Monday, May 28, 2018


ကြက်သားဟင်း ချက်ပြုတ်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့အမှားများ ကြက်သားကို နည်းလမ်းအမျိုးမျိုးနဲ့ ချက်ပြုတ် စားသုံးကြပေမယ့် ချက်ပြုတ်နည်း ပုံစံမမှန်တဲ့အခါ ကြက်သားမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကြက်သားဟင်း ချက်ပြုတ်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) ကြက်သားဟင်း ချက်ပြုတ်ဖို့အတွက် ကြက်သားကို ဆေးကြောတဲ့အခါ အလွန်အကျွံ ဆေးကြောဖို့ မလိုအပ်ပါဘူး။ ကြက်သားမှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေဟာ မီးအပူရှိန် ပြင်းပြင်းနဲ့ ချက်ပြုတ်ရုံနဲ့တင် သေစေနိုင်ပါတယ်။ အဓိက ဆေးကြောရမှာက ကြက်သားကို လှီးဖြတ်တဲ့ ဓား၊ စဉ်းနှီတုံးတွေနဲ့ လက်ကို စင်ကြယ်စွာ ဆေးကြောဖို့ပဲ ဖြစ်ပါတယ်။ (၂) ရေခဲသေတ္တာထဲမှာ ကြက်သားကို ရက်အတော်ကြာအထိ ထားပြီးမှ ချက်ပြုတ်တာမျိုးကို ပြုလုပ်ခြင်းဟာ ကြက်သားမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ အကောင်းမွန်ဆုံး နည်းလမ်းကတော့ ချက်ခါနီး တရက် မတိုင်ခင် ရေခဲသေတ္တာထဲ ထားရှိပြီးမှ ချက်ပြုတ်ခြင်းပဲ ဖြစ်ပါတယ်။ (၃) ကြက်သား ချက်ပြုတ်နေစဉ်အတွင်းမှာ နူး၊ မနူးကို မကြာခဏ ဇွန်းနဲ့ ထိုးဆွ ကြည့်ခြင်းထက် မချက်ပြုတ်ခင်မှာ အရသာဝင်အောင် ခပ်ကြာကြာ နယ်နှပ်ထားခြင်းနဲ့ ကြက်သားဟင်းထဲကို ရေအေးအစား ရေနွေးထည့်ခြင်းက ကြက်သားတွေကို အနူးမြန်စေမှာ ဖြစ်ပါတယ်။ (၄) ကြက်သားရဲ့ အာဟာရဓာတ်တွေဟာ ကြက်ရင်ပုံ အပိုင်းမှာပဲ ရှိတယ်ဆိုတဲ့ အချက်ဟာလည်း မှားယွင်းနေတဲ့ အချက် တခုပဲ ဖြစ်ပါတယ်။ ကြက်ရင်ပုံမှာတင် မဟုတ်ဘဲ ကြက်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို သံဓာတ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ (၅) ကြက်သား ချက်ပြုတ်တဲ့အခါ အသားတွေမှာ ကပ်ငြိနေလေ့ရှိတဲ့ ဘက်တီးရီးယားတွေဟာ အပူချိန် ၄၀ ကနေ ၁၄၀ အထိ ကောင်းမွန်စွာ ကြီးထွားနိုင်သေးတာကြောင့် ကင်စားတာမျိုးထက် ချက်ပြုတ်စားတာမျိုးက ပိုမိုအန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။ Ref:ba-bamail.com The post ကြက်သားဟင်း ချက်ပြုတ်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့အမှားများ appeared first on ဧရာဝတီ.
Source : https://ift.tt/2kwpkhC
via IFTTT

No comments:

Post a Comment