YBS-၆၁ယာဉ်ဟာ လှိုင်သာယာမြို့နယ်၊ (၁)ထိပ်မှတ်တိုင်အနီးရောက်တဲ့အခါ အရှိန်လွန်ပြီး လမ်းဖြတ်ကူးနေတဲ့ သားအမိနှစ်ဦးကို တိုက်မိကာ (၁)နှစ်အရွယ်ခန့် သမီးဖြစ်သူဟာအခင်းဖြစ်နေရာမှာသေဆုံးခဲ့ပါတယ်။ အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှတာဝန်ရှိသူတစ်ဦးက“ အရှိန်လွန်ပြီး လမ်းဖြတ်ကူးနေတဲ့ သားအမိနှစ်ဦးကိုတိုက်မိတာပေါ့။သမီးဖြစ်သူက အခင်းဖြစ်နေရာမှာပဲသေဆုံးသွားပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။”လို့ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်းအတိုင်း အရှေ့မှ အနောက် ယာဉ်မောင်း (စုံစမ်းဆဲ)၊ မောင်းနှင်လာတဲ့ YBS-၆၁ အပြာရောင်ယာဉ်ဟာ (၁)ထိပ်မှတ်တိုင်အရောက် တောင်မှ မြောက်ကို လမ်းဖြတ်ကူးနေတဲ့ မ.. အသက် (၂၃)နှစ်ကို တိုက်မိခဲ့ပြီး အဆိုပါ အမျိုးသမီး ပွေ့ချီထားတဲ့သမီးဖြစ်သူ မအိမ့်ချစ် အသက် (၁)နှစ် (၆)လဟာ ကားအရှေ့ဘက်ဘီးနဲ့ ကြိတ်မိကာ အခင်းဖြစ်နေရာမှာသေဆုံးခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကသိရပါတယ်။ မ..အသက် (၂၃)နှစ်ဟာ ခါးနာကျင်၊ ရင်ဘတ်အောင့်၊ ခေါင်းမူး၊ဒဏ်ရာများရရှိပြီး အင်းစိန်ဆေးရုံးမှာ အတွင်းလူနာ (မစိုးရိမ်ရ)နဲ့ ဆေးကုသခံယူနေပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ YBS-၆၁ ယာဉ်မောင်းကို လှိုင်သာယာမြို့မရဲစခန်းမှာ (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က)/၃၃၈/၂၀၂နဲ့ အမှုဖွင့်ထားပါတယ်။ နှင်းနှင်း
Source : https://ift.tt/2xg2dBo
via IFTTT
No comments:
Post a Comment