Friday, May 25, 2018


ကင်ဂျုံအန်းနှင့် တွေ့ဆုံရေး ထရမ့်ဖျက်သိမ်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် လာမည့် ဇွန်လ ၁၂ရက်နေ့ စင်ကာပူ၌ တွေ့ဆုံရန် စီစဉ်ထားမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တဖက်သတ်ဖျက်သိမ်းလိုက်သည်။ သူ၏ အကြောင်းပြချက်မှာ ကင်ဂျုံအန်း၏ အမျက်ဒေါသကြီးမှုနှင့် ရန်လိုမှုနှင့် အမေရိကန်အား နျူးကလီးယား ယှဉ်ပြိုင်ခြင်း ဖြင့် ခြိမ်းခြောက်နေသူဆိုသည့် စွပ်စွဲထားပြီး၊ မြောက်ကိုရီးယား အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း နျူကလီးယား စမ်းသပ် သည့် နေရာများကို ရှင်းလင်းဖယ်ရှားသည်ဆိုပေမယ့် သီးခြားလွတ်လပ်သည် သူတွေကို ကြည့်ရှု့ စစ်ဆေးခွင့် မပေးဘူး လို့ဆိုလိုက်သလို၊ စင်ကာပူမှာ လုပ်မယ့် ထိပ်သီးဆွေးနွေးပွဲ အကြိုညှိနှိုင်းပွဲတွေမှာလည်း မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ မတက်ခဲ့ကြောင်းလည်း ပြောသည်။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား စမ်းသပ်ရေးစခန်းတွေကို မနေ့က ဖျက်ဆီးခဲ့တာဖြစ်ပြီး၊ ထိုသို့ဖျက်သိမ်းမှု ပြုလုပ် ပြီးသည့်နောက်မှာ အမေရိကန်ဘက်က ယခုကဲ့သို့ ဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ ဧပြီလအတွင်းမှာ နှစ်နိုင်ငံ နယ်စပ်ရှိ ပန်မွန်ဂျုံရွာမှာ တွေ့ဆုံနိုင်ခဲ့သည့်အထိ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ခဲ့ပြီး၊ မြောက်ကိုရီးယားဘက်က နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရာ နေရာတွေကို ဖျက်သိမ်းပေးမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား တို့ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား ၃ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ထိုသို့ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က Max Thunder လေကြောင်း စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့သည့်အတွက် မြောက်ကိုရီးယားဘက်က ဒေါသထွက်ကာ နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲများ ကို ဖျက်သိမ်းခဲ့သလို၊ အမေရိကန်နှင့် ဆွေးနွေးပွဲကိုလည်း ဖျက်သိမ်းနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ The post ကင်ဂျုံအန်းနှင့် တွေ့ဆုံရေး ထရမ့်ဖျက်သိမ်း appeared first on ဧရာဝတီ.
Source : https://ift.tt/2s55OgI
via IFTTT

No comments:

Post a Comment