို ကိုယ်ပိုင်ငွေလို သုံးစွဲခဲ့ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ ယနေ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ လူငယ် ညီလာခံ အဖွင့် မိန့်ခွန်းတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ၎င်း၏ ပါတီကိုမူ သမိုင်းကြောင်းနှင့်ချီ၍ ပုံဖျက်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။ “မိမိတို့ ပါတီကို သမိုင်းကြောင်းနဲ့ချီ ပုံဖျက်ထားပေးမယ့် အလွန်တိုတောင်းတဲ့ ၂ နှစ်တာ ကာလအတွင်းမှာပဲ များပြားလှတဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ငွေလို သုံးခဲ့တာ”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်၏ ပကတိအခြေအနေမှာ တောင်သူ၊ လက်လုပ်၊ လခစားမှစ၍ လုပ်ငန်းရှင်ကြီးများအထိ အဆင်မပြေမှုများ၊ ကြပ်တည်းမှုများနှင့် နေ့စဉ်ရင်ဆိုင်နေရပြီး မရေရာသည့် အနာဂတ်ကို စောင့်မျှော်နေရသလို ဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။ ၎င်းက “ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေကို ပိတ်ပင်ခဲ့တာတွေ၊ နာမည်ဆိုးတဲ့ ကျော်ကြားမှုတွေဟာ လက်ရှိ တာဝန်ရှိသူများ အသိုင်းအဝိုင်းထဲမှာ ဖုံးထားလို့ မရအောင် ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။ နာမည်ဆိုးနှင့် ကျော်ကြားသူဟု ပြောခြင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက်သွားရသည့် ကိစ္စ၊ လူမှုရေး ကိစ္စဖြင့် နုတ်ထွက်သွားရသည့် မကွေးတိုင်းဝန်ကြီးဟောင်း ဦးနေမျိုးကျော်၊ ရခိုင်ပြည်နယ်တွင်လည်း လွှတ်တော်အမတ်များ၏ ကန့်ကွက်မှုတချို့ ကြောင့် နုတ်ထွက်သွားရသည့် ဝန်ကြီ ဦးမင်းအောင်တို့ကို ဆိုလိုခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာ လှမြင့်က ပြောသည်။ “ဒီနေ့ဆိုလည်း မွန်ပြည်နယ် ဝန်ကြီးတပါး ထွက်ပြန်ပြီလေ။ ငွေကြေး ကိစ္စနဲ့ပဲ အတိုင်ခံရတာ။ အရင်တုန်းကလည်း ပြည်ခိုင်ဖြိုးကို ဒီလို တွေ စွပ်စွဲခဲ့တာပဲ။ တကယ်တော့ ဒါတွေက လူပုဂ္ဂိုလ်နဲ့ပဲ ဆိုင်တာ။ အစိုးရ ဖြစ်လာရင် ဖြစ်တတ်ကြတယ်လေ။ ငါတို့ အစိုးရ လုံးဝ မခိုးဘူးတို့။ ငါတို့ကိုယ်စားလှယ်က လုံးဝ အရည်အချင်းရှိသူတွေဆိုပြီး လက်တွေ့ကျတော့ ကြည့်လေ။ ပြည်ခိုင်ဖြိုးကိုကျတော့ ခိုးတယ်။ အရည်အချင်း မရှိဘူးဆိုပြီး ပုံဖျက်ခဲ့တာလေ”ဟု ၎င်းက ပြောသည်။ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ထောက်ပြပြောဆိုချက်များသည့် အချက်အလက် မပါကြောင်း၊ အစိုးရကို ထောက်ပြလိုပါက အ ချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ပြောဆိုတတ်ရန် လိုကြောင်း၊ NLD အစိုးရသည် မည်သည့်ကိစ္စကိုမျှ ဖုံးကွယ်မထားဘဲ အပြစ်ရှိသူများ ကိုလည်း ထုတ်ပစ်ခြင်း၊ အနားပေးခြင်းများ လုပ်ဆောင်နေကြောင်း NLD ပါတီမှ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။ မုံရွာ အောင်ရှင်က “ဦးသန်းဌေးကတော့ ဒီလိုပဲ လိုက်ပြောနေတာပဲ။ ဒီလို လိုက်ပြောနေတာတွေက သူ့အတွက်တင် မကဘူး။ သူ့ပါတီ အတွက်ပါ ကျဆုံးမှုပဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီလို လက်လွှတ်စပယ် ဘယ်တော့မှ မပြောပါဘူး။ အချက်အလက်နဲ့ပဲ ပြောတယ်။ အချက်အလက်မပါဘဲ မပြောဘူး”ဟု ပြောသည်။ ၎င်းက ဆက်၍ “ကျနေ်ာတို့ခေါင်းဆောင်ကလည်း အမှားမခံဘူး။ ပြည်သူလူထုအတွက် မဟုတ်တာလုပ်ပြီးဆိုရင်တော့ သူကိုယ်တိုင် ခေါ်ပြီးတော့ သတိပေးတာ။ အပြစ်ပေးတာ လုပ်တယ်။ ကျနော်တို့ အခုလုပ်နေတာ အကင်းတောင် မရှိသေးဘူး။ သူတို့ကမှ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ဘယ်လောက်ထိ လုပ်ခဲ့လဲဆိုတာ လူတွေက အားလုံးသိနေတာပဲ”ဟု ဆိုသည်။ ထို့ပြင် ကြံ့ခိုင်ရေး အစိုးရလက်ထက်က သုံးစွဲခဲ့သည့် ငွေကြေးကိစ္စများနှင့် ပတ်သက်၍ လွဲချော်မှုများကို အမျိုးသား ပြန်လည် သင့်မြတ်ရေး မူအရ အရေးမယူခဲ့ခြင်းကိုလည်း သတိရစေလိုကြောင်း NLD ခေါင်းဆောင်များက ပြောသည်။ ယခုအခါ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည် မကြာမီ ကျင်းပတော့မည် ကြားဖြတ်ရွေးကောက်ပွဲကိုပါ ဝင်ရောက်ရန် သင့်၊ မသင့် စဉ်းစားနေပြီး ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးဦးမည်ဟု ပြောဆိုနေချိန်တွင် NLD ပါတီကမူ ကြားဖြတ်ရွေးကောက်ပွဲကို နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုထားပြီး ဖြစ်သည်။ The post NLD အစိုးရ ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ဘဏ္ဍာ “ကိုယ်ပိုင်ငွေ” လိုသုံးခဲ့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန် appeared first on ဧရာဝတီ.
Source : https://ift.tt/2J1LV0n
via IFTTT
Source : https://ift.tt/2J1LV0n
via IFTTT
ကလေးစစ်သား အသုံးပြုမှု အဆုံးမသတ်နိုင်သေးဟု ကုလသမဂ္ဂပြော ကလေးစစ်သား အသုံးပြုခြင်းနှင့် အသက်မပြည့်သူများကို တပ်သားသစ် စုဆောင်းမှု မြင့်တက်လာခြင်း အဆုံးသတ်စေရန် ကတိကဝတ်ကို မြန်မာနိုင်ငံက ဖြည့်စွမ်းနိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိ တဦးက မေလ ၂၉ ရက်နေ့တွင် ပြောကြားသည်။ ဆယ်စုနှစ်များစွာ နယ်စပ်ဒေသများတွင် ပဋိက္ခများစွာ ဖြစ်ပွားခဲ့ရာ စစ်မြေပြင်၌ အသက် မပြည့်သေးသူများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်မှုထမ်းစေခဲ့ကြသည်။ စစ်ဘက် အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီး နောက်တနှစ်အကြာ ၂၀၁၂ ခုနှစ်တွင် တပ်မတော်က ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်စေရေး ကတိပြုခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အသက် မပြည့်သေးသည့် တပ်သားများကို ရာနှင့်ချီ၍ ပြန်လွှတ်ပေးခဲ့သည်။ အာဏာပိုင်များနှင့် ပွင့်ပွင့်လင်းလင်းနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ရှိနေလင့်ကစား တပ်မတော်ဘက်မှ ကလေးစစ်သားများ ပြန်လည် စေလွှတ်ခြင်းကိစ္စအပေါ် သိသာထင်ရှားသည့် အထောက်အထား အချိန်မီ ချပြခဲ့ခြင်း မရှိကြောင်း ကုလသမဂ္ဂ ကလေးများနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် ဗာဂျီးနီးယားဂမ်ဘာက ပြောသည်။ “ကျမတို့က သတင်းအချက်အလက်အတွက် မေးလိုက်တဲ့အချိန်မှာ၊ နေရာတွေ မှန်ကန်ကြောင်း အတည်ပြုချက် တောင်းခံတဲ့အခါမှာ၊ ထိန်းသိမ်းထားတဲ့ကလေးတွေအကြောင်း မေးတဲ့အခါမှာ အင်မတန်မှ နှေးကွေး လွန်းပါတယ်။ သူတို့ဆီက အဖြေတွေက ပြန်လာတာ သိပ်နှေးပါတယ်။ တခါတလေ လနဲ့ချီပြီး နှစ်ပေါက်အောင်တောင် ကြာတတ်ပါတယ်” ဟု ၎င်း၏ ခရီးစဉ်အဆုံးသတ်ချိန် ရန်ကုန်တွင် သတင်းထောက်များနှင့် တွေ့ရာ၌ သူက ဆိုသည်။ တပ်မတော်နှင့် တိုက်ခိုက်မှုဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့တချို့တွင်လည်း အသက်မပြည့်သေးသည့် ကလေးများကို တပ်သားသစ် စုဆောင်းမှု တိုးပွားလျက်ရှိခြင်းအပေါ် ကုလသမဂ္ဂ အနေဖြင့် စိုးရိမ်မိကြောင်း ဂမ်ဘာက ဖြည့်စွက်ပြောသည်။ ၂၀၁၂ ခုနှစ်တွင် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ကလေးများကို အသုံးပြုမှုနှင့် တပ်သားသစ် စုဆောင်းမှု အဆုံးသတ်ရေး ပူးတွဲလုပ်ငန်း စီမံချက်တရပ်ကို မြန်မာတပ်မတော်နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းလုပ်ငန်း စီမံချက်၏ တခြားရှုထောင့်များမှာလည်း အပြည့်အ၀ အကောင်အထည်ပေါ်ခြင်း မရှိသေးသည့် အတွက် အရှိန်အဟုန် မြှင့်တင်ရမည်ဟု ဂမ်ဘာက ပြောသည်။ “အတိုင်းအတာ အတော်များများကတော့ သူ့နေရာနဲ့သူ ဆောင်ရွက်ပြီးပါပြီ။ ဒါပေမယ့် ဒီပူးတွဲလုပ်ငန်း စီမံချက်ကို ပြည့်မီဖို့ ကျမတို့ အဆောတလျင် လိုအပ်ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်။ ကလေးစစ်သားများ ပပျောက်ရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိသည့်အတွက် လူ့အခွင့်အရေး လှုပ်ရှားသူ များကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လျက်ရှိသည်။ “လက်နက်နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ တပ်မတော်က ကလေးသူငယ်တွေကို ကာကွယ်ဖို့ လုံး၀ ပျက်ကွက်နေတဲ့ အတွက် မြန်မာနိုင်ငံဟာ စောင့်ကြည့်စာရင်းထဲမှာ ရှိပါတယ်” ဟု Fortify Rights ဒေသတွင်း စောင့်ကြည့်ရေးအဖွဲ့မှ ဒေးဗစ်ဘက်ခ်က ပြောသည်။ မြန်မာ့တပ်မတော်သာမက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း တပ်သားသစ်အဖြစ် စုဆောင်းသော ကလေးများမှာ ရှမ်းပြည်နယ်မှ အများအပြားဖြစ်သည်။ စစ်သားသစ် စုဆောင်းမှုကြောင့် တိုင်းပြည်တွင်းနှင့် ပြည်ပသို့ ထွက်ပြေးခိုလှုံနေကြသော ကလေးများ ရှိနေသည်။ အချို့မှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် အလုပ်ရှာဖွေ လုပ်ကိုင်နေကြပြီး လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် မြင်တွေ့နိုင်သည်။ ကိုးကား။ ။ AFP နှင့် AP The post ကလေးစစ်သား အသုံးပြုမှု အဆုံးမသတ်နိုင်သေးဟု ကုလသမဂ္ဂပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2LJTudF
via IFTTT
Source : https://ift.tt/2LJTudF
via IFTTT
ရွှေမှုန်ရတီ၊ နေခြည်ဦး” တို့နဲ့ ရုပ်ရှင်ကားကြီး ရိုက်မယ့် ရွှေထူး လူငယ် ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ရွှေထူးက မကြာခင်မှာ ခေါင်းဆောင်မင်းသား အနေနဲ့ ရုပ်ရှင်ကားကြီးတကား ရိုက်ကူးတော့မယ်လို့ ပြောပါတယ်။ “လတ်တလော အနုပညာလှုပ်ရှားမှုက နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ၆ လပိုင်း ၃ ရက်နေ့မှာ ကျနော်ရယ်၊ ရွှေမှုန်ရတီရယ်၊ နေခြည်ဦးရယ် ကိုဖြိုးငွေစိုးရယ် ပါဝင်တဲ့ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ကားတကား ရိုက်ပါမယ်။ ဒါရိုက်တာကတော့ ဦးညွန့်မြန်မာညီညီအောင်ပါ။ ကာရိုက်တာက ပွေတဲ့ ကောင်လေးတယောက် နေရာက သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားအတွက် ကျနော်အဓိက အဝတ်အစားပိုင်းရယ်၊ မိတ်ကပ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းတွေကို ပြင်ဆင်ထားပါတယ်” လို့ အဆိုတော် ရွှေထူးက ဆိုပါတယ်။ အဆိုတော် ရွှေထူးက အရှေ့မှာလည်း သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အလှမယ် မိုးစက်ဝိုင်တို့နဲ့အတူ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင် ဇတ်ကားကြီးနဲ့ ပရိသတ်အားပေးမှု ရရှိသူတဦး ဖြစ်ပါတယ်။ “ပက်ပက်စက်စက်ညှို့” ဇာတ်ကားတုန်းကတော သရုပ်ဆောင်မှာ ပရိသတ်တွေက အသစ်တယောက်အနေနဲ့ ပထမဆုံးကားမို့ နားလည်ပေးလို့ ရပေမယ့် ဒုတိယကားမှာတော့ ပရိသတ်တွေကိုနားလည်ပေးခိုင်းဖို့ အားနာတဲ့အတွက် ကျနော်အများကြီး ကြိုးစားသွားမှာပါ” “အနုပညာအလုပ်က ကျနော်ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် ဘာစိတ်ညစ်စရာပဲရှိရှိ ဘာစိတ်ရှုပ်စရာပဲရှိရှိ ကျနော်ကတော့ အနုပညာတွေကို အားတင်းပြီး လုပ်သွားမှာပါ။ ရွှေမှုန်ရတီတို့ နေခြည်ဦးတို့နဲ့တော့ မရိုက်ဖူးပါဘူး။ တွေ့တော့ တွေ့ဖူးပါတယ်။ အရမ်းကို သဘောကောင်းကြပါတယ်” လို့ ရွှေထူးက ဆိုပါတယ်။ အဆိုတော် ရွှေထူးက မကြာသေးခင်ကမှ ချစ်သူနဲ့ ပြတ်သွားခဲ့ပြီး ရွှေထူးရဲ့ အချစ်ရေးကိုလည်း ပရိသတ်များက စိတ်ဝင်စားလျက် ရှိပါတယ်။ The post ရွှေမှုန်ရတီ၊ နေခြည်ဦး” တို့နဲ့ ရုပ်ရှင်ကားကြီး ရိုက်မယ့် ရွှေထူး appeared first on ဧရာဝတီ.
Source : https://ift.tt/2JhKa2p
via IFTTT
Source : https://ift.tt/2JhKa2p
via IFTTT
ခြေထောက်ထိ ဆံပင်ရှည်ထားဖို့ စီစဉ်ထားတဲ့ Justin Bieber ကမ္ဘာကျော် လူငယ်အဆိုတော် Justin Bieber ဟာ နောက်အနာဂတ်မှာ ဆံပင်ညှပ်ဖို့ ပိုက်ဆံ အကုန်ခံတော့မှာ မဟုတ်ဘဲ သူ့ဆံပင်ကို ခြေထောက်အထိ အရှည်ထားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာကျော် Popstar တယောက်ဖြစ်တဲ့ Bieber က ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ သူ့နားရွက် နားအထိ ရှည်နေပြီဖြစ်တဲ့ လက်ရှိဆံပင်ကို ရိုက်ပြထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ သူက “ကျနော့်ဆံပင်ကို ကျနော့်ခြေချောင်းတွေအထိ အရှည်ထား တော့မယ်” လို့ ပုံစာကိုလည်း ရေးသားခဲ့ပါတယ်။ အခုလိုမျိုး ဆံပင်အရှည်ရဖို့ သူဟာ အချိန်တချို့ယူခဲ့ရပြီး ဆက်ပြီးတော့လည်း သူစီစဉ်ထားတဲ့အတိုင်း ဆံပင်အရှည်ရဖို့ နှစ်အနည်းငယ် ဆက်လက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ်၊ အဆိုတော် Bieber က မျက်နှာပေါ်မှာရှိတဲ့ ပါးသိုင်းမွှေးကို သဘောကျနေကြောင်း ပြသခဲ့ပါတယ်။ သူဟာ အခြား Selfie ဗီဒီယိုတခုမှာ ပါးသိုင်းမွှေး ခပ်ရေးရေးကို ခဲတံပုံစံ စတစ်ကာနဲ့ ပြသခဲ့ပါတယ်။ Biber က “ဆံပင်အရှည်ကိုတော့ ဂရုစိုက်စရာမလိုပါဘူး။ ကျနော့် ပါးသိုင်းမွှေးက ကျက်သရေရှိ တယ်” လို့ ရေးသားခဲ့ပါတယ်။ Bieber ရဲ့ ဆံပင်ဟာ သူစတင်အောင်မြင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နောက်ပိုင်းကစလို့ ခပ်အုပ်အုပ် ဆံပင်ပုံစံကနေ သိပ်ပြောင်းလဲခဲ့တာတော့ မရှိပါဘူး။ ၂၀၁၆ ခုနှစ်မှာ “Purpose” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို စတင်ခဲ့ချိန်မှာတော့ လုပ်ဖော်ကိုင်ဖက် နှင်းလျောစီးသမား တယောက်ရဲ့ ဆံပင်ပုံစံကို တုပထားတဲ့ပုံစံနဲ့ ဆံပင်ခပ်ပါးပါးစတိုင် ရှိနေခဲ့တာပါ။ တလလောက်ကြာပြီးတဲ့နောက်မှာ ဆံပင်အနံ့ထွက်မှာစိုးတဲ့အတွက် ဝါရှင်တန်ဒီစီ ဖျော်ဖြေပွဲအပြီးမှာတော့ ကတုံးတုံးပစ်ခဲ့ပြီး ကတုံးဆံပင်ပေါက်ပုံစံကို ထားပစ်ခဲ့ပါတယ်။ သတင်းရင်းမြစ်တခုက “ဆံပင်တွေကို သန့်စင်အောင်လို့ နေ့တိုင်းခေါင်းလျှော်ရေနဲ့ လျှော်ရပါတယ်။ ဒါပေမယ့် နေ့တိုင်းခေါင်းလျှော်ဖို့ အချိန်မရှိတာကြောင့် ဆံပင်တချောင်းချင်းစီဟာ စေးကပ်လာခဲ့ပါတယ်” လို့ HollywoodLife.com မီဒီယာကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်တွေမှာတော့ Biber ဟာ များသောအားဖြင့် ဆံပင်အတို ပုံစံမျိုးကိုသာ ထားခဲ့ပါတယ်။ ပြီးတော့အခုလိုမျိုး နယ်လှည့်ဖျော်ဖြေပွဲမရှိချိန်မှာတော့ ဆံပင်အရှည်ထားဖို့ အခွင့်အရေး ရခဲ့တာဖြစ်ပါတယ်။ Ref: aceshowbiz The post ခြေထောက်ထိ ဆံပင်ရှည်ထားဖို့ စီစဉ်ထားတဲ့ Justin Bieber appeared first on ဧရာဝတီ.
Source : https://ift.tt/2kEk0ct
via IFTTT
Source : https://ift.tt/2kEk0ct
via IFTTT
“ဦးဝင်းဦးနဲ့ အနှိုင်းခံရလို့ ပျော်တာပေါ့ဗျာ” ဆိုတဲ့ ရဲရင့်အောင် အဆိုတော် ရဲရင့်အောင်က မကြာခင် ရုံတင်ပြသတော့မယ့် “င့ါကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားမှာ အဆိုတော် လွှမ်းပိုင်၊ မင်းသမီး ဖွေးဖွေးတို့နဲအတူ အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပတ်သတ်လို့ စိတ်လှုပ်ရှားနေတယ်လို့ သူက ဆိုပါတယ်။ “ကျနော်လုပ်ခဲ့တဲ့ ဇာတ်ကောင်အတွက် အသိအမှတ်ပြုပေးတာ ပျော်ပါတယ်။ ဝမ်းသာပါတယ်။ မကြာခင်မှာလည်း ရုံတင်တော့မှာ ဆိုတော့ ကျနော် စိတ်လှုပ်ရှားနေပါတယ်။ အောင်မြင်မယ်လို့ ထင်ထားခဲ့ပြီးတော့ မအောင်မြင်မှာကိုတော့ စိတ်ထဲမှာ မရှိခဲ့ဘူး။ ကျနော်လုပ်ရမယ့်နေရာမှာ တာဝန်ကျေပါ့မလား ဆိုတာတော့ စိုးရိမ်မှု ရှိခဲ့တယ်။ အစွမ်းကုန်တော့ ကြိုးစားခဲ့တာပါပဲ။ ကျနော် အနုပညာအလုပ်တွေကို ကြိုးစားနေပါတယ်၊ အားပေးကြပါ” လို့ ရဲရင့်အောင်က ဆိုပါတယ်။ ဒါ့အပြင့် အဆိုတော် ရဲရင့်အောင်ကို “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဇာတ်ကားမှာ သရုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က သရုပ်ဆောင်ကောင်းကြောင်းနဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦး ပေါက်စလေးကို ကြည့်နေရတဲ့အတိုင်းပဲလို့ မီဒီယာတခုကို ဖြေကြားခဲ့ပါတယ်။ ဒီလိုသုံးသပ်မှုနဲ့ ပတ်သတ်ပြီး ရဲရင့်အောင်က “ကျနော်ကန ှုတ်ခမ်းမွှေးလေးပါလို့ ဦးဝင်းဦးနဲ့ နှိုင်းခံရတယ်လို့ ထင်ပါတယ်ဗျာ။ ဦးဝင်းဦးကိုတော့ ဘယ်မှီဦးမလဲဗျာ။ ကျနော်က အခုမှ သူငယ်တန်းက စတဲ့သူပါ။ အဲ့လို နာမည်ကြီး မင်းသားကြီးနဲ့ အနှိုင်းခံရတာ ပျော်တာပေါ့။ ကျနော် နှုတ်ခမ်းမွှေးနဲ့ ဂျစ်ကန်ကန်ပုံ ပေါက်နေလို့ ဦးဝင်းဦးနဲ့ တူတယ်လို့ပဲ ကျနော် ယူဆပါတယ်’’လို့ ပြောပါတယ်။ အဆိုတော် ရဲရင့်အောင်ဟာ ဒုတိယခွေထွက်နိုင်ဖို့လည်း ပြင်ဆင်နေပြီး ဇာတ်ကားတွေ ရိုက်ကူးခွင့် ရရင်လည်း ရိုက်ကူးသွားဦးမယ်လို့ ပြောပါတယ်။ ရဲရင့်အောင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ The post “ဦးဝင်းဦးနဲ့ အနှိုင်းခံရလို့ ပျော်တာပေါ့ဗျာ” ဆိုတဲ့ ရဲရင့်အောင် appeared first on ဧရာဝတီ.
Source : https://ift.tt/2JecDWW
via IFTTT
Source : https://ift.tt/2JecDWW
via IFTTT
တနိုင်းတွင် ပိတ်မိနေသော စစ်ဘေးရှောင် အားလုံး လွတ်မြောက်လာဟု ဆို တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများကြောင့် ထွက်ပြေးရင်း တောတောင်အတွင်း ပိတ်မိနေသည့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ် ကျေးရွာ ဒေသခံ ၁၁၀၀ ကျော် အားလုံး လွတ်မြောက် လာ ကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) က ပြောသည်။ KBC ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးခါးလီက“ပိတ်မိနေသူတွေ အကုန်လုံး လွတ်လာပါပြီ။ အခု စစ်ရှောင် စခန်းတွေမှာ ခိုလှုံနေတာ ၁၁၀၀ ကျော် ရှိပါတယ်။ မကျန်တော့ပါဘူး”ဟု ပြောပြသည်။ တနိုင်းမြို့နယ် တောတောင်များအတွင်း ပိတ်မိနေရာမှ ထွက်ပြေး လွတ်မြောက် လာသူများ၌ စစ်ဘေးရှောင် စခန်းများ တွင် ခိုလှုံနေသူ ၁၁၃၅ ဦး ရှိသည်ဟု သိရသည်။ ထိုလွတ်လာသူ ၁၁၃၅ ဦးသည် မြစ်ကြီးနားမြို့ Jaw Masat KBC ဘုရားကျောင်းတွင် အိမ်ထောင်စု ၁၃၆ စုမှ လူဦးရေ ၅၅၆ ဦး၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဘုရား ကျောင်းတွင် အိမ်ထောင်စု ၄၁ စုမှ လူဦးရေ ၁၇၁ ဦး၊ တနိုင်းမြို့ ကက်သလစ် ဘုရားကျောင်းတွင် အိမ်ထောင်စု ၈၈ စုမှ လူဦးရေ ၄၀၈ ဦးတို့ ခိုလှုံနေသည်ဟု အကူအညီပေးနေသော ကရုဏာမြန်မာ (KMSS) အဖွဲ့ မှ Program Coordinator ဒေါ်ဆိုင်းနူးက ပြောသည်။ အောင်လော့ဒ် ဒေသခံများသည် ဧပြီလ ၁၂ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် တောတောင်များ အတွင်းသို့ တိမ်းရှောင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေး လာကြသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ၅နှစ်အောက် ကလေးငယ်များနှင့် သက်ကြီး ရွယ်အို များ ပါဝင်ပြီး ၎င်းတို့သည် မိသားစုအလိုက် ဆွေမျိုးအလိုက် အုပ်စုခွဲ၍ တောတောင်အတွင်း ပြေးခဲ့ကြကာ အနည်းဆုံး ရက် ၂၀ ကျော် ပိတ်မိပြီးမှ ရွာလမ်းမများကို တွေ့ရှိပြီး လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၂၉ ရက်တွင် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ စစ်ဘေးရှောင် စခန်းများသို့ တနိုင်းတောလမ်း အတိုင်း ထွက်ပြေး လာသူ ၂၉ ဦး စတင် ရောက်လာခဲ့သည်။ မေလ ၈ ရက် ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာသို့ ၃၀၀ ကျော် ၊ မေလ ၉ ရက်တွင် တနိုင်းမြို့ အရှေ့ချောင်း သို့ ၂၆၀ ကျော် တဖွဲ့ ထို့နောက် အဖွဲ့အသီးသီး ရောက်လာကြခြင်း ဖြစ်သည်။ နောက်ဆုံး ရောက်လာသည့် အဖွဲ့မှာ မေလ ၂၆ ရက်က ၄၂ ဦးအဖွဲ့ ဖြစ်သည်။ ကနဦးက တောတောင်အတွင်း ပိတ်မိနေသူ အောင်လော့ဒ် ကျေးရွာသား ၂ ထောင် ဝန်းကျင်ရှိကြောင်း ပြောဆိုကြ သော်လည်း ယခုအခါ စစ်ဘေးရှောင်စခန်းများသို့ ခိုလှုံလာသူ ၁၁၃၅ ဦး ရှိပြီး ကျန်သူများမှာ ဆွေမျိုး မိဘ အိမ်များနှင့် အခြား စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြ၍ စာရင်း အတိအကျ မကောက်ယူနိုင်ခြင်း ဖြစ်သည်ဟု ကူညီ ကယ်ဆယ် ရေး လုပ်နေသူများက ဧရာဝတီ ကို ပြောဆိုကြသည်။ ဒေါ်ဆိုင်းနူးက “လွတ်လာတဲ့ IDPs တွေ ပြောတာတော့ ကျန်သေးတယ်လည်း ပြောနေတယ်။ ဘယ်သူက ဘယ်နေ ရာ မှာ ရှိတယ်ဆိုတာ အတိအကျ ကျမတို့ ပြောဖို့ ခက်တယ်။ လောလောဆယ်တော့ စခန်းတွေမှာ ခိုလှုံနေတဲ့ သူတွေ စာရင်းပဲ ကျမတို့ ရှိတယ်။ ကျမတို့ကတော့ သတင်းရရင် သူတို့ကို သွားကြိုပေးပါတယ်” ဟု ပြောသည်။ တနိုင်းမြို့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ကူညီစောင့်ရှောက်ရေး ကော်မတီ ဒုဥက္ကဌ ဦးနော်တောင်ကလည်း တောတောင် များ အတွင်းမှ ထွက်ပြေးလာသူများမှာ အဖွဲ့အလိုက် အသီးသီး ခွဲထွက်လာပြီး နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများအိမ်တွင် ခိုလှုံ သည်များ ရှိသလို အဖွဲ့လိုက် ရောက်လာပြီး စခန်းများတွင် ခိုလှုံသူများ ဖြစ်ကြောင်း၊ တချို့ လွတ်လာသူများ၏ ပြောဆိုချက် များအရ ပိတ်မိနေသူများ ကျန်သေးသည်ဟု သိရသော်လည်း အတည်ပြု၍မရသေးကြောင်း ပြောသည်။ ဦးနော်တောင်က “အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာလည်း မကြားရဘူး။ ဒါပေမယ့် အခြေအနေ မကောင်းဘူး လို့ပဲ ကြားတော့ ဘယ်သူမှ ပြန်ဖို့ မစဉ်းစားသေးပါဘူး။ ဒီတိုင်းပဲ အားလုံး ဘုရားကျောင်းက ယာယီ အဆောက်အအုံ တွေမှာပဲ ခိုလှုံနေကြပါတယ်”ဟု ပြောပြသည်။ အောင်လော့ဒ် ကျေးရွာအနီး တပ်မတော်နှင့် KIA တို့မှာ ဧပြီလ ၁၂ ရက်မှ စ၍ ဧပြီလကုန်ပိုင်းထိ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားထားသည်။ ထွက်ပြေးလာသူများကို နေရပ်ပြန်နေကြရန်နှင့် နေရပ်ပြန်ပါက တပ်မတော်က ကူညီပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ရွာများ အိမ်များကိုလည်း မပျက်စီးအောင် စောင့်ရှောက် ပေးထားကြောင်း ဧပြီလကုန် ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်ကမ်းစာစောင်များ ဝေငှ ပြောဆိုသော်လည်း ထွက်ပြေးလာသူများမှာ တိုက်ပွဲထပ်မံ ဖြစ်ပွားပါက တောတောင်အတွင်း ထပ်မံ ပိတ်မိမည်ကို စိုးရိမ်သဖြင့် မပြန်ရဲကြကြောင်း သိရသည်။ တနိုင်းမြို့နယ်အတွင်း KIA က တရားမဝင် ပယင်း၊ ကျောက်၊ ရွှေတွင်းများ တူးဖော်နေပြီး နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံး နေသဖြင့် ထိုလုပ်ကွက် ဒေသများကို သိမ်းယူမည်ဟုဆိုကာ တပ်မတော်က တနိုင်းမြို့နယ်တွင်း ၂၀၁၇ ခုနှစ် ဇွန်လမှ စ၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့ နယ်နှင့် ဖားကန့်မြို့နယ် တို့အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၆ ထောင်ခန့် အသစ် ထပ်တိုးလာသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး စစ်ဘေး ရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသူ ၁ သိန်းကျော် ရှိသည်။ ကချင်ပြည်နယ် အတွင်း အခြားမြို့နယ်များ၌ စစ်ဘေးရှောင်စခန်းများ တရားဝင်ဖွင့်လှစ်ခွင့် ရသော်လည်း တနိုင်း မြို့နယ်ကိုမူ အာဏာပိုင်များက မြို့ဂုဏ်သိက္ခာကျဆင်းသည်ဟုဆိုကာ စခန်းများ မဖွင့်ခိုင်းသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ဘုရားကျောင်းများတွင် ယာယီ အဆောက်အအုံများ ဆောက်လုပ်ကာ နေထိုင် နေကြရကြောင်း သိရ သည်။ The post တနိုင်းတွင် ပိတ်မိနေသော စစ်ဘေးရှောင် အားလုံး လွတ်မြောက်လာဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2L7wlRk
via IFTTT
Source : https://ift.tt/2L7wlRk
via IFTTT
မောင်တောရှိ ပိုင်ရှင်မဲ့ လယ်မြေဧက ၇ သောင်းကျော်အရေး အစိုးရ မဆုံးဖြတ်နိုင်သေး ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ပိုင်ရှင်မဲ့ လယ်ယာမြေ ဧက ၇ သောင်း ကျော်ကိစ္စ အား မည်သို့ လုပ်ကိုင်ဆောင်ရွက်မည်ဆိုသည်ကို ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် မဆုံးဖြတ်နိုင်သေးပေ။ အဆိုပါ လယ်မြေဧက ၇ သောင်းကျော်မှာ ယခင်နှစ်များက ဘင်္ဂါလီကျေးရွာသာများက လုပ်ကိုင်ခဲ့သော လယ်မြေများ ဖြစ်ပြီး လက်ရှိ အချိန်တွင် ထိုဘင်္ဂါလီရွာသားများသည် တဘက်နိုင်ငံသို့ ဝင်ရောက် ထွက်ပြေးသွားကြသည့်အတွက် လုပ်ကိုင်မဲ့သူ လယ်မြေများ ဖြစ်နေသဖြင့် မည်သို့ စီမံ ဆောင်ရွက်မည်ဆိုသည်ကို မဆုံးဖြတ်နိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။ ဝန်ကြီး ဦးကျော်လွင်က “ကျနော်တို့ကတော့ ပြည်ထောင်စုရဲ့ သဘောထားအတိုင်းပဲ။ ပြည်ထောင်စုက ဘယ်လိုလုပ်မယ် ဆိုတာ ပြည်ထောင်စုရဲ့ မူဝါဒကိုေyစာင့်နေရပါတယ်။ လယ်ဧက ၇ သောင်းကျော်ကို ပြည့်ပြည့်ဝဝ လုပ်မယ့် လူကလည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မောင်တောမြို့နယ်အတွင်းရှိ လယ်ယာလုပ်ကိုင်ကြသည့် တိုင်းရင်းသားလယ်သများများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ထောက်ပံ့ပေးသွားမည် ဖြစ်သလို တဘက်နိုင်ငံသို့ ထွက်မပြေးဘဲ ကျန်နေခဲ့သော ဘင်္ဂါလီရွာသားများကိုလည်း ယခင်လုပ်ကိုင်နေကျ လယ်မြေများကို ဆက်လက် လိုက်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ မောင်တောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးကမူ ၎င်းလယ်မြေ ဧက ၇သောင်းကျော်အား ထွန်ယက်စိုက်ပျိုးခြင် းမပြုဘဲ ပလပ်ထားခြင်းမည့်အစား လုပ်ကိုင်လိုသည့် တိုင်းရင်းသား လယ်သမားများနှင့် စက်ယန္တရားများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများသို့ အငှားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးသင့်ဟု ထောက်ပြသည်။ ဦးမောင်အုံးက “လယ်မြေတွေကို ဒီအတိုင်း ပစ်ထားလို့ကတော့ ဘယ်ကောင်းမလဲ၊ လုပ်ကိုင်လိုတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ လယ်မရှိတဲ့ လယ်သမားတွေကို လုပ်ခွင့်ပေးသင့်တယ်။ နောက်ပြီးတော့ စက်ယန္တားရှိတဲ့ ကုမ္ပဏီတွေ အငှားစနစ်နဲ့ လုပ်ပိုင်ခွင့်ပေးရင် ကောင်းမယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ မောင်တောမြို့နယ်အတွင်းရှိ အဆိုပါ လယ်မြေဧက ၇ သောင်းကျော်အနက် ဧက ၁ သောင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ထွန်ယက်စိုက်ပျိုးရန် စီစဉ်ခဲ့သော်လည်း လုပ်သားအခက်အခဲနှင့် ထိန်းသိမ်းမှု အခက်အခဲများ ရှိလာနိုင်သည့်အတွက် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်းလည်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေက ပြောသည်။ ဦးတိုးဝေက “ကျနော်တို့ အဲဒီလယ်ဧက ၇ သောင်းကျော်ထဲ ဧက ၁ သောင်းကျော်ကို စိုက်ပျိုးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် လုပ်သားအခက်အခဲရယ် ထိန်းသိမ်းမှု အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် အဲဒီအစီအစဉ်ကို မလုပ်ဖြစ်ခဲ့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိအချိန် မောင်တောမြို့နယ်အတွင်း ပိုင်ရှင်မဲ့ လယ်မြေဧက ၇ သောင်း ကျော်ရှိနေပြီး တချို့သော သတင်းမီဒီယာများတွင် ဖော်ပြသလို ကုမ္ပဏီများကို ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပေးထားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းလည်း ဝန်ကြီး ဦးကျော်လွင်က ဆက်လက်ပြောကြားသည်။ ပြီးခဲ့သော ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော အရေးအခင်းနောက်ပိုင်းတွင် မောင်တောဒေသအတွင်း ရိတ်သိမ်းသူမဲ့ ကျန်နေခဲ့သော စပါးခင်း ဧက ၇ သောင်းကျော်ကို နိုင်ငံတော်အစိုးရအဖွဲ့က ကွင်းဆင်းရိတ်သိမ်းပေးခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ပျိုးမြေ ဧက ၁၁ သန်းရှိပြီး မောင်တောမြို့နယ်တွင် ဧက ၇၄၀၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ဧက ၇၇၀၀၀ ကျော်၊ ရသေ့တောင်မြို့နယ်တွင်း ဧက ၈၈၀၀၀ ကျော်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ The post မောင်တောရှိ ပိုင်ရှင်မဲ့ လယ်မြေဧက ၇ သောင်းကျော်အရေး အစိုးရ မဆုံးဖြတ်နိုင်သေး appeared first on ဧရာဝတီ.
Source : https://ift.tt/2xrUaRV
via IFTTT
Source : https://ift.tt/2xrUaRV
via IFTTT
Kumudra
Top One ရုပ်ရှင်ထုတ်လုပ် ရေးက လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံးအကြိမ် အနေနဲ့ ရီမာ မိဘမဲ့ကလေးဂေဟာက ကလေး အယောက် ၇၀ ကို ရန်ကုန်မြို့ သာကေတ Capital ရှိ Mega Ace Cineplex Capital ရုံမှာ မေလ ၂၆ ရက်နေ့က ပြသခဲ့တယ်လို့ သိရပါတယ်။ လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲမပြသခင် မိဘမဲ့ကလေးတွေကို အရင်ဆုံး ပြသချင်လို့ Chairty အနေနဲ့ ကောင်းမှုကုသိုလ် လုပ်ခဲ့တယ်လို့ Top One ရုပ်ရှင်ထုတ်လုပ်ရေးက မနှင်း နွယ်ဦးက ပြောပါတယ်။ Charity အနေနဲ့ ကောင်းမှုကုသိုလ်လေး လုပ်ချင်တယ်၊ ကိုယ်ငယ်ငယ်တုန်းကလည်း ရုပ်ရှင်ကြည့်ရမယ်ဆို ပျော်ကြတယ်၊ ဒါကြောင့် ဦးဦးဖျားဖျား Press Show မလုပ်ခင် မြောက်ဒဂုံက ရီမာ မိဘမဲ့ ကလေးဂေဟာက ကလေးအယောက် ၇၀ ကို ပြသတာပဲ ဖြစ်ပါတယ်၊ ခေါက်ဆွဲကြော်နဲ့ အချိုရည် တိုက်တယ်၊ ပြီးတော့ အရုပ်လက်ဆောင်လေးတွေလည်း ပေးဖြစ်ပါတယ်” လို့ မနှင်းနွယ်ဦးက ဆိုပါတယ်။ လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကားကြီးကို Top One ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ရိုက်ကူးကာ ဖြိုးငွေစိုး၊ သရုပ်ဆောင်သစ် ဩဘာ၊ အကယ်ဒမီ သက်မွန်မြင့်နဲ့ နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နေ့ ရုံတင်ပြသတော့မယ့် လက်စားချေနတ်သမီး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီးလည်း “ကျွန်မတို့ ထုတ်လုပ်ရေးက ဒုတိယမြောက်ကားလည်း ဖြစ်ပါတယ်၊ ဒီဇာတ်ကားမှာ ဩဘာကလည်း အသစ်တစ်ယောက်အနေနဲ့ အရမ်းလည်း ကြိုးစားထားတာကို တွေ့ရတယ်၊ ပဟေဠိတွေနဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေတဲ့ ဒီဇာတ်ကားမှာ ဘယ်သူက လက်စားချေနတ်သမီး ဖြစ်တယ်ဆိုတာကို ပရိသတ်ကြီး စောင့် မျှော် ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ မနှင်းနွယ်ဦးက ပဲ ထပ်ပြောပါ တယ်။
Source : https://bit.ly/2H02HLw
via IFTTT
Source : https://bit.ly/2H02HLw
via IFTTT
“အခုခေတ် ချစ်ကြည်ရေးပွဲတွေ ပိုပြီး ပွင့်လင်းမြင်သာလာတယ်” လို့ ပြောတဲ့ ဂျီလတ် အဆိုတော် ဂျီလတ်က ဇွန်လ ၁ ရက်နေ့ ညနေမှာ ကျင်းပမယ့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး Rock Concert & EDM Show ပွဲမှာ မြန်မာပြည်ဘက်က Rocker အနေနဲ့ ပါဝင်သီဆိုမယ်လို့ ဧရာဝတီကို ပြောပါတယ်။ အဆိုတော် ဂျီလတ်က “ချစ်ကြည်ရေးပွဲမှ ရယ်တော့ မဟုတ်ပါဘူး။ ပွဲတိုင်း တာဝန်ကြီးပါတယ်။ ပွဲတိုင်းမှာ သူ့ဟာနဲ့သူ Stress ရှိတယ်။ တခုက သူတို့နဲ့ တွဲလုပ်တဲ့ နေရာမှာ ပုံမှန်ထက် ပိုသတိထားစရာလေးတွေ ရှိပါတယ်။ တခုကောင်းတာက ဒီလိုကိစ္စတွေဟာ ဒီဖက်ခေတ်ကိုရောက်တော့ ပိုပြီးပွင့်လင်းမြင်သာရှိလာတယ်” လို့ ဆိုပါတယ်။ “အရင်တုန်းကဆို နှစ်နိုင်ငံချစ်ကြည်ရေးလို့ ဆိုလိုက်ရင် အဆင်ပြေတဲ့ အဆိုတော်တွေနဲ့ပဲ လက်သိပ်ထိုး လုပ်ကြပြီး ပြီးသွားတာပဲ။ မြန်မာသံအဆိုတော်တွေနဲ့တင် ပြီးသွားတာ။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ Rock ကို ခေါင်းစဉ်တခုနဲ့ လုပ်ရတာ ကောင်းပါတယ်” လို့ အဆိုတော် ဂျီလတ်က ဧရာဝတီကို ပြောပါတယ်။ ကိုရီးယားဘက်က စီစဉ်သူများအနေနဲ့ ဒီပွဲဖြစ်မြောက်ရေးအတွက် နှစ်ကြိမ်မြောက် ကြိုးစားခဲ့ရတယ်လို့ သိရပြီး ဒီပွဲမှာ ပါဝင်သီဆိုဖို့ နောက်မှသိရတယ်လို့လည်း အဆိုတော် ဂျီလတ်က ဆိုပါတယ်။ “ပထမ တကြိမ်တုန်းက ကြိုးစားပြီး မဖြစ်လိုက်ဘူးဆိုတာ ကျနော် မသိလိုက်ဘူး။ ကျနော့်ကို ပွဲလာပြောတာလည်း နည်းနည်း ကပ်တယ်။ ပွဲစီစဉ်သူတွေနဲ့ ပြောဖြစ်တယ်။ ရက်တွေ၊ ဈေးနှုန်းတွေ ပြောတယ်။ ကျနော်လည်း စိတ်ဝင်စားတယ်။ ဒီကြားထဲ ကျနော် ခရီးထွက်တယ်။ ပြန်လာတော့မှ ဒီပွဲအကြောင်း သေချာသိတာပါ”လို့ ဂျီလတ်က ဆိုပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးပွဲကနေ ဘာတွေရရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အဆိုတော် ဂျီလတ်က “ပွင့်ပွင့်လင်းလင် းပြောရရင် ကိုရီးယား Rock ကို ကျနော်မသိဘူး။ ထိုင်း၊ အင်ဒိုနီးရှား ဘက်တွေတော့ ကျနော် သိတယ်။ အဲဒါကြောင့်လည်း စိတ်ဝင်စားမိပါတယ်။ သူတို့က ဘယ်လိုပုံစံနဲ့ သွားတာလဲပေါ့။ အမြဲသတိထားကြည့်မိတာ ရှိတယ်။ စက် ကိရိယာ သုံးတာ၊ Crew သုံးတာ၊ Back Stage Control တွေ ၊ချဉ်းကပ်ပုံတွေ မတူကြဘူးပေါ့။ အဲဒါတွေမြင်ရမယ် ထင်ပါတယ်”လို့ ဆိုပါတယ်။ Rock Concert & EDM Show ကို ဇွန်လ ၂ ရက်နေ့၊ သုဝဏ္ဏ အားကစားရုံ အမှတ်-၁ မှာ ကျင်းပမှာဖြစ်ပြီး ဂျီလတ်က သီချင်း ၅ ပုဒ်သီဆိုမှာ ဖြစ်ပါတယ်။ အဆိုတော် ဂျီလတ်ရဲ့ Solo ခွေကိုလည်း အပြီးသတ်နေပြီး မကြာခင်မှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ The post “အခုခေတ် ချစ်ကြည်ရေးပွဲတွေ ပိုပြီး ပွင့်လင်းမြင်သာလာတယ်” လို့ ပြောတဲ့ ဂျီလတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2IVsVVf
via IFTTT
Source : https://ift.tt/2IVsVVf
via IFTTT
Eleven Media Group
ဗန်းမောက်မြို့နယ်တွင် Unicef ထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများ ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် Unicef ကထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများသည် ယခုအခါတွင် ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဖြစ်ကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။ မူကြိုကျောင်းများ တည်ထောင်စဉ်ကာလက ကျေးရွာ ပြည်သူလူထုသည် ဆန်းစပါးများပေး၍ ဆရာ၊ ဆရာမများ ငှားရမ်းခဲ့ကြောင်း၊ Unicef က သင်တန်းပို့ချပေးခဲ့သော ဆရာ၊ ဆရာမများသည် မူကြိုကျောင်းများတွင် ဆက်လက်တာဝန် ထမ်းဆောင်ရန်အတွက် တရားဝင် ပါမစ်ချပေးမလားဟု စောင့်ဆိုင်း မျှော်နေခဲ့သော်လည်း တရားဝင် ပါမစ်မရခဲ့ခြင်းကြောင့် အလုပ်ကနေ ထွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “မူကြိုကျောင်းရှိတဲ့ ရွာတွေမှာက နှစ်တိုင်းလိုလိုဆရာ၊ ဆရာမတွေကို ဆန်စပါးပေးပြီး ငှားခဲ့ကြတယ်။ တစ်နှစ်ကို ဆန်စပါး အတင်းရေ ၆၀၊ ၇၀ အဲဒီလို ငှားခဲ့ကြတာ။ နောက်ဆုံးတော့ သင်တန်းဆင်းပြီးတဲ့ ဆရာ၊ ဆရာမတွေကလည်း ပါမစ်ရမလားလို့ ငါးနှစ်လောက်ကို မျှော်ခဲ့တယ်။ သို့သော် ငါးနှစ်ပြည့်ပြီး ပေမယ့်လည်း ပါမစ်က မရခဲ့အတွက်ကြောင့်မို့လို့ အလုပ်ကနေ ထွက်သွားကြတယ်။ အပြင်မှာလည်း မူကြိုကျောင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆရာ၊ ဆရာမ ငှားရတာ ခက်ခက်ခဲခဲတွေ ရှိလာတယ်။ ဆရာ ဆရာမတွေ ဘက်ကလည်း တစ်နှစ်ကို ဆန်စပါး ၆၀၊ ၇၀ ဆိုတော့ တွက်ခြေမကိုက်တော့ဘူး။ ငှားတဲ့သူတွေ ဘက်ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့ အခါကျတော့ အချို့ကျောင်းတွေဆိုရင် ဒီနှစ်ထဲမှာ ရပ်နားဖို့ အစီအစဉ်တွေရှိတယ်။ မနှစ်ကလည်း အချို့ကျောင်းတွေ ရပ်နားသွားရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။ ဗန်းမောက်မြို့နယ်ရှိ မူကြိုများသည် အစိုးရက ချပေးထားသည့် မူကြိုကျောင်းများ မဟုတ်ကြောင်း၊ Unicef ၏ အထောက်အပံ့ဖြင့်တည် ဆောက်ထားသည့် မူကြိုကျောင်းများသာဖြစ်ကြောင်း ကနဦး မူကြိုကျောင်းများ တည်ဆောက်ခဲ့စဉ် ကာလက မူလတန်း အောင်ချက်ကောင်းသည့် ကျောင်းများအား ဦးစားပေး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် Unicef ၏ အထောက်အပံ့များဖြင့် မူကြိုကျောင်းများအား ယင်းမြို့နယ်တွင် ဆက်လက် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းရွှေက ဆိုသည်။ Unicef သည် နှစ်အလိုက် စီမံကိန်းဖြင့် လာရောက်ခဲ့ခြင်းကြောင့် မူကြိုကျောင်းများသည် ငါးနှစ်ပြည့်ပြီးနောက်ပိုင်း Unicef ကအထောက်အပံ့များ ရပ်နားသွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူကြိုကျောင်းများ အားလုံးသည် အခက်ခဲများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် အချို့မူကြို ကျောင်းများသည် ရပ်/ရွာက မိဘများက ဆန်စပါးများပေးကာ ဆရာ၊ ဆရာမများအား ငှားရမ်း၍ မူကြိုကျောင်းများ ဖွင့်နေသေးသည့် ကျောင်းများရှိကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ဆက်လက် ပြောကြားသည်။
Source : https://ift.tt/2IWNscc
via IFTTT
Source : https://ift.tt/2IWNscc
via IFTTT
Reuters သတင်းထောက် ဖုန်း အထောက်အထားများ မသမာမှုရှိနိုင်ဟု ရှေ့နေများက ပြော လျှို့ဝှက် စာရွက်စာတန်းများကို ပိုင်ဆိုင်သည်ဟု စွပ်စွဲခံရသော Reuters သတင်းထောက်များ၏ ဖုန်းများအနက် အနည်းဆုံး တလုံးကို ၎င်းတို့ထံမှ သိမ်းဆည်းပြီး အသုံးပြုထားသောကြောင့် ထိုဖုန်းများမှ ရရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသော အထောက်အထားများတွင် မသမာမှုများ ရှိနိုင်ကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ သတင်းထောက် ကိုဝလုံးနှင့် လုပ်ဖော်ကိုင်ဘက် ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးကာ အစိုးရ လိျှု့ဝှက်ချက် ဥပဒေ ချိုးဖောက်သည်ဟူသော သံသယဖြင့် ပြင်ပအဆက်အသွယ်ဖြတ် ထိန်းသိမ်းထားပြီးနောက် ကိုဝလုံး၏ မိုဘိုင်းဖုန်းရှိ WhatsApp မှ မက်ဆေ့ချ် တစောင် ပေးပို့ထားကြောင်း သိရသည်။ ထို WhatsApp မက်ဆေ့ချ်ပေးပို့ခြင်းကို မသိကြောင်းနှင့် ထိုဖုန်းကို ၎င်းတို့ စုံစမ်းစစ်ဆေးရန် ပေးပို့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်မီ မည်သူအသုံးပြုသည်ကိုလည်း မသိရကြောင်း ထိုဖုန်းကို အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဆေးခဲ့သူ တရားလိုပြ သက်သေ ရဲမှူး အောင်ကျော်ဆန်းက ပြောသည်။ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်သော သမိုင်းဝင်အမှုအတွက် ရန်ကုန်ရှိ မြောက်ပိုင်းခရိုင် တရားရုံးသည် အသက် ၃၂ နှစ် အရွယ် ကိုဝလုံးနှင့် အသက် ၂၈ နှစ်အရွယ်ရှိ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော ကိုလိုနီခေတ် အစိုးရ လျှို့ဝှက်ချက် ဥပဒေအရ စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ရန် ဇန်နဝါရီလမှ စတင်ပြီး ကြားနာစစ်ဆေးနေသည်။ ထို သတင်းထောက် ၂ ဦးကို ည ၉ နာရီ ၁၀ မိနစ်တွင် ဖမ်းဆီးကာ ဖုန်းများကို သိမ်းယူခဲ့ပြီးနောက် ည ၁၀ နာရီခန့်တွင် Reuters သတင်းဌာန၏ မြန်မာနိုင်ငံဗျူရို အကြီးအကဲထံမှ မေးခွန်းကို OK ဟူသည့် မက်ဆေ့ချ်စာတိုဖြင့် WhatsApp မှတဆင့် ပြန်လည် ဖြေကြားခဲ့သည်ဟု စွပ်စွဲခံရသူများ၏ ဥပဒေ အကျိုးဆောင် ဦးသန်းဇော်အောင်က ပြောသည်။ “ဒါက ဒီဖုန်းကို ဘယ်သူမဆို ယူသုံးလို့ ရတယ်ဆိုတာကို ပြသနေတယ်။ ဒါကြောင့် ဖုန်းနဲ့ပတ်သက်ပြီး ဘာမဆိုဖြစ်နိုင်တယ်” ဟု တခြားသော ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်က အင်္ဂါနေ့ ကြားနာစစ်ဆေးမှုအပြီးတွင် Reuters သတင်းဌာနသို့ ပြောသည်။ “ဖုန်းထဲမှာတွေ့တယ်လို့ သူတို့ပြောတဲ့ မက်ဆေ့ချ်အားလုံးဟာ အစစ်အမှန်တွေ မဟုတ်နိုင်ဘူး၊ ဒီဖုန်းမှာ မသမာမှုတွေ ရှိနိုင်တယ်” ဟုလည်း သူက ဆက်ပြောသည်။ တရားလို၏ အကျိုးဆောင်အဖွဲ့ ခေါင်းဆောင် ဦးကျော်မင်းအောင်က တစုံတရာ မှတ်ချက်ပေး ပြောကြားရန် ငြင်းဆိုသည်။ သတင်းထောက်များ၏ ဖုန်းများမှ တွေ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းနည်းပညာ ကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းက ပြောသော စာရွက်စာတမ်း ပုံနှိပ်မူများကို တရားသူကြီး ဦးရဲလွင်က လွန်ခဲ့သော တပတ်က အထောက်အထားအဖြစ် လက်ခံခဲ့သည်။ ထို စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံအနောက်ဖက် ကမ်းလွန်ရှိ ကျွန်းတကျွန်းတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အစီအစဉ်များနှင့် လျှို့ဝှက် စာရွက်စာတမ်းဟု စွပ်စွဲထားမှုများ ပါဝင်သည်။ တချို့သော စာရွက်စာတမ်းများမှာ Facebook မက်ဆင်ဂျာမှ ဖြစ်သည်ဟုလည်း စွပ်စွဲခံရသူ၏ ဥပဒေ အကျိုးဆောင်များက ပြောသည်။ ထို့ကြောင့် ထိုစာရွက်စာတမ်းများကို မည်သူမဆို ပို့နိုင်ပြီး သတင်းထောက်များသည် ထိုစာရွက်စာတမ်းများကို ကိုယ်တိုင်ရှာဖွေခြင်း ဖြစ်သည်ဟု မဆိုနိုင်ကြောင်း စွပ်စွဲခံရသူများ၏ ဥပဒေ အကျိုးဆောင်များက ဆိုသည်။ သတင်းထောက်များကို ဖမ်းဆီးချိန်တွင် ၎င်းတို့သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျေးရွာတခုရှိ အမျိုးသား ၁၀ ဦးအား သတ်ဖြတ်မှုကို သတင်းယူနေချိန် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လူ ၇၀၀၀၀၀ ကျော် ထွက်ပြေးစေသည်ဟု ကုလ သမဂ္ဂကပြောသော စစ်ဆင်ရေးများအတွင်း အထက်ပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ရဲအရာရှိများနှင့် ညစာစားရန် ဖိတ်ကြားခံရပြီးနောက် ရန်ကုန်မြောက်ပိုင်းရှိ စားသောက်ဆိုင်တဆိုင်တွင် ၎င်းတို့ ယခင်က မမြင်ဖူးသော ရဲအရာရှိများက ၎င်းတို့ကို စာရွက်လိပ်များပေးပြီး ချက်ခြင်းဆိုသလို အဖမ်းခံရသည်ဟု ထိုသတင်းထောက်များက ၎င်းတို့၏ ဆွေမျိုးများကို ပြောသည်။ အမှုနှင့်ပတ်သက်ပြီး သတင်းထောက်များနှင့် တချိန်တည်း အဖမ်းခံရသော ဒုရဲမှူးဟောင်း မိုးရန်နိုင်က အဆင့်မြင့် ရဲအရာရှိတဦးက သတင်းထောက် ကိုဝလုံးကို အမှုဆင်ဖမ်းရန် သူလက်အောက်မှ လူများကို အမိန့်ပေးခဲ့သည်ဟု တရားရုံးတွင် လွန်ခဲ့သောလက သက်သေခံ ထွက်ဆိုခဲ့သည်။ မေလ ၁၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် အောင်ဝင်းဦးက ထိုသက်သေခံချက် မမှန်ကန်ဟု ပြောခဲ့သည်။ ထိုသို့ တရားရုံးတွင် ထွက်ဆိုပြီးနောက် ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး သူ၏ မိသားစုကို ရဲဝန်ထမ်း လိုင်းခန်းမှ နှင်ထုတ်ခဲ့သည်။ သူ့ကို ထောင်ချခြင်းနှင့် မိသားစုကို နေအိမ်လိုင်းခန်းမှ ဖယ်ရှားခြင်းသည် သူ၏ သက်သေခံ ထွက်ဆိုချက်နှင့် မဆိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောသည်။ နိုင်ငံတကာမှ လူ့အခွင့်အရေးဆော်သြသူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံ အမျာအပြားတို့က ထို သတင်းထောက် ၂ ဦးကို ပြန်လည် လွတ်ပေးရန် တောင်းဆိုနေကြသည်။ အင်္ဂါနေ့က ကြားနာစစ်ဆေးမှုကို ဒိန်းမတ်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများအပြားမှ သံတမန်များ သွားရောက် နားထောင်ခဲ့သည်။ နောက်တကြိမ် ကြားနာစစ်ဆေးမှုကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ကိုးကား ။ ။ Reuters The post Reuters သတင်းထောက် ဖုန်း အထောက်အထားများ မသမာမှုရှိနိုင်ဟု ရှေ့နေများက ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2xnNO6k
via IFTTT
Source : https://ift.tt/2xnNO6k
via IFTTT
NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ် အောင်ဆန်းပုံ ထည့်သွင်း ရိုက်နှိပ်ထား သည့် ငွေစက္ကူများ ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။ နေပြည်တော်တွင် မေလ ၂၉ ရက်က ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည် လုပ်ဆောင်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခြင်း ဖြစ်သည်။ “အားလုံး ပြင်ထား ဆင်ထားပြီးသား။ အဲဒါကြောင့်မို့လို့ ဒီအစိုးရ လက်ထက်မှာ ထုတ်ကို ထုတ်မှာပါ။ တဖြည်းဖြည်းနဲ့ တပြိုင်နက်တည်း အကုန်ထုတ်လို့ မရဘူး။ တဖြည်းဖြည်း ထုတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်၌ အနာဂတ်တွင် ရိုက်နှိပ် ထုတ်ဝေမည့် ငွေစက္ကူ များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေး အဆိုကို မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ တပ်မတော်သား ကိုယ်စားလှယ် ၁၀၈ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် တဦးတို့က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၂၈၆ မဲဖြင့် အတည်ပြုခဲ့ သည်။ ဦးအောင်ခင်ဝင်းက လွှတ်တော်တွင် အောင်မြင်ထားသည့် အဆိုတခု ဖြစ်၍ အစိုးရအနေဖြင့် နောင်ထပ်မံထုတ်ဝေမည့် ငွေစက္ကူ အသစ်တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့်သွင်း ရိုက်နှိပ်ရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ် ရှည်ရှည်ဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။ “ရိုက်တာကလည်း မရိုက်ဘဲနေလို့ မဖြစ်ဘူး။ ဆွေးတာတွေ၊ ပျက်စီးတာတွေ ရှိလာရင် အသစ်က ထပ်ရိုက်ရမှာ။ အရင်တုန်းကတော့ ၈ နှစ်ကို ၅ ကြိမ် ရိုက်ထားတယ်။ အခုလည်း ဗိုလ်ချုပ်ပုံရိုက်ဖို့ လူကြီးတွေ စပြီး စီစဉ်နေပြီလို့ သူ (ဦးစိုးသိန်း)က ပြီးခဲ့တဲ့ ၂ လလောက်က ကျနော့်ကို ပြောတယ်။ မကြာတော့ဘူးလို့ ထင်တယ်။ ရိုက်တိုင်းလည်း တခြား ပုံနဲ့ ရိုက်လို့ မရတော့တာ သေချာတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ဗဟိုဘဏ်ကမူ ငွေစက္ကူ တန်ဖိုးမှာလည်း အမျိုးမျိုးရှိနေသဖြင့် သင့်လျော်သလို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ် ကြောင်း၊ ငွေစက္ကူ တခု ထုတ်လုပ်နိုင်ရေး ဒီဇိုင်းဆွဲရာတွင်ပင် အချိန် ၈ လမှ ၁ နှစ်အထိ ကြာကြောင်း၊ ထို့ကြောင့် မည်သည့် အချိန် စတင်ထုတ်နိုင်မည် ဆိုသည်မှာ ပြောရန်ခက်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဝါဇီစက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဦးစိုးသိန်း က ပြောသည်။ “ငွေစက္ကူတခု ထုတ်တဲ့ဥစ္စာက တကယ်အသေးစိတ်ပြီး Technical အရမ်း ဆန်ပါတယ်။ ထုတ်ဖို့ စဉ်းစားရာကနေ ထုတ် တဲ့ အဆင့်ထိ ရောက်အောင်ဆိုရင် ၉ လကနေ ၁ နှစ်အထိ အချိန်ယူရပါတယ်။ ဘယ်ဟာက စထုတ်မလဲ ဆိုတာ လည်း ထိုနည်းလည်းကောင်းပါပဲ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများကြီး ပျံ့သွား စေချင် တာလား ဒီလို စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် လွှတ်တော်တွင်လည်း လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူ တခုကို အပြည့်အဝ လဲလှယ်ပေးနိုင်ရန် ရိုက်နှိပ် သိုလှောင်ရမည် ဆိုပါက ကျပ် ဘီလီယံ ၁၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး အားလုံး အသုံးများသည့် ငွေစက္ကူများအတွက် ရိုက်နှိပ်သုံးစွဲမည် ဆိုပါက ကျပ် ဘီလီယံ ၃၀၀ ခန့် ကုန်ကျနိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ တဦးက ပြောဆိုဖူးသည်။ The post NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2kxUBAO
via IFTTT
Source : https://ift.tt/2kxUBAO
via IFTTT
ခြင်တွေ ဝေးဝေးပြေးစေမယ့် သဘာဝနည်းလမ်းများ ကျန်းမာရေးကို အလွယ်တကူထိခိုက်စေနိုင်တဲ့ အချက်တွေထဲမှာ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ခြင်ကိုက်ခံရခြင်းဟာ သာမန်အရေပြားယားယံခြင်းကနေ သွေးလွန်တုပ်ကွေး၊ငှက်ဖျား၊ ဆင်ခြေထောက် ရောဂါနဲ့ တခြားသောကျန်းမာရေးပြသာနာတွေအထိ ဖြစ်ပေါ်စေနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ခြင်ပြေးစေတဲ့ ခြင်ဆေးခွေတွေမှာလည်း ဓာတုပစ္စည်းတွေ အလွန်အကျွံပါဝင်နေတာကြောင့် သဘာဝအတိုင်းခြင်ပြေးစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြက်သွန်ဖြူဟာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ သဘာဝပစ္စည်း တမျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် ခြင်တွေရဲ့အနှောင့်အယှက်ကနေ ကင်းဝေးစေနိုင်သလို ကြက်သွန်ဖြူကို မကြိုက်နှစ်သက်သူတွေအတွက်တော့ အနီးအနားမှာ ထားရှိခြင်းဖြင့် ခြင်တွေရဲ့အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ (၂) ပန်းကန်ဆေးဆပ်ပြာဆီ တစက်နှစ်စက်ခန့် သင့်အနီးအနားမှာ ညှစ်ချထားဖြင့်လည်း ခြင်ကိုက်ခံရခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခြင်တွေအနားမလာနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ (၃) လာဗင်ဒါအဆီကို အသုံးပြုခြင်းဟာလည်း ခြင်နိုင်ဆေးတွေလိုပဲ အသုံးဝင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လာဗင်ဒါအနံ့ဟာ ခြင်တွေအတွက် အရမ်းကို ပြင်းထန်လှတဲ့အတွက် ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံနိုင်တော့မှာ မဟုတ်ပါဘူး။ (၄) ပူစီနံအရွက်နဲ့ ပူစီနံအရွက်ကနေ ထုတ်လုပ်ထားတဲ့ ပူစီနံအဆီဟာလည်း ခြင်တွေကို အနားမကပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ပူစီနံအဆီကို အရေပြားပေါ်မှာ ခပ်ပါးပါးသုတ်လိမ်းပေးထားခြင်းအားဖြင့် ခြင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ (၅) သံပုရာသီးတလုံးကို တခြမ်းခြမ်းပြီး ခြမ်းထားတဲ့သံံပုရာခြမ်းတွေပေါ်မှာ လေးညှင်းပွင့်လေးတွေကို စိုက်ထားကာ အနီးအနားမှာထားပေးရုံနဲ့လည်း ခြင်တွေကို ဝေးဝေးပြေးစေမှာ ဖြစ်ပါတယ်။ Ref. https://ift.tt/1sEw3B6 The post ခြင်တွေ ဝေးဝေးပြေးစေမယ့် သဘာဝနည်းလမ်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2L5jyio
via IFTTT
Source : https://ift.tt/2L5jyio
via IFTTT
“အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က နိုင်ငံခြားဇာတ်လမ်းများကို မှီငြမ်း ရိုက်ကူးတယ်လို့ ဝေဖန်ပြောကြတဲ့အပေါ် အက်ရှင်ကားဆိုရင် အနည်းအများတော့ နိုင်ငံခြားကားတွေကို မှီငြမ်း ရတာပါပဲလို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။ “ကျနော်က ၁၉၉၂ ခုနှစ်မှာတည်းက ဇာတ်လမ်းတွေ ရေးခဲ့တာပါ။ ကိုသားကြီးအတွက် ရေးခဲ့တဲ့ ဇာတ်လမ်းတွေလည်း ကျနော် အိန္ဒိယကားတွေကို မှီငြမ်းပြီး ရေးခဲ့တာပါ။ ကျနော်ဝတ္ထုတွေကို နာမည်ကြီး မင်းသား နာမည်ကြီး ဒါရိုက်တာ တွေနဲ့ပဲ ရိုက်ခဲ့တာပါ။ ကျနော် မှီငြမ်းပြီး ရေးခဲ့တဲ့သူပါ။ ရှေ့မှာလည်း မှီငြမ်းတွေ အများကြီး ရှိပါတယ်။ ဆရာ့ ဆရာကြီးတွေလည်း မှီငြမ်းတွေ ရှိပါတယ်” လို့ ဒါရိုက်တာ စတီးလ်က ဧရာဝတီကို ပြောပါတယ်။ “ထူးထူးခြားခြား ကျနော်ကိုပဲ မှီငြမ်းလို့ မြင်ကြတယ်။ ရုပ်ရှင် တလောကလုံးနီးပါး မှီငြမ်းသလောက် ရှိပါတယ်။ ဘာလို့လဲဆို ကျနော်တို့မှာ နေရာကျဉ်းကျဉ်းလေး လေ။ နေရာကျဉ်းကျဉ်းလေးဆိုတာက ကျနော်တို့ဆီမှာ ဟာသ ရိုက်မလား၊ ဒရာမာ ရိုက်မလား။ ဒီနှစ်ခုပဲ ရှိတယ်။ အက်ရှင်ဆိုရင်တော့ ကျနော်တို့က အနည်းနဲ့ အများတော့ နိုင်ငံခြားကားတွေကို မှီငြမ်းရတာပဲလေ။ ကျနော်ရိုက်တဲ့ ဇာတ်လမ်းတော်တော်များများက မှီငြမ်းပြီး မြန်မာမှုပြုပြီး ရိုက်တာပါ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။ အရင်ခေတ် သရုပ်ဆောင်တွေနဲ့ ယနေ့ခေတ် သရုပ်ဆောင်တွေ ရိုက်ကွင်း အချိန်လေးစားမှုနဲ့ ပတ်သတ်ပြီးတော့လည်း ကွာခြားမှုတွေ ရှိတယ်လို့လည်း ဒါရိုက်တာစတီးလ်က ဆိုပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး “ကိုသားကြီးတို့ လက်ထက်နဲ့ အခု လက်ထက် တော်တော်ကွာတယ်။ ကိုသားကြီးတို့တုန်းက ကိုသားကြီးနဲ့ တတန်းတည်း မင်းသားတွေရှိတယ်။ ကိုလွင်မိုး၊ ကိုကျော်ရဲအောင်၊ ကိုရန်အောင်၊ ကိုရဲအောင် ရှိတယ်။ အဲ့လိုသရုပ်ဆောင် အကြီးကြီးတွေပါ” “ကျနော်သိသလောက်က ရိုက်ကွင်းပေါ်မှာ ၈ နာရီလို့ ဆိုလိုက်တာနဲ့ အားလုံးကို ၈ နာရီ ရောက်တာနဲ့ တွေ့နေရတယ်။ ဦးကျော်ဟိန်းတို့လို မင်းသားကြီးတွေက အစပေါ့။ အရင်တုန်းက အနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေနဲ့ ရှိခဲ့တဲ့ Relation တခုပေါ့။ ကျနော် ဒါရိုက်တာ လုပ်ပြီးနောက်ပိုင်း အချိန် မပေးနိုင်တဲ့ သရုပ်ဆောင် တယောက်၊ နှစ်ယောက်နဲ့ ကျနော် ရိုက်ဖူးတယ်ဗျ ။ သူတို့က ကျနော်ကို အချိန်မပေးနိုင်ဘူးပေါ့” လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။ “နောက်ပိုင်း ကျနော်တို့က သူတို့နဲ့ မရိုက်ဖြစ်ဘူး။ကိုယ့်ကို အချိန်ပေးနိုင်မယ့် သရုပ်ဆောင်မျိုးနဲ့ပဲ ကျနော်ရိုက်တာ များပါတယ်။ အနုပညာရှင်တွေ အချိန် မလေးစားတာလားဆိုတော့ ကျနော်မပြောတတ်ဘူးဗျ။ သူတို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်နဲ့ ရောနေတယ်လို့ပဲ ကျနော်မြင်တယ်” လို့ ဒါရိုက်တာ စတီးလ်က ဧရာဝတီကို ပြောပါတယ်။ ဒါရိုက်တာ စတီးလ်ဟာ သရုပ်ဆောင်ဒွေး သက်ရှိထင်ရှားရှိစဉ်က ဒွေးရဲ့နောက်မှ တောက်လျှောက်လိုက်ပါခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်ဒါရိုက်တာတွေ ရိုက်ကူးမှု တိုးတက်လာတဲ့အပေါ် ဒါရိုက်တာတယောက်အနေနဲ့ လူငယ် ဒါရိုက်တာ အကုန်လုံးက ကြိုးစားကြတဲ့အတွက် တော်ကြကြောင်း၊ ကွန်ပျူတာနဲ့ ပတ်သတ်တာများ၊ အင်တာနက်များလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့အတွက် အားသာချက်များ ရှိကြောင်းဆိုပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့လည်း “ကျနော်တို့က ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ ရေးပြီးမှ သင်ကြားခဲ့ရတယ်။ သူတို့က လက်ရှိ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ သူတွေဆိုတော့ အဲ့လိုတော့ ကွာခြားသွားမယ်လို့ ကျနော်မြင်ပါတယ်။ ကျတော်တို့ ရိုးရိုးကြီးသွားတာကို သူတို့က ဆန်းပြီး လုပ်သွားတယ်။ သူတို့တွေက ရေရှည်မှာတော့ စိုးမိုးလာနိုင်ပါတယ်။ အချိန်တန်ရင် ကျနော်တို့ကလည်း လူငယ်တွေကို နေရာဖယ်ပေးရမှာပဲလေ”လို့ ပြောပါတယ်။ ဒါရိုက်တာ စတီးလ် ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ “သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဇွန်လ ၈ ရက် နေ့ ကစပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ စတီးလ်က လက်ရှိမှာတော့ ပြင်ဦးလွင်မှာ “သစ္စာတရားရဲ့ အမိန့်ပေးသံ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေကြောင်း သိရပါတယ်။ The post “အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ် appeared first on ဧရာဝတီ.
Source : https://ift.tt/2kzw3HK
via IFTTT
Source : https://ift.tt/2kzw3HK
via IFTTT
Subscribe to:
Posts (Atom)