Wednesday, May 30, 2018


ခြေထောက်ထိ ဆံပင်ရှည်ထားဖို့ စီစဉ်ထားတဲ့ Justin Bieber ကမ္ဘာကျော် လူငယ်အဆိုတော် Justin Bieber ဟာ နောက်အနာဂတ်မှာ ဆံပင်ညှပ်ဖို့ ပိုက်ဆံ အကုန်ခံတော့မှာ မဟုတ်ဘဲ သူ့ဆံပင်ကို ခြေထောက်အထိ အရှည်ထားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာကျော် Popstar တယောက်ဖြစ်တဲ့ Bieber က ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ သူ့နားရွက် နားအထိ ရှည်နေပြီဖြစ်တဲ့ လက်ရှိဆံပင်ကို ရိုက်ပြထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ သူက “ကျနော့်ဆံပင်ကို ကျနော့်ခြေချောင်းတွေအထိ အရှည်ထား တော့မယ်” လို့ ပုံစာကိုလည်း ရေးသားခဲ့ပါတယ်။ အခုလိုမျိုး ဆံပင်အရှည်ရဖို့ သူဟာ အချိန်တချို့ယူခဲ့ရပြီး ဆက်ပြီးတော့လည်း သူစီစဉ်ထားတဲ့အတိုင်း ဆံပင်အရှည်ရဖို့ နှစ်အနည်းငယ် ဆက်လက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ်၊ အဆိုတော် Bieber က မျက်နှာပေါ်မှာရှိတဲ့ ပါးသိုင်းမွှေးကို သဘောကျနေကြောင်း ပြသခဲ့ပါတယ်။ သူဟာ အခြား Selfie ဗီဒီယိုတခုမှာ ပါးသိုင်းမွှေး ခပ်ရေးရေးကို ခဲတံပုံစံ စတစ်ကာနဲ့ ပြသခဲ့ပါတယ်။ Biber က “ဆံပင်အရှည်ကိုတော့ ဂရုစိုက်စရာမလိုပါဘူး။ ကျနော့် ပါးသိုင်းမွှေးက ကျက်သရေရှိ တယ်” လို့ ရေးသားခဲ့ပါတယ်။ Bieber ရဲ့ ဆံပင်ဟာ သူစတင်အောင်မြင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နောက်ပိုင်းကစလို့ ခပ်အုပ်အုပ် ဆံပင်ပုံစံကနေ သိပ်ပြောင်းလဲခဲ့တာတော့ မရှိပါဘူး။ ၂၀၁၆ ခုနှစ်မှာ “Purpose” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို စတင်ခဲ့ချိန်မှာတော့ လုပ်ဖော်ကိုင်ဖက် နှင်းလျောစီးသမား တယောက်ရဲ့ ဆံပင်ပုံစံကို တုပထားတဲ့ပုံစံနဲ့ ဆံပင်ခပ်ပါးပါးစတိုင် ရှိနေခဲ့တာပါ။ တလလောက်ကြာပြီးတဲ့နောက်မှာ ဆံပင်အနံ့ထွက်မှာစိုးတဲ့အတွက် ဝါရှင်တန်ဒီစီ ဖျော်ဖြေပွဲအပြီးမှာတော့ ကတုံးတုံးပစ်ခဲ့ပြီး ကတုံးဆံပင်ပေါက်ပုံစံကို ထားပစ်ခဲ့ပါတယ်။ သတင်းရင်းမြစ်တခုက “ဆံပင်တွေကို သန့်စင်အောင်လို့ နေ့တိုင်းခေါင်းလျှော်ရေနဲ့ လျှော်ရပါတယ်။ ဒါပေမယ့် နေ့တိုင်းခေါင်းလျှော်ဖို့ အချိန်မရှိတာကြောင့် ဆံပင်တချောင်းချင်းစီဟာ စေးကပ်လာခဲ့ပါတယ်” လို့ HollywoodLife.com မီဒီယာကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်တွေမှာတော့ Biber ဟာ များသောအားဖြင့် ဆံပင်အတို ပုံစံမျိုးကိုသာ ထားခဲ့ပါတယ်။ ပြီးတော့အခုလိုမျိုး နယ်လှည့်ဖျော်ဖြေပွဲမရှိချိန်မှာတော့ ဆံပင်အရှည်ထားဖို့ အခွင့်အရေး ရခဲ့တာဖြစ်ပါတယ်။ Ref: aceshowbiz The post ခြေထောက်ထိ ဆံပင်ရှည်ထားဖို့ စီစဉ်ထားတဲ့ Justin Bieber appeared first on ဧရာဝတီ.
Source : https://ift.tt/2kEk0ct
via IFTTT

No comments:

Post a Comment