Tuesday, May 29, 2018


“ဘယ်သူ့ အထောက်အပံ့မှ မပါဘဲ ဖွင့်ထားတဲ့ဆိုင်” လို့ ပြောတဲ့ မြတ်ကေသီအောင် အကယ်ဒမီ မြတ်ကေသီအောင်တို့ မောင်နှမများ စုပေါင်းပြီး မကြာသေးမီက “Coffee Lu” ဆိုတဲ့ စားသောက်ဆိုင်ကို မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်နဲ့ ပတ်သက်ပြီး ဘယ်သူ့ အခကြေးငွေမှ မပါဘဲ ကိုယ့်လုပ်အားခနဲ့ မောင်နှမတွေ စုဖွင့်ထားကြတာလို့ မြတ်ကေသီအောင်က ဧရာဝတီကို ပြောပါတယ်။ “ဝေဖန်မှုတွေကတော့ အများကြီး ရှိတာပေါ့။ ကိုယ့်လိပ်ပြာကိုယ် လုံဖို့ အရေးကြီးတယ်။ ဒီဆိုင်က အစ်မ မောင်နဲ့ မောင်နှမတွေ ဖွင့်ထားတဲ့ဆိုင် ဘယ်သူ့ အခကြေးငွေမှ မပါဘူး။ ကိုယ့်လုပ်အားနဲ့ မောင်နှမတွေ စုဖွင့်ထားတဲ့ဆိုင် ယုံချင်ယုံ၊ မယုံနေ။ ယုံပါလို့လည်း မပြောဘူး။ အစ်မကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်” လို့ မြတ်ကေသီအောင်က ပြောပါတယ်။ ဆိုင်လေးကို ဖွင့်လှစ်ထားတာ တလကျော်သာ ရှိသေးပေမယ့် လာရောက်စားသုံးသူတွေ များပြားပြီး မြတ်ကေသီအောင် ကိုယ်တိုင်လည်း ဝင်ရောက် လုပ်ကိုင်ပေးလျက်ရှိနေတာကို တွေ့ရပါတယ်။ “Coffee Lu” ဆိုင် ဖွင့်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မြတ်ကေသီအောင်က “ဒီစားသောက်ဆိုင်ကို ဘယ်လို ရွေးဖြစ်လဲ ဆိုရင် အစ်မတို့ငယ်ငယ်တည်းက အစ်မ မိဘတွေက အအေးဆိုင် ဖွင့်လာတယ်ဆိုတော့ အစ်မတို့က ဖျော်ရည်နဲ့ အကျိုး ပေးတယ်။ ရေခဲထုပ်လုပ်တုန်းကလည်း အောင်မြင်တယ်။ အအေးတုန်းကလည်း အောင်မြင်တယ်။ နောက်ဆုံးတော့ ကော်ဖီနဲ့ အအေးဆိုင်လေး ဖွင့်မယ်ဆိုပြီးတော့ ရည်ရွယ်လိုက်တာ။ ရည်ရွယ်တုန်းကတော့ ကော်ဖီဆိုင်လေးပေါ့နော်။ ကော်ဖီကနေ ထမင်းတွေ၊ ဟင်းတွေ ထပ်တိုးလိုက်တော့ ဆိုင်က အရမ်းကျဉ်းပြီးတော့ ဆိုင်မှာ ထိုင်စရာ နေရာ မရှိတဲ့ထိ ဖြစ်သွားတယ်” လို့ ပြောပါတယ်။ မြတ်ကေသီအောင် တို့ရဲ့ “Coffee Lu” စားသောက်ဆိုင် (ဓာတ်ပုံ – ယုမွန်ကျော်/ဧရာဝတီ) ဆက်လက်ပြီး “အစ်မက အရင်လို ကားရိုက်တွေကလည်း သိပ်အများကြီး မရှိတော့ဘူး။ အားနေတဲ့ အချိန်တွေကလည်း များနေတယ်။ မောင်လေးကလည်း ဆိုင်လေး ဖွင့်ချင်တယ်ဆိုတာနဲ့ သူ့စိတ်ကူးလေးက ပိုများပါတယ်။ ဒီကော်ဖီ ဆိုင်ကို စဖွင့်မယ်ဆိုပြီး ဒီမြေနေရာမှာက အရင်က အခန်း ၃ ခန်း ငှားထားတာကို ဖျက်ပြီးတော့ နှစ်ထပ်တိုက်လေး ဆောက်ပြီး ဖွင့်လိုက်တာ” လို့ မြတ်ကေသီအောင်က ပြောပါတယ်။ မြတ်ကေသီအောင် ဖွင့်လှစ်ထားတဲ့ “Coffee Lu” ဆိုင်မှာ ကော်ဖီ၊ အအေးနဲ့ တရုတ်အစားအစာ၊ ထိုင်းအစားအစာများ ရရှိနိုင်ပြီး ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ် မဟာမြိုင်အိမ်ရာနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ The post “ဘယ်သူ့ အထောက်အပံ့မှ မပါဘဲ ဖွင့်ထားတဲ့ဆိုင်” လို့ ပြောတဲ့ မြတ်ကေသီအောင် appeared first on ဧရာဝတီ.
Source : https://ift.tt/2shZOkF
via IFTTT

No comments:

Post a Comment