Tuesday, May 29, 2018


ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀၀ ခန့် ပျက်စီး ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်အတွင်း ယနေ့ (မေ ၂၉ ရက်) နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က လေပြင်းတိုက် ခတ်ခဲ့မှုကြောင့် အိမ်ခြေ ၄၀၀ ခန့် ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။ “ဒါက ခန့်မှန်းခြေပေါ့နော်။ စနစ်တကျ ပြန်လည်ပြီး စာရင်းကောက်ခံပါမယ်” ဟု ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးရန်အောင်မင်းက ဧရာဝတီကို ပြောသည်။ ဆက်လက်၍ ၎င်းက ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အပါအဝင် လွှတ်တော်ကိုယ် စားလှယ်များ ပါဝင်သည့် အပျက်အစီး စာရင်းဇယားများ ကောက်ယူရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပြီး အပြီးသတ်စာရင်း ကို ညနေပိုင်းတွင် ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း လတ်တလောတွင် မိုးသက်လေပြင်း ကျနေ၍ ကောက်ယူရန် အခက် အခဲ ရှိနေကြောင်း ရှင်းပြသည်။ “အိမ်အလုံးလိုက် ပျက်စီးသွားတဲ့သူတွေကတော့ လောလောဆယ် နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားနေကြတယ်။ ၂၀ ရပ်ကွက်ထဲက ဓမ္မာရုံမှာလည်း ကယ်ဆယ်ရေးစခန်း ဖွင့်နေပါတယ်။ သို့သော် ကယ်ဆယ်ရေး စခန်းကို သူတို့လာမနေ သေးပါဘူး” ဟု ၎င်းက ဆိုသည်။ လေပြင်း တိုက်ခတ်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း အသက် ၅၇ နှစ်အရွယ် အမျိုးသားတဦး သစ်ပင် အိမ်ပေါ်လဲကျ ရာမှ ထိခိုက်မိပြီး ပေါင်ကျိုးသွားသဖြင့် အင်းစိန် ဆေးရုံတင်ထားရကြောင်း ၅၃ နှစ်အရွယ် အမျိုးသမီးတဦးမှာမူ ထုပ်တန်း ပြုတ်ကျပြီး ဦးခေါင်းတွင် ၇ ချက် ချုပ်ရထားကာ နေအိမ်ပြန်ရောက်နေပြီ ဖြစ်ကြောင်း ဦးရန်အောင်မင်းက ပြောသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအချို့ /မျိုးမင်းစိုး/ဧရာဝတီ ရွှေပြည်သာမြို့နယ် အတွင်းရှိ ရပ်ကွက် အမှတ် ၈၊ ၉၊ ၁၁၊ ၁၃၊ ၁၉ နှင့် ၂၀ စုစုပေါင်း ၆ ရပ်ကွက်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်း၊ သစ်ပင်များ၊ ဓာတ်တိုင်များ ယိမ်းယိုင် ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ ပြီး ၂၀ ရပ်ကွက်သည် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။ လက်ရှိ ကောက်ယူထားသည့် စာရင်းအရ ၂၀ ရပ်ကွက် အတွင်း လူဦးရေ ၃၆၅ ဦး၊ အိမ်ထောင်စု ၂၂၄ စု ရှိသည့်အနက် အိမ်ခြေ ၅၃ လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ ၁၇၅ လုံး အမိုးလန်မှု ဖြစ်ပွားခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၂၀ ရပ်ကွက်နေ မမြတ်နိုးသူက ဧရာဝတီကို ပြောသည်။ “အိမ်ရှေ့က အဖေ့အလုပ်ရုံနဲ့ နောက်ဖေးက ရေစင်ပြိုသွားတယ်။ အဒေါ်တွေ အိမ်ဆို ခေါင်းမိုတွေ လွင့်သွားတယ်။ မနက် က ပြောရမယ်ဆို လေဆင်နှာမောင်းလို ပုံစံမျိုး။ အခုလည်း လေတွေမိုးတွေကျနေတော့ ထပ်ဖြစ်မှာတောင် စိုးရိမ်နေတယ်” ဟု ၎င်းက ဆိုသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအချို့ /မျိုးမင်းစိုး/ဧရာဝတီ ဆက်လက်၍ ၎င်းက ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရောက်လာပြီး ပြိုလဲနေ သည့် သစ်ပင်များ၊ ဓာတ်တိုင်များကို ယနေ့ညနေ အပြီးရှင်းရန် မှာကြားသွားသည်ဟု ပြောသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့်နေရာများသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူနှင့် ဝန်ထမ်းများ၊ လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ များ ရောက်ရှိနေပြီး ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောသည်။ ဓာတ်တိုင်များပြိုလဲမှုကြောင့် လတ်တလော လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားပြီး သစ်ပင်များ ခုတ်ထွင် ရှင်းလင်းပြီး ပါက ယနေ့ ညနေတွင် လျှပ်စစ်မီးပြန်လည် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ ကို နောက် ၁၂ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်သဖြင့် အနီရောင် အဆင့် အရေးပေါ် အခြေအနေ သတ်မှတ် လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မေလ ၂၉ ရက်မှ ၃၁ ရက်တို့၌ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရောအနှံ့အပြား မိုးထစ် ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်မည်ဟုလည်း မိုး/ဇလက သတိပေးထား သည်။ The post ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀၀ ခန့် ပျက်စီး appeared first on ဧရာဝတီ.
Source : https://ift.tt/2JeLWRK
via IFTTT

No comments:

Post a Comment