မြန်မာ့ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ဂျပန်နိုင်ငံ နာဂိုရာတွင် ကျင်းပပြုလုပ် မြန်မာသံရုံး တိုကျိုမြို့နှင့် အာအိချိခရိုင် မြန်မာနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်တို့ ပူးပေါင်း၍ မြန်မာ့ စီးပွားရေးနှှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် နာဂိုရာမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသည့် နာဂိုရာမြို့မှ လုပ်ငန်းရှင်များ ၁၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ အာအိချိခရိုင် မြန်မာနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio NISHIMURA နှင့် နာဂိုရာမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်အရာရှိ Mr. Yoshihiko UCHIDA တို့မှ မိန့်ခွန်းများ ပြောကြားခဲ့သည်။ ထို့နောက် သံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ မြန်မာ့ စီးပွားရေး မျှော်မှန်းချက်များ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထား၊ မြန်မာ့စီးပွားရေး တိုးတက်မှု အခြေအနေ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်း ပြောကြား ခဲ့သည်။ ဆက်လက်၍ စီးပွားရေးသံမှူး ဒေါ်အိအိခိုင်မှ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို လည်းကောင်း၊ နာဂိုရာမြို့၊ ဂျပန် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု အဖွဲ့မှ Mr. Keisuke KOBAYASHI က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်နိုင်ငံမှ လုပ်ငန်းများ၏ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ ဆွေးနွေးပွဲ တက်ရောက်လာသူများ ၏ မေးမြန်းချက်များကို သံအမတ်ကြီးနှင့် စီးပွားရေးသံမှူးတို့မှ ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဓာတ်ပုံ- ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး The Ladies News
Source : https://ift.tt/2subxvR
via IFTTT
No comments:
Post a Comment