Thursday, May 31, 2018


ဝတ်ကြီးကျောက်မီးသွေးစီမံကိန်းအတွက် ပြည်နယ်အစိုးရမှ သိန်း ၉၀၀၀ ကျော် နစ်နာကြေးပေးလျော် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရရွာတွင် Toyo Thai (TTCL) ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမည့့် ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းမြေနေရာ ၈၁၅ ဧကထဲမှ မြေနေရာအချို့အတွက် ဒေသခံများအား နစ်နာကြေးအဖြစ် ပြည်နယ်အစိုးရဘက်မှ ငွေကျပ် သိန်း ၉၀၀၀ ကျော် ပေးလျော်ထားပြီး ဖြစ်ကြောင်း သိရသည်။ စီမံကိန်းမြေနေရာများထဲမှ ဒေသခံများပိုင်ဆိုင်ကြသည့် မြေဧရိယာ ၂၂၅ ဒဿမ ၉၈ ဧကအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ နစ်နာကြေးများ ပေးခဲ့သည်မှာ ငါးကြိမ်တိုင်ရှိပြီ ဖြစ်ကြောင်းနှင့် နစ်နာကြေးရရှိခဲ့သူ ၂၂ ဦး ရှိကြောင်း ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက ပြောသည်။ စီမံကိန်းဧရိယာမှ ကျန်ရှိနေသေးသည့် ဒေသခံရွာသူရွာသားများ၏ မြေဧရိယာများကိုလည်း နစ်နာကြေးများ ဆက်လက်ပေးသွားမည်ဖြစ်သည်။ နစ်နာကြေးပေးရန် ကျန်ရှိနေသေးသည့် မြေဧရိယာများတွင် လယ်မြေ ၃၅၇ ဒဿမ ၃၂ ဧက၊ မြေရိုင်း ၁၉၈ ဒဿမ ၂၅ ဧက၊ လုပ်ကွက်မပေါ်သည့်မြေ ၂၄၅ ဧက၊ ချောင်းမြေ ၁၄ ဒဿမ ၂၂ ဧက ကျန်ရှိကြောင်း သိရသည်။ “ကျမတို့ ပြည်နယ်အဆင့်ကတော့ ပြီးသွားပြီ။ ပြည်ထောင်စုကို တင်ထားလိုက်ပြီး ပြည်ထောင်စုကနေ ဘာမှ ပြတ်ပြတ်သားသား မပြောသေးဘူး၊ ပြည်ထောင်စုမှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်၊ ကျမတို့ကလည်း လိုချင်တဲ့ ဆန္ဒပြင်းပြတယ်၊ ပြီးလို့ရှိရင် မြန်မြန်ဆန်ဆန်လည်း ဆောင်ရွက်စေချင်တဲ့အတွက် တကယ်လို့များ ပြည်ထောင်စု မီးစိမ်းပြလိုက်လို့ရှိရင် ချက်ချင်းလုပ်နိုင်အောင် အဲဒီကမြေတွေကို နစ်နာကြေးအနေနဲ့ ပေးတာ၊ သူတို့ရဲ့ သဘောဆန္ဒကို သိချင်တာလည်း ပါတယ်”ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဆိုသည်။ ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ထားရာ ပထမ ဦးစားပေးအနေဖြင့် လျှပ်စစ်မီးရရှိရေး၊ ဒုတိယ ဦးစားပေးအနေဖြင့် လမ်းတံတားနှင့် တတိယ ဦးစားပေးအနေဖြင့် စိုက်ပျိုး မွေးမြူးရေးဖြစ်ကြောင်း NLD အစိုးရ နှစ်နှစ်ပြည့် သတင်းစာရှင်းပွဲတွင် ၎င်းက ပြောဆိုခဲ့သည်။ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် စက်ရုံများအတွက် အစိုးရမှ လျှပ်စစ်ဓာတ်အားကို အလုံအလောက် မပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများက လာရောက်ရန် စိတ်မဝင်စားပါ ဒေသဖွံ့ဖြိုးရေး ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်၊ သုံးအိမ်ကျေးရွာနှင့် မွန်ပြည်နယ်၊ အံဒင်ကျေးရွာတို့တွင် Toyo Thai ကုမ္ပဏီက အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ၁၂၈၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းရှိနေခြင်းဖြစ်သည်။ The post ဝတ်ကြီးကျောက်မီးသွေးစီမံကိန်းအတွက် ပြည်နယ်အစိုးရမှ သိန်း ၉၀၀၀ ကျော် နစ်နာကြေးပေးလျော် appeared first on ဧရာဝတီ.
Source : https://ift.tt/2H9svoq
via IFTTT

No comments:

Post a Comment