Sunday, May 27, 2018


iOS 12 မှာ iPhone ကို ဟိုတယ် အခန်တံခါး သော့အဖြစ် ပြောင်းလဲနိုင်မယ့် Features အသစ် ပါဝင်ဖွယ်ရှိ Apple ဟာ အသစ်ထွက်ရှိမယ့် Operating System အသစ် iOS 12 မှာ ကြီးမားတဲ့ ပြောင်းလဲမှု တခုကို ပြုလုပ်သွားဖို့ ရှိတယ်လို့ The Information သတင်းဌာနက တင်ပြထားပါတယ်။ ဒီပြောင်းလဲမှုကတော့ သန်းပေါင်းများစွာသော iPhones တွေမှာ ပါဝင်တဲ့ NFC Chips တွေကို Third-party Developers တွေထံ အပြည့်အဝ အသုံးချခွင့် ပေးတော့မှာ ဖြစ်ပါတယ်။ iPhone တွေတင်မကဘဲ NFC Chip ပါဝင်တဲ့ Apple Watch တွေမှာလည်း အဆိုပါပြောင်းလဲမှုကို တွေ့မြင်ရလာ နိုင်ပါတယ်။၂၀၁၄ ခုနှစ်မှာ ထုတ်ခဲ့တဲ့ iPhone 6 နဲ့ iPhone 6s က စတင်ကာ နောက်ပိုင်း iPhones အကုန်လုံးမှာ NFC Chips ပါဝင်ပေမယ့်၊ Apple Pay ငွေပေးချေမှုလောက်မှာပဲ အဓိကအသုံးပြုနိုင်အောင် ကန့်သတ်ထားပြီး၊ Third-Party Developers တွေကို Full Access မပေးထားသေးပါဘူး။ လက်ရှိ NFC APIs တွေမှာ NFC ဖတ်ဖို့အတွက် App တခုက Foreground မှာ ဖွင့်ထားမှရပြီး၊ Apple Pay လိုမျိုး NFC Reader နားရောက်တာနဲ့ ဖုန်းအလိုလိုပွင့်လာတာမျိုး လုပ်ဆောင်လို့ မရသေးပါဘူး။ ဒါပေမယ့် iOS 12 မှာတော့ iPhone ကိုင်သူ တယောက်ဟာ NFC Reader ပါဝင်တဲ့ တံခါးနား ရောက်တာနဲ့ ဖုန်းကို ကပ်လိုက်ပြီး တံခါးတန်းဖွင့်နိုင်တော့မှာ ဖြစ်ပါတယ်။ Apple ဟာ NFC Feature အသစ်တစ်ခုဖြစ်တဲ့ တံခါးလုံခြုံရေးစနစ်ကို HID Global နဲ့ ပူးပေါင်းကာ Apple Park မှာ စတင် စမ်းသပ်နေပြီဖြစ်ပြီး၊ Apple ဝန်ထမ်းတွေဟာ ရုံးခန်းတံခါးတွေကို iPhones တွေနဲ့ တင် ဝင်ရောက်နေကြပြီလို့ သိရပါတယ်။ Apple ဟာ iPhone ကို အခန်းတံခါးသော့ ပုံစံမျိုးအပြင် ရထား၊ ကား စီးနင်းခွင့်ကတ် အဖြစ်ပါ အသုံးပြုလို့ရအောင် ကြိုးစား လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ လာမယ့်လမှာ ပြုလုပ်မယ့် နှစ်စဉ်ကျင်းပနေကြ WWDC ပွဲမှာ iOS 12 ကို စတင်မိတ်ဆက် ကြေညာသွားဖို့ ရှိနေပါတယ်။ Ref: AppleInsider, 9to5Mac The post iOS 12 မှာ iPhone ကို ဟိုတယ် အခန်တံခါး သော့အဖြစ် ပြောင်းလဲနိုင်မယ့် Features အသစ် ပါဝင်ဖွယ်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2sauNiy
via IFTTT

No comments:

Post a Comment